Currency
01-667758 , 09-894 0990 77
110 ပြည်လမ်း (8မိုင်လမ်းဆုံ) ဒုတိယထပ် (အခန်း 17) မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

Buyer Guide (အိမ်ဝယ်လမ်းညွှန်)

Myanmar Buyer Guide

Myanmar Buyer Guide Myanmar Buyer Guide

  • အားလုံး
  • English
  • Expats Guide
  • ကွန်ဒို
  • စာချုပ်
  • ဆောင်ရွက်နည်း
  • ဈေးကွက်
  • နိုင်ငံခြားသား
  • ပိုင်ဆိုင်မှု
  • ဗဟုသုတ
  • ဘာသာခြား
  • ရင်းနှီးမြှပ်နှံမှု
  • သေတမ်းစာ
  • အခွန်
  • အမွေ
  • အိမ်ထောင်ဆက်

အပျောက်စနစ်ဖြင့် တိုက်ခန်း ဝယ်မည်ဆိုလျှင်

မကြာမီရက်ပိုင်းအတွင်းက ဖြစ်သည်။ မိတ်ဆွေတစ်ဦးက စာရေးသူ ထံရောက်လာပြီး တိုက်ခန်းဝယ်မည် ဖြစ်၍ စာရွက်စာတမ်းများ ကို ကြည့် ရှုစစ်ဆေးပေးရန် လာခေါ်ပါသည်။ သို့နှင့် စာရေးသူသည် မိတ်ဆွေနှင့် အတူ ရောင်းမည်ဆိုသည့် တိုက်ခန်း ရှိရာသို့ ရောက်ရှိခဲ့သည်။ တိုက်ခန်းပိုင်ရှင်ဆိုသူနှင့် အိမ် ပွဲစားများကို တွေ့ရသည်။ တိုက်ခန်း ပိုင်ရှင်မှ ယင်းတိုက်ခန်း ဝယ်စဉ်က ချုပ်ဆိုခဲ့သော တိုက်ခန်း အရောင်း အဝယ်စာချုပ်ကို ထုတ်ပြပါသည်။ စာချုပ်ပေါ်တွင် ရောင်းသူ၊ ဝယ်သူ နှင့် သက်သေနှစ်ဦးလက်မှတ်ရေးထိုး ထားသည်ကို တွေ့ရသည်။ သို့သော် မြေရှင်၏ အသိအမှတ်ပြု လက်မှတ် ထိုးထားသည်ကို မတွေ့ရှိရပေ။ ထို့ကြောင့် စာရေးသူမှ ရောင်း မည့်သူအား အဆိုပါ တိုက်ခန်းအ ရောင်းအဝယ်စာချုပ်၌ မြေပိုင်ရှင်၏ လက်မှတ်မပါရှိသည့် […]

ကွန်ဒိုနည်းဥပဒေနှင့် နိုင်ငံခြားသားတို့၏ အခန်းကဏ္ဍ

“လိုင်စင်သက်တမ်းအရဆိုရင် စုပေါင်းပိုင် အဆောက်အအုံတစ်ခု တည်ဆောက်ရာမှာ ငါးနှစ်အတွင်း အပြီးဆောက်ရမယ့်သဘောပေါ့”
“ဒါကတော့ အများသိထားတဲ့အတိုင်း လုပ်ငန်းတည်ထောင်သူသည် စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်ခွင့်ရရှိပြီးသည့်နောက် အုတ်မြစ်ချလုပ်ငန်း၏ ၃ဝ ရာခိုင် နှုန်းပြီးစီးသည့်အခါ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်အရာရှိထံသို့ အသိပေးအကြောင်းကြားပြီး အိမ်ခန်းများကို ကြိုတင် ရောင်းချခွင့်ရှိသည်ဟု နည်းဥပဒေ ပုဒ်မ (၃ဝ) မှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် လုပ်ငန်း ၃ဝ ရာခိုင်နှုန်းပြီးစီးသည်နှင့် တိုက်ခန်းများကို ကြိုပွိုင့်စနစ်ဖြင့် စတင် ရောင်းချခွင့်ရှိမှာဖြစ်တယ်”

ပြဋ္ဌာန်းလာမည့် 2018 ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေနှင့် တိုးတက်လာနိုင်မည့် အိမ်ခြံမြေစျေးကွက်

အိမ်မြေစံနှုန်း အသစ်နဲ့ သတ်မှတ်ထားတဲ့ အိမ်မြေ တန်ဖိုးအပေါ် ၂ဝ၁၈ ခုနှစ် ပြည် ထောင်စုအခွန်အကောက်ဥပဒေနဲ့အညီ ပထမခြောက်လအတွင်း တင်ပြရင် ၃ ရာခိုင်နှုန်းထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ စာချုပ်စာတမ်းမှတ်ပုံ တင်ခကိုလည်း ယခင် ၇ ရာခိုင် နှုန်းမှ ၄ ရာခိုင်နှုန်းအဖြစ် လျှော့လိုက်တဲ့အတွက် စုစုပေါင်းပေးသွင်းရမယ့် အခွန်အခမှာ ၇ ရာခိုင်နှုန်းသာဖြစ်ပါ တယ်”

“ဒါဆိုအရင်က ပေးဆောင်ရတဲ့ အခွန်အခနှုန်းထား ၃၇ ရာခိုင်နှုန်းထက် အများကြီးကွာခြားသွားပြီပေါ့ နော်”

စွန့်လွှတ်ကြောင်း ကြေညာခံထားရသည့် ဇနီး၊ ခင်ပွန်းတို့နှင့် ဆက်စပ်နေသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“ဇနီးဖြစ်သူက နိုင်ငံခြားမှာ နောက်အိမ်ထောင်ပြုတယ်ဆိုတာကတော့ အိမ်မြေအရောင်းအဝယ်ဖြစ် အောင် ဝယ်သူယုံကြည်အောင် ပြောတာလည်းဖြစ်နိုင်တယ်။ အမှန်တကယ် အိမ်ထောင်ကျနေကြောင်း အထောက်အထားခိုင်လုံရင်တော့ ဥပဒေအရ အမွေရခွင့်မရှိဘူး။ မြန် မာ့ဓလေ့ထုံးတမ်းဥပဒေမှာ မယားဖြစ်သူက ပထမလင်ယောကျ်ားနဲ့ တရားဝင်ကွာရှင်းခြင်းမရှိသေးဘဲ နောက်အိမ်ထောင်ပြုမယ်။ တစ်နည်းပြောရရင် ဖောက်ပြန်မယ်ဆိုရင် မိမိရရှိမယ့် လင်မယားနှစ်ဦးပိုင်ပစ္စည်း များအပေါ် ဆုံးရှုံးခံရမယ်လို့ ပြဋ္ဌာန်း ထားပါတယ်”

“ဒါကြောင့် လင်ယောကျ်ားက ဇနီးနောက်အိမ်ထောင်ပြုသွားလို့ မဆိုင်ဘူးဆိုပြီး ပြောတာဖြစ်မယ်”

