အိမ်မြေပိုင်ဆိုင်မှုကို ကျမ်းကျိန်လွှာဖြင့် လွှဲပြောင်းခွင့် မရှိခြင်း
“အခက်အခဲရှိတိုင်း သူငယ် ချင်းဆီ မကြာခဏလာပြီး အပူ ကပ်သလိုဖြစ်နေတယ်”
မိတ်ဆွေ တစ်ဦးက စာရေးသူ ၏ ရုံးခန်းသို့ ရောက်ရှိလာပြီး စကားပလ္လင်ခံလိုက်ခြင်းဖြစ်သည်။
“ရပါတယ် သူငယ်ချင်း၊ ပြဿနာမရှိပါဘူး။ အခုဘာအ ခက်အခဲတွေ့နေပြန်ပြီလဲ”
စာရေးသူက မေးခွန်းထုတ် လိုက်ခြင်းဖြစ်သည်။
“ဇနီးသည်ဘက်မှ ဆွေမျိုး တစ်ဦးက မြေနဲ့အိမ်ကို ဝယ်ဖို့သွား စုံစမ်းတော့ မြေပိုင်ရှင်ညီမ နှစ် ယောက်မှာ အစ်မဖြစ်သူက သူ မ ကွယ်လွန်မီမှာ သူ့ရဲ့ ဝေစုကို ပူးတွဲ ပိုင်ရှင်ညီမထံ ကျမ်းကျိန်လွှာနဲ့ စွန့် လွှတ်စာချုပ်ပြုလုပ်ပေးခဲ့တယ်”
“နေပါဦး သူငယ်ချင်းရဲ့ ပြော စကားအရ စွန့်လွှတ်ကြောင်း ကျမ်း ကျိန်လွှာနဲ့ စွန့်လွှတ်စာချုပ်နှစ်မျိုး ရှိတယ်ပေါ့”
စာရေးသူက မိတ်ဆွေ၏ စကားမဆုံးမီမှာဖြတ်၍ မေးလိုက် ခြင်းဖြစ်သည်။
“နှစ်မျိုးရှိတဲ့ သဘောတော့ မဟုတ်ဘူး။ စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာလို့ပဲ ပြောတယ်”
“ဒါဆိုရင် မှတ်ပုံတင် စွန့် လွှတ်စာချုပ် မပြုလုပ်မီမှာ အစ်မ ဖြစ်သူက ကွယ်လွန်သွားတဲ့ သဘောဖြစ်မယ်”
“ဒီလိုလည်း မဟုတ်ဘူး”
“သူငယ်ချင်းကိစ္စက ရှုပ် သွားပြီ”
“သူတို့ ပြောတာတော့ စွန့် လွှတ်ကြောင်း ကျမ်းကျိန်လွှာကို မှတ်ပုံတင်ထားတယ်လို့ ပြောတယ်၊ အဲဒါ မိမိကိုယ်တိုင်လည်း မရှင်းလို့ သူငယ်ချင်းဆီလာမေးတာပဲ”
“ရှင်းပါတယ်။ စွန့်လွှတ် ကြောင်း မှတ်ပုံတင်ထားတဲ့ ကျမ်း ကျိန်လွှာပဲရှိတာပေါ့”
“အဲဒီ စွန့်လွှတ်ကြောင်း မှတ် ပုံတင် ကျမ်းကျိန်လွှာက တရား ဝင် ဖြစ်မဖြစ် သိချင်လို့”
“မောင်နှမမွေးချင်းမှာ မြေ ကွက်အမည်ပေါက်နှစ်ဦးတည်းသာ ရှိမယ်ဆိုရင်တော့ စွန့်လွှတ်စာ ချုပ်ကို လုပ်ဖို့ မလိုပါဘူး”
“အေး ဟုတ်ပြီ၊ သူငယ်ချင်း ပြောမှ သဘောပေါက်လာတယ်၊ အခု အငယ်ဆုံး မောင်ဖြစ်သူက ကန့်ကွက်ထားတယ်လို့ ပြောတယ်။ အဲဒါဘယ်လို အခြေအနေမျိုးဖြစ် လာနိုင်သလဲလို့”
“အငယ်ဆုံးမောင်ဆိုရင် တော့ အစ်မကြီးရဲ့ အမွေကို ခံစား ခွင့်ရနိုင်တာပေါ့”
