Currency
01-667758 , 09-894 0990 77
110 ပြည်လမ်း (8မိုင်လမ်းဆုံ) ဒုတိယထပ် (အခန်း 17) မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]
တရားရုံးက ပြေငြိမ်းဒီကရီ ချမှတ်ထားသည့် အိမ်မြေကို ဝယ်မည်ဆိုလျှင်
စက်တင်ဘာ 27, 2020

တရားရုံးက ပြေငြိမ်းဒီကရီ ချမှတ်ထားသည့် အိမ်မြေကို ဝယ်မည်ဆိုလျှင်

“ကြေအေးဒီကရီချမှတ်ထားတဲ့ မြေနဲ့ အိမ်ကို ဝယ်ရင်ဖြစ်ပါသလား” ဟု မိတ်ဆွေတစ်ဦး၏ သမီးဖြစ်သူက စာရေးသူထံ လာရောက်တိုင်ပင်ဆွေးနွေးပါသည်။ “ဥပဒေအရတော့ ပြေငြိမ်း ဒီကရီလို့ ခေါ်တာပေါ့။ ပစ္စည်းပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်တဲ့ အမှုတွေမှာ နှစ်ဖက်ညှိနှိုင်းပြီးခွဲဝေတဲ့အပေါ် တရားရုံးက အတည်ပြုချမှတ်ပေးတဲ့ အမိန့်ဒီကရီဖြစ်တယ်” “တချို့ကပြောတော့ ဥပဒေအတိုင်းရပိုင်ခွင့်ရှိတဲ့ အချိုးအစားမဟုတ်ဘဲ နှစ်ဖက်ညှိနှိုင်းလို့ရရှိတဲဲ့ အချိုးအစား ဝေစုဖြစ်လို့ တရားမဝင်ဘူးဆိုတာ ဟုတ်ပါသလား” “ရှင်းအောင်ပြောရမယ်ဆိုရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ကိုမင်းလွင်နှင့် မောင်သန်းနိုင် ၂၀၀၅ ခုနှစ်...
ဆက်ဖတ်ရန်
မြို့သစ်စီမံကိန်းဟုဆိုကာ အကွက်ရိုက်ရောင်းချနေသော လယ်ယာမြေကို ဝယ်မည်ဆိုလျှင်
စက်တင်ဘာ 15, 2020

မြို့သစ်စီမံကိန်းဟုဆိုကာ အကွက်ရိုက်ရောင်းချနေသော လယ်ယာမြေကို ဝယ်မည်ဆိုလျှင်

“မြို့သစ်စီမံကိန်းထဲပါမယ့် မြေနေရာတွေဆိုပြီး၊ လယ်ယာမြေတွေကို ကွန်ကရစ်လမ်းတွေခင်း၊ ခြံဝန်းတွေ ခတ်ပြီး ရောင်းနေတယ်ဆရာ၊ အဲဒါတရားဝင်ပါသလား။ ပြီးတော့ မကြာမီ ကာလက ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေကိုပြင်ဆင်သည့် ဥပဒေထွက် ထားတယ်လို့ ကြားတယ် ဆရာ၊ အဲဒီ မြေကွက်ကိုဝယ်ရင် အဆင်ပြေပါ့မ လားလို့ ဆရာ့ဆီလာပြီး တိုင်ပင်တာပါ”ဟု စာရေးသူထံ မိတ်ဆွေတစ်ဦးက လာရောက်ဆွေးနွေးခြင်းဖြစ်ပါ သည်။ “ဟုတ်ပါတယ်။ လယ်ယာမြေတွေကို အခြားနည်း အသုံးပြုခွင့်မရသေးဘဲ အကွက်ရိုက်ပြီး ရောင်းချနေ တာတွေဖြစ်နေလို့...
ဆက်ဖတ်ရန်
အမွေဆိုင်မြေပေါ်တွင် အဆောက်အအုံ ဆောက်မိလျှင်
စက်တင်ဘာ 3, 2020