ဇနီးကကန့်ကွက်ထားသည့် ခင်ပွန်းသည်အရွယ်မရောက်မီက ဝယ်ထားသော အိမ် မြေ တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

မိဘတွေက တရုတ်လူမျိုး၊ ဗုဒ္ဓဘာသာဝင်၊ စီးပွားရေးသမားတွေဆိုတော့ တိုက်ခန်းတွေ၊ အိမ်၊ မြေ ဝယ်ထား တာတွေများနေတော့ သားသမီး အမည်ထားပြီး ဝယ်တာတွေရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် အသက်မပြည့်တာကို သတိမထားမိဘဲ သူ့အမည်နဲ့ တိုက်ရိုက်စာချုပ် ချုပ်ခဲ့တယ်လို့ ပြောတယ်”

“ဥပဒေအရ ပြောရရင်တော့ အသက် ၁၈ နှစ်ပြည့်ပြီးမှ အရွယ်ရောက်သူလို့ သတ်မှတ်ပါတယ်။ အရွယ်မရောက်သေးသူက အရောင်းအဝယ်စာချုပ်စာတမ်းချုပ်ဆိုခွင့် မရှိပါဘူး။ တကယ်လို့ ချုပ်ဆိုထားရင်လည်း ဥပဒေအရ ပျက်ပြယ်တဲ့ စာချုပ်ပဲ ဖြစ်လာမှာဖြစ်တယ်”

နိုင်ငံခြားသားနှင့် လက်ထပ်ထားသော မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီး၏ အမည်ပေါက်အိမ်ကို ဝယ်မည်ဆိုလျှင်

“ပုဂ္ဂလိကပိုင်မြေပေါ်မှာဆောက်တဲ့ ကွန်ဒိုဖြစ်တဲ့အတွက် အဲဒီလို ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသားများက ဝယ်ယူခွင့်၊ လွှဲပြောင်းရောင်းချခွင့်မရှိပါဘူး။ ဒါကြောင့်လည်း မူလဝယ်စဉ်ကပင် မြန်မာလူမျိုးဖြစ်တဲ့ ဇနီးဖြစ်သူ အမည်နဲ့ဝယ်ထားတာဖြစ်တယ်”

“လင်ယောကျ်ားဖြစ်သူက ဇနီးအမည်နဲ့ ဝယ်ထားတဲ့ပစ္စည်းကို ပြန် လည်ရောင်းချခွင့်မူရှိဘူးလားဆရာ။ လင်ယောကျ်ားရဲ့ စီးပွားရှာဖွေမှုနဲ့ ရလားတဲ့ အဆောက်အအုံဖြစ်လို့ လင်ယောကျ်ားက လုပ်ပိုင်ခွင့်မရှိဘူး လား”

အမွေရှင်မကွယ်လွန်မီ မိသားစုစီမံပြုလုပ်ထားသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“မိဘများ ကွယ်လွန်ပြီးအမွေခွဲ ဝေရမယ့်ပစ္စည်းမှာ သုံးလေးမျိုးရှိမယ်။ သားသမီးကလည်း သုံးလေး ယောက်ရှိမယ်ဆိုရင် အမှတ်စဉ်(၁)ဖြစ်တဲ့ သမီးအကြီးဆုံးကို ဘယ်မြေကွက်၊ အမှတ်စဉ်(၂) သားကို ဘယ်ပစ္စည်းစသဖြင့် ခွဲဝေပေးထားမယ်။ အဲဒီလိုခွဲဝေထားတဲ့ ပစ္စည်းတွေထဲက အိမ်နဲ့မြေကို အမွေရသူက ပြန်ရောင်း ချင်တယ်ဆိုပါတော့။ အဲဒီလို အခြေအနေမျိုးမှာ မိမိရရှိတဲ့ အမွေပစ္စည်း အိမ်မြေကို တစ်ဦးတည်း ပိုင်ဆိုင်ကြောင်း ကြေညာပေးပါရန် တရားရုံးမှာ လျှောက်ထားရပါမယ်။ တရားရုံးက ခွင့်ပြု၊ အတည်ပြုခဲ့ရင်တော့ အဲဒီတရားရုံးရဲ့ အမိန့်ဒီဂရီအရ အဆိုပါမြေနဲ့ အိမ်ကို မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ပြုလုပ်ချုပ်ဆို ခွင့်ရှိမှာဖြစ်တယ်”

လယ်ယာမြေကို လှူဒါန်းမည်ဆိုလျှင်

“လယ်ယာမြေ ဥပဒေပုဒ်မ ၁၂ (ဂ) မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း ပေးကမ်းခြင်းပြုလျှင် သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနက သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန် နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခတို့့ကို ပေးဆောင်ပြီး သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနရုံးမှာ မှတ်ပုံတင်ပြုလုပ်ချုပ် ဆိုရမှာဖြစ်ပါတယ်”

“ဟုတ်ကဲ့ ဆရာ။ အဲဒီပေးကမ်း လှူဒါန်းထားတဲ့ မြေပေါ်မှာ အဆောက်အအုံဆောက်လုပ်မယ်ဆိုရင် ဘယ်လိုဆောင်ရွက်ရပါလဲ”

“သာသနာရေးဆိုင်ရာမြေ အဆောက်အအုံတို့အဖြစ် သတ်မှတ် ပေးဖို့ကတော့ သက်ဆိုင်ရာသာသနာ ရေး ဦးစီးဌာနအဆင့်ဆင့်ကို တင်ပြခွင့်ပြုချက်ရယူပြီး ဆောင်ရွက်သွားရ မှာဖြစ်တယ်”

အရောင်းအဝယ် စာချုပ်များတွင် ဖော်ပြသော ကိုယ်စားလှယ်လွှဲစာရသူနှင့် တရားဝင်ကိုယ်စားလှယ်ဆိုသည်မှာ

ဥပဒေနဲ့အညီ မိမိကိုယ်စားဆောင်ရွက်ပိုင်ခွင့်ပေး ထားတဲ့ ကိုယ်စား လှယ်လွှဲစာရသူကို ခေါ်ပါတယ်။ ရှင်းအောင်ပြောရရင် လူအများသုံးစွဲပြောဆိုနေကြတဲ့ G.P အထွေထွေကိုယ်စားလှယ်လွှဲစာ၊ S.P အထူးကိုယ်စားလှယ်လွှဲစာနဲ့ ပေးအပ် လွှဲထားခြင်းဖြစ်တယ်”
“ဒါဆိုရင် ကိုယ်စားလှယ်လွှဲစာရသူဆိုတာက ကိုယ်စားလှယ်စာလွှဲ အပ်သူ အသက် ထင်ရှားရှိနေစဉ်မှာပဲ သူ့ကိုယ်စားဆောင်ရွက်ခွင့်ရှိသူဖြစ်တယ်။ တရားဝင် ကိုယ်စား လှယ်ကတော့ ကွယ်လွန်သွားသူ ကိုယ်စားဥပဒေအရ ဆောင်ရွက်ခွင့်ရှိတဲ့သူ လို့ ခေါ်မှာပေါ့နော်”

