၂၀၂၀ ပြည့်နှစ် အခွန်ကောက် ဥပဒေကြမ်းနှင့် အိမ်ခြံမြေ စျေးကွက် လှိုင်းဂယက်
“မကြာသေးမီရက်ပိုင်းက ၂၀၂၀ ပြည့်နှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းထွက်လာလို့ စီးပွားရေးလောကနဲ့ အိမ်ခြံ မြေ၊ ကား၊ အရောင်းအဝယ်စျေးကွက် လှုပ်ရှားဂယက်ထသွားတယ်လို့ ကြား မိတယ်။ ဦးစိုးမြင့်တို့ အခြေအနေ ဘယ်လိုရှိပါသလဲ”
ဦးစိုးမြင့်သည် အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင် နေသူဖြစ်သဖြင့် စာရေးသူ၏ ရုံးခန်းသို့ ရောက်နေစဉ် မေးမြန်းလိုက်ခြင်း ဖြစ်သည်။
“အရောင်းအဝယ်တော့ ကြဲသွားမယ့် သဘောရှိတယ်ဆရာ။ ထုံးစံအတိုင်း အိမ်ငှားစျေးကွက်တော့ရှိ နေမှာပါ”
“ရန်ကုန်တိုင်းအတွင်း အိမ်မြေ အရောင်းအဝယ်ကိစ္စအပါအဝင် မြေပုံမြေရာဇဝင်ကူးယူတဲ့ ကိစ်္စအရပ်ရပ်ကို မရမ်းကုန်းမြို့နယ်၊ မင်းဓမ်္မလမ်းမှာ ဆောင်ရွက်ပေးနေတယ် မဟုတ်လား။ အဲဒီမှာတော့ ကျယ်ကျယ်ဝန်းဝန်း ပိုရှိမယ်ထင်တယ်”
“အလှမ်းနည်းနည်းဝေးသွားတဲ့အတွက် အချိန်ပိုပေးရတာတော့ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် အဓိကအချက်က လာရောက်ကြသူတွေရဲ့ လုပ်ငန်းအဆင်ပြေချောမွေ့သွားဖို့ လိုပါတယ်”
“လက်ရှိ အခွန်နှုန်းထားအရဆုုိရင်တော့ ဖြေလျှော့ထားတဲ့ကာလက နှစ်လကျော်ခန့်သာရှိတော့တယ်။ မဟုတ်လား။ ဒီကာလအတွင်း အိမ် ခြံ မြေ အရောင်းအဝယ်ပိုပြီး ဖြစ်မလာနိုင်ဘူးလား”
“သာမန်အားဖြင့်ကြည့်ရင်တော့ မှန်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကာလဖြစ်နေတော့ စီးပွားရေးလုပ်ငန်းတွေက ကျဆင်းနေကြတယ်။ ဝယ်လိုအားထက်ရောင်းလိုအားကပိုများနေသယောင်ရှိတယ်။ အိမ်မြေထဲမှာ ရင်းနှီးမြှုပ်နှံ မှာထက် ရုတ်တရက် ငွေပြတ်မသွားအောင် လက်ထဲငွေ ကိုင်ထားသူတွေလည်း ရှိလာတယ်။
“အင်း-ပေါ့လေ၊ အခြေအနေက အဲဒီလိုဖြစ်လာတာကိုး။ စုဆောင်းမထားတဲ့သူတွေမှာ အတော်လေး ယိမ်းယိုင်သွားတာမျိုးရှိတော့ စိုးရိမ်ကြတာလည်း မမှားပါဘူး”
“ဟုတ်ပါတယ် ဆရာ။ ကြိုက် စျေးရဖို့က ခက်ခဲလာတယ်”