“နားမလည်လို့ ရှင်းပြပါအုံး သူငယ်ချင်း”
“ဒီလိုကွာ၊ အခုကိစ္စက မောင် နှမ သုံးဦးရှိမယ်။ အစ်မနှစ် ယောက်ရဲ့ အမည်နဲ့ မြေကွက်အ မည် ပေါက်နေတယ်။ အဆောက် အအုံလည်းရှိမယ်။ အဲ-ဒါနဲ့ ကွယ် လွန်သွားတဲ့ အစ်မကြီးက ခင်ပွန်း သားသမီး မရှိဘူးလား”
“ကွယ်လွန်သွားတဲ့ အစ်မကြီး က အပျိုကြီးလို့ ပြောတယ်၊ ညီမ ဖြစ်သူကတော့ အိမ်ထောင်ရှိ တယ်”
“ဒါကြောင့် အစ်မဖြစ်သူက သူ့ဝေစုကို ညီမဖြစ်သူထံပေးသွား ချင်တာဖြစ်မှာပေါ့၊ မောင်ဖြစ်သူ က အိမ်ထောင်ရှိလား”
“မောင်ဖြစ်သူကလည်း အိမ် ထောင်ရှိတယ်၊ သူနဲ့လက်ထပ်တဲ့ မိန်းကလေးကို မိဘတွေက မကျေ နပ်လို့ အခုမြေနဲ့အိမ်ကို ညီမနှစ် ယောက်အမည်နဲ့ ပေးခဲ့တယ်လို့ ပြောတယ်”
“ဟုတ်ပြီ၊ သူငယ်ချင်းရဲ့ ပြော စကားအရဆိုရင် မှတ်ပုံတင်ပြုလုပ် ထားတဲ့ စွန့်လွှတ်ပေးကမ်းခဲ့ ကြောင်း ကျမ်းကျိန်လွှာဟာ ဥပဒေ အရ တရားဝင်ခြင်းရှိ၊ မရှိဆိုတဲ့ ပြဿနာ ဖြစ်နေတာပဲ မဟုတ် လား”
“အေး ဟုတ်တယ်၊ ဥပဒေ အရ တရားဝင်ပြီး ညီမဖြစ်သူ တစ် ဦးတည်းပိုင်ဖြစ်နိုင် မဖြစ်နိုင် သိ ချင်လို့ပဲ သူငယ်ချင်း”
“မေတ္တာနဲ့ ပေးကမ်းတာပဲ ဖြစ်ဖြစ်၊ ပူးတွဲပိုင်ရှင်က မိမိပိုင်ဝေ စုကို အခြားပူးတွဲ ပိုင်ရှင်တစ်ဦးထံ စွန့်လွှတ်ပေးကမ်းတာပဲဖြစ်ဖြစ်၊ စာချုပ် စာတမ်းမှတ်ပုံတင် ဥပဒေ အရ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရ မှာဖြစ်တယ်။ မှတ်ပုံတင်စာချုပ် ဟာ ကျမ်းကျိန်လွှာနဲ့ မတူဘူး။ လက်ခံသူက တရားဝင်ပိုင်ဆိုင်ခွင့် ရမှာဖြစ်တယ်။ ကျမ်းကျိန်လွှာက တော့ စာချုပ် မဟုတ်တဲ့အတွက်၊ ကျမ်းကျိန်လွှာအရ ပစ္စည်းလွှဲ ပြောင်း လက်ခံသူမှာ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ဘူး”
“သူငယ်ချင်းပြောစကား အရ ဆိုရင် အစ်မဖြစ်သူရဲ့ ပိုင်ဆိုင်မှု ဟာ ညီမဆီရောက်ရှိပိုင်ဆိုင်ခြင်း မရှိဘူးဆိုတဲ့ သဘောပေါ့”
“မှန်ပါတယ်။ ကျမ်းကျိန်လွှာ အရ ပိုင်ဆိုင်ခွင့်မရှိတဲ့အတွက် အပျိုကြီးဖြစ်တဲ့ အစ်မကြီးရဲ့ ဝေစု ကို မောင်အငယ်ကလည်း ရခွင့်ရှိ သွားမှာဖြစ်တယ်”
