ဘာသာမတူ မွေးစားသားသမီးများထံမှ အိမ်ခြံမြေ ဝယ်ယူပိုင်ခွင့်

တစ်နေ့က စာရေးသူ၏ ရုံးခန်းသို့ အမျိုးသားတစ်ဦးရောက် လာပါသည်။ ထိုသူ၏ ပြောစကား အရ မိတ်ဆွေတစ်ဦးက ညွှန်ပြ လိုက်၍ ဆွေးနွေးရန် ရောက်လာသည်ဟုဆိုပါသည်။ စာရေးသူ၏ မိတ်ဆွေအမည်ဖြစ်နေသဖြင့် ထိုသူ၏ ဥပဒေ ပြဿနာကို လက်ခံ ဆွေးနွေးပေးရန် သဘောတူလိုက် သည်။

ဒီလိုပါ ဆရာ၊ ကျွန်တော်အ နေနဲ့ အိမ်နဲ့ မြေဝယ်ဖို့ စာရွက်စာတမ်းတွေ သွားကြည့်ပါတယ်။

“ဘာအခက်အခဲတွေ တွေ့ခဲ့လဲ”

“စာရွက်စာတမ်းတွေအရ တော့၊ ဂရန်အမည်ပေါက်က အဘွားကြီး အမည်ပေါက်။ ဒါပေ မယ့် သူက အပျိုကြီးဘဝနဲ့ ကွယ် လွန်သွား တယ်”

“ဒါက ရှင်းပါတယ်။ ကွယ် လွန်သူရဲ့ အငယ်မောင်နှမတွေက အမွေဆက်ခံမှာပေါ့၊ မောင်နှမ သားချင်းမရှိလို့လား”

“မောင်နှမသားချင်းလည်းရှိ တယ်။ ခက်နေတာက အမည် ပေါက်အဘွားကြီးမှာ မွေးစားသား ရှိတယ်လို့ ပြောတယ်”

“ဒါဆို ပိုအဆင်မပြေဘူး လား။ကိတ္တိမမွေးစား စာချုပ်ရှိ မရှိ၊ စုံစမ်းပြီး၊ ကိတ္တိမမွေးစား စာချုပ်နဲ့ ချုပ်ဆိုထားတဲ့ မွေးစားခြင်းဖြစ် ရင် တော့ တရားဝင်တယ်။ သားသမီး အမွေဆက်ဆံသူအနေနဲ့ အမွေ ဆက်ခံ စာချုပ်ပြုလုပ်ပြီး အ ရောင်းအဝယ်မှတ်ပုံတင် စာချုပ်ပြု လုပ် လို့ရတယ်။ ဥပဒေနဲ့ အညီ တရားဝင် ကိတ္တိမမွေးစားစာချုပ် ရှိ မရှိကို အဓိက စိစစ်ပြီး ဝယ်ရင် ဖြစ်ပါတယ်”

“မွေးစားသားဆိုတဲ့ သူနဲ့ ကျွန် တော်တွေ့ခဲ့တယ် ဆရာ။ အစ္စလမ် ဘာသာဝင်လူမျိုး ဖြစ်နေလို့”

“ဟင်” ကျွန်တော်အနည်း ငယ် တွေဝေသွားပါသည်။ ပြီးမှ –

“အစ္စလမ်ဘာသာဝင်က ပြဿနာမဟုတ်ဘူး။ နိုင်ငံခြားသား၊ တစ်နည်းအားဖြင့် နိုင်ငံခြား သားမှတ်ပုံတင် လက်မှတ်ကိုင် ဆောင်ထား သူ မဟုတ်ဖို့ လိုတယ်။ နိုင်ငံခြားသားဖြစ်နေရင်တော့ အမွေဆက်ခံခွင့်မရဘူး”

“ကွယ်လွန်သွားတဲ့ ဂရန်အမည်ပေါက်အဘွားကြီးက ဗုဒ္ဓဘာ သာဝင်ဖြစ်နေတော့ အစ္စလမ်ဘာ သာဝင်က အမွေရနိုင်ပါ့မလား”

“ဟုတ်တယ်။ မှန်တယ်၊ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ၊ ဗုဒ္ဓ ဘာသာဝင် မိဘရဲ့ အမွေဆက်ခံ ခွင့်ဟာ ဘာသာခြားသားသမီးဆီ မရောက်နိုင်ဘူးပေါ့။ ဒါပေမယ့် အခုကိစ္စက မွေးစားခြင်း ကိစ္စနဲ့ ပတ်သက်နေတယ်။ အခုမွေးစား စာချုပ်ကို သေချာကြည့်ခဲ့ ရဲ့ လား”