ကုမ္ပဏီပိုင် မြေနှင့်အိမ် ကိုဝယ်မည်ဆိုလျှင်

ပထမဦးဆုံးကုမ္ပဏီမှတ်ပုံ တင် လက်မှတ်တင်ပြရမယ်။ အဲဒီ မှာ ဒါရိုက်တာအဖွဲ့အမည်စာရင်းပါ မယ်။ အပြောင်းအလဲရှိခဲ့ရင်လည်း ကုမ္ပဏီဒါရိုက်တာ အဖွဲ့ရဲ့ အစည်းအ ဝေး မှတ်တမ်းဆုံးဖြတ်ချက်၊ အခု အရောင်းအဝယ်လုပ်ရာမှာ ကုမ္ပဏီ ကိုယ်စား မည်သူ့ကို ခန့်ထားကြောင်း ဒါရိုက်တာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်၊ ကုမ္ပဏီပိုင်မြေကွက်ကို ကုမ္ပဏီ ဒါရိုက်တာအဖွဲ့အပါအဝင် ရှယ်ယာ ရှင်တို့က ရောင်းချရန် သဘောတူ ကြောင်း ဆုံးဖြတ်ချက်စတဲ့ စာရွက် စာတမ်းတွေ ပြည့်စုံအောင်ဆောင် ရွက်ထားဖို့ လိုပါတယ်”

“အရောင်းအဝယ်စာချုပ် ချုပ် ရင် အဲဒီစာရွက်စာတမ်းတွေ တင်ပြရ မှာပေါ့နော်”

အမွေမမီမြေးများနှင့် ဆက်စပ်နေသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“သြရသ သားသမီးက အမွေ ဘယ်လိုခံစားခွင့်ရှိသလဲ ဆရာ”

“ဖခင်ကွယ်လွန်လျှင် သြရသ သားသည်လည်းကောင်း၊ မိခင်ကွယ် လွန်လျှင် သြရသသမီးသည်လည်း ကောင်း၊ အမွေ၏ လေးပုံတစ်ပုကို ရခွင့်ရှိတယ်လို့ မလှဦးနှင့် မောင်ရွှေ ရင် ရန်ကုန်စီရင်ထုံး အတွဲ (၁) စာ မျက်နှာ-၃ရဝ အမှုမှာ လမ်းညွှန်ဆုံး ဖြတ်ထားပါတယ်”

“ဒါဆိုရင် အခုကိစ္စမှာ သား အကြီးက အရင်ကွယ်လွန်သွားတာ မဟုတ်လား”

“မိခင်မကွယ်လွန်မီ သားအကြီး က အရင်ကွယ်လွန်သွားတာဖြစ်တဲ့ အတွက် မိခင်ကြီး မကွယ်လွန်မီမှာ သားအကြီးကို သြရသသားသမီးအ ဖြစ် အမွေခွဲပေးထားခဲ့ရင်တော့ ယခု အမွေမမီ မြေးများက ရပိုင်ခွင့်ရှိမှာ မဟုတ်တော့ဘူး”

အန္တရာယ်ရှိနိုင်သော တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

“စည်ပင်သာယာရေး ဥပဒေ ပုဒ်မ-၈၁ (က) မှာ မြို့တော်နယ် နိမိတ်အတွင်းရှိ အဆောက်အအုံ တစ်ခုသို့မဟုတ် ယင်း၏ အစိတ်အ ပိုင်းတစ်ခုခုသည် ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိကြောင်း ဘေး အန္တရာယ်ကျရောက်နိုင်ကြောင်း သို့ မဟုတ် လူနေထိုင် အသုံးပြုရန် သင့် လျော်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိ လျှင် အဆောက်အအုံ၌ နေထိုင်သူ သို့မဟုတ် ပိုင်ရှင်အား ဆက်လက် နေထိုင်ခြင်းမပြုရန် တားမြစ်ခြင်း၊ တားမြစ်ခြင်းကို လိုက်နာခြင်းမရှိပါ က ယင်းအဆောက်အအုံမှ ဖယ်ရှား ခြင်း၊ ပြန်လည်ပြင်ဆင်တည်ဆောက် ခွင့်ပြုခြင်း သို့မဟုတ် ဖြိုဖျက်စေခြင်း ကို ဆောင်ရွက်နိုင်တယ်လို့ ပြဋ္ဌာန်း ထားပါတယ်”

ဘာသာမတူသည့် မိသားစုပိုင် အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“သိပ်တော့ ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး။ ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်မာလာပါ ငါးဦးနှင့် ဒေါ်မြင့်မြင့် ခိုင်ပါ လေးဦး၊ ၂ဝဝ၅ ခုနှစ် မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၁) အမှုမှာ သမီးဖြစ်သူသည် မူလက အမွေရှင်မိခင်နည်းတူ အစ္စလာမ် ဘာသာဝင်ဖြစ်ပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်ခဲ့ လျှင် ထိုသို့ ပြောင်းလဲကိုးကွယ်မှု ကြောင့် မိခင်ထံမှ အမွေရပိုင်ခွင့် မဆုံးရှုံးနိုင်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ဘာသာကူးပြောင်း ကိုး ကွယ်ခြင်းကြောင့် မူလကိုးကွယ်သည့် ဘာသာအရ အမွေဆက်ခံရရှိခွင့်ကို ဆုံးရှုံးခြင်းမရှိကြောင်း တွေ့ရတယ်”

“အခုကိစ္စမှာလည်း သမီးဖြစ်သူက မူလက အစ္စလာမ်ဘာသာကို ကိုး ကွယ်ပြီး အိမ်ထောင်ပြုမှ ဗုဒ္ဓဘာသာ ကူးပြောင်းခဲ့တာမှန်တယ်ဆိုရင် အမွေဆက်ခံခွင့်ရှိတယ်ပေါ့”

တစ်လင်တစ်မယားစနစ်ဥပဒေအရ ကွာရှင်းပြီးနှစ်ဦးပိုင် အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“မှန်ပါတယ်။ ယင်းဥပဒေပုဒ်မ (၁၃) အရ ပြစ်မှုကျူးလွန်သူက ခုနစ် နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါ့ အပြင် တစ်လင်တစ်မယားစနစ်ကျင့် သုံးခြင်းဆိုင်ရာ ဥပဒေအရ အိမ် ထောင်ရေး ပြစ်မှုကျူးလွန်သူကို ကျန် သည့် မယား သို့မဟုတ် လင်က လင် မယားကွာရှင်းခွင့်ရှိတဲ့အပြင် အိမ် ထောင်ရေးပြစ်မှုကျူးလွန်သူက နှစ်ဦး ပိုင်ပစ္စည်းနှင့် စပ်လျဉ်းပြီး အခွင့်အ ရေးဆုံးရှုံးခံရမယ်လို့ ပြဋ္ဌာန်းထားပါ တယ်”

