ခရစ်ယာန်ဘာသာအရ မွေးစားထားသူထံမှ အိမ်နှင့်မြေကိုဝယ်မည်ဆိုလျှင်
“ခရစ်ယာန်ဘာသာမှာ သား သမီးမွေးစားလို့ရပါသလား”ဟု မိတ် ဆွေတစ်ဦးက မေးမြန်းလာပါသည်။
“အိမ် ခြံ မြေ အကျိုးဆောင် တစ်ယောက်က ဘယ်လိုကိစ္စတွေဖြစ် လာလို့ ခရစ်ယာန်ဘာသာဝင်တွေပါ လာရတာလဲ”
မိတ်ဆွေဦးအောင်မြင့်မှာ အိမ် ခြံ မြေ အကျိုးဆောင်တစ်ဦးဖြစ်ပြီး အိမ်ဝယ် ရောင်းငှားကိစ္စရပ်များကို ဝန်ဆောင်ခယူကာ ဆောင်ရွက်နေ သူဖြစ်သည်။ လွယ်လွယ်ပြောရရင် အိမ်ပွဲစားဖြစ်သည်။ ယခုအရောင်း အဝယ်ကိစ္စ အဆင်မပြေ၍ လာ ရောက်ဆွေးနွေးခြင်းဖြစ်ဟန်ရှိသည်။
“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ မှာတော့ မြန်မာဗုဒ္ဓဘာသာဝင်တွေ မှာ သားသမီးမွေးစားပိုင်ခွင့်ရှိတယ်။ အမွေဆက်ခံဖို့အထိ ရည်ရွယ်မွေးစား မယ်ဆိုရင် ကိတ္တိမသားသမီးမွေးစား ခြင်းမှတ်ပုံတင် အက်ဥပဒေအရ မှတ်ပုံတင် စာချုပ် ချုပ်ဆိုမွေးစားနိုင် ခွင့်ရှိတယ်”
“ကောက်ယူမွေးစားရင်လည်း အမွေရခွင့်ရှိတယ် မဟုတ်လား”
“ကောက်ယူမွေးစားခံရတဲ့ သား သမီးအနေနဲ့ သားရင်း၊ သမီးရင်း ကိတ္တိမမွေးစားသားသမီးမရှိမှ အမွေ ရခွင့်ရှိမှာဖြစ်တယ်။ ထူးခြားတာက မြန်မာဗုဒ္ဓဘာသာဝင်တွေက သား သမီးမွေးစားတဲ့ ကိစ္စရပ်မှာ အမွေ ဆက်ခံခွင့်အထိ စဉ်းစားပြီး ဥပဒေ ပြဋ္ဌာန်းထားတာကို တွေ့ရတယ်”
“ခရစ်ယာန်ဘာသာမှာတော့ မွေးစားခြင်းဥပဒေမရှိဘူးမဟုတ် လား”
“ဥပဒေအရ သီးခြားပြဋ္ဌာန်း ချက်မရှိပေမယ့် ဘာသာရေးအရ မွေးစားခြင်း အသိအမှတ်ပြု ဆောင် ရွက်ချက်တွေတော့ရှိမှာဖြစ်တယ်”
“ဒီလို ဆရာရေ၊ အခုကိစ္စက”
“ကဲ – ပြောပါဦး၊ ဆွေးနွေးရင်း နဲ့ ဘေးချော်သွားပြီထင်တယ်”
“အိမ်မြေပိုင်ရှင် လင်မယားနှစ် ယောက်လုံး ကွယ်လွန်သွားကြပြီ။ သားသမီးလည်း မကျန်ရစ်ခဲ့ဘူး။ မွေး စားသမီးက ရောင်းမယ်ဆိုတော့ ဝယ် လက်နဲ့အတူ ကျွန်တော်သွားကြည့် တာပေါ့”
“ခရစ်ယာန် ဘာသာဝင်တွေဆို တာ မသိဘူးပေါ့”
“ဟုတ်ကဲ့ မသိဘူးဆရာ၊ ဒါပေ မယ့် မွေးစားစာချုပ်ရှိလားလို့ မေး တော့ ရှိတယ် ပြောတာနဲ့ ဝယ်လက် က သဘောကျသွားတာပေါ့၊ နောက် ရက်မှာ စရန်ငွေချမယ်၊ စာရွက်စာ တမ်းကြည့်မယ်ပေါ့နော်”
“စရန်ချမယ့်နေ့မှာ စရန်ငွေချ ဖြစ်သွားသလား”
“မွေးစားစာချုပ်ကို ကြည့်လိုက် တော့ ကိတ္တိမမွေးစားစာချုပ်မဟုတ် ဘဲ ခရစ်ယာန်ဘာသာဝင်တွေဖြစ်နေ တာကို တွေ့ရတယ်။ မွေးစားခြင်း ကတိစာချုပ် ချုပ်ထားတယ်ဆရာ၊ မှတ်ပုံတင်ထားတာတော့ မရှိဘူး”
“ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ ရဲ့ လက်မှတ်တွေပါမပါ မကြည့်မိဘူး လား”
“သက်သေတော့ပါတယ်။ ဘာ သာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေဟုတ်မ ဟုတ်တော့ သတိမထားလိုက်မိဘူး”
“ကွယ်လွန်သူမှာ သားသမီး မထွန်းကားပေမယ့် ကွယ်လွန်သူတို့ ရဲ့ ဆွေမျိုးသားချင်းတွေတော့ရှိမှာ ပေါ့”
“ဟုတ်တယ်ဆရာ၊ ဝယ်လက် က စရန်ငွေ အနည်းငယ်ချပြီး ကန့် ကွက်ရန်ရှိမရှိ ကြေညာမယ်ပြောလို့ သူ့သဘောအတိုင်း လုပ်ပေးလိုက် တယ်”
