ကွာရှင်းပြီး မိဘတို့၏ သားသမီးများထံမှ အိမ်မြေ တိုက်ခန်း ဝယ်မည်ဆိုလျှင်
“ကျွန်တော် မောင်ရဲရင့်” ပါဟု မိတ်ဆက်ပြီး စာရေးသူ၏ ရုံးခန်း ထဲသို့ လူရွယ်တစ်ဦးဝင်လာခြင်း ဖြစ်သည်။
“အင်း-တူမလေးပြောထားတဲ့ သူနဲ့တူတယ်”
စာရေးသူ၏ တူမ ဝမ်းကွဲတစ် ဦးက သူ၏ သူငယ်ချင်းတစ်ဦးမှ လာပြီး ဆွေးနွေးချင်လို့ဟု ပဏာမ မိတ်ဆက်စကားပြောထားသဖြင့် လူကဲခတ်၍ မေးလိုက်ခြင်းဖြစ် သည်။
“ဦးလေးနဲ့ ကိစ္စလေးတစ်ခု ဆွေးနွေးချင်လို့ပါ”
“အေး ပြောပါဦး”
“အဖေနဲ့ ကျွန်တော် အတူ နေခဲ့တဲ့ အိမ်ကို ရောင်းမယ် စိတ် ကူးထားတယ်။ အဲဒီမှာ အစ်မဖြစ် သူက သူနဲ့လည်း ဆိုင်တယ်ဆိုပြီး သက်ဆိုင်ရာ အစိုးရရုံးတွေထံ ကန့် ကွက်လွှာတွေတင်ထားလို့ ဆရာ”
“အဖေက ကွယ်လွန်သွားပြီ ဆို ဟုတ်လား”
“ဟုတ်ပါတယ်။ အဖေဆုံး တာ နှစ်နှစ်ကျော်သွားပါပြီ။ ကျွန် တော်လည်း ဘွဲ့ရပြီဆိုတော့ အရင်း အနှီးလုပ်ပြီး စီးပွားရေး လုပ်ချင် လို့”
“အဖေမကွယ်လွန်မီက သား နဲ့ နှစ်ယောက်တည်းပဲ နေတာ လား”
“အဖေ့ အစ်မ အပျိုကြီး လည်း အတူနေပါတယ်”
“အမေက ရှိသေးလား”
“ရှိပါတယ်၊ အမေက အစ်မ နဲ့အတူ နေပါတယ်။ အဖေနဲ့အမေ က ကွာရှင်းထားကြတာပါ”
“အေး-တူမလေးပြောထားလို့ သိထားပါတယ်။ ကွာရှင်းတုန်းက သားက ဘယ်အသက်အရွယ်ရှိပြီ လဲ”
“ကျွန်တော် ခုနစ်တန်း ကျောင်းသားဘဝက ဖြစ်မယ်ထင် တယ်”
“တရားရုံးမှာ တရားဝင် ကွာ ရှင်းကြတာလား”
“ကျွန်တော် တက္ကသိုလ် ရောက်တော့ အဖေက ကွာရှင်း စာချုပ်ကို ထုတ်ပြတယ်”
“ပစ္စည်းခန်းနဲ့ ပတ်သက်လို့ ခွဲဝေခဲ့တာရှိ၊ မရှိဘာသိသေးလဲ”
“အစက ကျွန်တော်တို့ ဒီအိမ် မှာနေကြတာ မဟုတ်ဘူး။ ကမာ ရွတ်ကခြံကြီးမှာ မိသားစုအတူနေ ခဲ့တာ။ အမေနဲ့အဖေကွဲကွာတော့ အဲဒီခြံကို ရောင်းပြီး ခွဲဝေခဲ့တယ် ထင်တယ်”
“သားက အဖေနဲ့ နေခဲ့တယ် ပေါ့”
“ဟုတ်ပါတယ်။ သားက အဖေနဲ့ အတူနေပြီး အစ်မက အမေနဲ့ အတူနေပါတယ်”
“အဖေနဲ့အမေဆီသားနဲ့ သမီးက သွားသွားလာလာတော့ ရှိ တယ်ပေါ့”
“ဟုတ်ကဲ့၊ ကျွန်တော်ကလည်း အမေ့ဆီသွားပြီးနေချင်နေပါတယ်။ တစ်ပတ်နှစ်ပတ် အလည်သွားနေ တတ်ပါတယ်။ အစ်မကလည်း ကျွန်တော်တို့ဆီအမြဲ ဝင်ထွက်နေ ပါတယ်။ အဖေကလည်း အစ်မကို အသုံးစရိတ်ပေးတတ်ပါတယ်”