“လက်ရှိ အခွန်အကောက်နှုန်းထားအရ အခွန်အကောက်ဥပဒေ ပုဒ်မ – ၂၅ (က) မှာ နိုင်ငံသားမည် သူမဆို အခြေပစ်္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောင်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက် ခြင်းတို့အတွက် ဝင်ငွေရလမ်းတင်ပြနိုင်ခြင်း မရှိသည့်အပေါ် ငွေကျပ် ၁ ကျပ်မှ ကျပ်သိန်းတစ်ထောင်ထိကို ဝင်ငွေခွန်နှုန်းထား ၃ ရာခိုင်နှုန်း။ ကျပ်သိန်းတစ်ထောင့်တစ်ကျပ်မှ ကျပ်သိန်းသုံး ထောင်ထိကို ဝင်ငွေခွန် နှုန်းထား ၅ ရာခိုင်နှုန်း။ ကျပ်သိန်းသုံး ထောင့်တစ်ကျပ်မှ ကျပ်သိန်းတစ် သောင်းထိကို ဝင်ငွေခွန်နှုန်းထား ၁၀ ရာခိုင်နှုန်း။ ကျပ်သိန်းတစ်သောင်း တစ်ကျပ်မှ ကျပ်သိန်းသုံးသောင်းထိကို ဝင်ငွေခွန်နှုန်း ထား ၁၅ ရာခိုင် နှုန်း။ ကျပ်သိန်းသုံးသောင်းတစ်ကျပ်နှင့် အထက်ငွေကြေးအပေါ် ဝင်ငွေခွန်နှုန်းထား ၃၀ ရာခိုင်နှုန်းသတ် မှတ်ပြဋ္ဌာန်းထားခဲ့တယ် မဟုတ်လား။ ပြီးတော့ အခွန်သက်သာခွင့်နှုန်းထားများသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိသာ အကျိုးသက်ရောက်စေရမည်လို့ ပြဋ္ဌာန်းထားတော့ တစ်နှစ်သာ အခွန်နှုန်းထား လျှော့ပေးမယ့် သဘော ပြဋ္ဌာန်းထားတာပဲ မဟုတ်လား”
“ဟုတ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကာလဖြစ်နေတော့ လက်ရှိနှုန်းထားအတိုင်း တစ်နှစ်ထပ်တိုးစေချင်တဲ့ ဆန္ဒတွေရှိတာပေါ့ ဆရာ”
“ဒါလည်း မှားတယ်လို့တော့ တထစ်ချသုံးသပ်လို့ မရဘူးထင်တယ်။ ကျွန်တော် မှတ်သားတွေရှိရ သလောက်တော့ အိမ် ခြံ မြေကဏ္ဍ မှာ အခွန်နှုန်းထားလျှော့ပေးလိုက်တဲ့အတွက် ယခင်နှစ်ကထက်ပိုပြီး အ ခွန်ဝင်ငွေတိုးတက်လာတဲ့ သဘောရှိ တယ်လို့ ဖတ်မှတ်လိုက်ရတယ်”
“ဟုတ်ပါတယ် ဆရာ။ အထူးသဖြင့် ကိုယ်စားလှယ်စာနဲ့ အရောင်း အဝယ်ကိစ်္စတွေ လျော့နည်းသွားတယ်။ တိုက်ရိုက်အိမ် ခြံ မြေ အရောင်းအဝယ်တွေပြုလုပ်လာကြတယ်။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွေမှာ အခွန်ဆောင်ပြီး အိမ်မြေအရောင်းအဝယ် မှတ်ပုံတင်စာချုပ်တွေ ချုပ်ဆိုလာကြတယ်။ မြေအမည် ပေါက်ပြောင်းတာတွေ လုပ်ဆောင် လာကြတာကိုတွေ့ရပါတယ်”
