လင်မယားကွာရှင်းပြီးမှမွေးဖွားသည့် သားသမီးနှင့်ဆက်စပ်နေသည့် အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“ဦးသက်နိုင်ရောက်နေတာကိုး ရောက်နေတာကြာပြီလား”ဟု စာရေး သူ၏ ရုံးခန်းရှေ့၌ ရောက်နှင့်နေ သော ဦးသက်နိုင်ကို စာရေးသူက ကြိုဆိုနှုတ်ဆက်လိုက်ခြင်းဖြစ်သည်။

“ဆရာ့ဆီ မရောက်တာလည်း အတော်ကြာသွားပြီ”

“ပွင့်လင်းရာသီရောက်လာပြီ ဆိုတော့ ဦးသက်နိုင်တို့ အိမ်မြေ အ ကျိုးဆောင်လုပ်ငန်းတွေလည်း ပြန် လည်လှုပ်ရှားမှုရှိနေတယ်လို့ ကြားပါ တယ်”

“ဟုတ်ကဲ့ အရင်နှစ်ထက်တော့ အခုနှစ်ဦးမှာ အခြေအနေနည်းနည်း လှုပ်လာတယ်။ ဝယ်သူတွေရှိလာ တယ် ဆရာ။ ဆောက်လုပ်ရေးလုပ် ငန်းလည်း အဆင်ပြေနေကြတယ်”

“ကောင်းပါတယ်ဗျာ။ သတင်း ကောင်းကြားရတာ မင်္ဂလာပဲပေါ့။ တစ်ခုတော့ရှိတယ်။ ဦးသက်နိုင် ရောက်လာပြီဆိုရင် ထူးထူးခြားခြား အိမ်မြေအရောင်းအဝယ်ကိစ်္စ တစ်ခု နှစ်ခုတော့ ပါလာတတ်တယ်”

“ဆရာက အကြားအမြင်ရှိနေ ပြီထင်တယ်”

ဦးသက်နိုင်က ရယ်ရယ်မောမော ပြောလိုက်ပါသည်။

“ဒီလို့တော့ မဟုတ်ပါဘူးဗျာ။ ဦးသက်နိုင်လာရင် ထူးခြားမှုတစ်ခုနဲ့ အခက်အခဲတစ်ခုခုရှိနေတာကို သတိ ထားမိလို့ပါ”

“အိမ်မြေအရောင်းအဝယ်တစ်ခု မှာ ဝယ်လက်ကလည်း အိမ်နဲ့မြေကို သဘောကျတယ်။ ပိုင်ဆိုင်မှုကလည်း ရှင်းတယ်”

“ပိုင်ဆိုင်မှုရှင်းမှတော့ ဘာ အခက်အခဲရှိနေလို့လဲ။ မြေကွက်က ဘိုးဘွားပိုင်မြေဖြစ်နေလို့လား”

“ဂရန်မြေပါဆရာ။ ဂရန်သက် တမ်းလည်း မကုန်သေးဘူး”

“ဂရန်အမည်ပေါက်က ရှင်းရဲ့ လား။ အဆင့်ဆင့်ရောင်းဝယ်ထား သလား”

“မူလဂရန်အမည်ပေါက်က ရောင်းမယ်ဆိုတဲ့ မိန်းကလေးရဲ့ မိဘ အမည်ပေါက်ဖြစ်တယ်။ မိဘတွေ ကွယ်လွန်သွားတော့ သားသမီးနှစ်ဦး ကျန်ခဲ့တယ်။ မိန်းကလေးဖြစ်တဲ့ သမီးက မိဘတွေနဲ့အတူနေတယ်။ သားဖြစ်သူက အိမ်ထောင်ကျသွားလို့ သီးခြားနေကြတယ်”

“အခုရောင်းမယ်ဆိုတော့ မောင်နှမနှစ်ဦးလုံးက သဘောတူကြ လား”

“သဘောတူပါတယ် ဆရာ”

“ဂရန်အမည်ပေါက်က မိဘ တွေရဲ့ အမည်နဲ့ရှိနေဆဲပေါ့”

“သားသမီးနှစ်ယောက် အမည် ပြောင်းထားပြီးပါပြီ”