“ကွယ်လွန်သူရဲ့ အစ်ကိုကြီး ရှိမယ်ဆိုရင်း သူလည်း ရနိုင်တယ် ပေါ့”
“မြန်မာဗုဒ္ဓဘာသာဝင်ဆို ရင် မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေ အရ အမွေဟာ အောက်ကိုပဲစုန် တယ်။ အောက်ကို စုန်ရမယ့် လူ မရှိမှ အထက်ကို ပြန်ဆန်လေ့ရှိ တယ်”
“ဒါဆို အစ်ကိုကြီးဖြစ်သူက မရနိုင်ဘူးပေါ့”
“မှန်ပါတယ်။ အစ်မကြီးက လည်း အပျိုကြီးဖြစ်နေလို့။ အ ကယ်၍များ ခင်ပွန်း၊ သားသမီး ကျန်ခဲ့ရင် သူရဲ့ လင်ယောကျ်ားက အမွေဆက်ခံခွင့်ရမှာ ဖြစ်တယ်”
“သူငယ်ချင်းရဲ့ ဆွေးနွေးချက် အရဆိုရင် ကျမ်းကျိန်လွှာမှာ မှတ် ပုံတင်ထားသည်ဖြစ်စေ၊ မှတ်ပုံမ တင်ပဲထားသည်ဖြစ်စေ၊ စွန့်လွှတ် ကြောင်း ကျန်းကျိန်လွှာဟာ တရား မဝင်တဲ့သဘော ဖြစ်နေတာပေါ့”
ခင်မောင်လတ်ပါ လေးဦးနှင့် ဒေါ်ခင်ခင်လှ ၂ဝ၁၃ ခုနှစ် မြန်မာ နိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁၂ စီရင်ထုံးမှာ ကျမ်းကျိန်လွှာ သည် သက်သေခံဥပဒေပုဒ်မ ၃ တွင် ဖွင့်ဆိုထားသည့် သက်သေအ ထောက်အထားဆိုသည့် စကားရပ် တွင် အကျုံးမဝင်သဖြင့် သက်သေ ခံအထောက်အထားအဖြစ် လက် ခံနိုင်မည်မဟုတ်ပေ။
ယခုအမှုတွင် ဒေါ်ခင်သန်းက အချင်းဖြစ်မြေကွက်မှ ပူးတွဲပိုင်ရှင် ဒေါ်ခင်ခင်လှထံ ၎င်းပိုင်ဆိုင်သည့် အစုကို စွန့်လွှတ်ပေးအပ် ခဲ့ ကြောင်း စာချုပ် စာတမ်းမှတ်ပုံ တင်ရုံး၌ ကျမ်းကျိန်လွှာပြုလုပ်ခဲ့သော်လည်း စွန့်လွှတ်ရာမရောက်၊ စွန့်လွှတ်မှုသည် အထမမြောက် ဟု ဆုံးဖြတ်ထားပါတယ်”
“ဒါဆို သေချာစိစစ်ကြည့်ဖို့ လိုပြီပေါ့”
“ဟုတ်ပါတယ်၊ ပေးကမ်းတာ ပဲဖြစ်ဖြစ်၊ စွန့်လွှတ်တာပဲဖြစ်ဖြစ် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း အိမ်၊ မြေတို့ ဖြစ်ရင်တော့ ကျမ်းကျိန် လွှာဟာ ခိုင်မာမှုမရှိတဲ့အတွက် မှတ်ပုံတင် စာချုပ်ရုံးမှာ လိုအပ် တဲ့တံဆိပ်ခေါင်းခွန်ထမ်းဆောင်ပြီး စွန့်လွှတ်စာချုပ်၊ ပိုင်ဆိုင်ကြောင်း စာချုပ်တွေ ချုပ်ဆိုမှ တရားဝင် ပိုင်ဆိုင်မှာဖြစ်လို့ အထူးသတိပြု ဝယ်သင့်တယ် သူငယ်ချင်း”ဟု ဆွေးနွေးအကြံပြုလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်