အိမ်ထောင်နှစ်ဆက်နှင့်အထက် ရှိသူထံမှ အိမ်မြေဝယ်မည်ဆိုလျှင်

“လင်ယောကျ်ား ကွယ်လွန် သွားလို့ ဇနီးဖြစ်သူက အိမ်ရောင်း မယ်ဆိုတာနဲ့ သွားကြည့်ပြီး ပြန် လာတာ”

“ဘာတွေ သိခဲ့လို့ အခုလို စိတ်ပျက်တဲ့ ပုံစံဖြစ်နေရတာလဲ”

စာရေးသူ၏ စားပွဲရှေ့၌ ရောက်နေသော မိတ်ဆွေအားပြော လိုက်ခြင်းဖြစ်သည်။

“ပထမ ဇနီးက ရပ်ကွက်ရုံး မှာ ကန့်ကွက်လွှာတင်ထားတယ် လို့ ဒီနေ့မှ သိရတယ်”

“ကန့်ကွက်လွှာတင်တာ လည်း မကြာသေးတဲ့ ဒီရက်ပိုင်းက ဖြစ်မှာပေါ့”

“မနေ့က တင်သွင်းတယ်လို့ ရပ်ကွက်ရုံးက သိလာခဲ့တယ်”

“စရန်ငွေပေးထားသေးသ လား”

“စရန်ငွေတော့ မပေးဖြစ် သေးဘူး။ ပိုင်ဆိုင်မှု ကင်းရှင်းခြင်း ရှိ၊ မရှိ သိချင်တာနဲ့ ရပ်ကွက်ရုံးကို သွားစုံစမ်းကြည့်လိုက်တာ”

“ဂရန်မြေပဲလား”

“ဂရန် မလျှောက်ရသေးဘူး။ ပါမစ်မြေပဲရှိသေးတယ်”

“ပါမစ်မြေမှာ မိသားစု ဓာတ် ပုံ ပါမှာပေါ့”

“သူကလည်း ပါမစ်အမည် ပေါက်ထံမှ ဝယ်ထားတာ၊ ပြီးမှ အ ခုတိုက်ကို ဆောက်တယ်လို့ ပြော တယ်”

“ပထမဇနီးလက်ထက်က တည်းက ဝယ်ထားတာလား”

“မြေကွက်ကတော့ ပထမဇနီး နဲ့ ပေါင်းသင်းစဉ်က ဝယ်ထားတာ ထင်တယ်၊ အခု ဇနီးနဲ့မှ တိုက်သစ် ဆောက်လိုက်တာနဲ့ တူတယ်”

“ပထမဇနီးနဲ့က တရားဝင် ကွာရှင်းပြီး အမွေခွဲဝေထားရင် တော့ မဆိုင်တော့ဘူးပေါ့”

“လက်ရှိ ဇနီးပြောတာတော့ ပထမဇနီးနဲ့က တိုက်ခန်းတစ်ခန်း ဝယ်ပေးထားကာ ကွာရှင်းပြီးသား လို့ ပြောတယ်”

“ဒီလိုကိစ္စတွေကတော့ ရှင်းရ နည်းနည်းခက်မယ်ထင်တယ်။ အမှန်တကယ် ကွာရှင်းပြီး အမွေခွဲဝေ ပြီးသားဆိုရင်တော့ ကိစ္စမရှိဘူး ပေါ့။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ပထမဇနီးနဲ့လည်း တရားဝင်မကွာ ထားဘူး။ ဒုတိယဇနီးနဲ့လည်း ပေါင်းသင်းနေတာ မျိုးရှိတတ်တယ်။ ပထမဇနီးနဲ့ ခွဲခွာနေတယ်ဆိုပေ မယ့် ဝင်ထွက်သွားလာဆက်ဆံမှု ရှိနေမယ်။ ဒီလိုအခြေအနေမျိုးဆို ရင်တော့ ပထမ မိန်းမအနေနဲ့ ခင်ပွန်းသည်ရဲ့ ကျန်ရစ် ပစ္စည်းပေါ် မှာ အမွေရပိုင်ခွင့်ရှိမှာဖြစ်တယ်”