“ဒါဆိုရင် အခုအိမ်မြေအရောင်း အဝယ်ကိစ္စမှာလည်း လင်မယားကွာ ရှင်းတာက တစ်လင်တစ်မယားစနစ် ဥပဒေအရ ကွာရှင်းတာဖြစ်လို့ လင် ယောကျ်ားအနေနဲ့ ပစ္စည်းခန်း ခံစား ခွင့်မရှိလို့ ပြောတာဖြစ်မယ် ဆရာ”

သြရသ သားသမီး၏ ဇနီးခင်ပွန်းတို့နှင့် သက်ဆိုင်နေသည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံတရားစီရင် ထုံး စာမျက်နှာ-၂၉ အမှုမှာ သားဖြစ် သူသည် အိမ်ထောင်ကျပြီးနောက် မိဘများနှင့်အတူ ဇနီးဖြစ်သူနှင့် နေထိုင်ခဲ့ကြသည်။ ဖခင်ကွယ်လွန်ပြီး နောက်ပိုင်းတွင်လည်း မိခင်နှင့်အတူ နေထိုင်ခဲ့သည်။ လင်ယောကျ်ားကွယ် လွန်ပြီးနောက်တွင်လည်း ချွေးမဖြစ် သူသည် ယောက္ခမနှင့်အတူနေပြီး သုံးလအကြာမှ နောက်အိမ်ထောင်ပြု ခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ချွေးမဖြစ်သူသည် ကွယ်လွန်သူ ခင် ပွန်းဖြစ်သူရရှိခံစားရမည့် အခွင့်အ ရေးကို ဆက်ခံရရှိပြီးမှ နောက်အိမ် ထောင်ပြုခြင်းဖြစ်သည်။ တရားစွဲဆို ချိန်တွင် နောက်အိမ်ထောင်ပြုပြီး ဖြစ်သည့် ချွေးမသည် ကွယ်လွန်သူ လင်၏ သြရသအခွင့်အရေးကို ဆက် ခံပြီး ယောက္ခမထံမှ အမွေတောင်းခွင့် ရှိသည်လို့ ဆုံးဖြတ်ထားပါတယ်”

ဝယ်ယူမည့် တိုက်ခန်းသည် နိုင်ငံခြားပြန်(ပြည်သူပိုင်) တိုက်ခန်း ဖြစ်နေလျှင်

“ယခင်က ရန်ကုန်မြို့မှာရှိတဲ့ တိုက်ခန်းတွေမှာ နိုင်ငံခြားသားတွေ ဖြစ်တဲ့ တရုတ်လူမျိုး၊ အိန္ဒိယ လူမျိုး  တွေ နေထိုင်ပိုင်ဆိုင်ကြတယ်။ ၁၉၆၄ ခုနှစ်မှာ နိုင်ငံခြားသားပိုင် စီးပွား ရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်း ခဲ့တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေလည်း လုပ်ငန်းရပ်ဆိုင်းသွားတယ်။ အချို့နိုင်ငံခြားသား တရုတ်လူမျိုး၊ အိန္ဒိယလူမျိုးတွေက မိမိသက်ဆိုင်ရာ နိုင်ငံသို့ ပြန်သွားကြတယ်။ အဲဒီ နိုင်ငံခြားသားပိုင် တိုက်ခန်းတွေကို နိုင်ငံတော်အစိုးရက သိမ်းဆည်း လိုက်တယ်။ ဒါကြောင့် နိုင်ငံခြားပြန် တိုက်ခန်းများလို့ လွယ်လွယ်ကူကူ ခေါ်ပြောလာကြတာဖြစ်တယ်”

ဟန်ဆောင် မွေးစားစာချုပ် ရှိပါသလား

“အိမ်ရောင်းမယ်ဆိုလို့ ကျွန် တော်သွားကြည့်တယ် ဆရာ။ မြေက တော့ ဂရန်မြေကွက် နှစ်ထပ်တိုက်၊ ပေ ၂ဝ x ပေ ၆ဝ ရှိမယ်။ ရောင်း မယ်ဆိုတော့ အမွေဆိုင်အိမ်ဖြစ်နေ တယ်။ မြေကွက်အမည်ပေါက်က ကွယ်လွန်သွားတဲ့ ဖခင်အမည်ပေါက် ဖြစ်တယ်။ မိခင်ကြီးကလည်း ဆုံးပါး သွားပြီ။ ဒါကြောင့် မောင်နှမ သုံးဦး က အမွေခွဲဖို့ ရောင်းတာ ဆရာ”

“မောင်နှမသုံးဦးထဲမှာ ကိတ္တိမ မွေးစားသားသမီးပါလို့လား”

“မောင်နှမ သုံးဦးမှာ အစ်မကြီးက အပျိုကြီး ယခုလက်ရှိတူ၊ တူမတို့ နဲ့ အတူနေထိုင်တယ်။ အလတ်မောင် ဖြစ်သူနဲ့ ညီမအငယ်က သူတို့အိမ် ထောင်နဲ့သူ သီးခြားနေကြတယ်။ အခုကိစ္စက လက်ရှိအိမ်မှာနေတဲ့ တူ နဲ့ တူမက အဘွားဖြစ်သူက သူတို့ကို ကိတ္တိမမွေးစားစာချုပ်နဲ့ မွေးစားတာ ကြောင့် အမွေဝေစုရသင့်တယ်လို့ ကန့်ကွက်တာ ဆရာ”

သတိပြုသင့်သည့် စာရွက်စာတမ်းအတုများ

သေချာတေ့ တေ့ဆိုင်ဆိုင် စျေးတည့်ကြပြီဆိုရင် တော့ သက်ဆိုင်ရာ စည်ပင်သာယာ မြေယာဌာနမှာ သွားရောက်စုံစမ်းရ ပါမယ်”
“ရောင်းသူကို ခေါ်သွားဖို့လိုသ လား”
“အကောင်းဆုံးကတော့ ရောင်း သူကိုယ်တိုင်ခေါ်သွားပြီး မူရင်းပြသ မေးမြန်းစုံစမ်းရမှာဖြစ်တယ်”

“ဘာပဲဖြစ်ဖြစ် အမှန်အကန် ဟုတ် မဟုတ်ဆိုတာကတော့ သက် ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီ မြေယာဌာနမှာ စာရွက် စာတမ်းပြပြီး စစ်ဆေးရမှာဖြစ်တယ်။ ဂရန်မြေကတော့ သူငယ်ချင်းရဲ့ ဇနီး နဲ့ သမီးပြောသလို စာချုပ် စာတမ်း ရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုလိုက် တာနဲ့ ဥပဒေနဲ့အညီ တရားဝင်ပိုင် ဆိုင်မှုရရှိသွားပြီဖြစ်တယ်”
“ပါမစ်မြေက မှတ်ပုံတင်စာချုပ် စာတမ်းရုံးမှာ စာချုပ် ချုပ်ဆိုလို မရ ဘူးလို့ ပြောတယ်ဟုတ်သလား”

