သြရသ သားသမီး၏ ဇနီးခင်ပွန်းတို့နှင့် သက်ဆိုင်နေသည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

“နောက်အိမ်ထောင်ပြုလိုက်  ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား”ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။

“ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါတယ်”

“လက်ထက်ပွားပစ္စည်းတော့ မဟုတ်ဘူး၊ မိဘရဲ့ အမွေကိုတောင်း နေတာ”

“မိဘရဲ့ အမွေဆိုရင်တော့ သား သမီးအားလုံး ရပိုင်ခွင့်ရတယ်လေ”

“ကျွန်တော်အပြောမှားသွား တယ် ဆရာရယ်။ အဖြစ်အပျက် ကို ရှင်းပြဖို့လိုသွားတယ်”

“ကဲ-ပြောပါဦး၊ ဘယ်သူက ဘယ်လိုအမွေတောင်းလို့လဲ၊ ဦးမြင့်နဲ့ က ဘယ်လိုပတ်သက်မှုရှိသလဲ”

“ဒီလိုဆရာသမားရယ်၊ ကျွန် တော့် သားက အိမ်နဲ့ မြေတစ်ကွက် ဝယ်ဖို့ သွားကြည့်တယ်၊ ဂရန်မြေဖြစ် ပြီး အမည်ပေါက်ကလည်း သက်ရှိ ထင်ရှားရှိတယ်”

“ဒါဆိုရင် ဘာအခက်အခဲရှိနေ လို့လဲ။ အမည်ပေါက် ကိုယ်တိုင် အရောင်းစာချုပ် ချုပ်ဆိုရတာပဲ”

“ဟုတ်ပါတယ်။ ရှင်းတယ်ဆိုပြီး ဝယ် ဖို့ဆုံးဖြတ် စရန်ငွေပေးလိုက်တာပေါ့”

“ကန့်ကွက်သူ ပေါ်လာလို့လား”

“ဟုတ်တယ်။ ချွေးမလုပ်သူက ကန့်ကွက်လာတာဗျ”

“ချွေးမလုပ်သူက ယောက္ခမမှ မကွယ်လွန်သေးတာ ဘယ်လိုကန့် ကွက်မလဲ”

“နောက်အိမ်ထောင်လည်းပြု ထားတယ်။ အဲဒါသူလည်း ရပိုင်ခွင့် ရှိပါတယ်ဆိုပြီး ကန့်ကွက်တာပဲ”

“နောက်အိမ်ထောင်မပြုမီက ဘယ်မှာနေသလဲ”

“အခုရောင်းမယ်ဆိုတဲ့ ယောက္ခမ အိမ်မှာနေတယ်”

“သားသမီးမကျန်ခဲ့ဘူးလား။ သားသမီးကျန်ရင်လည်း အမွေမမီ မြေးအဖြစ် အဘွားကွယ်လွန်မှရပိုင် ခွင့်ရှိမှာဖြစ်တယ်။ ဒါနဲ့ လင်ယောကျ်ား ဘက်က မောင်နှမဘယ်နှယောက် ရှိလဲ”

“သားသမီးလည်း မကျန်ခဲ့ဘူး။ နောက်အိမ်ထောင်လည်းပြုသွားတယ် ဆိုတော့ ယောက္ခမဘက်ကတော့ သူနဲ့ ဘာမှမပတ်သက်ဘူးလို့ပြော တာပဲ။ ကျွန်တော်ကြားဖူးတာက အမွေရှင် မိဘထက်စောပြီးသားသမီးက ကွယ်လွန်ခဲ့ရင် ကျန်ခဲ့တဲ့ ချွေးမ သားမက်က အမွေရခွင့်မရှိဘူးဆိုတာ ဟုတ်ပါသလား”