“တစ်လင်တစ်မယားဥပဒေ နဲ့ ဆိုရင် နောက်မိန်းမက အမွေရ ခွင့်မရှိဘူးလို့ ပြောတယ် ဟုတ် သလား”

“တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်း အာဏာတည်တဲ့ ၂ဝ၁၅ ခုနှစ် သြဂုတ်လ ၃၁ ရက် နောက်ပိုင်း ထိမ်းမြားမှုတွေကတော့ တစ်လင် တစ်မယား စနစ်ဥပဒေနဲ့ အညီ ကျင့်သုံးလိုက်နာရမှာဖြစ်တယ်”

“ဒီဥပဒေမပြဋ္ဌာန်းမီက လင် မယားပေါင်းသင်းနေထိုင်တဲ့ ကိစ္စ တွေမှာတော့ ဒီဥပဒေနဲ့ မဆိုင်ဘူး ပေါ့”

“မှန်ပါတယ်၊ တစ်လင်တစ်မ ယားစနစ် ဥပဒေ မပြဋ္ဌာန်းမီက ဗုဒ္ဓဘာသာဝင် ယောကျ်ားတွေအ နေနဲ့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရ မယားအများယူပိုင်ခွင့်ရှိတဲ့ အတွက် အမွေခွဲဝေမှုတွေမှာလည်း မယားပြိုင်ဆိုတဲ့ အသုံးအနှုန်းတွေ လက်ခံကျင့်သုံးခဲ့ကြတယ်”

“တကယ်လို့ ဒီဥပဒေပြဋ္ဌာန်း ပြီးမှ နောက်အိမ်ထောင်ပြုရင်တော့ တစ်လင်တစ်မယားစနစ် ဥပဒေနဲ့ ဘောင်ဝင်သွားမှာပေါ့”

“ဒါနဲ့ ပတ်သက်လို့ တစ်လင် တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင် ရာ ဥပဒေပုဒ်မ ၁ဝ မှာ လင်နှင့် မယားတစ်ဦး သို့မဟုတ် တစ်ဦး ထက်ပို၍ တရားဝင်ထိမ်းမြားပြီး သည့် ယောကျ်ား သို့မဟုတ် မိန်းမ သည် အဆိုပါ ထိမ်းမြားမှုတည်မြဲ နေစဉ်ကာလအတွင်း ဤဥပဒေ ပြဋ္ဌာန်းအာဏာတည်သည့်နေ့မှစ၍ အခြားသူတစ်ဦးနှင့် ထပ်မံထိမ်း မြားခြင်းမပြုရ သို့မဟုတ် တရားမ ဝင် နေထိုင်ပေါင်း သင်းခြင်း မပြုရ” လို့ ပြဋ္ဌာန်းထားတယ်”

“ဒါဆိုရင် ယခင်အိမ်ထောင် နဲ့ မယားအများရှိလည်း မယား အားလုံးနဲ့ တရားဝင် ကွာရှင်းပြီးမှ နောက်အိမ်ထောင်ပြုရမယ်လို့ ဆို လိုတာပေါ့”

“မှန်ပါတယ်၊ ဒီဥပဒေပြဋ္ဌာန်း ပြီးနောက်မှ အိမ်ထောင်ထပ်မံပြု လိုသူတွေဟာ လက်ရှိတရားဝင် ဇနီး၊ ခင်ပွန်းတို့နဲ့ တရားဝင် ကွာ ရှင်းပြတ်စဲကြောင်း ခိုင်ခိုင်မာမာ အထောက်အထား တင်ပြနိုင်မှ နောက်ထပ် အိမ်ထောင်ကို တရား ဝင်ပြုနိုင်မှာဖြစ်တယ်။ အထူး သတိ ပြုရ မှာက ဒီဥပဒေက သူငယ်ချင်း ယေဘုယျ သိထားသလို ယောကျ်ား များနဲ့သာ သက်ဆိုင်တာမဟုတ် ဘူး။ အမျိုးသမီး များနဲ့လည်း တစ် လင်တစ်မယားဆိုတဲ့ အတိုင်း သက်ဆိုင်တဲ့ ဥပဒေဖြစ်တယ်”

