မြေဂရန် မိတ္တူရှိသူထံမှ အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“ဂရန်မိတ္တူနဲ့ အရောင်းအဝယ် လုပ်လို့ရပါသလား”ဟု မိတ်ဆွေ တစ် ဦးက စာရေးသူထံ လာရောက်မေး မြန်းဆွေးနွေးပါသည်။

“ဂရန်မိတ္တူနဲ့ အရောင်းအဝယ် လုပ်လို့ မရပါဘူး။ ဂရန်မူရင်းက ပျောက်ဆုံးသွားလို့လား” စာရေးသူက မေးခွန်းပြန်ထုတ်လိုက်မိသည်။

“မူရင်းဂရန်ကတော့ရှိပါတယ်။ ဒါပေမယ့် မြေကွက်တစ်ခြမ်း ဝယ် ထားသူက လက်ဝယ်ရယူထားလို့ ပါ”

“ရောင်းမယ်ဆိုတဲ့ မြေကွက်က အကျယ်အဝန်းဘယ်လောက်ရှိသလဲ”

“ပေ ၂ဝ x ပေ ၆ဝ မြေကွက် ပါ။ အိမ်ကတော့ ပျဉ်ထောင်အိမ် တစ်ထပ်”

“ဒါဆိုရင် မူလဂရန်မြေကွက်က ပေ ၄ဝ x ပေ ၆ဝ မြေကွက်မဟုတ် လား”

“ဟုတ်ပါတယ်။ ပေ ၂ဝ x ပေ ၆ဝ ခွဲပြီး ရောင်းထားတာပါ။ ဝယ် ထားသူတွေအနေနဲ့ တရားဝင်ခွဲစိတ် ရခြင်း မရှိသေးတော့ ဂရန်မူရင်း က ပေ ၄ဝ x ပေ ၆ဝ မြေကွက်ဂရန်ပဲ ဖြစ်နေလိမ့်မယ်ထင်တယ် ဆရာ”

“သိပ်တော့ မခဲယဉ်းပါဘူး။ မူရင်း ဂရန်ကို ငှားပြီး အရောင်းအ ဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုလို့ရ ပါတယ်။ အိမ်ပွဲစားပါတယ် မဟုတ် လား”

“အိမ်ပွဲစားကတော့ ဆရာပြော သလို ဂရန်မူရင်းကို ငှားပြီးဆောင် ရွက်လို့ရတယ် ပြောပါတယ်”

“အချို့ ပုဂ္ဂိုလ်တွေက ဂရန်မူရင်း ငှားတာကို ငှားရမ်းခတောင်းတာတွေ ရှိတယ်လို့ ကြားတယ်”

“အိမ်ပွဲစားကပြောတော့ ဂရန် မူရင်းခသဘောမျိုး ငွေကြေးတော့ ပေးရမယ်ပြောပါတယ်”

“မူရင်း ဂရန်စာချုပ်ကို ရယူ ထားသူက မြေဂရန်အမည်ပေါက် လား”

“အဲဒါအခက်အခဲရှိနေတာ ဆရာ။ သူကလည်း နှစ်ဆင့်လောက် ပိုင်ရှင်ပြောင်းထားတယ်။ အဲဒီလိုပဲ ဂရန်မိတ္တူရထားတဲ့သူကလည်း နှစ် ဆက်လောက်ရောင်းထားတယ်။ ဒါ ကြောင့် ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာ သိချင်လို့ ဆရာ”

“အဓိကအချက်က မူလ အ မည်ပေါက်ကို ရှာလို့ လွယ်ကူရင် တော့ ငွေကြေးအနည်းငယ်ကန်တော့ ပြီး လိုက်ပါ ဆောင်ရွက်ပေးဖို့ ပြောရ မယ်ထင်တယ်”

“မြေအမည်ပေါက်က လှိုင်သာ ယာမြို့နယ်ဘက်ပြောင်းသွားတယ်လို့ အကြမ်းဖျဉ်းသိရတယ်။ သေချာမသိ တော့ ဆက်သွယ်လို့မရဖြစ်နေတယ်”

