အဘိုးအဘွားတော်စပ်သူ၏ မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်
“မိဘများ မကွယ်လွန်မီ သားသမီးတွေက အမွေတောင်းခွင့်မရှိဘူး မဟုတ်လား ဆရာ”ဟု မိတ်ဆွေတစ် ဦးက လာရောက်ဆွေးနွေးမေးမြန်းပါ သည်။
“ယေဘုယျသဘောဆိုရင် တော့ မှန်ပါတယ်။ ဒါပေမယ့် မြန်မာ့ ထုံးတမ်းဥပဒေအရ မိဘတစ်ဦးဦးက ကွယ်လွန်သွားတဲ့အခါမှာ သြရသ သားသမီးက ကျန်တဲ့ မိဘအပေါ် အမွေတောင်းပိုင်ခွင့်ရှိတယ်။ ဒီလိုပဲ ကျန်တဲ့ မိဘတစ်ဦးဦးက နောက်အိမ် ထောင်ပြုခဲ့ရင်လည်း သားသမီးတွေ က အမွေတောင်းပိုင်ခွင့်ရှိမှာဖြစ် တယ်။ အခုကိစ္စက ဘယ်လို အခက် အခဲ တွေ့နေလို့လဲ”
“ကျွန်တော့် မိသားစုဝင်တစ်ဦး က အိမ်ဝယ်ဖို့သွားကြည့်တယ် ဆရာ”
“အိမ်ဆိုတော့ တိုက်ခန်းလား၊ မြေနဲ့အိမ်လား”
“မြေနဲ့အိမ်ပါ ဆရာ။ နှစ်ထပ် တိုက် ပေ ၂ဝ x ပေ ၆ဝ မြေကွက် ဂရန်ကျပြီးသား ဆရာ”
“ဒါဆိုရင်တော့ အဆင်ပြေသား ပဲ၊ အမည်ပေါက်ကိုယ်တိုင် ရောင်းမှာ လား”
“မြေအမည်ပေါက်ကတော့ အဘိုးကြီး၊ အဘွားကြီး အမည်ပေါက် ဖြစ်တယ်”
“အဘိုးကြီး အဘွားကြီး အမည် ပေါက်ဆိုတာက အခုရောင်းမယ်ဆို တဲ့ သူနဲ့ ဘယ်လို ဆွေမျိုးတော်စပ် သလဲ။ အမည်ပေါက်က သက်ရှိထင် ရှားရှိသလား”
“အမည်ပေါက်နှစ်ဦးလုံး ကွယ်လွန်သွားကြပြီ။ ရောင်းမယ်ဆိုတဲ့ သူတွေက အမည်ပေါက်သူတို့ရဲ့သားနဲ့ သမီးပါဆရာ”
“ဒါဆိုရင်တော့ ဘာအခက်အခဲ ရှိလို့လဲ၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်လုပ်ပြီး အရောင်းအ ဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုနိုင် တာပဲလေ”
“ဟုတ်ပါတယ်၊ ဒါကြောင့် ကျွန် တော်တို့က စရန်ငွေချပေးခဲ့တယ်”
“ကန့်ကွက်သူ ပေါ်လာလို့လား”
“ဟုတ်ပါတယ် ဆရာ၊ ကန့် ကွက်နိုင်ကြောင်း သတင်းစာမှာ ထည့် ကြေညာလိုက်တော့ ကန့်ကွက်သူပေါ် လာတယ်”
“ဘယ်သူက ကန့်ကွက်တာလဲ၊ ကိတ္တိမမွေးစားသားသမီးရှိလို့လား”
“အဲဒီလို မဟုတ်ဘူးဆရာ။ မြေး ဖြစ်သူက ကန့်ကွက်တာ ဆရာ”