“သားရဲ့ အဖေ၊ အမေက နောက်အိမ်ထောင်တော့ မပြုကြ ဘူး”
“ဟုတ်ပါတယ်။ ဘယ်သူမှ နောက်အိမ်ထောင်မပြုပါဘူး”
“ဥပဒေကြောင်းအရ ကြည့် ရင်တော့ လင်မယားနှစ်ဦးဟာ တရားဝင်ကွာရှင်းကြတာမဟုတ်ဘဲ ကွဲကွာနေကြရုံနဲ့ အလိုအလျောက် မပြတ်စဲဘူး”
“အချို့က သုံးနှစ်လောက် မပေါင်းပဲ ခွဲနေကြရင် တရားဝင် ကွာရှင်းပြီဖြစ်တယ်လို့ ပြောကြ တယ်”
“အမှန်တော့ အချိန်ကာလ ဘယ်လောက်ပဲ ခွာခွာနေကြပေ မယ့် တရားဝင်ကွာရှင်း မထားရင် လင်မယားအဖြစ် ဥပဒေက အ တည်ပြုနေမှာပဲ ဖြစ်တယ်။ အခု တစ် လင်တစ်မယားဥပဒေအရဆို ရင် တရားဝင် ကွာရှင်းမှ လင် မယားပြတ်စဲခြင်း မြောက်မှာဖြစ် တယ်။ သားရဲ့ မိဘတွေက တရား ဝင် ကွာရှင်းစာချုပ်နဲ့ ကွာရှင်းထား တာဆိုတော့ ဒီအချက်ကို စဉ်းစား ဖို့မလိုဘူးပေါ့”
“လင်မယား ကွာရှင်းပြီးပေ မယ့် ပစ္စည်းခန်းမခွဲရသေးဘဲ တစ်ဦးဦးကွယ်လွန်သွားရင် ဘယ် လိုဖြစ်နိုင်သလဲ”
“ပစ္စည်းခန်းမခွဲဝေရသေးဘဲ တစ်ဦးတစ်ယောက်ကွယ်လွန်သွား ရင် ကျန်ပစ္စည်းကို လင်နဲ့မယား တစ်ဝက်စီ ခံစားခွင့်ရှိမှာဖြစ်တယ် လို့ပဲ ယေဘုယျသိထားရမှာဖြစ် တယ်”
“ဒါဆိုရင် သေဆုံးသွားသူရဲ့ ဝေစုကို ဘယ်သူရမလဲ”
“သားသမီး ကျန်ရစ်ခဲ့ရင် တော့ သေဆုံးသူရဲ့ ဝေစုကို သား သမီးတွေကရမှာဖြစ်တယ်။ သား သမီးမရှိရင်တော့ သေဆုံးသူ ရဲ့ မောင်နှမ ဆွေမျိုးတွေက ခံစားခွင့် ရှိမှာ ဖြစ်တယ်”
“မောင်ရဲရင့်ရဲ့ မိဘတွေက တရားဝင်ကွာရှင်းပြီးတဲ့အပြင် ပစ္စည်းခန်းပါခွဲပြီးဖြစ်တော့ ဇနီး သည်ဖြစ်တဲ့သူက လင်ယောကျ်ား ကျန်ခဲ့တဲ့ ပစ္စည်းအပေါ် ရပိုင်ခွင့်မ ရှိတော့ဘူးပေါ့”
“ဒါကြောင့် ဖြစ်မယ်။ အမေ ကတော့ ဘာမှမပြောဘူး”
“မောင်ရဲရင့်ရဲ့ ဖခင်က အခု မြေနဲ့အိမ်ကို သားထံလွှဲပေးမသွား ဘူးလား”
“ရပ်ကွက်ရုံးမှာတော့ စာချုပ် တစ်ခုချုပ်ထားတာရှိတယ်။ အဖေ ရဲ့ အမည်နဲ့ရှိတဲ့ အိမ်နဲ့ မြေရယ် အတွင်း ပစ္စည်း၊ ငွေစတာတွေကို သားဖြစ် တဲ့ ကျွန်တော့်ကို လွှဲပေး ကြောင်း လုပ်ထားတာတော့ ရှိ တယ်”
“စာချုပ်စာတမ်းမှတ်ပုံတင် ရုံးမှာ မှတ်ပုံတင်ချုပ်ဆိုခဲ့တာတော့ မဟုတ်ဘူးပေါ့”
“အဲဒါတော့ ကျွန်တော်မသိ ဘူး”
“အမှန်ကတော့ စာချုပ်စာ တမ်းရုံးမှာ မှတ်ပုံတင်ပြုလုပ်ချုပ် ဆိုမှ ဥပဒေအရ တရားဝင်ပိုင်ဆိုင် ခွင့်ရမှာဖြစ်တယ်၊ ဒါပေမယ့် သား နဲ့သမီးက အဖေနဲ့ အမေဆီမှာ တစ်ဦးစီခွဲနေကြတယ်ဆိုတဲ့ အ ချက်က အဓိကအချက်ဖြစ်လာ တယ်”
“ဟုတ်ကဲ့ ပြောပြပါဦး ခင် ဗျာ”
“မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ပြောရရင် လင်မယား တရားဝင်ကွာရှင်းပြီးနောက် အဖေ ရဲ့ အိုးအိမ်နဲ့ အမိရဲ့ အိုးအိမ် ဆိုပြီး နှစ်ခုဖြစ်ပေါ်လာမယ်။ အဖနဲ့အ တူလိုက်သွားတဲ့ သားသမီးဟာ အဖထံက အမွေကိုသာရခွင့်ရှိ တယ်။ အမိထံက အမွေကို ဆက်ခံ ခွင့်မရှိဘူး။ အဲသည်လိုပဲ၊ အမိနဲ့ အတူ လိုက်ပါနေထိုင်တဲ့ သား သမီးဟာ အမိထံက အမွေကိုပဲ ရခွင့်ရှိပြီး ဖခင်ထံက အမွေကိုပဲ ရခွင့်မရှိဘူးလို့ ဖော်ပြထားတယ်”
“မိဘက ထောက်ပံ့နေတဲ့ သားသမီးဖြစ်ရင် အတူမနေပေ မယ့် အမွေရခွင့်ရှိပါသလား”
“မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ အရတော့ တစ်ဖက်ဖက်သို့ပါသွား သော သားသမီးသည်အတူ မနေ သည့် မိဘနှင့် ပြန်လည်အဆက် အသွယ်ပြုပြီး မိဘမကွယ်လွန်မီ မှာ သားသမီးတို့၏ ပြုဖွယ်သော ဝတ္တရားကို ဆောင်ရွက်လျှင် ထို မိဘ၏ အမွေကိုခံစားခွင့်ရှိတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် သား သမီးတို့ရဲ့ ပြုဖွယ်ဝတ္တရားဆိုရာမှာ အတူမနေသည့် မိဘထံမှ ထောက် ပံ့မှု၊ ပေးကမ်းမှုရရှိခြင်းသည် ထို မိဘထံမှ အမွေဆက်ခံနိုင်တဲ့ သား သမီးတို့ရဲ့ ပြုဖွယ်ဝတ္တရားမမည်လို့ “မပေါ နဲ့ မမုန်း၊ အောက်မြန်မာ နိုင်ငံ စီရင်ထုံးအတွဲ (၄) မှာ ဖော် ပြထားတယ်။ ဒါကြောင့် ထောက် ပံ့ငွေရရုံနဲ့ အမွေဆက်ခံခွင့်မရနိုင် ဘူးပေါ့ကွယ်”ဟု ရှင်းပြလိုက်ပါ သည်။
ထို့ကြောင့် ကွာရှင်းပြီး မိဘတို့ ၏ သားသမီးများထံမှ အိမ်မြေ တိုက်ခန်းများဝယ်မည်ဆိုလျှင် ဥပဒေနဲ့ အညီရပိုင်ခွင့် ရှိသူဟုတ် မဟုတ် သေချာလေ့လာပြီးမှ ဝယ် သင့်ကြောင်း အကြုံပြုရေးသား လိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်