တိုက်ခန်းဝယ်ခြင်းနှင့် အခွန်အကောက်ဥပဒေ

“တိုက်ခန်းဝယ်ရင် ဝယ်ခွန် ထမ်းဆောင်ရတယ်ဆိုတာ ဟုတ်ပါ သလား”ဟု မိတ်ဆွေတစ်ဦးက ဆွေးနွေးလာပါသည်။

“ဘယ်က ကြားသိလာတာ လဲ” စာရေးသူက မေးခွန်းပြန် ထုတ်မိလိုက်သည်။

“ကျွန်တော့်ရဲ့ တူတစ် ယောက်ဆီက သိခဲ့တာပါ”

“ကွန်ဒိုတိုက်ခန်း ဝယ်တာ လား”

“မဟုတ်ပါဘူး၊ ရိုးရိုးတိုက်ခန်းပါ။ သူကနယ်ကနေ ရောက်လာ တော့ အပျောက်စနစ်နဲ့ တိုက်ခန်း ရောင်းတာဝယ်တာ နားမလည် ဘူး၊ သူတို့ဆီမှာတော့ တိုက်ခန်းတွေ မရှိတော့ မြေနဲ့အိမ်ပဲ အရောင်း အဝယ်ရှိကြတာလေ။ သူ့အသိတစ် ယောက်က အခွန် ၁၅ ရာခိုင်နှုန်း ဆောင်ရမယ် ပြောတယ်ဆိုပြီး သေချာအောင်စုံစမ်းပေးပါဆိုလို့”

“လက်ရှိအခြေအနေမှာ တော့ တိုက်ခန်း အရောင်းအဝယ် တွေမှာ အခွန်ငွေကို မဖြစ်မနေပေး ဆောင်ရတဲ့ အခြေအနေမရှိသေး ပါဘူး”

“မဖြစ်မနေပေးဆောင်ရမယ် ဆိုတာက”

“ဒီလိုပါ ဂရန်မြေ၊ ဘိုးဘွား ပိုင်မြေစတဲ့ အိမ်နဲ့ မြေကို ဝယ်မယ် ဆိုရင် စာချုပ်စာတမ်း မှတ်ပုံတင် ရုံးမှာ အရောင်းအဝယ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုမှ တရားဝင်ပိုင်ဆိုင် ခွင့်ရမှာဖြစ်တယ်။ အဲဒီလို ဥပဒေ နဲ့အညီ တရားဝင်မှတ်ပုံတင် စာ ချုပ် ချုပ်မယ် ဆိုရင်တော့ ပထမဦးဆုံး ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ မြေယာ ဌာနမှာ ဝယ်ယူမယ့် မြေကွက် ရဲ့ မြေပုံ၊ မြေ ရာဇဝင်ကို ကူးယူ လျှောက်ထားရယူရပါတယ်။ ပြီး ရင် အခွန်ဦးစီးဌာနမှာ မြေနှင့် အိမ်ရဲ့ တန်ဖိုးဖြတ် သတ်မှတ်ချက် ကို တင်ရတယ်။ အိမ်မြေတန်ဖိုး သတ်မှတ်တဲ့ အပေါ်မှာ ဝယ်သူက ဝင်ငွေရလမ်းမဖော်ပြနိုင်ရင်၊ ဝင် ငွေ တစ်ကျပ်ကနေ ကျပ် သိန်းသုံးရာထိကို ဝင်ငွေခွန်နှုန်းထား ၁၅ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်တယ်။ ကျပ်သိန်းသုံးရာတစ်ကျပ်ကနေ ကျပ်သိန်း တစ်ထောင် အထိကို ဝင်ငွေခွန်နှုန်းထား ၂ဝ ရာခိုင်နှုန်း ကောက်ခံပြီး၊ ကျပ်သိန်းတစ်ထောင် တစ်ကျပ်နဲ့ အထက်ကို ဝင်ငွေ ခွန်နှုန်းထား ၃ဝ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်တယ်။ အဲဒီနှုန်း ထားနဲ့ အခွန်သွင်းပြီးမှ မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ် ဆိုပေးတဲ့အတွက် အဲဒီလို အိမ်မြေ ဝယ်ပြီး မှတ်ပုံတင်စာချုပ် ချုပ်ဆို လို့ တရားဝင်အမည်ပေါက် ဆောင် ရွက်မယ်ဆိုရင် ဝယ်ခွန်ဆောင်ရ မှာ ဖြစ်ပါတယ်။ အဲဒီလို အခြေ အနေမျိုးကို မဖြစ်မနေ ပေးဆောင် ရတယ်လို့ ဆိုပါတယ်။

“ဆရာ ပြောသလိုဆိုရင် တိုက်ခန်းအရောင်းအဝယ်ပေါ်မှာ တော့ အခွန်မကောက်သေးဘူးလို့ ဆိုလိုတာပေါ့”

“အခွန်အကောက် ဥပဒေ အရတော့ နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ လွှဲပြောင်းရယူခြင်းပြုတဲ့အခါ အသုံးပြုတဲ့ ဝင်ငွေဟာ ဝင်ငွေရ လမ်း မဖော်ပြနိုင်ရင် အစောက ပြောခဲ့သလို ဝယ်ခွန်နှုန်းထားအ တိုင်း အခွန်ပေးဆောင်ရမှာဖြစ် တယ်”

“ဥပဒေအရတော့ ပေးဆောင် ရမယ့် တာဝန်ရှိနေပြီပေါ့”

“ဟုတ်ပါတယ်။ ဒါပေမယ့် မဖြစ်မနေပေး ဆောင်ရမယ်လို့ တော့ တင်းကြပ်ထားတဲ့၊ တစ်နည်း ပြောရရင် ချုပ်ကိုင်ထားတဲ့ အခြေ အနေမရှိသေးဘူးလို့ပဲ ပြောရမှာ ပဲ”