“ကန့်ကွက်သူပေါ်လာမှာပေါ့”
“ဆရာပြောသလို ကွယ်လွန်သူ ရဲ့ ဆွေမျိုးသားချင်းတွေက ပေါ်လာ ပြီး ကန့်ကွက်တာပေါ့ ဆရာ”
“အမှန်ကတော့ အခုလို အရှုပ် အရှင်းရှိနိုင်တဲ့ ကိစ္စမျိုးမှာ မဝယ် သင့်ဘူးလို့ထင်တယ်။ မြန်မာဆန် ဆန်လုပ်လိုက်တော့ စရန်ငွေပေးပြီး ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ် နေတာပေါ့”
“အဲဒီလို ကိစ္စမျိုးဆိုရင် ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတာသိချင်လို့”
“အကောင်းဆုံးကတော့ မွေးစား သမီးဆိုသူက လက်ရှိလည်းဖြစ်နေ တော့ ကွယ်လွန်သူပိုင်မြေနဲ့ အိမ် အပေါ် အမွေထိန်းစာလျှောက်ထားရ ယူထားဖို့လိုလိမ့်မယ်။ အမွေထိန်း စာရမှ ရောင်းခြင်း၊ ပေးကမ်းခြင်း၊ လွှဲ ပြောင်းခြင်းစတာတွေကို ဆောင်ရွက် တာ ဥပဒေနဲ့ ညီမယ် သူငယ်ချင်း”
“မွေးစားသားသမီးမို့ အမွေ ဆက်ခံပိုင်ဆိုင်သူလို့ ကြေညာစာချုပ် မျိုး လုပ်လို့မရဘူးလား”
“မြန်မာ ဗုဒ္ဓဘာသာဝင်တွေလို အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာ စာချုပ်စာတမ်းပြုလုပ်လို့ မရဘူး။ ဒါပေမယ့် ခရစ်ယာန် ဘာသာအရ မွေးစားသမီးအဖြစ် မွေး စားထားခံရသူဖြစ်လို့ ကွယ်လွန်သူပိုင် ပစ္စည်းများကို မိမိတစ်ဦးတည်း အမွေ ဆက်ခံပိုင်ဆိုင်ကြောင်း ြ>ွမက်ဟ ကြေညာပေးဖို့ တရားရုံးမှာ လျှောက် ထားတာတော့ရှိတယ်”
“အခုကန့်ကွက်သူတွေက ကွယ် လွန်သူတွေရဲ့ မောင်နှမတွေဖြစ်နေ တယ်။ သူတို့ကတော့ အမွေထိန်းရဖို့ တရားရုံးမှာလျှောက်ရင် ကန့်ကွက်မှာ ပဲ ဆရာ”
“ဒါကတော့ ဥပဒေနဲ့အညီ ဆုံး ဖြတ်သွားမယ့် ကိစ္စဖြစ်တယ်”
“မွေးစားသမီးက ကွယ်လွန်သူရဲ့ မောင်နှမတွေထက်ပိုပြီး အမွေရနိုင် တာပေါ့နော်”
“ဒါကတော့ တရားရုံးက ဆုံး ဖြတ်ရမယ့် ကိစ္စဖြစ်တယ်။ အမွေ ဆက်ခံရေး အက်ဥပဒေ ပုဒ်မ ၃၆ မှာ ခရစ်ယာန် ဘာသာဝင်သည် သေတမ်းစာမရေးဘဲ ကွယ်လွန်သွား ပါက ကွယ်လွန်သူ၌ သားသမီးများ ကျန်ရစ်ပြီး သားသမီးထဲမှ ကွယ်လွန် ပြီးဖြစ်သည့် သားသမီးသည် အဆက် အနွယ်မကျန်ခဲ့ပါက လက်ရှိသား သမီးအားလုံးက အညီအမျှခံစားရရှိ စေရမည်လို့ ပြဋ္ဌာန်းထားတယ်။ ဒီနေ ရာမှာ မွေးစားသားသမီးသည်လည်း ကောင်း၊ ကွယ်လွန်သူ၏ တရားမဝင် သားသမီးသည်လည်းကောင်း အမွေ ဆက်ခံခွင့်မရှိဘူးလို့ မခင်သန်းနှင့် မအမာ၊ ရန်ကုန်အတွဲ ၁၂၊ စာမျက်နှာ ၁၈၄ နဲ့ အေအိုင်က ၁၉၃၁၊ စာမျက် နှာ ၅၆ဝ မှာ ဆုံးဖြတ်ထားတာကို တွေ့ရတယ်”
“ဒါဆိုရင် မွေးစားသားသမီးက အခွင့်အရေးမရှိဘူးပေါ့”
“မွေးစားစာချုပ်ဟာ ခရစ်ယာန် ဘာသာရေးအရ တရားဝင် စာချုပ် ဖြစ်ရင်တော့ အမွေဆက်ခံခွင့်ရှိနိုင် တယ်။ ဒါကြောင့် တရားရုံးကသာ ခေတ်စနစ်နဲ့အညီ ဥပဒေဘောင် အတွင်းက ဆုံးဖြတ်သွားမှာဖြစ်လို့ အမွေထိန်းလျှောက်ထားပြီးမှ ရောင်း ခြင်း ဝယ်ခြင်းပြုလုပ်သင့်တယ်” သူ ငယ်ချင်းဟု ရှင်းပြဆွေးနွေးလိုက်ပါ သည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်