ပေးကမ်းထားသည့် မြေနှင့် အိမ်ကို ဝယ်လျှင်
တစ်နေ့က ကျွန်တော့် ရုံးခန်း သို့ မိတ်ဆွေတစ်ဦးရောက်လာပါ သည်။
မိတ်ဆွေက “အိမ် နဲ့ မြေကို ဝယ်ဖို့စရန်ပေးထားလိုက်တယ်။ ကန့်ကွက်ရန် ရှိ၊ မရှိ သတင်းစာထဲ ထည့်ကြေညာလိုက်တော့ ရောင်း တဲ့ အိမ်က ရောင်းသူပိုင်မဟုတ်ဘဲ ကန့်ကွက်သူပိုင်အိမ်လို့ ကန့်ကွက် လာတယ်၊ ဘယ်လိုဖြစ်နိုင်သလဲ” ဟု လာရောက်ဆွေးနွေး ပါသည်။
“ကန့်ကွက်သူက အိမ်ပိုင် တယ်ဆိုတော့ မြေအမည်ပေါက်က ဘယ်သူလဲ”
“အစကတော့ ဒီမြေနဲ့အိမ်ဟာ မိဘတွေအမည်နဲ့ပိုင်တယ်လို့ ဆိုတာပဲ၊ နောက်တော့အမေက သားကြီးကို မြေဂရန် အမည်ပေါက် ပြောင်းပေး ခဲ့တယ်ပြောတာပဲ”
“အိမ်ပိုင်တယ်ဆိုတာက သားငယ်က ကန့်ကွက်တာပေါ့”
“သားငယ်က သင်္ဘောသား ဆိုတော့ သူ့မိဘတွေ လက်ထက်ကတည်းက သူ့ငွေနဲ့ တိုက်ဆောက် ပေးခဲ့တာလို့ ပြောတယ်၊ ဒါကြောင့် သူလည်းဆိုင်တယ်ပေါ့”
“သာမန်အားဖြင့်တော့ မိဘ အမွေပစ္စည်းဖြစ်လို့ ညီအစ်ကိုနှစ် ယောက်လုံး ပိုင်တယ်လို့ ဆိုရမှာ ပဲ၊ သားငယ်ကလည်း အမေတို့နေ ဖို့ အိမ်ဆောက်ပေးခဲ့တာကိုး၊ ဒီ တော့ မိဘပိုင်အဖြစ် တည်ရှိနေ တယ်ပေါ့”
“သားကြီးကို မိခင်က မှတ်ပုံ တင်စာချုပ်နဲ့ ပေးကမ်းခဲ့ရင် သား ငယ်က တောင်းပိုင်ခွင့်ရှိပါဦးမ လား”
“မြန်မာ့ဓလေ့ထုံးတမ်းဥပ ဒေအရ ဗုဒ္ဓဘာသာဝင်တိုင်း မိမိ ပိုင်ပစ္စည်းကို မည်သူ့ကိုမဆို မေတ္တာနဲ့ အပိုင်ပေးကမ်းခြင်းပြု နိုင်တယ်။ ဒါပေမယ့် အမွေရှင်တွေရဲ့ အခွင့်အရေးဆုံးရှုံးအောင် ပစ္စည်းအားလုံးမပေးနိုင်ဘူးလို့ သတ်မှတ်ပြဋ္ဌာန်းထားတယ်၊ ဆိုလို တာက တစ်ဦးတည်းကို ပစ္စည်း အားလုံး ပုံမပေးရလို့ ဆိုလိုတာဖြစ် တယ်”
“အခုကိစ္စက ဂရန်အမည် ပေါက်ရပြီးဆိုတော့ မှတ်ပုံတင် စာချုပ်ပြုလုပ်ထားတယ် ထင်တယ်၊ အကယ်၍ မှတ်ပုံတင်စာချုပ် နဲ့ ပေး ကမ်းခြင်းမဟုတ်ရင် တရားမ ဝင် အထမမြောက်ဘူးလို့ ဆိုချင် တာလား”
“မြန်မာဗုဒ္ဓဘာသာဝင်များ ပေးကမ်းခြင်းပြုရာ၌ မရွှေ့မ ပြောင်းနိုင်သော ပစ္စည်း (မြေ၊ အိမ်) စသည်တို့ကို ပေးကမ်းမည်ဆိုလျှင် စာချုပ်စာတမ်းဖြင့် လွှဲပြောင်းရမည်။ စာချုပ်စာတမ်းပြုလုပ်ရာ တွင် ပစ္စည်းပေးသူ၊ ပစ္စည်းလက်ခံ ရရှိသူတို့နှင့်အတူ အနည်းဆုံး သက်သေနှစ်ဦး