တစ်လင်တစ်မယားစနစ်ဥပဒေအရ ကွာရှင်းပြီးနှစ်ဦးပိုင် အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်
“ပူးတွဲအမည်ပေါက် မြေနဲ့အိမ် ကိုဝယ်ရင် အရောင်းစာချုပ်မှာ အမည်ပေါက်သူနှစ်ဦးလုံးက လက်မှတ်ထိုးရမှာလား ဆရာ”ဟု မိတ်ဆွေတစ် ဦးက စာရေးသူထံ လာရောက်မေး မြန်းဆွေးနွေးလာပါသည်။
“ဥပဒေအရဆိုရင်တော့ ပိုင်ရှင်အားလုံးက သဘောတူ လက်မှတ်ထိုး မှ တရားဝင်အရောင်း အဝယ်မြောက် မှာဖြစ်တယ်။ ဝယ်ဖို့ စိတ်ကူးထားတဲ့ မြေကွက်က ဂရန်မြေလား။ အမည် ပေါက်က ဘယ်နှဦးပူးတွဲအမည် ပေါက်နေသလဲ”
“ဂရန်မြေဖြစ်ပြီး လင်မယားနှစ် ဦးပူးတွဲ အမည်ပေါက်ဖြစ်နေတယ်”
“ပူးတွဲပိုင်ရှင်တစ်ဦးက အခြားပူး တွဲပိုင်ရှင်ထံ လုပ်ပိုင်ခွင့်ကိုယ်စား လှယ်စာ လွှဲပြောင်းပေးထားတာရှိရင်တော့ ကိုယ်စားလှယ်စာရသူက တစ်ဦးတည်း လက်မှတ်ရေးထိုး ရောင်းပိုင်ခွင့်ရှိပါတယ်”
“ခက်တာက လင်မယားနှစ် ယောက် ကွဲနေကြတယ်လို့ ပြောပါ တယ်”
“ဆက်သွယ်လို့ရတယ် မဟုတ်လား။ အခုရောင်းမယ်ဆိုတာက လည်း လင်မယားနှစ်ယောက် ပစ္စည်းခန်း ခွဲဝေရယူဖို့ ဖြစ်မှာပေါ့”
“ကွဲနေတာက နှစ်နှစ်လောက် ရှိပြီပြောတယ်။ အဆက်အသွယ် လည်း မရှိကြဘူး။ လင်ယောကျ်ားဖြစ် သူက နိုင်ငံခြားမှာ အလုပ်သွားလုပ် တယ်လို့ သတင်းကြားကြောင်း ပြော ပါတယ်။ ဇနီးသည်တစ်ဦးတည်းက လက်မှတ်ထိုးလို့ မရဘူးလား ဆရာ”
“အစောကပြောသလို လင် ယောကျ်ားထံမှ ကိုယ်စားလှယ်လွှဲစာ ရရှိထားမယ်ဆိုရင်တော့ ဇနီးတစ်ဦး တည်းက ရောင်းသူအဖြစ် လက်မှတ် ရေးထိုးဆောင်ရွက်နိုင်မှာဖြစ်တယ်”
“ကိုယ်စားလှယ်လွှဲစာပေးထား တယ်လို့တော့ ပြောသံမကြားဘူး ဆရာ။ တကယ်လို့ လင်ယောကျ်ားထံမှ ကိုယ်စားလှယ်လွှဲစာပေးထားတာ လည်း မရှိ၊ လင်ယောကျ်ားဘယ်မှာ နေမှန်းလည်း မသိ၊ အဆက်အသွယ် မရရင် ဘယ်လိုဖြစ်နိုင်သလဲဆရာ”
“အိမ်မြေအရောင်းအဝယ် မှတ် ပုံတင်စာချုပ် ချုပ်ဆိုမယ်ဆိုရင်တော့ အမည်ပေါက်သူ လင်မယားနှစ်ဦးလုံး က လက်မှတ်ရေးထိုးရမှာဖြစ်တယ်။ လင်မယားကွဲနေတယ်ဆိုတော့ တရား ဝင်ကွာရှင်းစာချုပ်ရှိသလား”
