ဝယ်ယူထားသည့်တိုက်ခန်း လက်ရောက်မရမီ ခွင့်ပြုချက်ဖြင့် ထားမိခြင်း
သူငယ်ချင်းနဲ့ တွေ့လိုက်ရ တာ အဆင့်သင့်တယ်ကွာဟု ရန် ကုန်မြို့ ပန်းဆိုးတန်းလမ်းပေါ်၌ တွေ့ဆုံရသော မိတ်ဆွေတစ်ဦးက ဝမ်းပန်းတသာ နှုတ်ဆက်ရင်းပြော လာသည်။
ထို့နောက် နီးရာစား သောက်ဆိုင်သို့ ကျွန်တော့်အား ခေါ်သွားပြီး သူကတကာခံ ကျွေးမွေးပါသည်။ စားသောက်နေစဉ် မိတ်ဆွေဖြစ်သူကသူသိလိုသမျှ မေးမြန်းဆွေးနွေးပါတော့သည်။
“ပြီးခဲ့တဲ့ လဆန်းပိုင်းက တိုက်ခန်းတစ်ခန်းကို အပျောက် စနစ်နဲ့ ဝယ်ထားလိုက်တယ်။ ငွေ လည်းအကြေချေထားတယ်။ တိုက် ခန်းရောင်းသူမိသားစုက ဝါတွင်း ကာလမို့ တစ်လလောက်နေခွင့်ပြု ပါလို့ တောင်းဆိုတယ်”
“ဒီတော့ နေခွင့်ပေးလိုက် တယ်ပေါ့”
“အေး-ငါကလည်း ရိုးရိုး သားသားပဲထင်ပြီး တစ်လအတွက် လခလည်းမယူ ခွင့်ပြုချက်နဲ့ ထား လိုက်မိတယ်”
“အခုဆင်းသွားပြီးလား”
“သြော်- မဆင်းသေးလို့ ခက်နေတာပေါ့ သူငယ်ချင်းရယ်။ တစ်လပြည့်တော့ သူတို့ပြောင်း ရွှေ့ဖို့ရှာမရသေးလို့ တစ်ပတ် နှစ်ပတ်စောင့်ပါနဲ့ အခုနှစ်လ ကျော်သွားပြီ၊ အဲဒါဘာဆက်လုပ် ရင် ရမှန်းမသိ ဖြစ်နေတယ်၊ အကြံ ပေးပါဦး သူငယ်ချင်း။ တချို့က ပြောတော့ ခွင့်ပြုချက်ကို ရုပ်သိမ်း ပြီး တရားစွဲရမယ် လို့လည်းပြောကြ တယ်။
“မင်းတို့ အရောင်းစာချုပ် မှာ တိုက်ခန်း အပ်ဖို့ဘယ်လို ချုပ် ဆိုထားသလဲ၊ တိုက်ခန်းအမည် ပြောင်းခကို ဘယ်လိုဆောင်ရွက်ဖို့ ကတိပြုထားသလဲ”
“မြေရှင်ဆီတော့ ပြီးခဲ့တဲ့ တစ်ပတ်ထဲက အမည်ပြောင်းခ ပေးပြီး ငါ့ဇနီးအမည်ပြောင်းထား လိုက်ပြီ။ တိုက်ခန်းနေထိုင်ခ (အိမ် လခ) ကိုလည်းတစ်နှစ်စာ အ တွက်ကြိုတင်ပေးခဲ့ပြီးပြီ”
“အင်း-အဓိက အချက်က မိမိကိုယ်တိုင် တိုက်ခန်း လက်ဝယ် မရသေးတာက ပြဿနာပဲ သူငယ်ချင်း။ စာချုပ်ထဲမှာတော့ တိုက်ခန်း လက်ရောက် ပေးအပ်တယ်လို့ ရေးပေမယ့် အမှန်တကယ် လက်ရောက်မရခဲ့ပဲ ရောင်းသူကို ခေတ္တ ခဏ အခမဲ့ခွင့်ပြုချက်နဲ့ ထား တာတွေ ပြန်ပြီး အငှားချထားတာ တွေက မကြာခဏဖြစ်နေတဲ့ ပြဿနာပဲ။ တိုက်ခန်းကို လက် ရောက်ရပြီးမှ တစ်ဦး တစ်ယောက် ကို ခွင့့်ပြုချက်နဲ့ထားမယ် အငှား ချထားမယ်ဆိုရင်တော့ ဥပဒေအရ တိုက်ခန်းပိုင်ဆိုင်ခွင့်ကို ရရှိပြီးဖြစ် တယ်။ ဒါပေမယ့် တိုက်ခန်းကို ဝယ်ပြီးကတည်းက လက်ရောက်မ ရခဲ့ရင်တော့ ပိုင်ဆိုင်ခွင့် စီမံပိုင် ခွင့်၊ မရရှိသေးဘူးလို့ ဥပဒေအရ သတ်မှတ်ထားတယ်။ ဒါနဲ့ ပတ်သက်လို့ သူငယ်ချင်းဗဟုသုတ ရအောင် စီရင်ထုံးတစ်ခုကို ဖတ်ပြ မယ်”