“ဒါဆို ရှင်းနေတာပဲ။ ဘယ်သူ က ကန့်ကွက်လာလို့လဲ။ ကိတိ်္တမမွေး စား သားသမီးရှိလို့လား”

“ရောင်းမယ်လို့ သဘောတူပြီး စရန်ပေးလိုက်တယ် ဆရာ။ မကြာမီ ရက်ပိုင်းက အစ်ကိုဖြစ်သူ ပူးတွဲပိုင် ရှင်က ကွယ်လွန်သွားတယ်”

“အစ်ကိုဖြစ်သူက အိမ်ထောင် ရှိတယ်ဆိုရင် သူ့ဇနီးက အမွေဆက်ခံ သူအနေနဲ့ ပါဝင်ရမှာပေါ့”

“ခက်တာက ဇနီးသည်နဲ့ အိမ် ထောင်ကွဲနေတာ ခုနစ်နှစ်လောက်ရှိ နေပြီ ဆရာ”

“တရားဝင်ကွာရှင်းထားတာ လား”

“သူတို့ပြောစကားအရတော့ တရားဝင်ကွာရှင်းထားတယ်လို့ ပြော ပါတယ်”

“လင်မယားကွာရှင်းပြီး နောက် အိမ်ထောင်ပြုကြသလား”

“လင်မယားနှစ်ဦးလုံး နောက် အိမ်ထောင်မပြုကြဘူး။ ယောကျ်ား ဖြစ်သူက သူ့ရဲ့ နှမဖြစ်သူနဲ့အတူလာ နေတာ ဆရာ”

“ဒါဆိုရင် နှမဖြစ်သူကပဲ အမွေ ဆက်ခံခွင့်ရမှာပေါ့”

“ဒါပေမယ့် လင်မယားကွဲစဉ်က ဇနီးဖြစ်သူမှာ ကိုယ်ဝန်ရှိတယ် ပြော တယ်။ ကွဲကွာပြီးမှ သားသမီးမွေးဖွား တယ်လို့ ဆိုပါတယ်”

“ဟုတ်ပြီ။ အခုဖခင်ကွယ်လွန် တော့ အမွေဆက်ခံခွင့်ရှိတယ်ဆိုပြီး ကန့်ကွက်တာ မဟုတ်လား”

“ဟုတ်ပါတယ် ဆရာ။ ကျွန် တော်တို့ သိထားတာက လင်မယား ကွာရှင်းပြီးနောက် ဖခင်နှင့်အတူ လိုက်နေတဲ့ သားသမီးသည် ဖခင်ထံ မှ အမွေဆက်ခံခွင့်ရပြီး မိခင်ထံမှ အမွေဆက်ခံခွင့်ဆုံးရှုံးမယ်။ မိခင်နဲ့ လိုက်နေသည့်သားသမီးသည် ဖခင် ထံမှ အမွေဆက်ခံခွင့်မရှိဘူးလို့ သိ ထားတယ် ဆရာ။ အခုကိစ်္စမျိုးမှာ ဘယ်လိုဖြစ်နိုင်ပါသလဲ”

“အခုကိစ္စက လင်မယားကွာရှင်း ပြီးမှသားသမီး မွေးခဲ့တာဆိုတော့ ကွာရှင်းချိန်မှာ မိခင်နဲ့ လိုက်ပါနေ တယ်။ ဖခင်နဲ့ လိုက်ပါနေတယ်ဆိုတဲ့ အခြေအနေနဲ့ တိုက်ရိုက်အကျုံးမဝင် ပြန်ဘူး”

“ကလေးကလည်း အရွယ်မ ရောက်သေးတော့ မိခင်က ဦးဆောင် ပြီး အုပ်ထိန်းသူအနေနဲ့ တောင်းဆို တာ ဆရာ”

“ဖခင်ကွယ်လွန်သွားတော့ သား သမီးအနေနဲ့ အမွေတောင်းတဲ့ သဘောပေါ့။ ဖခင်ဖြစ်သူက နောက် အိမ်ထောင်မပြုတော့ သားသမီးက အမွေဆက်ခံခွင့်ရှိလာတယ်”