“အဲဒါတော့ သူကမပြတာ ကြောင့် မကြည့်ဖြစ်ခဲ့ဘူး။ ကျွန် တော်လည်း သေချာမမေးလိုက် မိဘူး။ ပွဲစားအမျိုးသမီး ပြောတာ တော့ မှတ်ပုံတင် မွေးစားစာချုပ် ရှိတယ်ပြောတာပဲ”

“ဒါနဲ့ ပတ်သက်လို့ မိတ်ဆွေ ကြီး ရှင်းသွားအောင် တရားရုံးချုပ် က စာချွန်တော်အနေနဲ့ ဆုံးဖြတ် ထားတဲ့ အမှုတစ်ခုကို ဖတ်ပြ မယ်”

ကျွန်တော်က စီရင်ထုံး စာ အုပ်ကို စာအုပ်စင်မှ ဆွဲထုတ်ပြီး ဖတ်ပြလိုက်ပါသည်။

“ဦးကျော်မင်းပါ နှစ်ဦးနှင့် ဌာနမှူးမြို့ပြစီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှု ဌာန ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီပါ နှစ်ဦး။ ၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံး စာမျက်နှာ ၁” အမှုမှာ၊ အမှုဖြစ်စဉ်က ရန်ကုန်တိုင်း တရားရုံးတွင် တရားလို ဦးကျော် ဝင်း၊ ဦးကျော်မင်းတို့က တရားပြိုင် မိုဟာမက်ကာဆင် (ခ) ဘဆွေအ ပေါ် ၁၈.၈.၂ဝဝ၈ နေ့စွဲပါ နှစ် ဦး သဘောတူ အရောင်း အဝယ် စရန်ပေးစာချုပ်ပါအတိုင်း ကျန်ငွေ ကျပ်သန်း ၄၈ဝ အားလက်ခံရယူ ပြီး မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ်ဆိုပေးစေ လိုမှု စွဲဆို ရာ အနိုင်ဒီကရီရခဲ့သည်။ ယင်းအနိုင် ဒီကရီအရ အရောင်းအဝယ် စာ ချုပ်ကို ချုပ်ဆိုရန် ပျက်ကွက်သော တရားရှုးံ ကိုယ်စား ဒုတိယ ဦးစီး အရာရှိ (တရားရေး) မှ မှတ်ပုံတင် စာချုပ်ဖြင့် အပြီးအပိုင်းလွှဲပြောင်း စာချုပ် ချုပ်ဆိုပေးရန် အမိန့်ချခဲ့ သည်။

မှတ်ပုံတင် စာချုပ်ချုပ်ဆိုရန် အတွက် အချင်းဖြစ်မြေနှင့် စပ် လျဉ်း၍ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမြို့ပြ စီမံ ကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာန၌ အ ရောင်းအဝယ်မြေပုံ မြေရာဇဝင် ကူးယူခွင့် လျှောက်ထားရာ ယင်း ဌာနမှ မိုဟာမက်ကာဆင် (ခ) ဦး ဘဆွေ၏ နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင် အိန္ဒိယလူမျိုး အစ္စလာမ်ဘာသာ ကိုးကွယ်သူဟု ပါရှိသဖြင့် မြန်မာဓလေ့ ထုံးတမ်း ဥပဒေနှင့် သက်ဆိုင် အကျုံးဝင် သူမဟုတ်ကြောင်း တွေ့ရသည့်အ ပြင် အစ္စလာမ်ဘာသာဝင်များ၏ ကုရ်အာရ်ကျမ်းတွင် လည်း သားသမီးမွေးစားမှုကို လုံးဝအသိအမှတ် မပြုသောကြောင့် ကိတ္တိမမွေးစားခြင်းကို လက်ခံစဉ်းစား၍ ရနိုင်မည် မဟုတ်ကြောင်း ဟု အ ကြောင်းပြန်ကြားပြီး မြေပုံကူး လျှောက်လွှာကို ခွင့်မပြုခဲ့ပေ။

ထိုကြောင့် ဦးကျော်ဝင်းတို့က တရားရုံးချုပ်သို့ အာဏာပေးစာ ချွန်တော် အမိန့်ထုတ်ဆင့်ပေးပါ ရန် လျှောက်ထားလာခြင်းဖြစ် သည်။

