Currency
01-8667758 \ 09-894 0990 33
110 ပြည်လမ်း (8မိုင်လမ်းဆုံ) ဒုတိယထပ် (အခန်း 17) မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
admin@ygnhome.com

အိမ်ဝယ် လမ်းညွှန် (Buyer Guide)

  • အားလုံး
  • English
  • Expats Guide
  • ကွန်ဒို
  • စာချုပ်
  • ဆောင်ရွက်နည်း
  • ဈေးကွက်
  • နိုင်ငံခြားသား
  • ပိုင်ဆိုင်မှု
  • ဗဟုသုတ
  • ဘာသာခြား
  • ရင်းနှီးမြှပ်နှံမှု
  • သေတမ်းစာ
  • အခွန်
  • အမွေ
  • အိမ်ထောင်ဆက်

မြေပုံ-မြေရာဇဝင်နှင့် မြေတိုင်းတာခြင်းဆိုင်ရာ သိကောင်းစရာ

မြေပုံ-မြေရာဇဝင်နှင့် မြေတိုင်းတာခြင်းဆိုင်ရာ သိကောင်းစရာ မြေပုံ-မြေရာဇဝင်နှင့် မြေတိုင်းတာခြင်းဆိုင်ရာ သိကောင်းစရာ အောက်ပါကိစ္စရပ်များအတွက် သက်သေခံ မြေပုံ-မြေရာဇဝင်(Certified Map) လျှောက်ထားနိုင်ပါသည်။ အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရန် အဆောက်အအုံ အကြီးစားပြင်ဆင်ခွင့် လျှောက်ထားရန် ခြံစည်းရိုးကာရံခွင့် လျှောက်ထားရန် အဝီစိတွင်းတူးခွင့် လျှောက်ထားရန် ဘဏ်ငွေချေးခွင့် လျှောက်ထားရန် မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားရန် ကျူးလွန်ခြင်းပြမြေပုံ လျှောက်ထားရန် အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် စွန့်လွှတ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် မေတ္တာဖြင့် အပိုင်ပေးမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် လှူဒါန်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် မြေကွက်လဲလှယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် အမှားပြင်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် မှတ်တမ်းအဖြစ်ထားရှိရန် ဒီလိုအကန့်အသတ်တွေရှိတယ် ရွာမြေ၊ ဉယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေမှအပ ကျန်မြေအမျိုးအစာများကို မြေပုံမြေရာဇဝင် […]

အပျောက်စနစ်ဖြင့် တိုက်ခန်း ဝယ်မည်ဆိုလျှင်

အပျောက်စနစ်ဖြင့် တိုက်ခန်း ဝယ်မည်ဆိုလျှင် မကြာမီရက်ပိုင်းအတွင်းက ဖြစ်သည်။ မိတ်ဆွေတစ်ဦးက စာရေးသူ ထံရောက်လာပြီး တိုက်ခန်းဝယ်မည် ဖြစ်၍ စာရွက်စာတမ်းများ ကို ကြည့် ရှုစစ်ဆေးပေးရန် လာခေါ်ပါသည်။ သို့နှင့် စာရေးသူသည် မိတ်ဆွေနှင့် အတူ ရောင်းမည်ဆိုသည့် တိုက်ခန်း ရှိရာသို့ ရောက်ရှိခဲ့သည်။ တိုက်ခန်းပိုင်ရှင်ဆိုသူနှင့် အိမ် ပွဲစားများကို တွေ့ရသည်။ တိုက်ခန်း ပိုင်ရှင်မှ ယင်းတိုက်ခန်း ဝယ်စဉ်က ချုပ်ဆိုခဲ့သော တိုက်ခန်း အရောင်း အဝယ်စာချုပ်ကို ထုတ်ပြပါသည်။ စာချုပ်ပေါ်တွင် ရောင်းသူ၊ ဝယ်သူ နှင့် သက်သေနှစ်ဦးလက်မှတ်ရေးထိုး ထားသည်ကို တွေ့ရသည်။ သို့သော် မြေရှင်၏ အသိအမှတ်ပြု လက်မှတ် ထိုးထားသည်ကို မတွေ့ရှိရပေ။ ထို့ကြောင့် စာရေးသူမှ ရောင်း မည့်သူအား အဆိုပါ တိုက်ခန်းအ […]