“မြေးဖြစ်သူဆိုတော့ အမည် ပေါက် အဘိုးကြီး၊ အဘွားကြီးရဲ့ သားသမီးတစ်ဦးဦးကမွေးတာပေါ့”
“ရောင်းမယ်ဆိုတဲ့ သားဖြစ်သူ က မွေးတဲ့ သမီးလို့ သိရတယ်”
“သူက ဘယ်အချက်နဲ့ ကန့် ကွက်တာလဲ”
“သူ့အမေက ကွယ်လွန်သွားလို့ သြရသ သမီးအနေနဲ့ အမွေရခွင့်ရှိ တယ်ဆိုပြီး ကန့်ကွက်တာဆရာ”
“ဖခင်ဘက်က ဘာပြောလဲ”
“သူတို့ မောင်နှမနှစ်ဦး အမွေမ ခွဲရသေးတဲ့အတွက် ရပိုင်ခွင့်မရှိဘူး။ သူကိုယ်တိုင်လည်း သက်ရှိထင်ရှားရှိ လို့ မပေးနိုင်ဘူးပြောတယ်”
“ဒီတော့ အရောင်းအဝယ်က ပျက်မလိုဖြစ်နေတာပေါ့”
“ဟုတ်တယ် ဆရာ၊ အဲဒါဘယ် လိုဖြစ်နိုင်သလဲလို့ ဆရာဆီက အကြံ ဉာဏ်လာတောင်းတာပါ”
“ကန့်ကွက်တဲ့ မိန်းကလေးက ဖခင်နဲ့ အတူမနေဘူးလား”
“မနေဘူး ဆရာ၊ သူက အိမ် ထောင်ကျပြီး ခင်ပွန်းသည်ဘက်မှာ လိုက်နေတယ် ပြောတယ်”
“ဒါဆိုရင် ဖခင်က ဘယ်သူနဲ့ နေလဲ၊ နောက်အိမ်ထောင်ပြုထားသ လား”
“အခုထိတော့ နောက်အိမ်ထောင် မပြုသေးဘူး ဆရာ၊ နောက်တော့ မသိဘူး”
“ရောင်းမယ်ဆိုတဲ့ အိမ်က ဘယ် သူနေသလဲ”
“ရောင်းမယ်ဆိုတဲ့ မောင်နှမနှစ် ယောက်နေတယ်။ ညီမဖြစ်သူက အိမ်ထောင်ပြုထားတယ်”
“ဒါကြောင့် အမွေခွဲဖို့ ရောင်း တာလဲ ဖြစ်နိုင်တာပေါ့”
“ဖခင်ပြောသလို သူကိုယ်တိုင် သက်ရှိထင်ရှားရှိနေတော့ ကန့်ကွက် တဲ့ သမီးက အမွေရခွင့်ရှိပြီလား ဆရာ”
“သမီးဖြစ်သူက သြရသသမီးအဖြစ် ကန့်ကွက်တယ်ဆိုရင်တော့ ဖြစ်နိုင်တယ်။ မိခင်ဖြစ်သူက ကွယ် လွန်သွားပြီ ဖြစ်လို့ပဲ။ သူ့အောက်က မောင်နှမအငယ်တွေရှိသေးလား၊ ဘာသိသေးလဲ”
“သမီးတစ်ယောက်တည်းလို့ ပြောပါတယ်”
“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ သြရသအခွင့်အရေးနဲ့ ပတ်သက် လို့ ဗုဒ္ဓဘာသာဝင်မိဘနှစ်ပါးအနက် သေသူသည် အဖဖြစ်၍ သားအကြီးမှာ သြရသဖြစ်ပြီး သေဆုံးသူမှာ မိခင်ဖြစ်လျှင် သမီးအကြီးမှာ သြရသ သမီးဖြစ်တယ်။ သြရသ သားသမီး တွေဟာ ကျန်ရစ်သူ မိဘထံမှ မိဘ ရဲ့ အမွေပစ္စည်း၏ လေးပုံတစ်ပုံကို တောင်းဆိုခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထား ပါတယ်”