ဝယ်ယူမည့်မြေ၏ ဂရန်အမည်ပေါက်နှင့် မြေပုံရာဇဝင်မှတ်တမ်းတွင် အမည်သတ်ပုံ လွဲမှားနေလျှင်

တချို့က မှတ်ပုံ တင်မှာ ဒေါ်ငွေရင်ဖြစ်နေပြီး အိမ် ထောင်စုစာရင်းမှာ ဒေါ်ရင်ဖြစ်နေ တာမျိုးလည်း ရှိတတ်တယ်”

“ဒါဆိုရင် ဘယ်လိုဆောင်ရွက် ရသလဲ”

“ဒေါ်ငွေရင်နဲ့ ဒေါ်ရင်မှာတစ်ဦး တည်းဖြစ်ကြောင်း ဒေါ်ငွေရင်ခေါ် ဒေါ်ရင်ဖြစ်ကြောင်း ကျမ်းကျိန်လွှာနဲ့ ကာယကံရှင်က တင်ပြလျှောက်ထား ရပါတယ်။ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ လ.ဝ.က ရုံးမှ ထောက်ခံစာတို့ကို ပူးတွဲတင်ပြရတယ်။ အဓိကအချက် ကတော့ ဒေါ်ရင်ဖြစ်စေ၊ ဒေါ်ငွေရင် ဖြစ်စေ ဂရန်စာချုပ်ပါ ဒေါ်ငွေရင်ရဲ့ မှတ်ပုံတင် အမှတ်နဲ့ မှတ်တမ်းမှာရှိ ဒေါ်ရင်ရဲ့ မှတ်ပုံတင်အမှတ် တူညီဖို့ တော့ လိုတယ်”

တူ၊ တူမများ အမွေဆက်ခံခွင့်ရှိသည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

ဗုဒ္ဓဘာသာဝင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ အမွေ ဆက်ခံမှုနဲ့ ပတ်သက်လို့ မျိုးရိုးစဉ် ဆက် သတ်မှတ်ထားချက်ရှိကြောင်း တရားရုံးချုပ်က ဆုံးဖြတ်တဲ့ ဦးမြင့်စိုး နှင့် ဦးသန်းစိုးပါ လေးဦး၊ ၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ -၈၄ မှာ မြန်မာ့ဓလေ့ထုံး တမ်း ဥပဒေအမွေခန်း ဥပဒေအရ ကွယ်လွန်သူတွင် ဇနီး၊ ခင်ပွန်း၊ သား သမီး၊ မြေး၊ မြစ်၊ အစရှိသော တိုက် ရိုက်အဆက်အနွယ်များ၊ ကိတ္တိမ သားသမီး၊ လင်ပါမယားပါ သားသမီး နှင့် ကိဠိတ သားသမီးအစရှိသူများ မရှိလျှင် ထိုသူ၏ အမွေပစ္စည်းများကို ဆက်ခံခွင့်ရှိသည့် ဆွေမျိုးသားချင်း၏ အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ် သည်။

အိမ်ထောင်ကြီးသားသမီးများနှင့် ဆက်နွယ်သည့် အိမ် နှင့် မြေကို ဝယ်မည်ဆိုလျှင်

မိဘနှစ်ဦးအနက် တစ်ဦး ကွယ်လွန်ပြီး ကျန်တစ်ဦးက နောက်အိမ်ထောင်ပြုခဲ့ရင် ကျန်ရှိတဲ့ သားသမီးက အမွေတောင်းခွင့်ရှိတယ် လို့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ရောင်းသူ မိန်း ကလေးပြောသလို ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုစဉ်မှာ သားဖြစ် သူကို အမွေခွဲဝေပေးပြီးကြောင်း အ ထောက်အထားရှိရင်တော့ ထပ်မံ တောင်းခွင့်မရှိတော့ဘူးပေါ့”

“တကယ်လို့ ဖခင်ကွယ်လွန်ချိန် က အမွေခွဲဝေရယူခဲ့ခြင်းမရှိဘဲ မိထွေးဖြစ်သူ ကွယ်လွန်မှ အမွေ တောင်းခွင့်ရှိပါသလား”

“ဒါကတော့ တောင်းခွင့်ရှိပါ တယ်။ ဖခင်ထံမှ အမွေလုံးဝမရသေး ဖို့ပဲ လိုပါတယ်”

လင်မယားကွာရှင်းပြီးမှမွေးဖွားသည့် သားသမီးနှင့်ဆက်စပ်နေသည့် အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“ဟုတ်ပါတယ် ဆရာ။ ကျွန် တော်တို့ သိထားတာက လင်မယား ကွာရှင်းပြီးနောက် ဖခင်နှင့်အတူ လိုက်နေတဲ့ သားသမီးသည် ဖခင်ထံ မှ အမွေဆက်ခံခွင့်ရပြီး မိခင်ထံမှ အမွေဆက်ခံခွင့်ဆုံးရှုံးမယ်။ မိခင်နဲ့ လိုက်နေသည့်သားသမီးသည် ဖခင် ထံမှ အမွေဆက်ခံခွင့်မရှိဘူးလို့ သိ ထားတယ် ဆရာ။ အခုကိစ်္စမျိုးမှာ ဘယ်လိုဖြစ်နိုင်ပါသလဲ”

“အခုကိစ္စက လင်မယားကွာရှင်း ပြီးမှသားသမီး မွေးခဲ့တာဆိုတော့ ကွာရှင်းချိန်မှာ မိခင်နဲ့ လိုက်ပါနေ တယ်။ ဖခင်နဲ့ လိုက်ပါနေတယ်ဆိုတဲ့ အခြေအနေနဲ့ တိုက်ရိုက်အကျုံးမဝင် ပြန်ဘူး”

“ကလေးကလည်း အရွယ်မ ရောက်သေးတော့ မိခင်က ဦးဆောင် ပြီး အုပ်ထိန်းသူအနေနဲ့ တောင်းဆို တာ ဆရာ”

အမွေဆိုင် အိမ် နှင့် မြေကို ခွဲစိတ်ဝယ်ယူပိုင်ခွင့်

“ဒါကတော့ ဒီလိုပါ။ အမွေဆိုင် အိမ်နဲ့မြေပေါ်မှာ နေထိုင်တဲ့ အမွေ ရှင်တွေကလည်း အဲဒီနေရာပတ်ဝန်း ကျင်ကနေ ခွဲခွာမသွားချင်ဘူး။ အမွေ ဆိုင်အိမ်မှာ မဟုတ်ဘဲ အခြားနေရာ မှာ နေထိုင်ကြတဲ့ ပူးတွဲအမွေဆိုင်တွေ ကလည်း အမွေဝေစုရချင်တယ်။ ဒီ တော့ အမွေဆိုင်အိမ်နဲ့ မြေပေါ်မှာ လက်ဝယ်နေသူတို့အပေါ် တရားစွဲဆို တောင်းရတဲ့အထိ ဖြစ်တတ်ကြ တယ်”