“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မြန်မာဗုဒ္ဓဘာသာဝင်တွေဖြစ်ခဲ့ ရင်တော့ ဦးမြင့်ပြောသလို အမွေ ဆက်ခံတဲ့သားသမီးလည်းမရှိ။ မိဘတွေထက်လည်း စောပြီး ကွယ်လွန်ခဲ့ ရင်တော့ ကျန်တဲ့ ဇနီး၊ ခင်ပွန်းဟာ ယောက္ခမတွေထံက အမွေရခွင့်မရှိ ဘူး။ အခုကိစ္စက သားဖြစ်သူက သား သမီးမထွန်းကားခဲ့တော့ မိခင်ကွယ် လွန်မှ ဒီကိစ္စစဉ်းစားရမှာဖြစ်တယ်။ လင်ယောကျ်ားဘက်က မောင်နှမ တွေက ဘာပြောကြသေးလဲ”

“လင်ယောကျာ်းဘက်က မောင်နှ မသုံးယောက်ရှိတယ်။ ကွယ်လွန်သွားတာက သားအကြီးဆုံးဖြစ်တယ်”

“သြော်-ဒါကြောင့် ချွေးမဖြစ်သူက သြရသသားရဲ့ အမွေကို ရပိုင်ခွင့် ရှိတယ်လို့ ကန့်ကွက်တာဖြစ်မယ်။ သတင်းစာမပါလာဘူးလား”

“ရုတ်တရက်ထွက်လာတော့ ကန့်ကွက်သတင်းစာမပါလာခဲ့ဘူး ဗျာ။ ဒါပေမယ့် ဆရာပြောမှ သတိရ တယ်။ သြရသနဲ့ ဇနီးဖြစ်လို့ ရပိုင်ခွင့် ရှိတယ်ဆိုပြီး ကန့်ကွက်တာဆရာ”

“သြရသသားရဲ့ အခွင့်အရေး ကတော့ မဆုံးရှုံးဘူးပေါ့ဗျာ”

“သြရသရဲ့ အခွင့်အရေးဆိုတာ ဘာကိုပြောတာလဲဆရာ”

“သြရသအခွင့်အရေးဆိုတာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သီး ခြားအခွင့်အရေးပေးထားတာဖြစ် တယ်။ အကြီးဆုံးသားက ဖခင်ကွယ် လွန်သွားပြီး မိခင်ကျန်ခဲ့ရင်ဖြစ်စေ အကြီးဆုံးသမီးက မိခင်ကွယ်လွန်ပြီး ဖခင်ကျန်ခဲ့ရင်ဖြစ်စေ၊ ကျန်ရစ်သူ မိဘထံမှ အမွေပစ္စည်းရဲ့ လေးပုံတစ် ပုံကို တောင်းပိုင်ခွင့်ရှိတယ်လို့ ဥပဒေ မှာ ပြဋ္ဌာန်းထားတယ်”

“အခုကိစ္စက သြရသသားဖြစ် သူရဲ့ ဇနီးဖြစ်ပေမယ့် နောက်အိမ် ထောင်ပြုထားတော့ ရပိုင်ခွင့်ရှိပါ သေးလား”

“နောက်အိမ်ထောင်ပြုတယ်ဆို တာက လင်မယားကွာရှင်းပြီး နောက် အိမ်ထောင်ပြုထားတာလား။ လင် ယောကျာ်းကွယ်လွန်ပြီးမှ နောက်အိမ် ထောင်ပြုသလားဆိုတာ စဉ်းစားရပါ တယ်”

“လင်ယောကျာ်းမကွယ်လွန်မီ မှာ လင်မယားကွာရှင်းပြီးမှ နောက် အိမ်ထောင်ပြုခဲ့တယ်ဆိုရင်တော့ ယောက္ခမပိုင်အမွေပစ္စည်းပေါ်မှာ ရ ပိုင်ခွင့်မရှိဘူးပေါ့”

“မှန်ပါတယ်။ လင်ယောကျ်ားနဲ့ ကွာရှင်းပြီး ပစ္စည်းခန်းမခွဲဝေရသေး ဘူးဆိုရင်လည်း လင်ယောကျ်ားနဲ့ အတူလက်ထက်ပွားပစ္စည်းသာ ဥပေဒအရခွဲဝေရခွင့်ရှိပါတယ်။ ယောက္ခမပိုင်ပစ္စည်းကိုတော့ ရပိုင်ခွင့် မရှိတော့ပါဘူး”

