စရန်ငွေ ပေးချေခြင်းနှင့် ဥပဒေပါ အခွင့်အရေး

မိတ်ဆွေတစ်ဦးက မြေနှင့် အိမ်ဝယ်ရာတွင် စရန်ငွေပေးခဲ့ပြီး မှ ရောင်းသူက မရောင်းတော့ဟု ဆိုပြီး ရှောင်နေသဖြင့် ရောင်းသူ ကို ရာဇဝတ်ကြောင်းအရ တရားစွဲ ဆိုနိုင်ပါသလားဟု မေးမြန်းလာ သောကြောင့် ဤဆောင်းပါးကို ဗဟုသုတအဖြစ်ရေးသားလိုက်ပါ သည်။

အိမ်ခြံမြေစသည်ဖြင့် ပစ္စည်းတစ်ခုခုကိုဝယ်လျှင် အာမခံသဘောအဖြစ် စရန်ငွေပေးတတ်ကြသည်။ ငွေအကြေပေးမည့်ရက် တွင်ရောင်းသူက ဤစျေးဖြင့်မရောင်းနိုင်တော့ဟူသည့် အကြောင်းပြချက်ဖြင့် ဖြစ်စေ၊ လုံးဝမရောင်းလိုတော့သဖြင့် တိမ်းရှောင်နေ ခြင်းဖြင့်ဖြစ်စေ၊ အ ရောင်းအဝယ်ကို ပယ်ဖျက်သည့် သဘောပြုမူတတ်ကြသည်။ ဤ တွင် ပစ္စည်းဝယ်သူ က ရောင်း သူ အပေါ် လိမ်လည်ပြီးငွေရယူပါ သည်ဟု ပြစ်မှု (ရာဇဝတ်)ကြောင်း အရ တရားစွဲဆိုလိုသည့် ဆန္ဒများ ဖြစ်ပေါ်လာလေ့ရှိပေသည်။

ဤသည်နှင့်ပတ်သက်၍ ဦးဘိုးကျင်ပါ ၂ ဦးနှင့် ပြည်ထောင် စု မြန်မာနိုင်ငံတော် ၁၉၈၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာ မျက်နှာ ၁၃၂ အမှုမှာ ကျုံပျော်မြို့နေ ဦးအုန်းမောင်က ဦးဘိုးကျင်နှင့် ဒေါ်ခင်ထွေးတို့သည် မင်္ဂလာလမ်းရှိ အိမ်နှင့်မြေကို တန်ဖိုးငွေကျပ် တစ်သောင်းလေး ထောင် ငါးရာကျပ်ဖြင့် ရောင်းချရန် သဘောတူပြီး အရောင်းအဝယ်စရန်ပေး ကတိစာချုပ်ဆိုခဲ့ကြသည်။ စရန်ငွေ ကျပ် ငါးထောင်ကို သက်သေလူကြီးများ ရှေ့မှောက် တွင် ပေးချေပြီး ကျန်ငွေကိုးထောင့် ငါးရာကျပ်ကို ၁၉၈၂ ခုနှစ်၊ မတ် လကုန် တွင်ပေးချေကာ အရောင်း အဝယ် စာချုပ် ချုပ်ဆိုရန် သဘောတူညီခဲ့ကြသည်။

သတ်မှတ်ရက်တွင် ရောင်းဖိုးကျန်ငွေကို ပေးချေရာ ဦးဘိုးကျင်တို့က လက်မခံဘဲ တိမ်းရှောင် နေသဖြင့် မိမိထံမှ စရန်ငွေကျပ် ငါးထောင် ကို ဦးဘိုးကျင်တို့က စာ ချုပ် ချုပ်ဆို လိမ်လည်ရယူပါ သည်ဟု ဦးအုန်းမောင်က ကျုံ ပျော်မြို့နယ်ရဲ စခန်းသို့ တိုင်ကြား ခဲ့သည်။ ရဲစခန်းမှ စုံစမ်းထောက် လှမ်းပြီး ဦးဘိုးကျင်နှင့် ဒေါ်ခင် ထွေးတို့အပေါ် ပြစ်မှုဆိုင်ရာ ဥပ ဒေ ပုဒ်မ ၄၂ဝ (လိမ်လည်မှု) အရ၊ ကျုံပျော်မြို့နယ် တရားရုံးသို့ စွဲဆို တင်ပို့ခဲ့ပါသည်။

