အိမ်မြေ ဝယ်ယူနေထိုင်ပြီး နှစ်ကာလကြာမှ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုလျှင်
ရုံးခန်း၌ စာရေးသူရှိနေစဉ် စာဖတ်ပရိသတ်တစ်ဦးပါဟု မိတ်ဆက် ၍ အသက်ငါးဆယ်ခန့်အရွယ် အမျိုး သားတစ်ဦး ရောက်ရှိလာပါသည်။
“ဟုတ်ကဲ့၊ ထိုင်ပါခင်ဗျာ။ ကျွန် တော်ဘာများ အကူအညီပေးရမလဲ” ဟု ခရီးဦးကြိုပြုလိုက်ပါသည်။
“လွန်ခဲ့တဲ့နှစ် အစိတ်လောက်ရှိ ပြီ ဆရာ။ အမေ့အမည်ရယ်၊ ကျွန် တော့်အမည်ရယ်နဲ့ အခုနေတဲ့ အိမ် မြေကို ဝယ်ခဲ့တယ်”
“ဂရန်မြေလား၊ ဘယ်လိုမြေ အမျိုးအစားလဲ”
“ဂရန်မြေပါ ဆရာ။ ယာယီမှတ် ပုံတင် အရောင်းအဝယ် စာချုပ် ချုပ် ဆိုထားပြီး ဆက်မသွားဖြစ်တော့ဘူး ဆရာ။ အခုမှ ကြည့်မိပြီး သိရတယ်။ ဘယ်လို ဆောင်ရွက်လို့ရမလဲဆိုတာ သိချင်လို့ပါ”
“ဘယ်လိုဖြစ်လို့ နှစ်ပေါင်း ၂၅ နှစ်လောက်ကြာသွားရတာလဲ”
“ကျွန်တော်က နိုင်ငံခြားမှာ အ လုပ် လုပ်တော့ ဒီကိစ္စကိုလည်း သတိ မရတော့ဘူး ဆရာ။ အခုမှ ဂရန် သက်တမ်းကုန်ခါနီးဖြစ်တော့ ကြည့်မိ ရာကနေ သတိပြုမိရတာပါ”
“ရောင်းသူက ဘယ်မှာရှိတယ် ဆိုတာ သိပါသလား”
“ဘယ်ပြောင်းသွားတယ်ဆိုတာ လည်း မသိဘူးဆရာ။ သူကိုယ်တိုင် လည်း သက်ရှိထင်ရှားရှိ မရှိ မသိ တော့ဘူး”
“ရောင်းသူနဲ့ ဆက်စပ်တဲ့ သား သမီးဆွေမျိုးတွေလည်း ဘယ်မှာနေ မှန်းမသိဘူးပေါ့”
“ဟုတ်တယ်ဆရာ၊ ကျွန်တော် ကလည်း နိုင်ငံခြားမှာ အနေများ တော့ ဘယ်သူနဲ့မှ အဆက်အသွယ် မသိဘူး။ ပိုဆိုးသွားတာက အမေက လည်း ပြီးခဲ့တဲ့လပိုင်းက ဆုံးသွားတော့ ဘယ်လိုမှ ဆက်စပ်မသိတော့ဘူး”
“ဂရန်စာချုပ်တော့ မူရင်းရှိ တယ်ပေါ့”
“ဟုတ်ကဲ့ ရှိပါတယ်။ စာချုပ် စာတမ်းရုံးကို သွားမေးကြည့်တော့ ယာယီစာချုပ်က သက်တမ်းကာလ ကုန်သွားလို့ ဆက်ချုပ်ဆိုမရတော့ဘူး။ တရားရုံးမှာ တရားစွဲဆောင် ရွက်ရမယ်ပြောပါတယ်။ ဒါကြောင့် ဆရာ့ဆီလာရောက်ဆွေးနွေးတာပါ”
“ဂရန်အမည်ပေါက်က စာချုပ် ပါ ရောင်းသူအမည်ပဲ မဟုတ်လား”
“ဟုတ်ပါတယ် ဆရာ”
“ရောင်းသူရဲ့ အမွေဆက်ခံသူ သားသမီးတစ်ဦးတစ်ယောက်နဲ့ ဆက် သွယ်မိရင်တော့ လွယ်ကူသွားတာ ပေါ့။ ရောင်းသူကိုယ်တိုင် သက်ရှိ ထင်ရှားရှိနေရင် ပိုအဆင်ပြေတယ်။ အခုတော့ လိပ်စာလည်းမသိ ဖြစ်နေ တယ်။ ဒီတော့ ပထမဦးဆုံးအနေနဲ့ သတင်းစာထဲမှာ ရောင်းသူကို စာ ချုပ်စာတမ်း မှတ်ပုံတင်ချုပ်ဆိုပေးဖို့ အကြောင်းကြားစာသဘော ထည့် သွင်းကြေညာရမှာဖြစ်တယ်”