“အိမ်ပိုင်ရှင် အမျိုးသမီးပြော တာက သူ့ခင်ပွန်းနဲ့ တရားရုံးမှာ ကွာ ရှင်းလက်မှတ်ရေးထိုးတာဖြစ်လို့ ခင်ပွန်းသည်အနေနဲ့ အိမ်မြေရောင်းတဲ့ ကိစ္စကို ကန့်ကွက်ပိုင်ခွင့်မရှိဘူးလို့ ပြောပါတယ်။ စိတ်ချဝယ်ပါ။ သူ တာဝန်ယူတယ်လို့ ပြောတာပဲ ဆရာ”
“ကွာရှင်းစာချုပ်မှာ ပစ္စည်းခန်း ခွဲဝေထားတာရှိလို့လား။ ဥပဒေအရ တော့ ပူးတွဲပိုင်ရှင်က သူ့ဝေစုကို အ ခြားပူးတွဲပိုင်ရှင်အား စွန့်လွှတ်ကြောင်း စွန့်လွှတ်စာချုပ် ချုပ်ဆိုထားဖို့လို တယ်။ ကွာရှင်းစာချုပ်ကို ဖတ်ကြည့် ခဲ့လား”
“တရားရုံးမှာ နှစ်ဦးသဘောတူ ကွာရှင်းခဲ့တာတော့ မှန်တယ် ဆရာ”
“ပစ္စည်းခွဲဝေတဲ့ကိစ္စမပါဘူးလား”
“ပစ္စည်းခန်းတော့ ခွဲဝေတာ မပါဘူးထင်တယ်ဆရာ။ မွေးဖွားတဲ့ သမီးကိုတော့ မိခင်ဖြစ်သူက တာဝန် ယူမယ်လို့ ဖတ်လိုက်ရတယ်”
“တစ်ခါတစ်ရံကြတော့ လွယ် လွယ်ကူကူ မိတ္တူဆိုင်တွေမှာရှိတဲ့ ကွာ ရှင်းစာချုပ်တွေကို သုံးလေ့ရှိကြတယ်။ အဲဒီကွာရှင်းစာချုပ်တွေက ယေဘူယျ သဘောရေးထားကြတာလေ။ ပစ္စည်း ခန်း ထည့်ဖော်ပြလေ့မရှိဘူး”
“အဲဒီလောက်တော့ ကျွန်တော် လည်း နားမလည်တော့ဘူးဆရာ။ အမျိုးသမီးပြောတာက တစ်လင်တစ် မယားစနစ်အရ ယောကျ်ားဖြစ်သူအ နေနဲ့ ဘာပစ္စည်းမှရပိုင်ခွင့်မရှိဘူးလို့ ပြောတယ် ဆရာ။ ဘယ်လိုအဓိပ္ပာယ် နဲ့ ပြောတယ်ဆိုတာတော့ ကျွန်တော် သဘောမပေါက်ဘူး ဆရာ”
“တစ်လင်တစ်မယားစနစ်ကျင့် သုံးခြင်းဆိုင်ရာ ဥပဒေအရ လင် မယားကွာရှင်းခဲ့မယ်ဆိုရင်တော့ အိမ် ထောင်ရေးပြစ်မှုကျူးလွန်သူက နှစ်ဦး ပိုင်ပစ္စည်းနှင့် ပတ်သက််၍ ၎င်း၏ အခွင့်အရေးရပိုင်ခွင့်များ ဆုံးရှုံးခံရ မည်လို့ ပုဒ်မ -၁၅ မှာ ပြဋ္ဌာန်းထား ပါတယ်”
“အိမ်ထောင်ရေးပြစ်မှုဆိုတာ က အိမ်ထောင်ရေးဖောက်ပြန်မှုကို ဆိုလိုတာလားဆရာ”
“နိုင်ငံခြားမှာ အလုပ်သွားလုပ် တဲ့သူဆိုတော့ တခြားမိန်းမနဲ့အတူ တကွ ပေါင်းသင်းနေတဲ့ကိစ္စရှိမယ် ထင်တယ်”
“တရားမဝင် နေထိုင်ပေါင်းသင်း ခဲ့ရင်လည်း အိမ်ထောင်ရေးပြစ်မှု ကျူးလွန်တာပဲလား ဆရာ”
“နားလည်အောင်ပြောရရင် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၂ မှာ မည်သူ မျှ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုး ကွယ်ရာ ဘာသာအရဖြစ်စေ၊ ထိမ်း မြားမှုအတည်ဖြစ်နေစဉ် ထပ်မံ၍ ထိမ်းမြားမှုမပြုရ။ သို့မဟုတ် လင် မယားအဖြစ် တရားမဝင်နေထိုင် ပေါင်းသင်းခြင်းမပြုရလို့ ပြဋ္ဌာန်းထား ပါတယ်။ တရားမဝင်ပေါင်းသင်းနေ ထိုင်ရင်လည်း အိမ်ထောင်ရေး ပြစ်မှု ကျူးလွန်ရာရောက်ပါတယ်”
