လျှောက်လွှာများကို online မှတဆင့်လျှောက်ထားရန်

  1. www.ycdc.com.mm ၀က်ဆိုဒ်ထဲသို့၀င်ပါ။
  2. ၀န်ဆောင်မှုများ menu အောက်မှ မြို့ပြနှင့်မြေစီမံခန့်ခွဲမှုဌာန ကိုနှိပ်ပါ။
  3. လျှောက်လွှာများလျှောက်ထားလိုလျှင် “ လျှောက်လွှာများလျှောက်ထားရန်” အစိမ်းရောင် button ကိုနှိပ်ပါ။
  4. online မှတဆင့်လျှောက်ထားနိုင်သော လျှောက်လွှာများမှာ မြေပုံကူး၊ အမည်ပေါက် မှန်/ မမှန် စိစစ်ခြင်း၊ အမည်ပြောင်း၊ မြေတိုင်း၊ အတည်ပြု / တိုင်းခွဲ၊ ဂရန်သစ်၊ ဂရန်သက်တမ်းတိုး၊
    ၃(က) လက်မှတ်၊ ဂရန်မိတ္ထူ နှင့် ဂရန်ခွဲ လျှောက်ထားခြင်းတို့ဖြစ်ပါသည်။
  5. ပင်မစာမျက်နှာမှ မိမိလျှောက်လိုသော လျှောက်လွှာအမျိုးအစားကို နှိပ်၍လျှောက်ထားနိုင်ပါသသည့်အပြင် လျှောက်လွှာများ အောက်မှမိမိလျှောက်ထားလိုသော လျှောက်လွှာအမျိုးအစားပေါ်တွင် နှိပ်၍လျှောက်ထားနိုင်ပါသည်။