“ပူးတွဲပိုင်ရှင်နှမဖြစ်သူက တော့ ကလေးမွေးပြီးနောက်ပိုင်း လည်း သူ့အစ်ကိုက ဇနီးနဲ့ ကလေး ကို လုံးဝအဆက်အဆံမရှိဘူးလို့ ပြော တယ်။ ဒါကြောင့် အမွေဆက်ခံခွင့် လည်း မရှိဘူးလို့ ပြောပါတယ်”

“မူလကွာရှင်းစဉ်က ပစ်္စည်းခန်း ခွဲကြသေးလား။ သားသမီးမွေးလာရင် ဘယ်သူက တာဝန်ယူထိန်းသိမ်းမယ် ဆိုတဲ့အချက် ကွာရှင်းစာချုပ်မှာပါသ လား။ ဒီအချက်တွေကို လေ့လာဖို့ တော့ လိုလိမ့်မယ်။ အချို့က တိတိ ကျကျချုပ်ဆိုတာရှိကြတယ်”

“အဲဒီလိုတော့ တိတိကျကျချုပ် ဆိုထားတာမရှိဘူးထင်တယ် ဆရာ”

“ကွယ်လွန်သူရဲ့ သားသမီးဆို တာကို ဖခင်ဖြစ်သူက လက်ခံ အသိ အမှတ်ပြုခဲ့လား။ အသွားအလာ ထောက်ပံ့မှုရှိမရှိ။ မွေးစာရင်းတွင် ဖခင်အမည်စတဲ့ အချက်တွေလည်း သတိပြုဖို့လိုလိမ့်မယ်”

“ဇနီးဖြစ်သူကလည်း နောက် အိမ်ထောင်မပြုတော့ ကွယ်လွန်သူ ခင်ပွန်းရဲ့ သားသမီးဆိုတာတော့ အ ငြင်းပွားစရာမရှိဘူး”

“မှတ်သားထားတဲ့ စီရင်ထုံးတစ် ခုတော့ ရှိတယ်”

“ဗဟုသုတအဖြစ် ပြောပြပါဦး ဆရာရယ်”

“တရားရုံးချုပ်က ဆုံးဖြတ်ထား တဲ့ မညိုနှင့်မညိမ်းသာ အထက်မြန်မာ နိုင်ငံ စီရင်ထုံး စာ ၁၅ အမှုမှာ လင် မယားကွာရှင်းပြီးနောက်မှ သမီးတစ် ယောက်မွေးဖွားသည်။ ဖခင်ဖြစ်သူ သေဆုံးသောအခါ နောက်မယား၊ သားသမီး၊ မြေးစသည်တို့ မရှိဘဲ နှမ သာကျန်ရစ်သည်။ မိဘများကွာရှင်း ပြီးနောက်မှ မွေးသည့်ကလေးသည် ဖခင်၏ နှမနှင့်အတူ အမွေထက် ဝက်ရသည်လို့ ဆုံးဖြတ်ထားပါတယ်”

“ဒါဆိုရင် ဖခင်ရဲ့ ဝေစုက အ ပြည့်တော့မရဘူး ထက်ဝက်ရနိုင်တဲ့ သဘောပေါ့”

“ဒီစီရင်ထုံးကတော့ နှစ်ပေါင်း ကြာပြီဖြစ်လို့ အမွေဝေစုက ပြောင်း လဲသတ်မှတ်နိုင်ပေမယ့် အမွေရခွင့်ရှိ တယ်ဆိုတာတော့ အငြင်းပွားလို့ မရ ဘူးပေါ့”

“တရားတထုံးစွဲဆိုမှုဖြစ်လာ နိုင်တာပေါ့နော်”

“နှစ်ဖက်ညှိနှိုင်းခွဲဝေလိုက်လို့ ပြေလည်ရင်တော့ အရောင်းအဝယ် ဆက်လုပ်သင့်ပါတယ်။ တရားစွဲဆို တဲ့အထိဖြစ်လာနိုင်တာဖို့ စဉ်းစား ဆောင်ရွက်ပါလို့ပဲ အကြံပေးပါရစေ” ဟု ဆွေးနွေးလိုက်ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်