“အရင်ခေတ်စနစ်တွေတုန်း ကလည်း ဒီလိုပဲလား”

“ခင်ဗျားက ကတ်သီးကတ် သပ် မေးတော့ဖြေရမှာပေါ့၊ ယခင် ဆိုရှယ်လစ်ခေတ် အုပ်ချုပ်ရေးဖြစ် တဲ့ ပြည်သူကောင်စီ အဆင့်ဆင့် အုပ်ချုပ်စဉ်က တိုက်ခန်းအရောင်း အဝယ်တွေမှာ အခွန်စည်းကြပ်တာ ရှိခဲ့တယ်။ အစောကပြောသလို မဖြစ် မနေ ဆောင်ရွက်ရတဲ့ အခြေ အနေမျိုးနဲ့ ကောက်ခံခဲ့တယ်”

“ဗဟုသုတအဖြစ် ပြောပြပါ ဦး ဆရာ”

“တိုက်ခန်းဝယ်လို့ အိမ် ထောင်စုစာရင်းပြောင်းရွှေ့မယ်ဆို ရင် ထိုခေတ်စနစ်ကာလက သတ် မှတ်ထားတဲ့ အခွန်အကောက် ဥပဒေနှုန်းထားနဲ့အညီ ဝင်ငွေရ လမ်း မဖော်ပြနိုင်တဲ့ ဝယ်ငွေအ ပေါ် ဝယ်ခွန်အဖြစ်ကောက်ခံခဲ့ တယ်။ အဲဒီလို ဝယ်ခွန်ဆိုပါတော့ အခွန်ဆောင်ပြီးမှ ဝယ်လိုက်တဲ့ တိုက်ခန်းမှာ တရားဝင် အိမ် ထောင်စုစာရင်း ဆောင်ရွက်ပေးပါ တယ်။ အဲဒီလိုမဟုတ်ရင်တော့ ဧည့်စာရင်းနဲ့ပဲ နေထိုင်ရမှာဖြစ် တယ်”

“ဝယ်ရောင်းသမားတွေက”

“ဟုတ်တယ်၊ ဝယ်ရောင်း သမားတွေကတော့ အခွန်ဘယ် ဆောင်မလဲ၊ အမှန်တကယ်နေ မယ့် သူတွေကတော့ တရားဝင် နေ ထိုင်ပိုင်ဆိုင်ခွင့်အတွက် အခွန် ဆောင်ကြတာပေါ့”

“တိုက်ခန်းအဝယ်ထပ်နေတဲ့ ကိစ္စတွေ မရှိနိုင်ဘူးပေါ့နော်”

“ဟုတ်တယ်၊ အဲဒီလို ကိစ္စတွေ တော့ မရှိသလောက်ပဲဆိုပါတော့၊ အခုလက်ရှိကာလမှာပဲ ကြိုပွိုင့် စနစ်နဲ့ တိုက်ခန်း အရောင်း အဝယ် တွေ နည်းသွားတယ်”

“ဟုတ်တယ် ဆရာ၊ ငွေအ ရင်းအနှီးစိုက်ထုတ်ပြီး ဆုံးရှုံးသွား တာတွေက မနည်းဘူးဆရာ”

“အဲဒီမှာ အပေါင်ခံတဲ့ ကိစ္စ တွေကလည်း ရှိတတ်ကြတယ် လေ။ အပေါင်ကို တိုက်ခန်း အ ရောင်းအဝယ် စာချုပ် ချုပ်ဆိုရယူ ပြီး အမှန်တကယ်ဝယ်သူက နစ် နာခဲ့တာတွေလည်းရှိတယ်”

“ဘယ်လိုနည်းနဲ့ ကာကွယ် နိုင်သလဲ”

“အမှန်တကယ်တိုက်ခန်း ဝယ်သူတွေအနေနဲ့ မဆုံးရှုံးအောင် ကာကွယ်တဲ့နည်းကတော့ ဝယ်ခွန် ဆောင်ထားဖို့ပဲ ဖြစ်တယ်”

“ကြိုပွိုင့်ဝယ်ထားရင်လည်း အခွန်ဆောင်လို့ရပါသလား”

“ရတာပေါ့၊ တိုက်ခန်းတန်ဖိုး အပေါ် တန်ဖိုးဖြတ်ပြီး သတ်မှတ် နှုန်းထားနဲ့အညီ အခွန်ပေးဆောင် လို့ရပါတယ်။ အဲဒီလို အခွန် ဆောင်ထားရင်တော့ အဲဒီတိုက် ခန်းပိုင်ရှင်ဟာ တရားဝင် မိမိအ မည်ပေါက်ရပြီးသွားတဲ့ သဘော ဖြစ်တယ်။ မည်သူကမှ ကန့်ကွက် လို့မရဘူးပေါ့”

“တရားရုံးတွေမှာ အမှုဆိုင် ရင်လည်း အခွန်ဆောင်ထားတဲ့ သူ က ပိုင်တာပေါ့နော်”

“မှန်တာပေါ့၊ ဒါကြောင့် တိုက်ခန်းဝယ်ရာမှာလည်း မိမိအ မည်ပေါက်ပိုင်ရှင်အဖြစ် တရားဝင် ဖြစ်ဖို့ကတော့ ပေးဆောင်ရမယ့် အခွန်၊ ဝယ်ခွန်ကို ပေးဆောင်တာ ဟာ အကောင်းဆုံးပဲ သူငယ်ချင်း” ဟု ရှင်းပြလိုက်မိပါသည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credtit to: ‌ဈေးကွက်ဂျာနယ်