“လိပ်စာမသိတော့ ဘယ်လို ထည့်မလဲဆရာ”
“ယခင်လိပ်စာပဲ ထည့်ရမှာပေါ့။ ယခုလိပ်စာမသိပေါ့။ လိပ်စာ သိရင် တော့ တိုက်ရိုက်နို့တစ်စာပေးပို့လို့ရ တယ်လေ”
“ယခင်လိပ်စာက အခုကျွန်တော် တို့ ဝယ်နေတဲ့ အိမ်လိပ်စာပဲ ဆရာ”
“အင်းပေါ့ အဲဒီလိပ်စာကို ယခင် လိပ်စာအဖြစ် ထည့်သွင်းဖော်ပြရမှာ ဖြစ်တယ်။ ယခုနေရပ်လိပ်စာမသိလို့ ဖော်ပြပြီး အရောင်းအဝယ်မှတ်ပုံ တင်စာချုပ် ချုပ်ဆိုပေးရန် ဆက် သွယ်ဖို့နဲ့ သတ်မှတ်ရက်ကျော်က ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ ကြေညာရမှာဖြစ်တယ်”
“သတ်မှတ်ရက်ကျော်သွားရင် တရားစွဲရမှာလား ဆရာ”
“ဟုတ်ပါတယ်။ အိမ်မြေအ ရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ် ဆိုပေးစေလိုမှုအဖြစ် တရားရုံးမှာ တရားစွဲဆိုရမှာဖြစ်ပါတယ်။ တစ်ခု အဆင်ပြေသွားတာက ဝယ်ထားတဲ့ အိမ်မြေကို လက်ရောက်ရယူူနေထိုင် နေတဲ့အတွက် အရောင်းအဝယ်က အထမြောက်တဲ့ သဘောရှိနေပါတယ်”
“ဆရာပြောသလို၊ လက်ရောက် ရယူမနေထားရင် ဘယ်လိုဖြစ်နိုင်ပါ သလဲ”
“အဲဒီလို အခြေအနေမျိုးဆိုရင် မှတ်ပုံတင်အရောင်းအဝယ် စာချုပ် ချုပ်ဆိုပေးရန်အပြင် ပစ္စည်းလက် ရောက်ပါစွဲဆိုရပါတယ်။ အဲဒီမှာ ပြဿနာရှိတာက ကိုယ်မသိလိုက်ပဲ အိမ်မြေပိုင်ရှင်က တစ်ဦးတစ်ယောက် ကို ရောင်းထားတာတွေ အခြားဆွေ မျိုးများနေထိုင်လျက်ရှိနေတာတွေရဲ့ ကြုံရတတ်တယ်”
“အဲဒါမျိုးဆိုရင် နေတဲ့သူပါ ထည့်ပြီး တရားစွဲရမှာပေါ့နော်”
“ဟုတ်ပါတယ်။ သူတို့ကလည်း သူတို့ရဲ့ ပိုင်ဆိုင်ခွင့်၊ နေပိုင်ခွင့်နဲ့ ထု ချေတတ်တာကြောင့် အခက်အခဲရှိ လာတယ်။ အခုကိစ္စကတော့ မြေနဲ့ အိမ်က မိမိလက်ဝယ်မှာရှိပြီး နေထိုင် လျက်ရှိတာကြောင့် ပိုင်ဆိုင်မှုအငြင်း ပွားစရာ မရှိတော့ဘူးပေါ့”
“အခုထပ်ပြီး ချုပ်ရင်၊ ယာယီ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ကို ပထမဆုံးထပ်ချုပ်ရဦးမှာလားဆရာ”