ကွန်ဒိုနည်းဥပဒေနှင့် နိုင်ငံခြားသားတို့၏ အခန်းကဏ္ဍ

“လိုင်စင်သက်တမ်းအရဆိုရင် စုပေါင်းပိုင် အဆောက်အအုံတစ်ခု တည်ဆောက်ရာမှာ ငါးနှစ်အတွင်း အပြီးဆောက်ရမယ့်သဘောပေါ့”
“ဒါကတော့ အများသိထားတဲ့အတိုင်း လုပ်ငန်းတည်ထောင်သူသည် စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်ခွင့်ရရှိပြီးသည့်နောက် အုတ်မြစ်ချလုပ်ငန်း၏ ၃ဝ ရာခိုင် နှုန်းပြီးစီးသည့်အခါ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်အရာရှိထံသို့ အသိပေးအကြောင်းကြားပြီး အိမ်ခန်းများကို ကြိုတင် ရောင်းချခွင့်ရှိသည်ဟု နည်းဥပဒေ ပုဒ်မ (၃ဝ) မှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် လုပ်ငန်း ၃ဝ ရာခိုင်နှုန်းပြီးစီးသည်နှင့် တိုက်ခန်းများကို ကြိုပွိုင့်စနစ်ဖြင့် စတင် ရောင်းချခွင့်ရှိမှာဖြစ်တယ်”

ပြဋ္ဌာန်းလာမည့် 2018 ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေနှင့် တိုးတက်လာနိုင်မည့် အိမ်ခြံမြေစျေးကွက်

အိမ်မြေစံနှုန်း အသစ်နဲ့ သတ်မှတ်ထားတဲ့ အိမ်မြေ တန်ဖိုးအပေါ် ၂ဝ၁၈ ခုနှစ် ပြည် ထောင်စုအခွန်အကောက်ဥပဒေနဲ့အညီ ပထမခြောက်လအတွင်း တင်ပြရင် ၃ ရာခိုင်နှုန်းထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ စာချုပ်စာတမ်းမှတ်ပုံ တင်ခကိုလည်း ယခင် ၇ ရာခိုင် နှုန်းမှ ၄ ရာခိုင်နှုန်းအဖြစ် လျှော့လိုက်တဲ့အတွက် စုစုပေါင်းပေးသွင်းရမယ့် အခွန်အခမှာ ၇ ရာခိုင်နှုန်းသာဖြစ်ပါ တယ်”

“ဒါဆိုအရင်က ပေးဆောင်ရတဲ့ အခွန်အခနှုန်းထား ၃၇ ရာခိုင်နှုန်းထက် အများကြီးကွာခြားသွားပြီပေါ့ နော်”

စွန့်လွှတ်ကြောင်း ကြေညာခံထားရသည့် ဇနီး၊ ခင်ပွန်းတို့နှင့် ဆက်စပ်နေသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“ဇနီးဖြစ်သူက နိုင်ငံခြားမှာ နောက်အိမ်ထောင်ပြုတယ်ဆိုတာကတော့ အိမ်မြေအရောင်းအဝယ်ဖြစ် အောင် ဝယ်သူယုံကြည်အောင် ပြောတာလည်းဖြစ်နိုင်တယ်။ အမှန်တကယ် အိမ်ထောင်ကျနေကြောင်း အထောက်အထားခိုင်လုံရင်တော့ ဥပဒေအရ အမွေရခွင့်မရှိဘူး။ မြန် မာ့ဓလေ့ထုံးတမ်းဥပဒေမှာ မယားဖြစ်သူက ပထမလင်ယောကျ်ားနဲ့ တရားဝင်ကွာရှင်းခြင်းမရှိသေးဘဲ နောက်အိမ်ထောင်ပြုမယ်။ တစ်နည်းပြောရရင် ဖောက်ပြန်မယ်ဆိုရင် မိမိရရှိမယ့် လင်မယားနှစ်ဦးပိုင်ပစ္စည်း များအပေါ် ဆုံးရှုံးခံရမယ်လို့ ပြဋ္ဌာန်း ထားပါတယ်”