အမွေဆိုင်မြေပေါ်တွင် အဆောက်အအုံ ဆောက်မိလျှင်

“ကျွန်မက အခုနေတဲ့ နေအိမ်မှာ အနှစ် ၄၀ နီးပါးနေလာခဲ့တာ ဆရာ။ အိမ်အသစ်ဆောက်မယ်လုပ်ခါမှ ကန့်ကွက်တယ်ဆိုပြီး ပေါ်လာတယ်။ သက်ဆိုင်ရာ စည်ပင်ကော်မတီက ကန့်ကွက်သူရှိလို့ ဆက်မဆောက်ဖို့ တားမြစ်ထားပါတယ် ဆရာ။ ဒီကိစ္စကို ကျွန်မဘယ်လိုဆက် လက်ဆောင်ရွက်ရမယ်ဆိုတာ သိချင်လို့ပါ” “နေအိမ်ကို အသစ်ပြန်ဆောက်တယ်ဆိုတော့ မြေနဲ့ အိမ်နှစ်မျိုးလုံးနဲ့ သက်ဆိုင်လာပါတယ်။ မြေကွက်က ဘယ်သူ့အမည်ပေါက်လဲ” “မြေကွက်ကတော့ ပါမစ်မြေပါ ဆရာ။ အမေက အစိုးရဝန်ထမ်းဆိုတော့ မြေကွက်ရထားတာပါ။ အမေ့ အမည်ပေါက်လို့...
ဆက်ဖတ်ရန်
အမွေပုံပစ္စည်းဖြစ်လာတတ်သည့် မိဘများမကွယ်လွန်ခင်ပေးကမ်းခဲ့သော အိမ်နှင့်မြေကိုဝယ်မည်ဆိုလျှင်
ဩဂုတ် 27, 2020

အမွေပုံပစ္စည်းဖြစ်လာတတ်သည့် မိဘများမကွယ်လွန်ခင်ပေးကမ်းခဲ့သော အိမ်နှင့်မြေကိုဝယ်မည်ဆိုလျှင်

“မိဘများကွယ်လွန်ရင် ခွဲဝေဖို့ အမွေပစ္စည်းကျန်ခဲ့ရမယ်ဆိုတာ ဟုတ်ပါသလား ဆရာ”ဟု မိတ်ဆွေ တစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါသည်၊ “တရားသေပြောလို့တော့ မရဘူး။ ငွေကြေးပြည့်စုံတဲ့ မိသားစုဆို ရင်တော့ မိဘပိုင်မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း၊ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေရှိနိုင်တယ်။ လက်လုပ်လက်စား အခြေခံ လူတန်းစားမှာတော့ ခွဲဝေမယ့် အမွေပစ္စည်းကျန်ရစ်ဖို့ ကိစ္စက၊ ခဲယဉ်းမှုတစ်ခုဖြစ်လာနိုင်တယ်” “ဟုတ်ပါတယ်ဆရာ။ ဒါပေမယ့် ဥပဒေအရ၊ အမွေပစ္စည်းအဖြစ်ထား ရှိရမယ်ဆိုတာရှိတယ်လို့ တချို့က ပြောကြလို့ပါ ဆရာ။ အဲဒါအခုမှ ပြဋ္ဌာန်းတာလား...
ဆက်ဖတ်ရန်
မြေပိုင်ရှင် ကွယ်လွန်သွားသဖြင့် ကျန်ရစ်သူထံမှ ကိုယ်စားလှယ်လွှဲစာရယူ၍ ဝယ်မည်ဆိုလျှင်
ဩဂုတ် 20, 2020

မြေပိုင်ရှင် ကွယ်လွန်သွားသဖြင့် ကျန်ရစ်သူထံမှ ကိုယ်စားလှယ်လွှဲစာရယူ၍ ဝယ်မည်ဆိုလျှင်