“အခုကိစ္စမှာ အမွေရှင်အားလုံး စုပေါင်းနေတယ်ဆိုတော့ အမှုအခင်း ဖြစ်တဲ့အထိ မရောက်နိုင်ဘူးလို့ထင် တာပဲ ဆရာ”

“ဟုတ်ပါတယ်။ အားလုံးညှိနှိုင်း လို့ရတာမို့ ရောင်းဖို့အသံထွက်လာ တာပေါ့”

အိမ်မြေအရောင်းအဝယ် ပြုလုပ်စဉ် ပူးတွဲပိုင်ရှင် ကွယ်လွန်သွားလျှင်

“သာမန်အားဖြင့်ကြည့်ရင်တော့ ဟုတ်သလိုပဲ။ ဒါပေမယ့် မေတ္တာနဲ့ ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်အရ သားနဲ့သမီးက ပူးတွဲပိုင်ရှင်ဖြစ်သွားတယ်။ ပြီးတော့ အဲဒီသားနဲ့သမီးက မိခင်နဲ့အတူနေကြတယ်။ တစ်နည်း အားဖြင့်ပေးကမ်းလိုက်တဲ့ အိမ်မြေကို လက်ခံသူနှစ်ဦးလုံးက လက်ရှိနေထိုင်နေတာကြောင့် လက်ရောက်ပေး အပ်တဲ့ သဘောသက်ရောက်သွားတယ်”

“ဒါဆိုရင် မိခင်ကြီးက အမည်ပေါက်နေပေမယ့် ပိုင်ဆိုင်ခွင့်မရှိတော့ဘူးပေါ့”

“မြေအိမ်အမည်ပေါက်က အမည်ပြောင်းမလျှောက်ထားခဲ့လို့ မိခင်အမည်နဲ့ ရှိနေတာ။ ဥပဒေအရတော့ ပေးကမ်းခြင်းမှတ်ပုံတင်စာချုပ်အရ ကွယ်လွန်သူသားနဲ့ ကျန်ရစ်တဲ့ သမီးတို့ကသာ ပူးတွဲပိုင်ရှင်ဖြစ်ပါတယ်”

အငှားချထားသည့် အစိုးရတိုက်ခန်းကို မဝယ်မိစေဖို့

“ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး အစိုးရလက်ထက်က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ပိုင် တိုက်ခန်းတွေကို ပြည်သူပိုင် တိုက်ခန်းများအဖြစ် ၁၉၆၅ ခုနှစ်က စပြီး အိမ်ငှားအဖြစ်ချထားပေးခဲ့တာ တွေရှိတယ်။ ယခုတိုင်ရှိနေဆဲ တိုက်ခန်းတွေရှိသကဲ့သို့ အချို့တိုက်ခန်းတွေကို ဖျက်ပြီး စီမံကိန်းတိုက်ခန်း သစ်တွေနဲ့ အစားထိုးတည်ဆောက်နေတဲ့ နေရာတွေလည်းရှိတယ်။ အဲဒီစီမံကိန်း တိုက်ခန်းတွေကိုတော့ ပြန် လည်ရောင်းချတဲ့စနစ်နဲ့ ဆောင်ရွက်နေကြတယ်”

“အချို့က ပြောတော့လည်း အစိုးရပိုင်တိုက်ခန်းတွေမှာ တစ်ဆင့် ငှားရမ်းခြင်းမပြုရလို့လည်း ပြောကြတယ်”

ဂရန်မြေ၊ ပါမစ်မြေ၊ စလစ်မြေကွက်များအကြောင်းသိကောင်းစရာ

“ဂရန်အဆင့်ရှိတဲ့ မြေကွက်ကတော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် ဂရန်အဆင့်ရရှိထားတဲ့ မြေကွက်က တန်ဖိုးမြင့်ပြီး တရားဝင် အရောင်းအဝယ်ဖြစ်ဖို့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုရတယ်။ အိမ် တန်ဖိုးဖြတ်ပေါ် မူတည်ပြီး ဝယ်ခွန်ဆောင်ကြရတယ်။ ဒါကြောင့် ဂရန်မြေက စိတ်ချရပေမယ့် အခွန်မဆောင်ချင် ကြဘူး။ စျေးသက်သာပြီး အရပ်ကတိအရောင်းအဝယ် စာချုပ်နဲ့ စလစ်မြေ ပါမစ်မြေတွေကို ရွေးချယ်ဝယ်ကြ တာတွေဖြစ်လာတယ်”

“ပြေစာနဲ့ ငွေသွင်းပြီးရရှိထားတဲ့ မြေကွက်ဆိုတာလည်းရှိသေးတယ်လို့ ပြောတယ်။ ဘယ်လိုကွာခြားပါသလဲ”

ကိုးကွယ်ရာ ဘာသာမတူသည့် မိဘများပိုင် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

“မှန်ပါတယ်။ မကွယ်လွန်မီမှာ ကိုးကွယ်တဲ့ဘာသာကူးပြောင်းသွားလို့ ကွယ်လွန်ချိန်မှာ ကိုးကွယ်ရာ ဘာသာ ဓလေ့ထုံးစံနဲ့အညီနာရေး ဆောင်ရွက်တာတွေရှိတယ်။ ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အရှာဘီဘီနှင့် မောင်ကျော်ရင်အမှု ဘီအယ်ဘီအတွဲ ၁၃ စာမျက်နှာ -၂ဝရ မှာ မူလက ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားသူ၏ အမွေကို ၎င်း၏ ဗုဒ္ဓဘာသာဝင် သားသမီးဆွေမျိုးများက ဆက်ခံ ခွင့်မရှိလို့ ဆုံးဖြတ်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ကွယ်လွန်ချိန်မှာ ကိုးကွယ်တဲ့ ဘာသာပေါ်မူတည်ပြီး ယင်းကိုးကွယ်ရာ ဘာသာဓလေ့ထုံးစံနဲ့ ဆုံးဖြတ်ကြရပါတယ်။

အမွေဆက်ခံခွင့် မရှိသည့် မိဘတို့မှ မွေးဖွားသော သားသမီးများနှင့် ဆက်စပ်နေသည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

“အခု မြေးတော်စပ်တဲ့ သမီးက အမွေတောင်းခံ ကန့်ကွက်တာ မဟုတ်လား”

“ဟုတ်တယ် ဆရာ။ အချို့ကပြောတော့ မိဘတွေ ကွာရှင်းရင် မိခင်ဘက်ပါသွားသူက ဖခင်အမွေကို မရဘူး ဆိုတာ ဟုတ်ပါသလား”