တရားရုံးချုပ်က သုံးသပ်သည် မှာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် ကိတ္တိမသားသမီးမွေးစားခြင်းမှတ် ပုံတင် အက်ဥပဒေ တို့တွင် မြန်မာ ဗုဒ္ဓဘာသာ မိဘသည် အခြား လူ မျိုး ဘာသာမတူသူကို မွေးစားခွင့် မရှိဟု ပိတ်ပင်တားမြစ်ထား ခြင်းမရှိပါ။ သားသမီး မွေးစားခြင်း မှာ ပဋိညာဉ်ပြုလုပ်ခြင်းပင်ဖြစ် သည်။ ထို့ကြောင့် ပဋိညာဉ်မပြု လုပ်နိုင်သူ တစ်နည်းအားဖြင့် အသက် ၁၈ နှစ် မပြည့်သေးသူ၊ ရူးသွပ်သူများ သားသမီးမမွေးစား နိုင်ဟုသာ တားမြစ်ချက်ရှိပေ သည်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လဝီ အဖွဲ့ (ဌာနချုပ်) ရန်ကုန် မြို့၏ ၁၄.၁.၂ဝ၁ဝ နေ့စွဲဖြင့် အစ္စလာမ် တရားဥပဒေ၊ ဓမ္မသတ် ပြန်ကြားစာတွင် အစ္စလာမ်ဘာ သာဝင်များအနေဖြင့် “မွေးစားခံ ခြင်း” နှင့် စပ်လျဉ်း၍ တားမြစ်မှု မရှိကြောင်း ဖော်ပြထားသည်။

သို့ဖြစ်၍ ဤအမှုတွင် မွေးစား မိခင်ဖြစ်သည့် ဒေါ်ဝင်းမှီသည် မို ဟာမက်ကာဆင် (ခ) ဦးဘဆွေ အား ၂ဝ.၁.၁၉၉၅ နေ့တွင် ရန် ကုန်မြို့ စာချုပ် စာတမ်းမှတ်ပုံ တင်ရုံ မှတ်ပုံတင် စာချုပ်အမှတ် ၃၄၈/၉၅ ဖြင့် အမွေစားအမွေခံ ကိတ္တိမသားသမီး မွေးစားစာချုပ် ချုပ်ဆိုခဲ့ရာ ယင်းမွေးစားခြင်း မှတ်ပုံတင် စာချုပ်သည် ဥပဒေနှင့်အညီဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသ ဖြင့် မြေပုံမြေ ရာဇ ဝင် လျှောက် ထားခြင်းအား ခွင့်ပြုထုတ်ပေးရန် အာဏာပေးစာချွန်တော် အမိန့်ကို ထုတ်ဆင့်ကြောင်း ဆုံးဖြတ်ခဲ့ပါ သည်။

“အဲဒီဆုံးဖြတ်ချက်အရဆို ရင် ဘာသာခြား တစ်ဦးတစ်ယောက် ကို ဗုဒ္ဓဘာသာဝင် မိဘတွေက မွေး စားနိုင်တယ်ဆိုတာ တွေ့ရ တယ်။ အခုမိတ်ဆွေရဲ့ ကိစ္စမှာလည်း ကွယ်လွန်သူ အမည်ပေါက်က ဗုဒ္ဓဘာသာဝင်ဖြစ်နေစေကာမူ အစ္စလာမ်ဘာသာဝင်ကို ကိတ္တိမ မွေးစား စာချုပ်မှတ်ပုံ တင်ပြုလုပ် ပြီး တရားဝင် မွေးစားနိုင်တယ်”

“ဒါဆိုရင် မွေးစားစာချုပ်ရှိ ဖို့ပဲ လိုတာပေါ့”

“တစ်ခုတော့ ရှိတယ်။ မှတ်ပုံ တင် မွေးစားစာချုပ်၊ ကိတ္တိမမွေး စားချုပ်ဖြစ်ဖို့တော့ လိုတယ်။ ဒါမှ တရားဝင်ဆောင်ရွက်နိုင်မှာဖြစ် တယ်။ ဒီတော့ မွေးစားစာချုပ်ကို လေ့လာပြီး ဆက်လက်ဆောင်ရွက် ပေတော့”ဟု ဆွေးနွေးလိုက်ပါ တော့သည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်