သီးခြားခွဲစိတ်ကာရန်ထားသည့်အိမ်ခန်းကို ဝယ်မည်ဆိုလျှင်

“အပေါင်းအသင်းတစ်ယောက်က သူ့မှာ ငွေအခက်အခဲ ဖြစ်နေလို့ သူ့အိမ်ခန်းကိုဝယ်ပါဆိုပြီး အကူအညီတောင်းတာကြောင့် သူငယ်ချင်း ဆီ ဆွေးနွေးဖို့ ရောက် လာတာပဲ”

ကျောင်းနေဖက် ငယ်သူငယ် ချင်း တစ်ဦးက စာရေးသူ၏ ရုံးခန်း သို့ရောက်လာပြီး စကားဦးသန်း လိုက်ခြင်းဖြစ်သည်။

“အိမ်ခန်းဆိုတော့ ယခုအရောင်းအဝယ်လုပ်နေတဲ့ အ ပျောက်စနစ်နဲ့ တိုက်ခန်းမျိုးတော့ မဟုတ်လောက်ဘူး”

“အေး-မှန်တယ် သူငယ်ချင်း ပျဉ်ထောင်အိမ်ပဲ”

“အင်း-ဟုတ်ပါပြီ။ ပျဉ် ထောင်အိမ်တစ်အိမ်ထဲမှာ အခန်း တွေကန့်ပြီးငှားထားတဲ့ သဘောပဲ မဟုတ်လား”

“သူတို့ပြောစကားအရတော့ ငှားနေတာမဟုတ်ဘူး၊ အပျောက် စနစ်မျိုးနဲ့ အိမ်ခန်းကို ဝယ်ထား တာလို့ ပြောတာပဲ။ အဲဒါဖြစ်နိုင် လား”

“ဖြစ်နိုင်လားဆိုတော့ အခု ပြောတဲ့ အိမ်က နှစ်ထပ်အိမ်လား၊ ဘယ်လိုအခန်းတွေ ဖွဲ့ကာထားသ လဲ၊ ဘယ်အခန်းကို ဘယ်လိုနည်းနဲ့ ဝယ်ယူနေထိုင်လာသလဲ၊ စာချုပ် စာတမ်းတွေရှိ မရှိ၊ မေးမြန်းစုံစမ်း ဖို့တော့ လိုလိမ့်မယ်”

“အိမ်က နှစ်ထပ်အိမ်ပဲ၊ အခု ရောင်းမယ်ဆိုတဲ့ အခန်းက အပေါ် ထပ် ဝဲဘက်အခန်းဖြစ်တယ်”

“အခုရောင်းမယ်လို့ ဆိုသူက တစ်အိမ်လုံးရဲ့ ပိုင်ရှင်လား”

“တစ်အိမ်လုံးတော့ မပိုင်ဘူး။ အခုရောင်းမယ်ဆိုတဲ့အပေါ်ထပ် ဝဲဘက်အခန်းကိုပဲ ပိုင်ဆိုင်တယ် လို့ ပြောတယ်”

“ဒါဆို မြေပိုင်ရှင်က အခြား လူသတ်သတ်ရှိတယ်ပေါ့”

“အင်း-မြေပိုင်ရှင်က အခြား လူဖြစ်မယ်ထင်တယ်၊ အခုအိမ် ခန်းရောင်းမယ်လို့ ပြောတဲ့သူ မ ဟုတ်တာတော့ သေချာတယ်”

“ဒီတော့ အိမ်ခန်းတွေကို ဘယ်လိုဖွဲ့ထားလဲ ပြောပြပါဦး”

“အောက်ထပ်မှာ နှစ်ခန်း၊ အ ပေါ်ထပ်မှာနှစ်ခန်း အလယ်က ကာပြီးခွဲထားတယ်”

“အပေါ်ထပ်တက်ဖို့ အောက် ထပ်က အိမ်ခန်းအတွင်းထဲကနေ တက်ရတာပေါ့”

“မဟုတ်ဘူး၊ အပေါ်ထပ် တက်ဖို့ အပြင်ကနေ တစ်ဖက်စီ မှာ သီးခြားလှေကားတွေရှိတယ်”

“လက်ဝဲဘက်အိမ်ခန်းအတွက် အပြင်လှေကားတစ်ခု၊ လယ် ယာဘက်အိမ်ခန်းအတွက်အပြင် လှေကားတစ်ခု သီးခြားတစ်ခုစီရှိ နေ တယ်ပေါ့”

“အစကတော့ အတွင်းလှေ ကားတစ်ခုပဲရှိတယ်လို့ ပြောတယ်၊ နောက်ပိုင်းမှ အိမ်ခန်းတွေကန့်ပြီး အပြင်လှေကားတွေ တပ်လိုက်တာ လို့ သိရတယ်”