“ကုန်ကျစရိတ်ကများမှာဖြစ် လို့ စဉ်းစားတော့ ဝယ်သင့်တယ်”

“ဟုတ်ကဲ့ ဆောင်ရွက်ရမယ့် အဆင့်တွေ သိထားချင်လို့ပါ။ ဒါမှ လည်း ကုန်ကျစရိတ်ကို မှန်းဆနိုင်မှာ ဖြစ်တယ်”

“ပထမအချက်အနေနဲ့ အရောင်း အဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုဖို့ မြေပုံမြေရာဇဝင်ကူးယူရပါမယ်။ အဲဒီ မှာ မူရင်းဂရန်ကို တင်ပြရတယ်။ အမည်ပေါက် ဒါမှမဟုတ် အမည် ပေါက်ရဲ့ ကိုယ်စားလှယ်စာရသူက လျှောက်ထားနိုင်ပါတယ်”

“ဒါဆိုရင် မူရင်းဂရန်ရှိသူက မြေအမည်ပေါက်ထံက ကိုယ်စား လှယ်စာရှိမယ်ဆိုရင် သူက လျှောက် ထားနိုင်တာပေါ့”

“ဟုတ်ပါတယ်။ ဒါကြောင့် မြေ အမည်ပေါက်ထံက မူရင်းဂရန်ရှိသူ ကို ကိုယ်စားလှယ်လွှဲစာပေးထားခြင်း ရှိ မရှိ ဦးစွာမေးမြန်းစုံစမ်းရမှာဖြစ် တယ်။ ကိုယ်စားလှယ်လွှဲစာပေးထား တယ်ဆိုရင်တော့ မြေပုံမြေရာဇဝင် ကူးပေးဖို့ ညှိနှိုင်းတောင်းဆိုရမယ်”

“တကယ်လို့ မြေအမည်ပေါက် မြေရှင်ကို ရှာဖွေတွေ့လို့ ကျွန်တော်က သူ့ထံမှ ကိုယ်စားလှယ်လွှဲစာ တိုက် ရိုက်ယူထားရင် ဖြစ်ပါသလား”

“ဒါပေမယ့် မူရင်း ဂရန်တင်ပြမှ မြေပုံ မြေရာဇဝင်ကူးယူခွင့်နဲ့ စာချုပ် စာတမ်းမှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ်ဆိုနိုင်မှာဆိုတော့ မူရင်း ဂရန်ကိုတော့ ခေတ္တငှားရမှာဖြစ် တယ်”

“ဘယ်လိုပဲဖြစ်ဖြစ် မူရင်း ဂရန် လက်ဝယ်ရှိသူနဲ့တော့ ညှိနှိုင်းဆောင် ရွက်ရမှာပေါ့နော်”

“ဟုတ်ပါတယ်။ ပိုင်ရှင်နှစ်ဆင့် လောက်ပြောင်းသွားပြီဆိုတော့ သူတို့ က အရပ်စာချုပ်နဲ့ ဝယ်ကြသလား။ မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ပြုလုပ်ဝယ်ထားသလားဆိုတာ စုံစမ်း ဖို့ လိုပါတယ်”

“ပြောစကားအရတော့ ဂရန်မူ ရင်းရှိသူတွေကလည်း အရပ်စာချုပ် နဲ့ပဲ ဝယ်ကြတယ်ပြောတယ်”

“အခုရောင်းမယ်ဆိုတဲ့ ဂရန် မိတ္တူပိုင်ရှင်ကလည်း အရပ်စာချုပ်နဲ့ ပဲဝယ်ထားကြမှာပေါ့”

“မှန်ပါတယ်။ ဒါကြောင့် တရား ဝင်အောင် ဆောင်ရွက်ချင်လို့ပါ”

“အစောက ပြောသလို မြေအ မည်ပေါက် ပိုင်ဆိုင်သူရဲ့ ကိုယ်စား လှယ်လွှဲစာကို မူရင်းဂရန် လက်ဝယ် ရှိသူက ရရှိထားမယ်ဆိုရင် မြေပုံ မြေ ရာဇဝင်ကို သူ့အနေနဲ့ ကူးယူလျှောက် ထားရမယ်”