ကျွန်တော်က ရုံးခန်းသို့ ခေါ်သွားပြီး သူငယ်ချင်းကို ရှင်းပြ လိုက်မိပါသည်။
“ဦးဌေးဝင်း ပါ ၂ ဦးနှင့် ဒေါ်အေးမြင့်ပါ ၂ ဦး ၂ဝဝ၂ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာ မျက်နှာ ၃၃၆” အမှုမှာ ဒေါ်အေး မြင့်နှင့် ဒေါ်သန်းသန်းထွေးတို့က ဦးဌေးဝင်းနှင့် ဒေါ်ခင်ချိုလေးတို့ အပေါ် အခမဲ့ခွင့်ပြုချက်ဖြင့် နေ ထိုင်သူများအား ဖယ်ရှားနှင်ထုတ် လိုမှုစွဲဆိုခဲ့ရာ တိုင်းတရားရုံးတော် က အနိုင်ဒီကရီ ချမှတ်ထားပေးခဲ့ သည်။ ယင်းအမိန့်ကို ဦးဌေးဝင်း တို့က မကျေနပ်သဖြင့် အထူးအ ယူခံခုရုံးထိ အယူခံဝင်လာသော အမှုဖြစ်သည်။
အထူးအယူခံခုံရုံးက သုံး သပ်ဆုံးဖြတ်သည်မှာ အချင်းဖြစ် တိုက်ခန်း၏ အိမ်ငှားများမှာ ဦးဌေး ဝင်းနှင့် ဒေါ်ခင်ချိုလေးတို့ဖြစ် သည်။ အဆိုပါ တိုက်ခန်းကို ဦးဌေးဝင်းတို့က ဒေါ်အေးမြင့် ဒေါ်သန်းသန်းထွေးတို့အား အခန်း အပျောက်သဘောတူ ကတိစာ ချုပ်ဖြင့် ရောင်းချခဲ့သည်။ ထိုနေ့ တွင်ပင် ဒေါ်အေးမြင့်တို့က ဦးဌေး ဝင်းတို့အား အဆိုပါ တိုက်ခန်းတွင် သုံးလခန့် ခေတ္တအခမဲ့ နေထိုင်ခွင့် ပေးသည့် ကတိစာချုပ်ကို ချုပ်ဆို ခဲ့သည်။
ယင်းကတိစာချုပ်များအ ရ ဒေါ်အေးမြင့်တို့သည် အချင်း ဖြစ်တိုက်ခန်းကို ဦးဌေးဝင်းတို့ထံမှ အပျောက်စနစ်ဖြင့် ဝယ်ယူခဲ့သော် လည်း ယင်းတိုက်ခန်းကို လက် ဝယ်မရရှိခဲ့ကြောင်း ပေါ်ပေါက် သည်။
ဒေါ်အေးမြင့်တို့က ဦးဌေး ဝင်းတို့ထံမှ အချင်းဖြစ်တိုက်ခန်း ကို ဝယ်ယူပြီး မြေရှင် (အိမ်ရှင်) ဦးတင်မောင်ထံသို့ အမည်ပြောင်း ခငွေကျပ် သုံးသောင်းပေးခဲ့ရာ ဦး တင်မောင်က လက်ခံပြီး တိုက်ခန်း ငှားရမ်းခတစ်လလျှင် တစ်ရာကျပ် ဖြင့် သုံးလအတွက် ပြေစာဖြတ် ပိုင်းသုံးစောင်ရေးပေးလက်ခံခဲ့ ကြောင်း ဦးတင်မောင်က ထွက်ဆို ထားသည်။
ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁ဝ၅ တွင် မ ရွှေ့မပြောင်းနိုင်သော ပစ္စည်းကို အငှားချထားပါက အငှားချထား သည့် ပစ္စည်း၏ အကျိုးခံစားခွင့်ကို လွှဲပြောင်းလက်ခံရရှိမှသာ ငှားရမ်း သူဖြစ်လာမည်ဖြစ်သည်။