“ပြောစကားအရတော့ လင် ယောကျ်ားကွယ်လွန်ပြီးနောက်ပိုင်း မှာလည်း ယောက္ခမနဲ့အတူနေသေး တယ်ပြောတယ်။ တစ်နှစ်လောက် ကြာမှ နောက်အိမ်ထောင်ပြုတယ်လို့ ပြောပါတယ်”

“ဒါဆိုရင်တော့ လင်ယောကျ်ား ရဲ့ သြရသအခွင့်အရေးကိုသူက ရပိုင် ခွင့်ရှိသွားပြီဖြစ်တယ်”

“ဘယ်လိုပဲဖြစ်ဖြစ်ခွဲပေးရမယ့် သဘောဖြစ်နေတာပေါ့”

“ဥပဒေအရတော့ ခံစားခွင့်ရှိ သွားပြီဖြစ်တယ်”

“ဒါပေမယ့်ဗျာ၊ နောက်အိမ် ထောင်နဲ့ ခံစားရမယ်ဆိုတော့လည်း အဘွားကြီးက မပေးချင်ဘူးပေါ့။ ဒါ ကြောင့် မရောင်းတော့ဘူးလို့လည်း ပြောပြန်တယ်”

“ဦးမြင့်ကို ရှင်းအောင်ပြောပြ ရရင် တရားရုံးချုပ်က ဆုံးဖြတ်ထား တဲ့ ဒေါ်စန်းလွင်နှင့် ဒေါ်သန်းသန်း ၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံတရားစီရင် ထုံး စာမျက်နှာ-၂၉ အမှုမှာ သားဖြစ် သူသည် အိမ်ထောင်ကျပြီးနောက် မိဘများနှင့်အတူ ဇနီးဖြစ်သူနှင့် နေထိုင်ခဲ့ကြသည်။ ဖခင်ကွယ်လွန်ပြီး နောက်ပိုင်းတွင်လည်း မိခင်နှင့်အတူ နေထိုင်ခဲ့သည်။ လင်ယောကျ်ားကွယ် လွန်ပြီးနောက်တွင်လည်း ချွေးမဖြစ် သူသည် ယောက္ခမနှင့်အတူနေပြီး သုံးလအကြာမှ နောက်အိမ်ထောင်ပြု ခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ချွေးမဖြစ်သူသည် ကွယ်လွန်သူ ခင် ပွန်းဖြစ်သူရရှိခံစားရမည့် အခွင့်အ ရေးကို ဆက်ခံရရှိပြီးမှ နောက်အိမ် ထောင်ပြုခြင်းဖြစ်သည်။ တရားစွဲဆို ချိန်တွင် နောက်အိမ်ထောင်ပြုပြီး ဖြစ်သည့် ချွေးမသည် ကွယ်လွန်သူ လင်၏ သြရသအခွင့်အရေးကို ဆက် ခံပြီး ယောက္ခမထံမှ အမွေတောင်းခွင့် ရှိသည်လို့ ဆုံးဖြတ်ထားပါတယ်”

“ဒါဆိုရင် ဒီကိစ္စမှာလည်း ချွေးမ က ဝေစုရနိုင်တယ်ပေါ့”

“မှန်ပါတယ်။ သြရသအခွင့်အ ရေးအရ အမွေဝေစု လေးပုံတစ်ပုံရ ခွင့်ရှိပါတယ်”

“အဘွားကြီးက မရောင်းတော့ ဘူးဆိုရင် ဘာဖြစ်နိုင်သလဲ”

“အမှုအခင်းဖြစ်ပြီး အမွေရလိုမှု တရားစွဲဆိုတာတွေဖြစ်နိုင်တယ်။ နှစ် ဦးနှစ်ဖက်ညှိနှိုင်းလို့ အဆင်ပြေရင် ဆက်ပြီးငွေချေပါ။ ညှိနှိုင်းမှုအဆင် မပြေရင်တော့ စရန်ငွေပြန်ယူလိုက် တာကကောင်းမယ်”ဟု အကြံပြု လိုက်ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်