“အခုရောင်းမယ်ဆိုတဲ့ သူက အဲဒီအပေါ်ထပ် ဝဲဘက်အိမ်ခန်း ကို ဘယ်လိုရောက်ရှိပိုင်ဆိုင်လာ တယ်လို့ ပြောသလဲ”

“မူလအိမ်ပိုင်ရှင်ဆီကနေ ဝယ်ထားတဲ့သူထံက တစ်ဆင့် ဝယ်ထားသူလို့ ပြောတယ်”

“မူလ အိမ်ပိုင်ရှင်ဆိုတော့ မြေနဲ့ အိမ်အားလုံးပိုင်တဲ့သူဆီက နေ အရင်လူက ဝယ်ထားတဲ့ သဘောပေါ့”

“အဲဒီလိုလဲ မဟုတ်ဘူး”

“ဒါဆိုမင်း ကိစ္စက ဘယ်လို လဲ”

“မူလ လူက အိမ်နဲ့မြေပိုင် တဲ့ သူဆီက ဝယ်တာမဟုတ်ဘူး၊ မြေ ပိုင်တဲ့သူနဲ့ အိမ်ပိုင်တဲ့သူက တစ် ယောက်စီ၊ ညီအစ်ကိုနှစ်ယောက် လို့ သိရတယ်”

“ဒါဆိုရင် အစ်ကိုဖြစ်သူရဲ့ မြေကွက်ပေါ်မှာ ညီဖြစ်သူက မိမိ စရိတ်နဲ့ မိမိအိမ်ဆောက်နေတဲ့ သဘောလား”

“ဟုတ်မယ်ထင်တယ်၊ အိမ်က ညီဖြစ်တဲ့သူရဲ့ အိမ်လို့ပြောတာပဲ”

“အိမ်ပိုင်ရှင်ညီဖြစ်တဲ့ သူက အိမ်ခန်းတွေဖွဲ့ပြီး ရောင်းစားလိုက် တာဖြစ်မယ်”

“တို့ သိချင်တာက အဲဒီလို အိမ်ခန်းကို ဝယ်လို့ရမရ သိချင်တာ”

“မြေပိုင်ရှင်ကလည်း မကန့် ကွက်ဘူး၊ အိမ်ခန်းတွေကို အဆင့် ဆင့်ရောင်းချခဲ့တာ မှန်တယ်ဆိုရင် အပျောက်စနစ်သဘောမျိုးရောင်း ဝယ်ကြတယ်လို့ ဆိုရမှာဖြစ်တယ်”

“ဥပဒေနဲ့အညီ တရားဝင် ရောင်းဝယ်လွှဲပြောင်းယူလို့ရတယ် ပေါ့”

“သီးခြားအိမ်ခန်းတစ်ခုချင်း အဖြစ် ဖွဲ့စည်းကာရံထားတာဖြစ် လို့ မိမိပိုင်ဆိုင်နေထိုင်ရာ အိမ်ခန်း ကို လွှဲပြောင်းရောင်းချခွင့်ရမှာဖြစ် တယ်၊ တစ်ခုသတိပြုရမှာကတော့ မြေရှင်နဲ့ ဘယ်လိုသဘောတူညီ ချက်ရယူထားတယ်ဆိုတာတော့ စုံစမ်းပြီးမှ ဝယ်သင့်တယ်၊ မမျှော် လင့်ဘဲ မြေရှင်က ပိုင်ဆိုင်မှုရှိပါ တယ်ဆိုပြီး ကန့်ကွက်တောင်းဆိုမှု တွေ ဖြစ်လာတတ်တာကြောင့် အ ထူးသတိပြုဝယ်ယူသင့်ပါ တယ်”

“တိုက်ခန်းအရောင်းအဝယ် လို မြေရှင်တွေက အမည်ပြောင်းခ အဖြစ် တောင်းဆိုတာမျိုးရှိချင် လည်းရှိနိုင်တာပေါ့နော်”

“ရှိနိုင်တာပေါ့၊ ဒါကြောင့် မြေ ရှင်ကိစ္စကို သေချာ စုံစမ်းပြီး ယခင် အရောင်းအဝယ်ပြုလုပ်တဲ့ သူတွေ ရဲ့ ဆောင်ရွက်မှုအတိုင်း ဆက် လက်ဆောင်ရွက်သွားရမှာဖြစ်တယ်”

“အဲဒီလို အိမ်ခန်းတွေ ကန့် ပြီး ရောင်းစားလို့ ရသလား”