“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယားကွာရှင်းပြီးနောက် အမိနှင့်လိုက်ပါနေသည့် သားသမီးသည် အဖထံ မှ အမွေဆက်ခံခွင့်မရှိသကဲ့သို့ ဖခင်နှင့်အတူ လိုက်နေသည့် သားသမီးသည့် အမိထံမှ အမွေဆက်ခံခွင့် ဆုံးရှုံး သည်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဖိုးချိုနှင့် မငြိမ်းမြတ်၊ အောက်မြန်မာနိုင်ငံ စီရင်ထုံးအတွဲ ၅ စာမျက်နှာ – ၁၃၃ အမှုမှာ ဖော်ပြထားပါတယ်”

ဝယ်ထားသော တိုက်ခန်းတွင် ဆိုင်ခန်းဖွင့်မည်ဆိုလျှင်

လစဉ်ငှားရမ်းခပေးတဲ့စနစ်၊ စပေါ်ငွေပေးစနစ်နဲ့ အပျောက်ငွေပေးစနစ်ဆိုတာ ရှိတယ်။ လစဉ် ငှားရမ်းခပေးစနစ်ကတော့ လစဉ်လဆန်းရက်တိုင်းမှာ အိမ်ငှားရမ်းခပေးသွင်းတဲ့ စနစ်ဖြစ်တယ်။ စပေါ်ငွေဆို တာကတော့ အာမခံသဘောမျိုးတင်ထားတဲ့ ငွေကြေးဖြစ်တယ်။ အိမ်ငှားက ငှားရမ်းခြင်းပြတ်စဲပြီး အဆောက် အအုံမှ ထွက်ခွာသွားတဲ့အခါမှာ စပေါ်ငွေကို အိမ်ရှင်က ပြန်လည်ပေးအပ်ရတဲ့ စနစ်ဖြစ်တယ်။ အပျောက်စနစ် ကတော့ မိမိနေထိုင်တဲ့ တိုက်ခန်း၊ အိမ်ခန်းကို တန်ဖိုးသတ်မှတ်ပြီး လွှဲပြောင်းရောင်းချခွင့်ရှိတယ်။ ဒါအပြင် ဝယ်ထားတဲ့ တိုက်ခန်းကိုအခြား တစ်ဦးထံ တန်ဖိုးသတ်မှတ်ပြီး ထပ်မံလွှဲပြောင်းခွင့်ရှိမှာဖြစ်တယ်။ ဒါပေမယ့် စပေါ်ငွေနဲ့ဖြစ်ဖြစ် အပျောက်ငွေနဲ့ဝယ်ထားတာဖြစ်ဖြစ်၊ တိုက်ခန်း အိမ်ခန်းမှာနေထိုင်ကြသူတွေဟာ မြေရှင် အိမ်ရှင်ကို လစဉ်အိမ်ငှားရမ်း ခပေးရတဲ့အတွက် ဥပဒေအရ အိမ်ရှင်အိမ်ငှားဆက်စပ်မှုရှိနေမှာဖြစ်တယ်”

ဘဏ်ချေးငွေအပါအဝင် လစဉ် အရစ်ကျငွေချေစနစ်ဖြင့် တိုက်ခန်း ဝယ်မည်ဆိုလျှင်

“ဘဏ်က တစ်နှစ်ကို ၁၃ ရာခိုင်နှုန်း သတ်မှတ်ပြီးအရစ်ကျပေးဆပ်ခွင့်ပြုတယ်လို့ သိရတယ် ဆရာ”

“ဘဏ်ငွေကတော့ အမျိုးမျိုးသတ်မှတ်ကြတာရှိပါတယ်။ တချို့ဘဏ်တွေက ၁၂ ဒသမ ၅ ရာခိုင်နှုန်းသတ်မှတ် တာရှိပါတယ်။ နာမည်ကျော် ပုဂ္ဂလိကဘဏ်တစ်ခုမှာ အိမ်ရာချေးငွေ အတိုးနှုန်းကို ပထမတစ်နှစ်အတွင်း ၁၃ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး ချေးငွေရယူသူက အတိုးအရင်းမှန်မှန်ပေးသွင်းပါက နှစ်စဉ် ဝ ဒသမ ၅ ရာခိုင် နှုန်းစီ လျော့ကျကာ အနည်းဆုံး ၁၁ ရာခိုင်နှုန်းသာအတိုးပေးသွင်းရသည့် ခံစားခွင့်နဲ့ ချေးငွေကျပ်သိန်း ၁၅ဝ ထုတ်ချေးမှာဖြစ်တယ်လို့ သိရတယ်”

“ဘဏ်ချေးငွေပမာဏက မိမိချေးယူလိုတဲ့ ငွေပမာဏ ရရှိနိုင်ပါသလား ဆရာ”

တစ်ပြိုင်နက်တည်း ကွယ်လွန်သွားသည့် လင်မယားနှစ်ဦးပိုင် အိမ်မြေကို ဝယ်မည်ဆိုလျှင်

“အစောကပြောခဲ့တဲ့ မအိန်နဲ့ တင်ငါးအမှုမှာ တစ်ရက်ခြားပြီး ကွယ်လွန်သွားခဲ့တဲ့အဖြစ်အပျက်ဖြစ်တယ်။ မကဒူးနှင့် မယုံ (၁၉ဝ၄-၁၉ဝ၆) အထက် မြန်မာနိုင်ငံတရားစီရင်ထုံး မြန်မာ့ဓလေ့အမွေခန်း စာမျက်နှာ (၇) မှာ လင်နဲ့မယားတို့သည် တစ်ယောက်သေဆုံးပြီး ငါးရက်ကြာမှ ကျန်တစ်ယောက်ကွယ်လွန်ခြင်းဖြစ်၍ နှစ်ဖက်ဆွေ မျိုးများမှ ညီတူမျှခွဲ ဝေခွင့်ရသွားကြောင်း ဖော်ပြထားပါတယ်”

“ဒါဆိုရင် ရက်ပိုင်းကွာခြားပြီး ကွယ်လွန်ရင်တော့ တစ်ပြိုင်တည်း နှစ်ဦးလုံးကွယ်လွန်သွားတယ်လို့ သတ်မှတ် နိုင်တာပေါ့နော်”

ကိတ္တိမ မွေးစားခံရသူနှင့် ဆက်စပ်သည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

“သားသမီးမွေးစားခြင်းမှာ အမွေစားအမွေခံအဖြစ် ရည်ရွယ်ပြီး မွေးစားမယ်ဆိုရင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံး မှာ မှတ်ပုံတင်မွေးစား စာချုပ်ကို ပြုလုပ်ချုပ်ဆိုရပါတယ်။ ကိတ္တိမမွေးစားခြင်း မှတ်ပုံတင်အက် ဥပဒေအရ ၁၉၄၁ ခုနှစ် ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း မွေးစားသည့် ကိတ္တိမသားသမီးများကို မှတ်ပုံတင် စာချုပ်ဖြင့် မွေးစားရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ မွေးစားခံရသည့် သားသမီးသည် အရွယ်ရောက်သူဖြစ်လျှင် မွေးစား မိဘနှင့်အတူ ကိတ္တိမမွေးစားစာချုပ်တွင် ကိုယ်တိုင်လက်မှတ်ရေးထိုးချုပ်ဆိုရမှာဖြစ်တယ်။ အရွယ်မရောက် သေးတဲ့ သူကို မွေးစားမယ်ဆိုရင် ၎င်းရဲ့ မိဘသက်ရှိထင်ရှားရှိက၊ မိဘများကိုယ်တိုင် လက်မှတ်ရေး ထိုးရပါ မယ်။ အကယ်၍ မွေးစားခံရ သူမှာ မိဘများမရှိ ကွယ်လွန်သွားပါက၊ မွေးစားရန် ပေးနိုင်သူက မွေးစား စာချုပ်မှာ လက်မှတ်ရေးထိုးရမှာဖြစ်တယ်”

