အိမ်မြေ တိုက်ခန်း အဝယ်ထပ်ရာတွင် စရန်ငွေနှင့် ငွေအကြေပေးချေခြင်းတို့ ကွာခြားမှု
မိတ်ဆွေတစ်ဦး၏ သားဖြစ်သူ ကိုဖြိုးသည် စာရေးသူ၏ ရုံးခန်း သို့ တစ်နေ့က ရောက်လာပါသည်။
“ကျွန်တော်အနေနဲ့ တိုက်ခန်း တစ်ခန်းကို ကြိုပွိုင့်ဝယ်ထားတယ် ဦး”
“အခု တိုက်ခန်းပြီးသွားပြီးမှ ပြဿနာဖြစ်လာလို့လား”
“မဟုတ်ဘူး ဦး။ တိုက်ခန်း ကမပြီးသေးဘူး၊ ကျွန်တော်ဝယ် ထားတာက ခြောက်လွှာမှာ၊ အခု လေးလွှာတောင်မပြီးသေးဘူး”
“ဝယ်ထားတာကြာပြီလား”
“တစ်နှစ်ခွဲလောက်တော့ရှိပြီ ထင်တယ်၊ အခုမှ မြေရှင်က ပြော တော့ ကျွန်တော်ဝယ်ထားတဲ့ တိုက် ခန်းကို ကျွန်တော် မဝယ်မီက ကန်ထရိုက်က ရောင်းထားတဲ့လူရှိတယ်လို့ ပြောတယ်”
“အဲဒီတော့ ကန်ထရိုက်နဲ့ တွေ့ပြီးပြီလား”
“ဒီလို ဦးလေးရဲ့၊ စပြီးဖြစ်တာ က ဒီမြေကွက်မဟုတ်ဘူး။ ကျွန် တော်က အိမ်ထောင်ပြုခါစ ဆို တော့ တိုက်ခန်းကြိုပွိုင့်ဝယ်မယ်ဆို ပြီး ဝယ်လိုက်တယ်၊ တစ်နှစ်နီးပါး ကြာသွားတယ်။ ဘာမှမလုပ်ဖြစ် ဘူး။ ဒါနဲ့ အခြားနေရာမှာ ဆောက် လက်စတိုက်ခန်းရှိရင် အစား ထိုး ပေးဖို့ ကန်ထရိုက်ကို ပြောပြ တယ်”
“ဒီတော့ အခုအချင်းဖြစ်တဲ့ အခန်းကို လဲပေးလိုက်တယ်ပေါ့”
“ဟုတ်ပါတယ်ဦး၊ ပြီးခဲ့တဲ့ နှစ်လလောက်က ကျွန်တော့် အခန်းကြမ်းခင်းလောင်းမှာမို့ ငွေအကြေပေးပါဆိုပြီး ကန်ထရိုက်ကတောင်း တယ်”
“ဒါနဲ့ ငွေအကြေချေလိုက် တယ်ပေါ့”
“ဟုတ်ကဲ့၊ ကျွန်တော်လည်း ပြီးချင်တာနဲ့ ကျန်ငွေပေးချေလိုက် တယ်”
“အဲဒီတုန်းက သက်သေအ နေနဲ့ ရာအိမ်မှူးတွေ ရပ်ကွက်အုပ် ချုပ်ရေးမှူးတွေ မပါဘူးလား”
“ရာအိမ်မှူးနဲ့ မြေရှင်က အသိသက်သေလက်မှတ်ထိုးထားပေး တယ်”
“အခုတိုက်ခန်းကို ဝယ်ထား တယ်ဆိုတဲ့ သူက ဘယ်တုန်းက ဝယ်ထားလဲ”
“ကျွန်တော်သွားတွေ့တော့ သူ က ကျွန်တော်စရန်ငွေမပေးမီနှစ် လလောက်ကတည်းက စရန်ငွေ ပေးထားတဲ့ စာချုပ်ကို တွေ့ရတယ်။ ဒါပေမယ့် သူ့စရန်ပေးစာချုပ်မှာ မြေရှင်လက်မှတ်ထိုးထားတာမရှိ ဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့လည်း လက်မှတ်ထိုးမ ထားဘူး။ နောက်မှ သိရတာက ဆောက်လုပ်ရေးအတွက် လိုအပ် တဲ့ ပစ္စည်းဖိုးငွေတွေ မပေးလို့ အကြွေးနဲ့ တိုက်ခန်းကို သိမ်းပြီး အ ရောင်းစာချုပ် ချုပ်ထားတယ်လို့ သိရတယ်”