အမည်ပေါက် မှန်/မမှန် စိစစ်ပေးရေး လျှောက်ထားခြင်း

  1. လျှောက်ထားသူ အချက်အလက် ဖြည့်စွက်ရာတွင် လျှောက်ထားသူအမည်၊ နိုင်ငံသားစီစစ်ရေးကတ်ပြားအမှတ် နှင့်နေရပ်လိပ်စာတို့ကို ပြည့်စုံမှန်ကန်စွာဖြည့်ပေးရမည်။ မှတ်ပုံတင်ကတ်ပြားအမျိုးအစားသုံးမျိုးရှိသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ အမျိုးသားမှတ်ပုံတင်အမှတ် (နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိလျှင်)၊ Passport No. (နိုင်ငံခြားသားဖြစ်လျှင်) တို့ဖြစ်သည်။ မိမိဖြည့်လိုသော ကတ်ပြားအမျိုးအစားကို radio button နှိပ်၍ရွေးပါ။နိုင်ငံသားစီစစ်ရေးကတ်ပြားအမှတ်ဖြည့်လျှင် အမှတ်စဉ်နှင့် မြို့နယ်ကုတ်ကို drop down list ကို နှိပ်၍ရွေးချယ်ရမည်။ အီးမေးလ်အသုံးပြုပါက အီးမေးလ်လိပ်စာ ဖြည့်စွက်ပေးရမည်။
  2. လျှောက်ထားသူတစ်ဦးထက်ပိုပါက ပူးတွဲလျှောက်ထားသူများဘေးရှိ လေးထောင့်အကွက်ပေါ်တွင် click တစ်ချက် နှိပ်ပါ။ ထို့နောက် အသစ်ထည့်မည့် အပြာရောင် button ပေါ်တွင်နှိပ်ပါ။ ပူးတွဲလျှောက်ထားသူအသစ်ဖြည့်ခြင်းလေးထောင့်အကွက်တက်လာပါလိမ့်မည်။ထိုအကွက်ထဲတွင် ပူးတွဲလျှောက်ထားသူ၏အမည် ၊ နိုင်ငံသားစီစစ်ရေးကတ်ပြားအမှတ် နှင့်နေရပ်လိပ်စာတို့ကို ပြည့်စုံမှန်ကန်စွာဖြည့်ပေးရမည်။ နိုင်ငံသားစီစစ်ရေးကတ်ပြားအမှတ်စဉ်နှင့် မြို့နယ်ကုတ်က drop down list ကို နှိပ်၍ရွေးချယ်ရမည်။ အချက်အလက်များဖြည့်စွက်ပြီးပါက သိမ်းမည် ကိုနှိပ်ပါ။ သိမ်းပြီးပါက ပူးတွဲလျှောက်ထားသူများအောက်ရှိဇယားကွက်ထဲတွင် မိမိထည့်လိုက်သော အချက်အလက်များကိုထည့်ပြီးသားမြင်ရမည်။ မိမိထည့်လိုက်သောအချက်အလက်ကို ပြန်ပြင်လိုလျှင် ပြင်မည်အကွက်အောက်ရှိ ခဲတံပုံပေါ်တွင်နှိပ်ပါ။ ပူးတွဲလျှောက်ထားသူ ပြင်ဆင်ခြင်းလေးထောင့်အကွက် တက်လာပါလိမ့်မည်။ ထို့နောက်မိမိပြင်ဆင်လိုသည်ကိုပြင်၍ ပြင်ဆင်မည် အပြာရောင် buttonကိုနှိပ်ပါ။ မပြင်လိုပါက မပြင်ဆင်ပါ buttonကိုနှိပ်ပါ။ ပူးတွဲလျှောက်ထားသူအသစ်ဖြည့်ခြင်း လေးထောင့်အကွက်ကိုပိတ်လိုပါက ” မသိမ်းပါ” button ကိုနှိပ်၍လည်ကောင်း ညာဘက်အပေါ်ထောင့်ရှိ ကြက်ခြေခတ် ကိုနှိပ်၍လည်ကော​င်း ပိတ်နိုင်ပါသည်။
  3. မြေကွက်အချက်အလက်ကိုဖြည့်ရန် ခရိုင်၊ မြို့နယ် နှင့်မြေတိုင်းရပ်ကွက်အမှတ် တို့ကို drop down list ကို နှိပ်၍ရွေးချယ်ပေးရမည်။ မြေတိုင်းရပ်ကွက်အမှတ် ကိုရွေးရန်အတွက် မြို့နယ်ကိုအရင်ရွေးရမည်ဖြစ်သည်။ မြို့နယ်ကိုရွေးမထားလျှင် မြေတိုင်းရပ်ကွက်အမှတ်ကို ရွေးချယ်၍ရမည်မဟုတ်ပါ။
  4. အမည်ပေါက် နှင့် မြေကွက်လိပ်စာ တို့ကို ပြည့်စုံမှန်ကန်စွာဖြည့်ပေးပါ။
  5. မြေကွက်အမှတ်ကိုဖြည့်ရာတွင် မိမိမြေကွက်၏ပိုင်ဆိုင်မှုအထောက်အထားပါ မြေကွက်အမှတ်ကို မှန်ကန်စွာဖြည့်စွက်ပါ။ မြေကွက်အမှတ်သည် အိမ်အမှတ်နှင့်မတူနိုင်ပါ။
  6. အထက်ပါဖြည့်စွက်ချက်များကို ကိုယ်တိုင်ဖြည့်သွင်းကြောင်း အတည်ပြုရန် ပုံပါစာလုံးများကို တူညီစွာဖြည့်ပေးပါ။ ပုံပါစာလုံးများကို ရွေးချယ်လိုလျှင် ညာဘက်အပေါ်ထောင့်ရှိ အစိမ်းရောင်မြှားပုံကိုနှိပ်၍ ပြောင်းနိုင်ပါသည်။ ပုံပါစာလုံးများ၏အသံကိုကြားလိုလျှင် စပီကာပုံ ကိုနှိပ်ပါ။
  7. အထက်ပါအကြောင်းအရာများဖြည့်စွက်ပြီးပါက “ လျှောက်ထားပါ ” အပြာရောင် button ကိုနှိပ်ပါ။ ဖြည့်စွက်ချက်များမှန်ကန်လျှင် လျှောက်လွှာတင်ခြင်းအောင်မြင်သည် လေးထောင့်အကွက်ပေါ်လာပါလိမ့်မည်။ ထိုအကွက်ထဲတွင် လျှောက်ထားသူ၏ လျှောက်လွှာ အမှတ်စဉ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် နှင့် တိုကင် နံပါတ် တို့ကိုပေးပါလိမ့်မည်။ လူကြီးမင်း ၏တိုကင်နံပါတ် နှင့် မိမိလျှောက်သည့်လျှောက်လွှာအမျိုးအစားကို မှတ်သားထားပါ။ ထို့နောက် အပြာရောင် “ ok” button ကိုနှိပ်ပါ။ သင့်လျှောက်လွှာအခြေအနေအား ကြည့်ရှုလိုပါလျှင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် နှင့် တိုကင်နံပါတ် တို့ဖြင့် လျှောက်လွှာအခြေအနေပြစာရင်း တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် ။ လျှောက်လွှာလျှောက်ထားစဉ်တွင် အီးမေးလိလိပ်စာ ဖြည့်ထားပါက လျှောက်ထားသူ၏ လျှောက်လွှာ အမှတ်စဉ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် နှင့် တိုကင် နံပါတ် တို့ကို ထိုအီးမေးလ်သို့ပို့ပေးပါမည်။