“ဒါကြောင့် လင်ယောကျ်ားက ဇနီးနောက်အိမ်ထောင်ပြုသွားလို့ မဆိုင်ဘူးဆိုပြီး ပြောတာဖြစ်မယ်”

ဇနီးကကန့်ကွက်ထားသည့် ခင်ပွန်းသည်အရွယ်မရောက်မီက ဝယ်ထားသော အိမ် မြေ တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

မိဘတွေက တရုတ်လူမျိုး၊ ဗုဒ္ဓဘာသာဝင်၊ စီးပွားရေးသမားတွေဆိုတော့ တိုက်ခန်းတွေ၊ အိမ်၊ မြေ ဝယ်ထား တာတွေများနေတော့ သားသမီး အမည်ထားပြီး ဝယ်တာတွေရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် အသက်မပြည့်တာကို သတိမထားမိဘဲ သူ့အမည်နဲ့ တိုက်ရိုက်စာချုပ် ချုပ်ခဲ့တယ်လို့ ပြောတယ်”

“ဥပဒေအရ ပြောရရင်တော့ အသက် ၁၈ နှစ်ပြည့်ပြီးမှ အရွယ်ရောက်သူလို့ သတ်မှတ်ပါတယ်။ အရွယ်မရောက်သေးသူက အရောင်းအဝယ်စာချုပ်စာတမ်းချုပ်ဆိုခွင့် မရှိပါဘူး။ တကယ်လို့ ချုပ်ဆိုထားရင်လည်း ဥပဒေအရ ပျက်ပြယ်တဲ့ စာချုပ်ပဲ ဖြစ်လာမှာဖြစ်တယ်”

နိုင်ငံခြားသားနှင့် လက်ထပ်ထားသော မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီး၏ အမည်ပေါက်အိမ်ကို ဝယ်မည်ဆိုလျှင်

“ပုဂ္ဂလိကပိုင်မြေပေါ်မှာဆောက်တဲ့ ကွန်ဒိုဖြစ်တဲ့အတွက် အဲဒီလို ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသားများက ဝယ်ယူခွင့်၊ လွှဲပြောင်းရောင်းချခွင့်မရှိပါဘူး။ ဒါကြောင့်လည်း မူလဝယ်စဉ်ကပင် မြန်မာလူမျိုးဖြစ်တဲ့ ဇနီးဖြစ်သူ အမည်နဲ့ဝယ်ထားတာဖြစ်တယ်”

“လင်ယောကျ်ားဖြစ်သူက ဇနီးအမည်နဲ့ ဝယ်ထားတဲ့ပစ္စည်းကို ပြန် လည်ရောင်းချခွင့်မူရှိဘူးလားဆရာ။ လင်ယောကျ်ားရဲ့ စီးပွားရှာဖွေမှုနဲ့ ရလားတဲ့ အဆောက်အအုံဖြစ်လို့ လင်ယောကျ်ားက လုပ်ပိုင်ခွင့်မရှိဘူး လား”