“အခုခေတ်ကာလမှာတော့ ယာယီမှတ်ပုံတင် အရောင်းအဝယ် စာ ချုပ်အဆင့် မရှိတော့ဘူး။ ယခင်က ယာယီမှတ်ပုံတင်စာချုပ်ပြုလုပ်တယ် ဆိုတာက တံဆိပ်ခေါင်းတွေ ထပ်ကပ် ရန် လို မလို၊ အိမ်မြေတန်ဖိုးစိစစ်ရေး အဖွဲ့က ကွင်းဆင်းစစ်ဆေးတာတွေ၊ အမြတ်ခွန်ထမ်းဆောင်တာတွေအ တွက် ဆောင်ရွက်ဖို့ ယာယီလက်ခံ ထားတာပဲဖြစ်တယ်။ တန်ဖိုးစိစစ်ရေး အဖွဲ့ရဲ့ တင်ပြချက်အရ အမြတ်ခွန် ဆောင်ခြင်း လိုအပ်သည့် တံဆိပ် ခေါင်းထပ်မံ ထမ်းဆောင်ခြင်းပြုပြီးမှ ယာယီမှတ်ပုံတင်စာချုပ်ကို မှတ်ပုံ တင်အရောင်းအဝယ် စာချုပ်အဖြစ် ချုပ်ဆိုပေးတာဖြစ်ပါတယ်”
“အခုတော့ အခွန်ဆောင်တာ အရင်လုပ်ရတယ်လို့ ကြားတယ် ဆရာ”
“ဟုတ်ပါတယ်။ ပထမဦးဆုံး မြေပုံမြေရာဇဝင်ကူးရတယ်။ ပြီးရင် တန်ဖိုးစိစစ်ရေးအဖွဲ့ထံ တင်ပြရ တယ်။ လိုအပ်တဲ့ ဝယ်ခွန်ထမ်းဆောင်ပြီးမှ စာချုပ်စာတမ်းရုံးမှာ အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုပေးပါတယ်”
“ကျွန်တော်တို့ကိစ္စက တရားစွဲ တယ်ဆိုတော့ ဘယ်သူ့ကို တရားစွဲရ မှာလဲ။ ရောင်းသူကို စွဲရမှာလား”
“ဟုတ်ပါတယ်။ သတင်းစာထဲမှာ ဆက်သွယ်ဖို့အကြောင်းကြားပေ မယ့် အဆက်အသွယ်မရလို့ တရားရုံး မှာ ရောင်းသူကို တရားစွဲဆိုရမှာဖြစ် ပါတယ်”
“အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုပေးစေလိုမှုအဖြစ် တရားစွဲရမှာပေါ့”
“ဟုတ်ပါတယ်။ တရားရုံးကလည်း သတင်းစာကနေ ရုံးချိန်းလာ ရောက်ဖို့ သမ္မာန်စာ (အကြောင်း ကြားစာ) ထည့်သွင်းကြေညာပါ တယ်။ ကြေညာခကိုတော့ မိမိက တာဝန်ယူရမှာဖြစ်တယ်”
“တရားရုံးကိုလည်း မလာဘူးဆို ရင် ဆရာရယ်၊ ဘယ်လိုဖြစ်နိုင်သ လဲ”
“တရားသူကြီးက တစ်ဖက် သတ်လျှောက်ထားသူကို စစ်မယ်၊ သက်သေစစ်မယ်၊ စာရွက်စာတမ်း အရ ဝယ်ယူထားပြီး လက်ရှိနေလျက်ရှိတာ ပေါ်လွင်မယ်။ နှစ်ပေါင်း ၂၅ နှစ်အတွင်း ဘာကြောင့်မလျှောက် ထားရကြောင်း အကြောင်းပြချက် ခိုင်မာရင် ရောင်းသူအဖြစ် တရားရုံး ရှိ ဘိလစ်က တာဝန်ယူလက်မှတ် ရေးထိုးပြီး အရောင်းအဝယ်မှတ်ပုံ တင် စာချုပ်ကို မှတ်ပုံတင်ရုံးမှာ ချုပ် ဆိုခွင့်ရသွားမှာဖြစ်ပါတယ်”
“ဒါဆိုရင် တရားရုံးက တာဝန် ယူဆောင်ရွက်ပေးတဲ့ သဘောပေါ့”
“မှန်ပါတယ်။ ဒါကြောင့် တရားရုံးမှာ တရားစွဲ ဆောင်ရွက်ရမယ်ဖြစ်ပါတယ်”ဟု အကြံပြုဆွေးနွေး လိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်