ဒေါ်အေးမြင့်တို့သည် အ ချင်းဖြစ်တိုက်ခန်းကို ဦးဌေးဝင်းတို့ ထံမှ အပျောက်စနစ်ဖြင့် ဝယ်ယူ သည်ဆိုသော်လည်း တိုက်ခန်းကို လက်ရောက်မရရှိခဲ့သောကြောင့် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၁ဝ၅ အရ တိုက်ခန်း၏ အကျိုးခံစားခွင့်ကို လွှဲပြောင်းလက် ခံရရှိခဲ့ခြင်းမရှိပေ။
သက်သေခံဥပဒေပုဒ်မ ၁၁၆ တွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလက်ရှိဖြစ်သူ၏ အခွင့်အ မိန့်အရ ဝင်ရောက်နေထိုင်သူ သည် ထိုအခွင့်အမိန့်ပေးသူမှာ အခွင့်အမိန့်ပေးစဉ်က ထိုပစ္စည်း ကို လက်ရှိထားပိုင်ခွင့်မရှိကြောင်း ငြင်းဆိုခွင့်မပြုရဟု ပြဋ္ဌာန်းထား သည်။
တစ်နည်းအားဖြင့် အဆို ပါပြဋ္ဌာန်းချက်အရ အခွင့်အမိန့် ပေးသူသည် အခွင့်အမိန့်ပေးစဉ် က ခွင့်ပြုချက်ဖြင့် နေထိုင်ခွင့်ပေး သည်ဆိုသော ပစ္စည်းကို လက်ရှိ ဖြစ်ရန်လိုအပ်ကြောင်း တွေ့ရမည် ဖြစ်သည်။
သို့ဖြစ်ရာ အချင်းဖြစ်တိုက် ခန်းကို အပျောက် အရောင်းအ ဝယ် စာချုပ်ဖြင့် ဝယ်ယူခဲ့သော် လည်း လက်ရှိရယူခဲ့ခြင်းမရှိသဖြင့် ဝယ်ယူသူ ဒေါ်အေးမြင့်တို့က ထို တိုက်ခန်းတွင်မူလကပင် နေထိုင် လျက်ရှိသော ရောင်းသူဦးဌေးဝင်း တို့အား အခွင့်အမိန့်အရ နေထိုင် သူများအဖြစ် ဖယ်ရှားခွင့်မရှိပေ။
ဒေါ်အေးမြင့်တို့အနေဖြင့် ဦးဌေးဝင်းတို့အပေါ် ၎င်းတို့ချုပ် ဆိုခဲ့သည့် အခန်းအပျောက်အ ရောင်းအဝယ် ကတိစာချုပ်အတိုင်း ဆောင်ရွက်ပေးစေပြီး အချင်းဖြစ်အခန်းကို လက်ရောက် ပေးအပ်စေလိုမှု စွဲဆိုရန်သာရှိပေ သည်ဟု လမ်းညွှန်ဆုံးဖြတ်ခဲ့ပါ သည်။
“ဒါကြောင့် သူငယ်ချင်းအ နေနဲ့ တိုက်ခန်းအရောင်းအဝယ် စာချုပ်မှာ တိုက်ခန်း လက်ရောက် ပေးအပ်ဖို့ ချုပ်ဆိုထားတဲ့အတိုင်း တရားစွဲဆိုတောင်းခံရမှာ ဖြစ် တယ်”ဟု စာရေးသူက ရှင်းပြပါ သည်။
“ကတိစာချုပ်ထဲမှာတော့ တစ်လအခမဲ့နေပြီးရင် တိုက်ခန်း လက်ရောက်အပ်မယ်လို့ ရေးထား တာပဲ”
“ဒါဆိုရင် ကတိစာချုပ်အ တိုင်း ဆောင်ရွက်ပေးစေပြီး တိုက် ခန်းလက်ရောက်ရလိုမှုအဖြစ် တရားစွဲဆိုရမယ်”ဟု အကြံပြုဆွေး နွေးပေးလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်