လက်မှတ်ရေးထိုးပြီး ယင်းစာချုပ်စာတမ်းကို စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပုဒ်မ ၁၇ အရ မှတ်ပုံတင်ချုပ်ဆိုရမည်ဟု ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၁၂၂ နှင့် ၁၂၃ တို့တွင် အ တိအလင်းပြဋ္ဌာန်းထားပါတယ်။ ဒါ ကြောင့် အပေးစာချုပ်ဟာ မှတ်ပုံ တင်မတင်မနေရ စာချုပ်အမျိုး အစားဖြစ်ပြီး၊ မှတ်ပုံတင်စာချုပ်မ ပြုရင် တရားဝင်မှာ မဟုတ်ဘဲ ပျက်ပြယ်နေတဲ့ အပေး စာချုပ်ဖြစ် နေမှာဖြစ်တယ်”
“ဒါဆိုရင် ဂရန်အမည်ပေါက် ဖြစ်တဲ့ သားကြီးက ပိုင်ဆိုင်ပြီး ရောင်းပိုင်ခွင့်ရှိတယ်ပေါ့”
“သာမန်အားဖြင့် ကြည့်ရင် တော့ ဟုတ်တယ်။ ဒါပေမယ့်-”
“အပေးစာချုပ်သည် မှတ်ပုံတင်စာချုပ်ပြုလုပ်ပြီး ပစ္စည်းလွှဲ ပြောင်းခြင်းအက်ဥပဒေနှင့် အညီ ပြုလုပ်သော်လည်း အမွေစား အ မွေခံများ ၏ အခွင့်အရေး ဆုံးရှုံး လောက်အောင်ရှိသမျှ ပစ္စည်းအားလုံး မပေးနိုင်ဟု ‘ဒေါ်သိုင်းနှင့် ဒေါ်ငွတ် ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံး စာမျက်နှာ ၄၇၁” တွင် ဖော်ပြထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ “ဦးတင် ဝင်းပါ နှစ်ဦးနှင့် ဦးတင်ညွှန့်ပါ သုံးဦး၊ ၁၉၈၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၁၉၁ အမှုမှာ ဗဟိုတရားစီရင်ရေးအဖွဲ့ က ဓမ္မသတ် ၃၆ စောင်တွဲ၊ အခန်း ၈၊ ပုဒ်မ ၇၅ ၌ “သားချင်းတို့အ နက် တစ်စုံတစ်ယောက်သော သားသမီးအား မိဘတို့သည် ပေး ကမ်းခဲ့၍ လက်သို့ရောက်သော် လည်း ထိုမိဘတို့ သေဆုံးပြီး နောက် သားချင်းတို့မှာ ဝေခြမ်းစ ရာ အမွေဥစ္စာ မရှိခဲ့မူကား မိဘတို့ ပေးကမ်းခဲ့သည့် လက်ရောက် ဥစ္စာ ဖြစ်သည်ဟု မဆိုသာ။ ထိုဥစ္စာကို အမွေပုံမှာသွင်း၍ သားချင်း တို့နှင့် တရားကြောင်းအလျောက် ခွဲဝေ ခြင်း ပြုအပ်၏ဟု ဖော်ပြထား သည်။
ဆိုလိုသည်မှာ မြန်မာဗုဒ္ဓဘာ သာဝင် တစ်ဦးသည် မိမိပိုင် ပစ္စည်းကို ပေးကမ်းခွင့်မရှိဟု တား မြစ်ချက်မရှိချေ။ သို့ရာတွင် အ ထက်ပါ ပြဋ္ဌာန်းချက်အရ “မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦးသည် ပစ္စည်းအားလုံးကို အခြားသူတစ်ဦးအား ပေးကမ်းခြင်းနှင့် သူ ကွယ်လွန် သောအခါ သူ၏ အမွေစားအမွေခံ များအတွက် ဝေခြမ်းစရာ အမွေ ပစ္စည်းမရှိခြင်းဖြစ်သည့်အခါ ထို သို့ပေးကမ်းခြင်း သည် မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေနှင့် ဆန့် ကျင်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ပေးကမ်းခြင်းကြောင့် ရရှိထား သည့် ပစ္စည်းကို အမွေပုံတွင် ထည့် သွင်း၍ ခွဲဝေယူကြရမည်ဖြစ်ပေ သည်”ဟု ဆုံးဖြတ်ထားပါတယ်။
“ဒီလိုဆိုရင် အခုရောင်းတဲ့ မြေ ကွက်ဟာ သားငယ်လည်းပိုင်ဆိုင် တယ်လို့ ဆိုလိုတာပေါ့၊ ဒီလိုလား”
“မိဘများ ကွယ်လွန်ပြီး အ မွေခွဲယူဖို့ ဒီပစ္စည်းတစ်ခုတည်း သာရှိတော့ရင် အမွေပစ္စည်းအ ဖြစ် သတ်မှတ်ခွဲယူကြရမှာပဲဖြစ် တယ်။ ဘယ်သူက လက်ရောက်ရ ယူထားလို့ ပိုင်ဆိုင်တယ်ဆိုပြီး ပြောခွင့်မရတော့ဘူး။ ငါဆောက် ထားတဲ့ အိမ်ဖြစ်လို့ ငါပိုင်တယ်ဆို ပြီးလည်း မပြောနိုင်ဘူး။ အညီအ မျှရကြမှာဖြစ်တယ်”
“ဒါဆိုရင် မှတ်ပုံတင်အပေး စာ ချုပ်က အလိုလိုပျက်သွားသလား”
“အလိုအလျောက်တော့ မ ပျက်ဘူးပေါ့၊ ပယ်ဖျက်ပေးဖို့ တရား ရုံးမှာ လျှောက်ထားပြီး အဲဒီပစ္စည်း ကို အမွေပစ္စည်းအဖြစ် သတ်မှတ် ခွဲဝေပေးဖို့ တစ်ခါတည်း ပေါင်းလို့ တရားရုံးမှာ အမွေခွဲဝေပေးစေလို မှု ဆိုရမှာဖြစ်တယ်”
“ဒါဆို ချက်ချင်းအရောင်းအ ဝယ် မလုပ်နိုင်ဘူးပေါ့”
“အငြင်းပွားနေရင်တော့ အ ရောင်းအဝယ် မဖြစ်နိုင်ဘူး။ ညီ အစ်ကို အချင်းချင်းညှိနှိုင်းဆောင် ရွက်မှပဲ အရောင်းအဝယ်ကို ဆက် လုပ်လို့ရမှာဖြစ်တယ်”
“ဂရန်အမည်ပေါက်ရုံနဲ့ ပိုင် ဆိုင်ခွင့်မရနိုင်ဘူးဆိုတဲ့ သဘော လည်း ဖြစ်နေတယ်ပေါ့”
“အားလုံးတော့ မဟုတ်ဘူး။ ဂရန်အမည်ပေါက်သူဟာ ဒီမြေကို စီမံခန့်ခွဲ ပိုင်ခွင့်ရသွားသူဖြစ်တယ်။ မိမိစိတ်ကြိုက် လွှဲပြောင်း၊ ရောင်း ချစတဲ့ စီမံခန့်ခွဲမှု အားလုံးကို ပြု လုပ်နိုင်တယ်။ ဒါပေမယ့် အပေး စာချုပ်အရ ပိုင်ဆိုင်ရရှိထားတယ် ဆိုရင်တော့ အဲဒီပေးကမ်းထားတဲ့ ပစ္စည်းဟာ ပေးကမ်းသူအနေဖြင့် ပိုင်ဆိုင်သည့် ပစ္စည်းအားလုံးပေး ကမ်းခြင်းဖြစ်ပါက တရားဝင်မှာ မဟုတ်တဲ့အတွက် သေချာစုံစမ်း ပြီးမှ ဝယ်ယူသင့်တယ် သူငယ် ချင်း”ဟု အကြံပြုဆွေးနွေးခဲ့ပါသည်။
ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်