နိုင်ငံခြားသားများအား အငှားချထားမည်ဆိုလျှင်
“သူငယ်ချင်းရဲ့ အိမ် ခြံ မြေ အကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်း အဆင်ပြေတယ် မဟုတ်လား” စာရေးသူက မိမိ၏ ရုံးခန်းသို့ ရောက်လာသော မိတ်ဆွေတစ်ဦး အား စကားဦးသမ်း နှုတ်ဆက် စကားပြောလိုက်ခြင်းဖြစ်သည်။
“အရောင်းအဝယ်ပိုင်းထက် အိမ်ငှားရမ်းတဲ့ အပိုင်းက ပိုပြီးများ နေတယ်”
“အခုကာလက ဆောက်လုပ် ရေးလုပ်ငန်းတွေလည်း အနည်းငယ်တန့်သွားတယ်ဆိုတော့ အရောင်းအဝယ်ပါးသွားမှာပေါ့”
“နှစ်ချုပ်အငှားတွေ နည်းသွား ပြီး ခြောက်လ၊ သုံးလအဲဒီလို လပိုင်းငှားရမ်းတာတွေဖြစ်နေတယ်”
“ငှားရမ်းနေထိုင်မယ့် သူတွေ က ငှားရမ်းခကို နှစ်ချီမပေးနိုင် တော့လို့လား၊ အိမ်ရှင်တွေက လည်း ငှားရမ်းခ တဖြည်းဖြည်း တိုးသွားချင်လို့ နှစ်ချုပ်မငှားတော့ ပဲ လပိုင်းခွဲပြီး ငှားတာလား၊ အခြေ အနေက ဘယ်လိုဖြစ်သွားတာလဲ”
“မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံ တဲ့ စီးပွားရေး စျေးကွက်ထဲမှာ အိမ် ခြံ မြေစျေးကွက်နဲ့ ကားစျေးကွက် က အဓိကပဲ။ အချို့ကလည်း ရွှေ စျေးကွက်နဲ့ ဒေါ်လာ စျေးကွက်မှာ ရင်းနှီးမြှုပ်နှံကြတာလည်း ရှိတာ ပေါ့။ အခု နိုင်ငံတော်က တန်ဖိုး နည်း အိမ်ရာတွေ ဆောက်လာတော့ ငွေရင်းသူတွေက ထိန်းထိန်း သိမ်းသိမ်းလုပ်နေတာလည်းပါ တယ်။ အိမ်ငှားပိုင်းကျတော့လည်း လက်ရှိက ကုန်စျေးနှုန်းမတည်ငြိမ် တော့ နေရေးထက်စားရေးက အဓိကမို့ ချင့်ချိန်ပြီး လချုပ်အဖြစ် ငှားနေတာလည်း ရှိလာတယ်လို့ ယူဆတယ်”
“အိမ်ရှင်က နှစ်ရှည်ငှားရမ်း တာထက် လပိုင်းငှားရမ်းတာက ပိုအဆင်မပြေဘူးလား၊ အိမ်လခ အပြောင်းအလဲလုပ်လို့ရတာပေါ့”
“အရင်က ဝယ်ထားတဲ့ အိမ်၊ တိုက်ခန်းပိုင်ရှင်တွေကလည်း တန် ဖိုးအမြင့်နဲ့ ဝယ်ထားမိကြတော့ ပြန်မရောင်းဖြစ်ကြပဲ အိမ်ငှားထား ဖို့လုပ်ဆောင်လာကြတယ်။ ဒီမှာပဲ အငှားထားမယ့် အဆောက်အအုံ တွေက များလာတယ်။ အပြိုင်ငှား ရမ်းကြမယ်ဆိုတော့ အိမ်ငှားရမ်းခ တွေက နိမ့်ကျလာတဲ့ သဘောရှိ တယ်။ ငှားရမ်းနေထိုင်သူတွေက လည်း အိမ်ငှားရမ်းခထပ်မံကျ ဆင်းလာမလားဆိုတဲ့ အတွေးနဲ့ ခြောက်လငှားရမ်းတာတွေဖြစ်လာ တယ်။ အိမ်ရှင်တွေကလည်း ဝင်ငွေ လေးရတာပဲဆိုပြီး ခြောက်လဆို လည်း ငှားလိုက်တာတွေဖြစ်လာ တာပေါ့”
“လုပ်ငန်းက အဆက်မပြတ် တော့ ဖြစ်နေတာပဲ မဟုတ်လား”
“မှန်ပါတယ်။ အရောင်းအဝယ်က မရှိဘူးတော့မဟုတ်ဘူး၊ ရှိ တယ်။ ဒါပေမယ့် အဝယ်ပါးသွား တဲ့ သဘောပါ”
“အခု ရေပန်းစားနေတာက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းလိုက်တော့ နိုင်ငံခြားသား တွေ ရောက်လာမယ်လို့ မျှော်လင့် နေကြတယ် မဟုတ်လား”
“ဒါလည်း အထောက်အကူ ပြုမယ်လို့ ထင်ပါတယ်။ နိုင်ငံခြား သားတွေ ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်း လုပ်ကိုင်လာရင်တော့ အိမ်ငှားရမ်း တဲ့ အခြေအနေက ပိုသွက်လာ မယ်ထင်ပါတယ်”
“အရင်ကလည်း ကုမ္ပဏီတွေ ဖွင့်လှစ်ခွင့်ပြုလိုက်တော့ တစ်ရှိန် ထိုး နိုင်ငံခြားသား ကုမ္ပဏီတွေ ဝင် ရောက်လာတာတွေရှိတယ် မဟုတ် လား”
“ဟုတ်ပါတယ်၊ အဲဒီကာလ ကတော့ ကုမ္ပဏီရုံးခန်းတွေ ငှား ရမ်းခြင်းမှာ အတော်လေး သွက်ခဲ့ တယ်”