မြို့နယ်တရားရုံးက ဦးဘိုးကျင်နှင့် ဒေါ်ခင်ထွေးတို့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ ဖြင့် စွဲချက်တင် ဖြေရှင်းစေခဲ့သ ဖြင့် ဦးဘိုးကျင် တို့က တိုင်းတရား ရုံးတော်သို့ ပြင်ဆင်မှု တင်သွင်းရာ မအောင်မြင်သောကြောင့် တရားရုံးချုပ်သို့ ပြင်ဆင်မှုတင် သွင်းလာခြင်းဖြစ်သည်။

တရားရုံးချုပ်က သုံးသပ်ဆုံးဖြတ်သည်မှာ အချင်းဖြစ်သည့် ကျုံပျော်မြို့၊ မြဝတီရပ်၊ အောင်မင်္ဂလာလမ်းနေအိမ်သည် ဦးဘိုး ကျင်၊ ဒေါ် ခင်ထွေးတို့ ပိုင်ကြောင်း အငြင်းမပွားပေ။ “သက်သေခံစာချုပ်ချုပ်ဆိုစဉ်အခါက လျှောက်ထားသူ ဦးဘိုးကျင်တို့သည် အိမ် နှင့် မြေပိုင် ဆိုင်နေပေသည်။ အိမ် နှင့်မြေ မရှိဘဲနှင့် အိမ်မြေရှိသည့်ပမာ လိမ်လည်ရောင်းချ၍ လှည့် ဖြားကာ စရန်ငွေရယူခဲ့ခြင်း မဟုတ်ကြောင်း တွေ့ ရ သည်။

စရန်ငွေရရှိပြီး အကြောင်းတစ်ခုခုကြောင့် အိမ်နှင့် မြေကို ရောင်းချရန် ငြင်းဆိုခဲ့ခြင်းမှာ ချုပ်ဆိုထားသော ကတိကဝတ်ကို ဖောက် ဖျက်ရာ ရောက်နိုင်သော် လည်း လိမ်လည်လှည့်ဖြား၍ စ ရန် ငွေရယူကြောင်း မပေါ်ပေါက် သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ အရ၊ အရေးယူနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျုံပျော် မြို့နယ် တရားရုံး၏ စွဲချက်အမိန့် နှင့် ယင်းအမိန့်ကို အတည်ပြုခဲ့ သည့်တိုင် တရားရုံး၏ အမိန်တို့ ကို ပယ်ဖျက်ပြီး ဦးဘိုးကျင်နှင့် ဒေါ်ခင်ထွေးတို့ အပေါ်စွဲချက် မ တင် ပြန်လွှတ်ထားရန် အမိန့်ချ မှတ်ခဲ့ပေသည်။

သို့ဖြစ်၍ အမှန်တကယ်ပစ္စည်းရှိပြီး အရောင်းအဝယ် စရန် ငွေရယူထားသည့် ကိစ္စရပ်များတွင် ရာဇဝတ်ကြောင်း (ပြစ်မှုကြောင်း) ဖြင့် တရားစွဲဆို ပိုင်ခွင့် မရှိဘဲ စရန်ပေး ကတိစာချုပ်ပါ အချက်အလက်များပေါ် မူတည်၍ ကတိအတိုင်း ဆောင်ရွက်ပေး စေလိုမှုဖြင့် တရား မကြောင်းအရသာ တရားစွဲဆိုပိုင်ခွင့်ရှိမည်ဖြစ် ပါသည်။