“ဒါဟာ ကောင်းတဲ့အချက် မဟုတ်ဘူးလား။ စာရင်းဇယားမှန်ကန်ပြီး အမှန်တကယ် လက်ရှိနေ ထိုင်သူအမည်ပေါက်တွေဖြစ်လာတာပေါ့။ တစ်ခုတော့ ရှိတယ်။ ငွေမည်းကို ငွေဖြူအဖြစ်ပြောင်းလဲဖို့ အိမ်ခြံ မြေမှာ ရင်းနှီးတယ်ဆိုပြီး၊ စွပ်စွဲတင်ပြချက်တွေတော့ရှိတာပေါ့။ ဒါပေမယ့် ငွေကြေးလှည့်ဖို့ ဝယ်ရောင်း သဘောမျိုးက အိမ် ခြံ မြေစျေးကွက်မှာ အဆင်မပြေကြတာကြာနေပြီ မဟုတ်လား။ အမှန်တကယ် ဝယ်ယူ နေထိုင်သူတွေကသာ များမယ်လို့ ထင်တယ်”
“ဟုတ်ပါတယ် ဆရာ။ ၂၀၂၀ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းရဲ့ ပုဒ်မ – ၂၅ မှာ အသုံး ပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်းတင် ပြနိုင်သည့်ဝင်ငွေရှိပါက ယင်းဝင်ငွေ အားနုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေပေါ်တွင် လည်းကောင်း၊ ဝင်ငွေရလမ်းမတင်ပြနိုင်ပါက အသုံးပြုသည့် ဝင်ငွေပေါ် တွင်လည်းကောင်း ၃၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမယ်လို့ ဖော်ပြ ထားပါတယ်”
“ဒါဆိုရင် အိမ် ခြံ မြေဝယ်လို့ ဝင်ငွေရလမ်းမဖော်ပြနိုင်ရင် ပုံသေ ၃၀ ရာခိုင်နှုန်းအခွန်ပေးဆောင်ရမယ့် သဘောဖြစ်နေတာပေါ့”
“ဟုတ်ကဲ့ ဆရာ၊ အိမ် ခြံ မြေ ဝယ်တဲ့ စျေးကွက်ကလည်း တန်ဖိုး ကျပ်သိန်းတစ်ထောင်နဲ့ သိန်းသုံး ထောင်ကြားက အဝယ်များတယ် ဆရာ။ ဒါကြောင့် လက်ရှိ အခွန်နှုန်း ထားနဲ့ဆိုရင် ဝင်ငွေရဲ့ ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ပုံသေကောက်ခံမှာဖြစ်တဲ့ အတွက် ၁၀ ဆနီးပါး တက်သွား တယ်ဆရာ။ အထူးသဖြင့် အိမ် ခြံ မြေစျေးကွက်မှာ အပြောင်းအလဲတွေ ဖြစ်သွားမှာတော့ သေချာတယ်”
“အချို့ကလည်း ၂၀၁၉ ခုနှစ် အခွန်အကောက် ဥပဒေကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ စတင်အကျုံးဝင်တယ်ဆိုပေမယ့် အမှန်တကယ်ခံစားခွင့်ရတာက နိုဝင်ဘာလထဲမှာဖြစ်လို့ တစ်လနောက် ကျခဲ့တယ်လို့ ပြောဆိုသံကြားနေရ တယ်”
“အားလုံးကတော့ တစ်နှစ်ထပ်မံပြီး လက်ရှိနှုန်းထားအတိုင်းထားစေချင်တာပေါ့ ဆရာ”
“၂၀၁၈ ခုနှစ် အခွန်အကောက် ဥပဒေမှာလည်း အိမ် ခြံ မြေဝယ်တဲ့ အပိုင်းဆိုပါတော့။ အခြေပစ်္စည်းတစ် ရပ်ရပ်ကို ဝယ်ယူလျှင် ဝင်ငွေရလမ်း မတင်ပြနိုင်တဲ့ ဝင်ငွေအပေါ် ၁ ကျပ် မှ ကျပ်သိန်းသုံးရာအထိ ဝင်ငွေခွန် နှုန်းထား ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးရာ့တစ်ကျပ်မှ ကျပ်သိန်းတစ် ထောင်အထိ ဝင်ငွေခွန်နှုန်းထား ၂၀ ရာခိုင်နှုန်း။ ကျပ်သိန်းတစ်ထောင် တစ်ကျပ်နှင့်အထက်ငွေကြေးအတွက် ဝင်ငွေခွန်နှုန်းထား ၃၀ ရာခိုင်နှုန်း ဖြစ်ကြောင်း သတ်မှတ်ထားတာကို တွေ့ရပါတယ်”