“အခုကိစ္စက ဖခင်ဘက်က အမွေဆိုတော့ ရခွင့်ရှိပါ့မလား”
“ဥပဒေအရဆိုရင်တော့ မိခင်ဖြစ်သူက အမည်ပေါက်ဖြစ်တဲ့ သူ့ရဲ့ ယောက်ခမတွေ ကွယ်လွန်ပြီးမှ ကွယ် လွန်ခဲ့ရင်တော့ အမွေဆက်ခံခွင့်ရမှာ ဖြစ်ပါတယ်”
“သူတို့ ပြောစကားအရတော့ အမည်ပေါက် အဘိုးကြီးအဘွားကြီးဆုံးတာက ချွေးမဖြစ်သူထက်စောမယ်ထင် တယ်။ အဲဒါဆိုရင် ဘယ်လို ဖြစ်လာနိုင်သလဲဆရာ”
“ဥပဒေအရ နားလည်အောင် ရှင်းပြရမယ်ဆိုရင်တော့ အဘိုး၊ အဘွားကွယ်လွန်ချိန်မှာ ရောင်းမယ် ဆိုတဲ့ မြေနဲ့အိမ်ကျန်ခဲ့မယ်။ အဲဒီမြေနဲ့ အိမ်ပေါ်မှာနေတဲ့ သားနဲ့ သမီးက အမွေဆက်ခံတယ်။ သားဖြစ်သူ က ဇနီးရှိတဲ့အတွက် သားရမယ့် ဝေစုတစ်ဝက်ဟာ ဇနီးနဲ့အတူ အမွေ ရ လက်ထက်ပွားပစ္စည်းဖြစ်လာ တယ်”
“အမွေမခွဲရသေးမီ ဇနီးဖြစ်သူ က ကွယ်လွန်သွားတာ မဟုတ်လား”
“အမွေမခွဲရသေးပေမယ့် အဲဒီ မြေနဲ့ အိမ်နဲ့ ဝေစုတစ်ဝက်ဟာ လင် မယားနှစ်ယောက်ပူးတွဲပိုင်ဖြစ်နေပါ တယ်”။ ဒါကြောင့် မိခင်ကွယ်လွန် သွားတဲ့အခါ သြရသ သမီးဖြစ်သူက သြရသ အခွင့်အရေးကို ဖခင်ထံက နေ အမွေတောင်းခွင့်ရှိသွားတာဖြစ် ပါတယ်”
“ဒါဆိုရင် ဖခင်ဖြစ်သူက သမီး ဖြစ်သူကို ရောင်းဖိုးငွေထဲက ခွဲပေးရ မယ်ဆိုတဲ့ သဘောပေါ့”
“မှန်ပါတယ်။ ဥပဒေအရဆိုရင် တော့ ရောင်းဖိုးငွေထဲကလေးပုံတစ်ပုံ ခွဲဝေပေးရမှာဖြစ်ပါတယ်”
“ဖခင်က မပေးဘူးဆိုရင် တရား စွဲဆိုတဲ့အထိ ဖြစ်နိုင်တာပေါ့နော်”
“မှန်ပါတယ်။ အဖေနဲ့သမီးညှိ နှိုင်းဆောင်ရွက်တာက ပိုအဆင်ပြေ မယ်ထင်တယ်။ နှစ်ဖက်လုံး တင်းမာ နေကြရင်တော့ အိမ်မြေအရောင်းအ ဝယ်ပျက်သွားနိုင်သလို တရားရင် ဆိုင်ရတဲ့အထိ ဖြစ်သွားနိုင်တယ်”
“သမီးနဲ့အဖေဆိုတော့လည်း တရားရင်ဆိုင်ကြတာအမြင်လည်း မကောင်းပါဘူးဗျာ။ ညှိနှိုင်းကြဖို့ တိုက်တွန်း ရမှာပဲ”
“အဆင်ပြေပါစေလို့ ဆုတောင်း ပါတယ်ဗျာ”ဟု တိုက်တွန်းပြောကြား လိုက်ပါသည်။
ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်