သို့သော် တစ်ခါတစ်ရံ၌ အိမ်ခြံမြေတိုက်ခန်းရောင်းသူတို့သည် စရန်ငွေရယူထားပြီး အခြားသူတစ်ဦးကို ထပ်မံရောင်းချလျှင် မူ ရောင်းသူအပေါ် ပြစ်မှုကြောင်း အရ တရားစွဲဆိုခွင့်ရှိပေသည်။

ဤသည်နှင့် ပတ်သက်၍ ဦးကျော်ရွှေနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ပါ ၂ ဦး ၁၉၉၅ ခု နှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁ အမှုမှာ ဦးမောင်ချို က ကန်ထရိုက်တာ ဦးကျော်ရွှေထံ မှ ဦးကျော်ရွှေရောင်းပိုင်ခွင့်ရှိ သည်ဆိုသော ဆောက်လုပ်ဆဲ အ ဆောက်အအုံ၏ ဆဋ္ဌမလွှာကို စရန်ငွေပေးချေ၍ ဝယ်ယူထား သည်။ အဆောက်အအုံပြီးစီးသည့် အခါ တိုက်ခန်းကို လွှဲပြောင်း မပေးဘဲ ဦးတင်ချိုဆိုသူအား ရောင်းချ ထားကြောင်း သိရသဖြင့် ဦးကျော် ရွှေအပေါ် အရေးယူပေးရန် ရဲစ ခန်းသို့ တိုင်ကြားခဲ့သော အမှု ဖြစ် သည်။

ရဲစခန်းမှ စုံစမ်းစစ်ဆေး၍ ဦးကျော်ရွှေအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ၆ (ယုံကြည်အပ် နှံခြင်းကို ဖောက်ဖျက်မှု) ဖြင့် တရားရုံးသို့ စွဲဆိုတင်ပို့ခဲ့သည်။ ဤ သည်ကို ဦးကျော်ရွှေက မကျေနပ် ၍ တရားရုံးချုပ်သို့ အမှုအား ချေ ဖျက်ပေးပါရန် လျှောက်ထားခဲ့ သည်။

တရားရုံးချုပ်က ဦးမောင်ချိုထံမှ ငွေများကို ဦးကျော်ရွှေရ ယူထားသည်မှာ အငြင်းမထွက် ပေ။ ကန်ထရိုက်တိုက် အဆောက် အအုံ များ ဆောက်လုပ်ရာတွင် ကုန်ကျမည့် ငွေကြေးများရရှိရန် ကြိုတင်၍ ရောင်းချသည့် အလေ့အထရှိသည်။ အခန်းမဖြစ်သေး သော် လည်း ငွေကိုယူထားကာ အ ခြားသူသို့ ရောင်းချခြင်းသည် ပြစ်မှုမမြောက်ဟု ဆုံးဖြတ်ရန် မသင့်ပေဟု သုံးသပ်ပြီး ဦးကျော်ရွှေ ၏ လျှောက်ထားချက်ကို ပလပ်ခဲ့ပါ သည်။

ထို့ကြောင့် အိမ်ခြံမြေ တိုက်ခန်းအားဝယ်ရာတွင် စရန် ငွေပေးချေပြီး ပစ္စည်းကို ရောင်းသူက အခြားသူအား ထပ်မံရောင်းချပါက၊ ပြစ်မှုဆိုင်ရာ ဥပဒေနှင့်အညီရာဇာဝတ်ကြောင်းအရ တရားစွဲဆိုနိုင်သည့်အပြင် စရန်ငွေပေး ကတိစာချုပ်ပါ အတိုင်း လျော်ကြေး ရရှိရန် တရားမကြောင်းဖြင့် လည်း တရားစွဲဆိုနိုင်ကြောင်း ဗဟု သုတအဖြစ် ရေးသားလိုက်ပါ သည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်