“အဲဒီတော့ အခုဘာလုပ်မယ် စိတ်ကူးထားလဲ” ကျွန်တော်က ကို ဖြိုးကို မေးခွန်းထုတ်လိုက်မိသည်။
“စရန်ငွေပေးထားတဲ့ လူပြောတာက သူသက်သေလိုက်ပေးမယ်။ ကန်ထရိုက်ကို လိမ်လည်ရောင်းတယ်လို့ တရားစွဲ ပြီးတော့ လျော် ကြေး လည်း တောင်းလို့ ပြောတာပဲ။အဲ-သူကတော့ ကျွန်တော့်ထက် စောပြီး ဝယ်ထားတာမို့ ဥပဒေအရ သူက တိုက်ခန်းပိုင်ရှင်ဖြစ်တယ်လို့ ပြောတယ်။ အဲဒါဟုတ်ပါသလား ဦး။ ကျွန်တော်လည်း သူ့စကားကို ကြားတော့ ငွေရော တိုက်ခန်းပါ ဆုံးရှုံးတော့မှာပဲဆိုပြီး ခေါင်းထဲထူ ပူသွားတယ်၊ ဒါကြောင့် ဦး ဆီလာ တိုင်ပင်တာပါ”
“နှစ်ပိုင်းတွေ့ရမယ်။ ပထမပိုင်း ပထမအချက်အနေနဲ့ကတော့ ကိုဖြိုး ပြောသလို ကန်ထရိုက်ကို တရားစွဲရမယ်။ ရောင်းပြီးသား တိုက်ခန်း ကို လိမ်လည်ပြီး ထပ် ရောင်းကာ ငွေယူသွားတဲ့ ကိစ္စအ ပေါ် ရာဇဝတ်ကြောင်းနဲ့ တရားစွဲ မယ်။ တစ်ဆက်တည်း ကတိစာ ချုပ်ပါအတိုင်း ရောင်းဖိုး ငွေပြန်ရ ဖို့နဲ့ လျော်ကြေးရလိုမှုကို တရားမ ကြောင်းအရ တရားစွဲတောင်း ဆိုတဲ့ အချက်ဖြစ်တယ်။ ဒီမှာတော့ သက်သေအဖြစ် ပထမစရန်ငွေ ပေးချေထားသူကို သက်သေထွက် ဆိုဖို့ တောင်းဆိုရမယ်။ ဒါမှ ကန် ထရိုက်တာက ရောင်းပြီးသား တိုက်ခန်းကို ထပ်ပြီးရောင်းတာ ပေါ်လွင်မှာဖြစ်တယ်”
“ဦးပြောသလို ရာဇဝတ် ကြောင်းနဲ့ တရားစွဲရင် ကန်ထရိုက် ထောင်ကျသွားမှာပေါ့နော်”
အေး-ဒါကြောင့် တရားမမှုနဲ့ တစ်ပြိုင်တည်း တရားစွဲဆိုကြတာ ပေါ့။ ကိုဖြိုးသိအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ “ဦးကျော်ရွှေနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ပါ နှစ်ဦး၊ ၁၉၉၅ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၁)” အမှုမှာ တိုက် ခန်း ဝယ်ထားတဲ့ ဦးမောင်ချိုက ကန် ထရိုက်တာ ဦးကျော်ရွှေအပေါ် တိုက်ခန်း တန်ဖိုးငွေအကြေရယူ ထားပြီးမှ အဆိုပါ တိုက်ခန်းကို အ ခြားသူတစ်ဦးအားရောင်းလိုက်တဲ့ အတွက် ရောင်းဖိုးငွေနှစ်ဆရရန် တရားမကြောင်းနဲ့ တရားစွဲဆိုခဲ့ တယ်။ တစ်ပြိုင်တည်းမှာ ဦးကျော် ရွှေအပေါ် ရာဇဝတ်ကြောင်းအရလည်း တရားစွဲဆိုတယ်။ တရားရုံးချုပ်က တိုက်ခန်းမဖြစ်ပေါ်သေး သော် လည်း ငွေကို ယူထားပြီးမှ အ ခြားသူကို ရောင်းခြင်းတွေပြစ်မှု မြောက်တယ်လို့ဆုံးဖြတ်ခဲ့တယ်။ အခုကိုဖြိုးအမှုဆိုရင် ကန်ထရိုက် အပေါ် ရောင်းပြီး သားတိုက်ခန်းကို ထိမ်ချန်ပြီး ထပ်မံရောင်းချငွေရယူ တဲ့အတွက် လိမ်လည်ရောင်းချမှု မြောက်မှာဖြစ်တယ်”
“ကန်ထရိုက်အပေါ် တရားစွဲ လိုက်ရင် တိုက်ခန်းတော့ ပြန်မ ရတော့ဘူးပေါ့နော်”
“တိုက်ခန်းကို လိုချင်ရင် တော့ ကန်ထရိုက်အပြင် ပထမ စရန်ပေးထားတဲ့ သူကိုပါ တရားစွဲ ရမှာဖြစ်တယ်”
“ပထမလူက ငွေအရင်ပေး ထားတော့သူပဲ တိုက်ခန်းရနိုင်ပြီး ကျွန်တော်မရနိုင်ဘူးပေါ့နော်”
“နှစ်ဦးလုံးတိုက်ခန်းအတွက် ငွေအကြေပေးထားကြတယ်ဆိုရင် တော့ ဦးစွာငွေအကြေပေးသူက ပိုင်ဆိုင်ခွင့်ရမှာဖြစ်တယ်။ ‘စာချုပ် စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ (၄၇)အရ မြေအဆောက်အအုံ ပိုင်ဆိုင်ခွင့်ကို ဦးစွာ ပဋိညာဉ်ပြု သူအား ဦးစားပေးဆုံးဖြတ်ရ မယ်’ လို့ ပြဋ္ဌာန်းထားတဲ့အတွက် ဦးစွာ ငွေအကြေပေးဝယ်သူက နောက်မှ ငွေအကြေပေးဝယ်သူထက် ပိုင် ဆိုင်ခွင့်ရမှာဖြစ်တယ်”
“ကျွန်တော်တို့လို တစ်ဦးက စရန်ငွေပဲ ပေးရသေးတယ်ဆိုရင်”
“များသောအားဖြင့် ပစ္စည်းအရောင်းအဝယ်တွေမှာ စရန်ငွေ ပေးတာက ရောင်းကြေးငွေအတွက် တစ်စိတ်တစ်ဒေသပေးချေတဲ့ သဘော နဲ့ စာချုပ် ချုပ်ကြတယ်။ ဒါကြောင့် ငွေအကြေပေးချေခြင်း မဟုတ်လို့ ပစ္စည်းကို ပိုင်ဆိုင်ခွင့် မရသေးဘူး။
တစ်နည်းအားဖြင့် ပြောရရင် အရောင်းအဝယ်ဆုံးခန်း မတိုင် သေးတဲ့ သဘောဖြစ်တယ်။ ဥပဒေ အရဆိုရင်တော့ ရောင်းဖိုး ငွေကြေ သည့်တိုင် ပစ္စည်းလက် ရောက်မ ရသေးရင် ပစ္စည်းကို တရားဝင် မပိုင်ဆိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့်ငွေအကြေပေးချေသူက စရန်ငွေပေးထားသူထက် ပစ္စည်း ပိုင်ဆိုင်နိုင်ခွင့်ကို ပိုပြီးအသာရ မှာဖြစ်တယ်”လို့ ရှင်းပြဆွေးနွေး လိုက်ပါတယ်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်