“အိမ်ငှားရမ်းခ အကြွေးတွေ ကျန်ပြီး လုပ်ငန်းရပ်လိုက်လို့ အမှု အခင်းဖြစ်တာတွေရှိခဲ့ကြတယ် သူငယ်ချင်း”
“အခုလည်း နိုင်ငံခြားသား တွေကို ငှားရမ်းတဲ့ ကိစ္စနည်းနည်း ဆွေးနွေးချင်လို့”
“ကဲ-ပြောပါဦး”
“အဆောက်အအုံ၊ တိုက်ခန်း ကို ငှားရမ်းတဲ့အခါ တစ်နှစ်ကာလ ထက်ကျော်ပြီး နှစ်ရှည်ငှားရမ်းရင် အငှားစာချုပ်ကို မှတ်ပုံတင်ရတယ် ဆိုတာ ဟုတ်ပါသလား”
“စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေ ပုဒ်မ ၁၇ မှာ မရွှေ့မ ပြောင်းနိုင်တဲ့ ပစ္စည်းကို တစ်နှစ်က တစ်နှစ်သို့ ဆက်လက်ငှားရမ်း သည် ဖြစ်စေ၊ တစ်နှစ်ထက်ပိုမို သည့် ကာလအပိုင်းအခြား သတ် မှတ်၍ ငှားရမ်းသည်ဖြစ်စေ၊ ငှားရမ်းမယ်ဆိုရင် ငှားရမ်းစာချုပ် ကို မှတ်ပုံတင် စာချုပ်စာတမ်းရုံး မှာ မှတ်ပုံတင်ချုပ်ဆိုရမယ်လို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်”
“တစ်နှစ်ကာလအထိ ငှား ရမ်းစာချုပ်ဆိုရင် မှတ်ပုံတင်ဖို့ မလိုအပ်ဘူးပေါ့”
“တစ်နှစ်ကာလပြည့်တိုင်း ငှားရမ်းစာချုပ် အသစ်ထပ်မံချုပ် ဆိုမယ်ဆိုရင်တော့ အိမ်ငှားစာချုပ် ကို မှတ်ပုံတင်လိုမှတင်နိုင်တယ်လို့ ဥပဒေက ဆိုပါတယ်”
“နိုင်ငံခြားသားတွေက နှစ် ရှည်ငှားရမ်းကြတာဖြစ်တော့ ဘယ် လိုစာချုပ်မျိုးမှ တရားဝင်ပါသလဲ”
“များသောအားဖြင့်တော့ ပထမငှားရမ်းနှစ်အတွက် ငှားရမ်း ခသတ်မှတ်ကြပြီး၊ ဆက်လက်ငှား ရမ်းမည့် နှစ်ကာလများအတွက် နှစ်စဉ်ငှားရမ်းခအပေါ် ရာခိုင်နှုန်း မည်မျှကို တိုးမြှင့်၍ ငှားရမ်းခအ ဖြစ် သတ်မှတ်မယ်လုုိ့ သဘောတူ မှတ်ပုံတင် အိမ်ငှားစာချုပ်ကို ချုပ် ဆိုကြတာတွေ့ရတယ်။ ဒါပေမယ့် ၁၉၈၇ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းလွှဲ ပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေမှာ နိုင်ငံခြားသားများ၊ နိုင်ငံ ခြားသားပိုင် ကုမ္ပဏီတွေကို အငှား ချထားခြင်းနဲ့ ပတ်သက်လို့ သီးခြား ပြဋ္ဌာန်းထားတာရှိတယ်”
“ဗဟုသုတအဖြစ် ပြောပြပါ ဦး”
“မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ် သည့် ဥပဒေပုဒ်မ (၅) မှာ မည်သူ မျှ မရွှေ့မပြောင်းနိုင်သော ပစ္စည်း ကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို ၍ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံ ခြားသားပိုင် ကုမ္ပဏီအား အငှားချ ထားခြင်းမပြုရလို့ အတိအလင်း ပြဋ္ဌာန်းထားတယ်”
“ထူးခြားချက်က ဘာများရှိ သလဲ”
“ဒီဥပဒေနဲ့ ထူးခြားချက်က တော့ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပိုင် ကုမ္ပဏီကို အိမ် ငှားအဖြစ် အငှားချထားမယ်ဆိုရင် “တစ်ကြိမ်လျှင် တစ်နှစ်”သာ ငှား ရမ်းခွင့်ရှိတယ်လို့ သတ်မှတ်ချက်ပဲ ဖြစ်တယ်”
“ဒါဆိုရင် တစ်နှစ်ပြည့်တိ်ုင်း ငှားရမ်းခြင်း စာချုပ်ထပ်ချုပ်ရမယ့် သဘောပေါ့”
“မှန်ပါတယ်။ ဥပဒေအရ ဆိုရင် တစ်နှစ်ထက်ပိုပြီး ငှားရမ်း ကာလသတ်မှတ်၍ ငှားရမ်းခွင့်မရှိ ဆိုတဲ့ သဘောပဲဖြစ်တယ်”
ထို့ကြောင့် နိုင်ငံခြားသားများ နှင့် အိမ်ငှားစာချုပ် ချုပ်ဆိုမည် ဆိုရင် “တစ်နှစ်လျှင်တစ်ကြိမ်” အ ငှား စာချုပ်သစ်ပြုလုပ်၍ မှတ်ပုံ တင် ချုပ်ဆိုသင့်ပါကြောင်း ဗဟုသု တ အဖြစ် ရေးသားလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်