“ထောင်ဒဏ်အပြစ်ကျနိုင် တယ်လို့ သိထားပါတယ်။ ဟုတ်ပါသလား”
“မှန်ပါတယ်။ ယင်းဥပဒေပုဒ်မ (၁၃) အရ ပြစ်မှုကျူးလွန်သူက ခုနစ် နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါ့ အပြင် တစ်လင်တစ်မယားစနစ်ကျင့် သုံးခြင်းဆိုင်ရာ ဥပဒေအရ အိမ် ထောင်ရေး ပြစ်မှုကျူးလွန်သူကို ကျန် သည့် မယား သို့မဟုတ် လင်က လင် မယားကွာရှင်းခွင့်ရှိတဲ့အပြင် အိမ် ထောင်ရေးပြစ်မှုကျူးလွန်သူက နှစ်ဦး ပိုင်ပစ္စည်းနှင့် စပ်လျဉ်းပြီး အခွင့်အ ရေးဆုံးရှုံးခံရမယ်လို့ ပြဋ္ဌာန်းထားပါ တယ်”
“ဒါဆိုရင် အခုအိမ်မြေအရောင်း အဝယ်ကိစ္စမှာလည်း လင်မယားကွာ ရှင်းတာက တစ်လင်တစ်မယားစနစ် ဥပဒေအရ ကွာရှင်းတာဖြစ်လို့ လင် ယောကျ်ားအနေနဲ့ ပစ္စည်းခန်း ခံစား ခွင့်မရှိလို့ ပြောတာဖြစ်မယ် ဆရာ”
“မှန်ပါတယ်။ အဲဒီသဘောနဲ့ ကွာရှင်းကြတာ ဖြစ်နိုင်ပါတယ်၊ ဒါ ကြောင့် ကွာရှင်းစာချုပ်မှာ ပစ္စည်း ခန်းပါ ထည့်သွင်းချုပ်ဆိုဖို့ လိုတယ်”
“ကွာရှင်းစာချုပ်မှာ ပစ္စည်းခန်း ခွဲဝေခြင်းမပါဘူးဆိုရင် အခုလိုကိစ္စ တွေမှာ ဘယ်လိုဆောင်ရွက်နိုင်မလဲ ဆရာ”
“လင်မယားကွာရှင်းပြတ်စဲရာ တွင် တစ်လင်တစ်မယားစနစ်ကျင့် သုံးခြင်းဆိုင်ရာ ဥပဒေအရ ကွာရှင်း ခြင်းဖြစ်၍ လင်ဝေစုကို စွန့်လွှတ်ကြောင်းနှင့် အိမ်နှင့်မြေကို မယား တစ်ဦးတည်းကသာ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာမှုအဖြစ် တရားရုံးမှာ လျှောက်ထားရမှာဖြစ်ပါတယ်”
“တရားရုံးက မယားတစ်ဦးတည်း ပိုင်ဆိုင်ကြောင်း ကြေညာပေးခဲ့ရင် တော့ ဇနီးတစ်ဦးတည်း လက်မှတ်နဲ့ အရောင်းစာချုပ်ပြုလုပ်ချုပ်ဆိုရပြီ ပေါ့နော်”
“မှန်ပါတယ်။ ဒါကြောင့် လင်မယားကွာရှင်းစာချုပ်တွေမှာ ပစ္စည်း ခန်း သားသမီးရှိရင်သားသမီးကို အုပ်ထိန်းခွင့်ကိစ္စရပ်တွေပါ ထည့်သွင်းချုပ်ဆိုသင့်ပါတယ်”ဟု ဗဟုသုတအ ဖြစ် ရှင်းပြဆွေးနွေး လိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်