အမွေရှင်မကွယ်လွန်မီ မိသားစုစီမံပြုလုပ်ထားသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“မိဘများ ကွယ်လွန်ပြီးအမွေခွဲ ဝေရမယ့်ပစ္စည်းမှာ သုံးလေးမျိုးရှိမယ်။ သားသမီးကလည်း သုံးလေး ယောက်ရှိမယ်ဆိုရင် အမှတ်စဉ်(၁)ဖြစ်တဲ့ သမီးအကြီးဆုံးကို ဘယ်မြေကွက်၊ အမှတ်စဉ်(၂) သားကို ဘယ်ပစ္စည်းစသဖြင့် ခွဲဝေပေးထားမယ်။ အဲဒီလိုခွဲဝေထားတဲ့ ပစ္စည်းတွေထဲက အိမ်နဲ့မြေကို အမွေရသူက ပြန်ရောင်း ချင်တယ်ဆိုပါတော့။ အဲဒီလို အခြေအနေမျိုးမှာ မိမိရရှိတဲ့ အမွေပစ္စည်း အိမ်မြေကို တစ်ဦးတည်း ပိုင်ဆိုင်ကြောင်း ကြေညာပေးပါရန် တရားရုံးမှာ လျှောက်ထားရပါမယ်။ တရားရုံးက ခွင့်ပြု၊ အတည်ပြုခဲ့ရင်တော့ အဲဒီတရားရုံးရဲ့ အမိန့်ဒီဂရီအရ အဆိုပါမြေနဲ့ အိမ်ကို မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ပြုလုပ်ချုပ်ဆို ခွင့်ရှိမှာဖြစ်တယ်”

လယ်ယာမြေကို လှူဒါန်းမည်ဆိုလျှင်

“လယ်ယာမြေ ဥပဒေပုဒ်မ ၁၂ (ဂ) မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း ပေးကမ်းခြင်းပြုလျှင် သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနက သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန် နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခတို့့ကို ပေးဆောင်ပြီး သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနရုံးမှာ မှတ်ပုံတင်ပြုလုပ်ချုပ် ဆိုရမှာဖြစ်ပါတယ်”

“ဟုတ်ကဲ့ ဆရာ။ အဲဒီပေးကမ်း လှူဒါန်းထားတဲ့ မြေပေါ်မှာ အဆောက်အအုံဆောက်လုပ်မယ်ဆိုရင် ဘယ်လိုဆောင်ရွက်ရပါလဲ”

“သာသနာရေးဆိုင်ရာမြေ အဆောက်အအုံတို့အဖြစ် သတ်မှတ် ပေးဖို့ကတော့ သက်ဆိုင်ရာသာသနာ ရေး ဦးစီးဌာနအဆင့်ဆင့်ကို တင်ပြခွင့်ပြုချက်ရယူပြီး ဆောင်ရွက်သွားရ မှာဖြစ်တယ်”

အရောင်းအဝယ် စာချုပ်များတွင် ဖော်ပြသော ကိုယ်စားလှယ်လွှဲစာရသူနှင့် တရားဝင်ကိုယ်စားလှယ်ဆိုသည်မှာ

ဥပဒေနဲ့အညီ မိမိကိုယ်စားဆောင်ရွက်ပိုင်ခွင့်ပေး ထားတဲ့ ကိုယ်စား လှယ်လွှဲစာရသူကို ခေါ်ပါတယ်။ ရှင်းအောင်ပြောရရင် လူအများသုံးစွဲပြောဆိုနေကြတဲ့ G.P အထွေထွေကိုယ်စားလှယ်လွှဲစာ၊ S.P အထူးကိုယ်စားလှယ်လွှဲစာနဲ့ ပေးအပ် လွှဲထားခြင်းဖြစ်တယ်”
“ဒါဆိုရင် ကိုယ်စားလှယ်လွှဲစာရသူဆိုတာက ကိုယ်စားလှယ်စာလွှဲ အပ်သူ အသက် ထင်ရှားရှိနေစဉ်မှာပဲ သူ့ကိုယ်စားဆောင်ရွက်ခွင့်ရှိသူဖြစ်တယ်။ တရားဝင် ကိုယ်စား လှယ်ကတော့ ကွယ်လွန်သွားသူ ကိုယ်စားဥပဒေအရ ဆောင်ရွက်ခွင့်ရှိတဲ့သူ လို့ ခေါ်မှာပေါ့နော်”