လျှောက်လွှာ အခြေအနေအား ပြန်လည်ကြည့်ရှုခြင်း

သင့်လျှောက်လွှာအခြေအနေအား ကြည့်ရှုလိုပါလျှင်
သင်လျှောက်လွှာလျှောက်ထားစဉ်တွင် ပေးထားပါသော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် နှင့် တိုကင်နံပါတ် တို့နှင့်ပြန်လည်ကြည့်ရှုနိုင်ပါသည်။

  1. သင်လျှောက်ထားခဲ့သော လျှောက်လွှာအမျိုးအစားကို ရွေးချယ်ပါ။
  2. နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ကိုထည့်ပါ။
  3. သင်လျှောက်လွှာလျှောက်ထားပြီးစဉ်က ရရှိခဲ့သောတိုကင်နံပါတ်ကို ရိုက်ထည့်ပါ။
  4. အထက်ပါဖြည့်စွက်ချက်များကို ကိုယ်တိုင်ဖြည့်သွင်းကြောင်း အတည်ပြုရန် ပုံပါစာလုံးများကို တူညီစွာဖြည့်ပေးပါ။ ထို့နောက် အပြာရောင် “ ရှာမည်” button ကိုနှိပ်ပါ။
  5. သင့်လျှောက်လွှာအခြေအနေကို အောက်တွင်ဖော်ပြပါလိမ့်မည်။ webpage ညာဘက်အစွန်းရှိ scroll bar ကိုဆွဲ၍ကြည့်ပါ။

မှတ်ချက်

(၁) လျှောက်လွှာဖြည့်စဉ်တွင် အနီရောင်စတားပုံပါသော အချက်အလက်များကို မဖြစ်မနေထည့်ပေးရပါမည်။
(၂) ဖြည့်စွက်ရန်ကျန်ခဲ့လျှင် အနီရောင်စာတန်းနှင့်ဖြည့်စွက်ရန်ကျန်ခဲ့ကြောင်းသတိပေးပါလိမ့်မည်။
(၃)ပုံပါစာလုံးများရိုက်ရာတွင် သင်ရိုက်သောစာလုံးများမတူညီလျှင် စာလုံးများမတူညီပါ လေးထောင့်အကွက်လေးတက်လာပါလိမ့်မည်။ညာဘက်ထောင့်ရှိ ကြက်ခြေခတ်ပေါ်တွင်နှိပ်၍ ပိတ်ပါ။ပုံပါစာလုံးများကိုမှန်ကန်စွာ ပြန်ရိုက်ရပါမည်။ ပုံပါစာလုံးများကို ရွေးချယ်လိုလျှင် ညာဘက်အပေါ်ထောင့်ရှိ အစိမ်းရောင်မြှားပုံကိုနှိပ်၍ ပြောင်းနိုင်ပါသည်။ ပုံပါစာလုံးများ၏အသံကိုကြားလိုလျှင် စပီကာပုံ ကိုနှိပ်ပါ။