ဒါနဲ့ ပတ်သက်လို့ သူငယ် ချင်းကို ရှင်းအောင်ပြောပြရမယ်ဆို ရင် တရားရုံးချုပ် တရားမအထူး အယူခံရုံးက ဆုံးဖြတ်ထားတဲ့ (တရား မထူးအယူခံမှု) ဦးအောင် ဝင်းပါ ၃ (ကွယ်လွန်သူဦးစောဖေ ၏ တရားဝင် ကိုယ်စားလှယ်များ) နှင့် ဦးကျော်ညွှန် ၂ဝဝ၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက် နှာ ၁၃ အမှုမှာ ဦးအောင်ဝင်းနှင့် ဦးမောင်တင်တို့သည် ပျဉ်ထောင်၊ ပျဉ်ခင်း၊ဓနိမိုး၊ တံခါးဘေးပေါက်ပါ အိမ် ကိုမူလပိုင်ရှင်ထံမှ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ဖြင့် ဝယ် ယူခဲ့သည်။ ဦးအောင်ဝင်းက အ ချင်းဖြစ် ဥပစာနေအိမ် အပေါ်ထပ် တောင်ဘက်ခြမ်းတွင်လည်းကောင်း၊ ဦးမောင်တင်က နေအိမ် အပေါ်ထပ်မြောက်ဘက်ခြမ်းတွင် လည်းကောင်း ဝါးထရံ ကာ၍ နေထိုင်ခဲ့ ကြသည်။ ဦးမောင်တင် ကွယ်လွန် သော သမီးဖြစ်သူတို့က မြောက် ဘက်ခြမ်းကို မြေပိုင်ရှင် ဦးတင် ဝင်းကို မှတ်ပုံတင် စာချုပ်ဖြင့် ရောင်းချသည်။ ဦးတင်ဝင်းက ယခုအမှုတရားလို ဦးကျော်ညွှန့်ကို မှတ်ပုံတင်စာချုပ်ဖြင့် ထပ်မံရောင်း ချခဲ့သည်။ ဤတွင် တောင်ဘက် ခြမ်းနေ ဦးအောင်ဝင်းက အကာ များဖျက်၍ ဝင်ရောက်နေထိုင် သဖြင့် ဦးကျော်ညွှန့်မှ အိမ်ခန်း လက်ရောက်ရလိုမှု တရားစွဲဆိုခြင်း ဖြစ်သည်။

တရားရုံးက ဆုံးဖြတ်သည်မှာ အချင်းဖြစ် အိမ်၏ တောင်ဘက် ခြမ်း၊ မြောက်ဘက်ခြမ်းကို ဝါးထရံ ဖြင့် အခိုင်အမာ သီးခြားကာရံ ထားပြီး တစ်ဖက်စီတွင် လှေကား နှင့် တံခါးပေါက်များရှိသည်။ မြောက်ဘက်ခြမ်းတွင် ဦးတင်မိ သားစုနေပြီး တောင်ဘက်ခြမ်းတွင် ဦးအောင်ဝင်းတို့ တစ်သီးတစ်ခြား စီနေထိုင်ကြခြင်းဖြစ်သည်။

ပစ္စည်းလွှဲပြောင်းခြင်း အက် ဥပဒေပုဒ်မ ၉ တွင် စာနှင့် ရေး သားရန် ဥပဒေအရ အတိအလင်း မလိုအပ်သည့် ကိစ္စကို စာမရေး သားဘဲ ပစ္စည်းလွှဲပြောင်းနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ပစ္စည်းခွဲဝေ ခြင်းကို နှုတ်အားဖြင့်လည်း ခွဲဝေ နိုင်ပေသည်။ ဦးအောင်ဝင်းနှင့် ဦးမောင်တင်တို့သည် အချင်းဖြစ် နေအိမ် တွင် နှစ်ဦး သဘောတူသီး သီးခြားခြားခွဲခြားနေထိုင်ပြုမူပုံကို ထောက်ရှုပါ က ၄င်းတို့ ပိုင်ဆိုင် သည့် နေအိမ်တွင် ၄င်းတို့၏ အ ကျိုးခံစားခွင့်ကို အပြီးအပြတ်ခွဲဝေ ပြီး ဖြစ်သည်ဟု ကောက်ယူရမည်။ ထို့ကြောင့် တရားဝင်လွှဲပြောင်း ဝယ်ယူထားသော ဦးကျော်ညွှန့်က ဝင်ရောက်နေထိုင်သူ ဦးအောင် ဝင်းအပေါ် အနိုင်ရထိုက်သည်ဟု ဆုံးဖြတ်ခဲ့ပါတယ်။

“ဒါကြောင့် သီးခြားခွဲစိတ်ကာ ရံထားတဲ့ အိမ်ခန်းဆိုရင်တော့ တရားဝင်လွှဲပြောင်းရောင်းချခွင့်ရှိ မှာ ဖြစ်တယ်လို့”အကြံပြုပြော ကြား လိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်