မိဘက သားသမီးအမည်ဖြင့် ဝယ်ထားသည့် အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင်

“မိမိကိုယ်ပိုင်ငွေနဲ့ ဝယ်ထားတဲ့ မြေနဲ့အိမ်ဆိုရင်တော့ ဘယ်သူက ကန့်ကွက်လို့ရမလဲ။ ဒါပေမယ့် မိဘကဖြစ်စေ၊ တစ်ဦးဦးက ၎င်းပိုင်ငွေနဲ့ သားသမီးကိုဖြစ်စေ၊ အခြားတစ်ဦးဦးကိုဖြစ်စေ၊ အမည်ပေါက်အဖြစ် ဝယ် ပေးထားရင်တော့ အမည်ပေါက် သူက ပိုင်ဆိုင်ခွင့်မရှိဘူး။ ဥပဒေအရတော့ အမည်ငှားအဖြစ်ဝယ်ထားတာ ဖြစ်တယ်”

“တို့က မကြာသေးမီရက်ပိုင်းမှာ ဂရန်မြေနဲ့အိမ်ကို ဝယ်လိုက်တယ် သူငယ်ချင်း”

“ငွေအကြေချေပြီးပြီလား”

“ငွေတော့ အကြေမချေရသေးပါဘူး။ ဒါပေမယ့် စရန်ငွေတော့ချပေးခဲ့တယ်။ ရောင်းသူအမည်ပေါက် ဆိုတော့ ရှင်းတယ်ပေါ့ သူငယ်ချင်းရယ်”

အမွေရှင်အားဖြားနာစဥ်ပြုစုသော သွေးသားတော်စပ်မှုမရှိသူထံမှ အိမ်ကိုဝယ်လျှင်

”မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရဆိုရင် အမည်ပေါက်သူနဲ့ ခင်ပွန်းဖြစ်သူတို့မှာ လင်ယောကျ်ားဖြစ်သူက ဦးစွာ ကွယ်လွန်သွားတဲ့အတွက် လင်ယောကျ်ားရဲ့ ဝေစုဟာ ဇနီးသည်ထံ ရောက်ရှိသွားမှာ ဖြစ်ပါတယ်”

”အစကတည်းက ဇနီးအမည် ပေါက်ဆိုတော့ လင်ယောကျ်ားက မဆိုင်တော့ဘူး။ မဟုတ်လား”

”အဲဒီလိုတော့ မဟုတ်ဘူး။ လင်မယားနှစ်ဦး လက်ထက်ပွား ပစ္စည်းဆိုရင် မြေအမည်ပေါက်သည့်တိုင် လင်မယားနှစ်ဦးပိုင်ပစ္စည်းအဖြစ် ဥပဒေအရ တည်ရှိနေမှာဖြစ်တယ်။ ဒါကြောင့် ခင်ပွန်းက အရင်ကွယ် လွန်တဲ့ အတွက် မြေနဲ့အိမ်ဟာ ဇနီးတစ်ဦးတည်းသာ ပိုင်ရှင်ဖြစ်လာတယ်”

ဘာသာမတူသူ မွေးစားသားသမီးထံမှ အိမ်နှင့်မြေကို ဝယ်လျှင်

”သားသမီးမွေးစားခြင်းနဲ့ ပတ်သက်လို့က တို့ဗုဒ္ဓဘာသာဝင်တွေမှာပဲရှိတဲ့ အထူးဥပဒေတစ်ရပ်ဖြစ် တယ်။ အဲဒီမှာ ကိုစိုးပိုင်မေးတဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးက ကိုးကွယ်ရာ ဘာသာမတူသူကို မွေးစားခွင့်ရှိသ လားဆိုတာနဲ့ ပတ်သက်လို့ မွေးစား မိဘနှင့် ကိုးကွယ်ရာဘာသာမတူသူတို့အား သားသမီးအဖြစ် မွေးစားရန် ဓမ္မသတ်များက တားမြစ်ပိတ်ပင်ထားခြင်းမရှိပေဟု တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ (မပွင့်နှင့်မရင်) Ma Bwin Vs Ma Yin S.J.100 အမှုမှာ ဆုံးဖြတ်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဘာသာကိုးကွယ်ရာ မတူပေမယ့် ကိတ္တိမ မွေးစား စာချုပ်မှတ် တင်ထားရင်တော့ အမွေစား အမွေခံ သားသမီးအဖြစ် အမွေဆက်ခံခွင့်ရှိမှာ ဖြစ်ပါတယ်”

”ဒါဆိုရင် အခုပြောတဲ့ ကိတ္တိမ မွေးစားစာချုပ်ပြုလုပ်ထားတဲ့ ခရစ်ယာန်ဘာသာဝင်အမျိုးသမီးနဲ့ အရောင်းအ ဝယ် မှတ်ပုံတင်စာချုပ် ပြုလုပ်လို့ရပြီပေါ့”

မပယ်ဖျက်နိုင်သောခွင့်ပြုချက်ဖြင့်နေသည့် အိမ်ကို ဝယ်လျှင်

”ခွင့်ပြုချက်နဲ့ထားတယ်ဆိုတာက အလွယ်ကူဆုံးပြောရရင် မိမိပိုင်အိမ်၊ အဆောက်အအုံ မြေပေါ်မှာ ငွေကြေး တစ်ပြားတစ်ချပ်မျှမယူဘဲ အခမဲ့ထားခြင်းကို ဆိုလိုတာဖြစ်တယ်”

”တကယ်လို့ မိဘတွေက သူတို့ ပိုင်အိမ်မှာ သားသမီးကို နေခွင့်ပေးထားရင် ခွင့်ပြုချက်အရ နေထိုင်တာပဲပေါ့ ဟုတ်ပါသလား”

”ဘယ်လို အခြေအနေများရှိနေလို့လဲ”

”ကျွန်တော့် မိတ်ဆွေအမျိုးသမီးတစ်ဦးက သူပိုင်တိုက်ခန်းကို ရောင်းချင်တယ်လို့ ပြောတယ်။ သူလည်း ကျန်း မာရေးမကောင်းအသက်လည်း ကြီးပြီဆိုတော့ ဆေးကုသဖို့နဲ့ အလှူအတန်းပြုသွားချင်တယ်။ ဝယ်နိုင်ရင် ဝယ်ပါလို့ လာပြောတယ်”