“တကယ်လို့ အိမ်ရောင်းမယ် ဆိုတဲ့ ဒုတိယဇနီးက တစ်လင်တစ် မယားစနစ် ဥပဒေပြဋ္ဌာန်းပြီးမှ လက်ထပ်ထားတဲ့ ဇနီးဖြစ်နေရင် ဘယ်လိုဖြစ်နိုင်သလဲ”

“သူငယ်ချင်းရဲ့ ပြောစကား အရတော့ တစ်လင်တစ်မယား စနစ်ဥပဒေနဲ့ ဘောင်မဝင်ဘူး ထင်တယ်။ ဒုတိယ အိမ်ထောင်နဲ့ မှ တိုက်ဆောက်နေထိုင်တယ်ဆို တော့ အနည်းဆုံး သုံးလေး၊ ငါးနှစ် တော့ ကြာသွားပြီထင်တယ်”

“အခုအရောင်းအဝယ်ကိစ္စ က တစ်လင်တစ်မယားစနစ် ဥပဒေနဲ့ မသက်ဆိုင်နိုင်ဘူးလို့ တော့ ထင်ပါတယ်။ ဒါပေမယ့် ဗဟုသုတအဖြစ် သိထားချင်လို့”

“အင်း-ဗဟုသုတအဖြစ် တိုတို ရှင်းရှင်းပြောရရင်တော့ ကိုးကွယ် သည့် ဘာသာ၊ ဓလေ့ထုံးစံ၊ ဥပဒေ တစ်ရပ်ရပ်နှင့်အညီ တရားဝင် ထိမ်းမြားထားသည့် ယောကျ်ား တစ်ဦးသည် ထိမ်းမြားမှု အတည် ဖြစ်နေစဉ်အတွင်း အခြားမိန်းမ တစ်ဦးနှင့် ထပ်မံ ထိမ်းမြားလျှင် တရားမဝင် ထိမ်းမြားခြင်းဖြစ် သည်။ နောက်မိန်းမသည် ထို ယောကျ်ား၏ အမွေကိုဆက်ခံခွင့် မရှိလို့ ပြဋ္ဌာန်းထားတယ်။ ဒါအ ပြင်နောက်မိန်းမယူသည့် ယောကျ်ား သည် ပထမမိန်းမနှင့် နောက်မိန်းမ တို့၏ အမွေကို ဆက်ခံခွင့်မရှိစေရ လို့လည်း တစ်လင်တစ်မယားစနစ် ဥပဒေပုဒ်မ ၁၆ မှာ အတိအလင်း ပြဋ္ဌာန်းထားတာကို တွေ့ရတယ်”

“ဒါကြောင့်မို့ နောက်အိမ် ထောင်ဇနီးက အမွေရပိုင်ခွင့် မရှိ ဘူးလို့ ပြောနေကြတာကိုး”

“ဘာပဲဖြစ်ဖြစ် ကွယ်လွန်သူ အိမ်၊ မြေအမည်ပေါက် ပိုင်ဆိုင်သူ မှာ အိမ်ထောင်နှစ်ဆက်သုံးဆက် ရှိခဲ့ရင် ယခင်အိမ်ထောင်များနဲ့ တရားဝင် ကွာရှင်းခြင်းရှိ မရှိ၊ အမွေခွဲဝေထားပြီးဟုတ်၊ မဟုတ် လို့ သေချာစွာ စုံစမ်းပြီးမှ အမှန် တကယ်အမွေရခွင့်ရှိသူထံက ဝယ် ယူသင့်တယ် သူငယ်ချင်း”ဟု ဗဟု သုတအဖြစ် ရှင်းပြလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်