“ဆရာ့ရဲ့ စာမူတွေကို facebook မှာ မကြာမကြာတွေ့ပါတယ်။ ဗဟုသုတရပါတယ် ဆရာ။ တစ်နေ့က …” “တစ်နေ့က ဘာဖြစ်ခဲ့လဲ” စာရေးသူက လူငယ်လေး၏ စကားကို ဖြတ်၍ မေးလိုက်မိပါသည်။ “ဒီလိုပါ ဆရာ။ ဆရာ့ရဲ့ ဆောင်းပါးအောက်မှာ comment တစ်ခုကို ဖတ်လိုက်ရတယ်” “ပြောပါဦး စိတ်ဝင်စားစရာ” “အိမ်မြေပိုင်ရှင်က ကွယ်လွန်သွားပြီ။ ကျန်တဲ့သူဆီက ကိုယ်စားလှယ်လွှဲစာယူထားပြီး ဝယ်လိုက်တာ ဆရာ။ အမည်ပေါက်ရဖို့ ဘယ်လိုဆောင်ရွက်ရမလဲလို့ မေးထားတယ်။ ကျွန်တော်...
ဆက်ဖတ်ရန်
မိဘများက သားသမီးအမည်ဖြင့် ဝယ်ထားသည့် အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင်
ဩဂုတ် 11, 2020

မိဘများက သားသမီးအမည်ဖြင့် ဝယ်ထားသည့် အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင်

“ကျွန်တော်က အိမ်နဲ့ မြေဝယ်ဖို့ စရန်ငွေပေးထားလိုက်တယ်။ အခုမှ ကန့်ကွက်သူပေါ်လာလို့ ဆရာ”ဟု အသိမိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ ရောက်လာပြီး ဆွေးနွေးခြင်းဖြစ်သည်။ “စရန်ငွေပေးစဉ်က သေချာမကြည့်ဘူးလား။ စာရွက်စာတမ်း ခိုင်လုံမှ ဝယ်သင့်တယ်။ ဂရန်မြေလား၊ ဘယ်လိုဖြစ်တာလဲ” “ဟုတ်ကဲ့၊ ဝယ်စဉ်ကတော့ သူတစ်ဦးတည်းပိုင်သလို ပြောတာ ဆရာ။ သူ့အမေက ကျန်းမာရေး မကောင်းလို့ အပေါ်ထပ်လည်း မတက်နိုင်လို့ အခုရောင်းမယ့် အိမ်မှာ အိမ်ဖော်ကလေးမလေးတစ်ယောက်နဲ့ ထားတယ်ဆိုပြီး ပြောပါ တယ်”...
ဆက်ဖတ်ရန်
ဘိုးဘွားပိုင် (မြေပိုင်) မြေကို ဝယ်မည်ဆိုလျှင်
ဩဂုတ် 6, 2020

ဘိုးဘွားပိုင် (မြေပိုင်) မြေကို ဝယ်မည်ဆိုလျှင်

“ဘိုးဘွားပိုင်မြေဆိုတာ ဘယ်လို မြေအမျိုးအစားလဲဆရာ။ မြေကိုခွဲ စိတ်ရောင်းချလို့ရပါသလား”ဟု မိတ် ဆွေဆရာဝန်ကြီး၏ သားဆရာဝန်က စာရေးသူထံ လာရောက်တိုင်ပင်ဆွေးနွေးပါသည်။ “ဘိုးဘွားပိုင်မြေဆိုတာ၊ လယ်ယာမြေစကားနဲ့ ပြောရင်တော့ ဓားမ ဦးချစတင်နေထိုင်တဲ့ နေရာဖြစ်တယ်။ ဘိုးစဉ်ဘောင်ဆက်အမွေ ဆက်ခံနေထိုင်လာကြတာဖြစ်ပါတယ်။ ဥပဒေအရ ပြောရရင်လည်း အောက်မြန်မာ နိုင်ငံ မြို့နှင့် ကျေးရွာ မြေများ အက်ဥပဒေပုဒ်မ (၄)၊ ပုဒ်မ ခွဲ (၁၀) အရ ဘိုးဘပိုင်မြေ (မြေပိုင် မြေ) ဆိုသည်မှာ...
ဆက်ဖတ်ရန်
၂၀၂၀ ပြည့်နှစ် အခွန်ကောက် ဥပဒေကြမ်းနှင့် အိမ် ခြံ မြေ စျေးကွက် လှိုင်းဂယက်
ဇူလိုင် 30, 2020