“မြေပုံမှာတော့ ပေ ၄ဝ x ပေ ၆ဝ မြေကွက်အနေနဲ့ပဲ ထွက်မှာပေါ့ နော်”

“မှန်ပါတယ်။ အဲဒီ ပေ ၄ဝ x ပေ ၆ဝ မြေကွက်ထဲက အခုရောင်း မယ့် ပေ ၂ဝ x ပေ ၆ဝ မြေကွက် အပေါ် အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုရပါမယ်”

“ဒါဆိုရင် ဂရန်မူရင်းရှိသူက လိုက်ပါဆောင်ရွက်ပေးရမယ့် သဘော ပေါ့”

“မှန်ပါတယ်။ ပြီးမှမြေကွက်ခွဲ စိတ်ပေးဖို့ လျှောက်ထားရမှာဖြစ် တယ်”

“မြေကွက်က တစ်ဖက်သတ်ခွဲ စိတ်လို့ရပါသလား”

“ဥပဒေအရတော့ တစ်ဖက် သတ်ခွဲစိတ်ပေးဖို့ မြေယာဌာနမှာ လျှောက်ထားရပါတယ်။ မြေတိုင်း ဌာနက လာရောက်ကြည့်ရှုစစ်ဆေး ပြီး မြေကွက်ခွဲပေးမှာဖြစ်ပါတယ်”

“မြေကွက် ခွဲလိုက်ရင် ဂရန်သီး ခြားစီ ရပါသလား”

“အကောင်းဆုံးကတော့ ဂရန်မူ ရင်းရှိသူကလည်း မြေကွက်ခွဲပေးဖို့ ပြိုင်တူလျှောက်ထားမယ်ဆိုရင်တော့ ဂရန်သီးခြားစီခွဲထွက်လာမှာဖြစ်တယ်”

“ဂရန်မူရင်းရထားသူက မြေ ကွက်ခွဲစိတ်ဖို့ အတူမလျှောက်ရင် ဘယ်လိုဖြစ်နိုင်သလဲ”

“မူရင်းဂရန်အမည်ပေါက်နဲ့ ဂရန်သီးခြားထုတ်ပေးထားတော့ရှိ တယ်”

“ဆိုလိုတာက ကျွန်တော်တို့က မြေကွက်ခွဲစိတ်ဖို့ လျှောက်ခဲ့ရင် ပေ ၂ဝ x ပေ ၆ဝ မြေကွက်ကို ကျွန်တော် တို့ အမည်နဲ့ ဂရန်သစ်ခွဲပေးမယ်။ ကျန် ပေ ၂ဝ x ပေ ၆ဝ မြေကွက်က တော့ မူလအမည်ပေါက်နဲ့ပဲ ခွဲစိတ် ပေးမယ့် သဘောပေါ့”

“ဟုတ်ပါတယ်။ ဒါကြောင့် မူရင်း ဂရန်လက်ဝယ်ရှိသူနဲ့ ဦးစွာ ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်ပြီး မူရင်း ဂရန်လက်ဝယ်ရှိသူက ဂရန်အမည် ပေါက်ထံမှ ကိုယ်စားလှယ်လွှဲစာရယူ ထားခြင်းရှိ မရှိ စုံစမ်းရမှာဖြစ်တယ်”

“မူရင်း ဂရန်ရှိသူထံမှာ အမည် ပေါက်ရဲ့ ကိုယ်စားလှယ်လွှဲစာမရှိခဲ့ ရင် ဘယ်လိုဆောင်ရွက်မလဲ”

“တရားရုံးမှာ မှတ်ပုံတင် အရောင်းအဝယ်ချုပ်ဆိုပေးစေလိုမှုအ ဖြစ် တရားစွဲဆို တောင်းခံရမှာဖြစ် တယ်”လို့ ရှင်းပြလိုက်ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်