“ဟုတ်ကဲ့ အဲဒီနှုန်းထားက ဘယ်ခုနှစ်ကစတာလဲ ဆရာ။ မှတ်မိရင် သိထားချင်ပါတယ်”
“၂၀၁၆ ခုနှစ် အခွန်အကောက် ဥပဒေကစပြီး၊ ၂၀၁၈ ခုနှစ်အထိ ဆက်တိုက် သတ်မှတ်ခဲ့တာဖြစ်ပါတယ်”
“သုံးနှစ်သတ်မှတ်ခဲ့တာပေါ့။ ၂၀၁၅ ခုနှစ် အခွန်အကောက်ဥပဒေ နှုန်းထားသိပါရစေဆရာ”
“၂၀၁၅ ခုနှစ် အခွန်အကောက် ဥပဒေ ပုဒ်မ – ၂၄ မှာတော့ နိုင်ငံ သားမည်သူမဆို အခြေပစ္စည်းတစ် ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံ တိုးချဲ့ ဆောင်ရွက်ခြင်းအတွက် အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်သည့် ဝင်ငွေကိုနုတ်၍ ဝင် ငွေရလမ်းမဖော်ပြနိုင်သည့် ဝင်ငွေအပေါ် ဝင်ငွေ ၁ ကျပ်မှ ကျပ်သိန်း တစ်ထောင်ထိကို ဝင်ငွေခွန်နှုန်းထား ၃ ရာခိုင်နှုန်း။ ကျပ်သိန်းတစ်ထောင် တစ်ကျပ်မှ ကျပ်သိန်းငါးထောင်ထိကို ဝင်ငွေခွန်နှုန်းထား ၅ ရာခိုင်နှုန်း၊ ကျပ် သိန်းငါးထောင်တစ်ကျပ်မှ ကျပ်သိန်း တစ်သောင်းထိကို ဝင်ငွေခွန်နှုန်းထား ၁၀ ရာခိုင်နှုန်း။ ကျပ်သိန်းတ စ်သောင်း တစ်ကျပ်မှ ကျပ်သိန်းတစ်သောင်း ငါးထောင်ကျပ်ထိကို ဝင်ငွေခွန်နှုန်းထား ၂၀ ရာခိုင်နှုန်း။ ကျပ်သိန်း တစ်သောင်းငါးထောင်တစ်ကျပ်နှင့် အထက်ကို ဝင်ငွေခွန်နှုန်းထား ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်”
“ဟုတ်ကဲ့ ဆရာ။ ဒါကြောင့်မို့ အချို့က မဖြစ်မနေအခွန်အကောက် နှုန်းထားပြောင်းမယ်ဆိုရင်လည်း ဆရာပြောတဲ့ ၂၀၁၅ ခုနှစ်က နှုန်းထားတော့ဖြစ်သင့်တယ်လို့ ပြောနေကြတာကို ကြားနေရတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီတစ်နှစ်တော့ လက်ရှိ ၂၀၁၉ ခုနှစ်နှုန်းထားအတိုင်း ဆောင်ရွက်ပေးစေချင်ပါတယ် ဆရာ”
“ဟုတ်ပါတယ်။ ပုံသေအခွန်နှုန်း ၃၀ ရာခိုင်နှုန်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ညှိနှိုင်း ပြင်ဆင်နိုင်ပါစေလို့ ဆုတောင်းပါတယ်”ဟု ဆွေးနွေးလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to : ဈေးကွက်ဂျာနယ်