၂၀၂၀ ပြည့်နှစ် အခွန်ကောက် ဥပဒေကြမ်းနှင့် အိမ် ခြံ မြေ စျေးကွက် လှိုင်းဂယက်

“မကြာသေးမီရက်ပိုင်းက ၂၀၂၀ ပြည့်နှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းထွက်လာလို့ စီးပွားရေးလောကနဲ့ အိမ်ခြံ မြေ၊ ကား၊ အရောင်းအဝယ်စျေးကွက် လှုပ်ရှားဂယက်ထသွားတယ်လို့ ကြား မိတယ်။ ဦးစိုးမြင့်တို့ အခြေအနေ ဘယ်လိုရှိပါသလဲ” ဦးစိုးမြင့်သည် အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင် နေသူဖြစ်သဖြင့် စာရေးသူ၏ ရုံးခန်းသို့ ရောက်နေစဉ် မေးမြန်းလိုက်ခြင်း ဖြစ်သည်။ “အရောင်းအဝယ်တော့ ကြဲသွားမယ့် သဘောရှိတယ်ဆရာ။ ထုံးစံအတိုင်း အိမ်ငှားစျေးကွက်တော့ရှိ နေမှာပါ” “ရန်ကုန်တိုင်းအတွင်း အိမ်မြေ...
ဆက်ဖတ်ရန်
၁၀ ပေ x ပေ ၆၀ မြေကွက်ကို ဝယ်မည်ဆိုလျှင်
ဇူလိုင် 25, 2020

၁၀ ပေ x ပေ ၆၀ မြေကွက်ကို ဝယ်မည်ဆိုလျှင်

“၁၀ ပေ x ပေ ၆၀ မြေကွက် တွေ အဝယ်လိုက်နေတယ် ဆရာ၊ အဲဒါ တရားဝင်ပိုင်ဆိုင်မှုရှိပါသလား” ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးတိုင်ပင်ခြင်းဖြစ်ပါသည်။ “မြေကွက်ကတော့ ခွဲစိတ်လို့ မရဘူး။ ဒါပေမယ့် တရားဝင်ပိုင်ဆိုင် ခွင့်ရအောင်တော့ ဆောင်ရွက်လို့ရပါ တယ်” “မြေကွက် ခွဲစိတ်လို့ မရဘူးဆိုတာက ဘာကိုဆိုလိုတာလဲ ဆရာ” “ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီရဲ့ လုပ်ထုံးလုပ် နည်းဆိုင်ရာ နည်းဥပဒေအရ...
ဆက်ဖတ်ရန်
အကွက်ရိုက်ထားသည့် လယ်ယာမြေကို ဝယ်မည်ဆိုလျှင်
ဇူလိုင် 8, 2020

အကွက်ရိုက်ထားသည့် လယ်ယာမြေကို ဝယ်မည်ဆိုလျှင်

မကြာသေးမီရက်ပိုင်းကဖြစ်သည်။ ဆွေမျိုးနီးစပ် တူမတော်စပ်သူတို့ ဇနီးမောင်နှံသည် စာရေးသူ၏ ရုံး ခန်းသို့ ရောက်ရှိလာကြသည်။ “ဦးလေးဆီ ဖုန်းဆက်မထားလို့ ရုံးခန်းမှာ ဦးလေးမရှိရင် အခက်ပဲဆိုပြီး စိုးရိမ်နေမိတာ” “အေး – ကံကောင်းသွားတယ်ပေါ့။ တူမကြီး အိမ်ထောင်ကျပြီး နောက်ပိုင်း တစ်ကြိမ်လားပဲ တွေ့ဖြစ် တယ်ထင်တယ်။ အတော်ကြာသွားပြီ။ အခု အမေနဲ့အတူနေတာ မဟုတ်လား” “ဟုတ်ပါတယ်။ ဦးလေး၊ အမေက ဆီးချိုတက်နေလို့ပြန်ပြီး အနားယူနေရတယ်” “အင်းပေါ့လေ။ အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်နီးမှတော့...
ဆက်ဖတ်ရန်
1 2 3 23
Interested this propertyChat with us