သိထားသင့်သည့် စံငှားရမ်းခ သတ်မှတ်မှု
“အိမ်၊ မြေ ရောင်းဝယ်မယ်ဆိုရင် သက်ဆိုင်ရာအခွန်ဦးစီးဌာန မှာ အိမ်မြေတန်ဖိုးဖြတ်တင်ရ တယ်ဆိုတာ ဟုတ်ပါသလား”ဟု မိတ်ဆွေ တစ်ဦးက စာရေးသူအား မေးမြန်းလာပါသည်။
“ဟုတ်ပါတယ်။ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ အိမ်၊ မြေ၊ တိုက် ခန်း ရောင်းဝယ်မယ်ဆိုရင် ဝင်ငွေ ခွန်၊ ရောင်းခွန်နဲ့ မှတ်ပုံတင်စာချုပ် စာတမ်းရုံးမှာ သတ်မှတ်ထားတဲ့ ရုံး ခွန်ထမ်းဆောင်ပြီး စာချုပ် ချုပ်ဆို နိုင်ဖို့ သက်ဆိုင်ရာ မရွှေ့မပြောင်း နိုင်သော ပစ္စည်း တန်ဖိုး သတ်မှတ် ပေးတဲ့ရုံးမှာ တင်ပြ လျှောက်ထားရ ပါတယ်”
“သတ်မှတ်တဲ့ နှုန်းထားတွေ က အပြင်ကာလပေါက်စျေးပေါ် မူတည်သတ်မှတ်ပေးတာလား”
“အနီးစပ်ဆုံးမျှတအောင် သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ လမ်းမတန်း၊ အတွင်းလမ်းစသဖြင့် အိမ်မြေ တန်ဖိုး သတ်မှတ်ပေးပြီး ပြည်သူများသိအောင် ကြေညာ ပေးပါတယ်။ သက်ဆိုင်ရာ အခွန် ဦးစီးဌာနတွေမှာရှိတဲ့ ကြော်ငြာ သင်ပုန်းမှာ ကပ်ပေးထားရပါ တယ်”
“အိမ်၊ မြေ၊ တိုက်ခန်းတန်ဖိုး တွေက အပြောင်းအလဲရှိနေတော့ ဘယ်လိုဆောင်ရွက်ပေးသလဲ”
“ကာလပေါက်စျေး အပြောင်း အလဲဖြစ်ပေါ်မှုကို အခြေတည်ပြီး လိုအပ်ရင် ဘဏ္ဍာရေးနှစ် တစ်နှစ် ပြည့်ရင် သတ်မှတ်စျေးနှုန်းတွေ ကို ပြောင်းလဲကြေညာပေးပါတယ်”
“တစ်ခါတစ်ရံမှာ အပြင်က ပေါက်စျေးထက် သတ်မှတ်စျေး နှုန်းက မြင့်နေတာတွေရှိတယ်လို့ လည်း ကြားမိတယ်”
“ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ တစ်နှစ်တာအတွင်းမှာ အိမ်၊ မြေ၊ တိုက်ခန်းစျေးနှုန်းအလွန်အမင်း ကျဆင်းသွားရင်တော့လည်း ဖြစ် နိုင် တာပေါ့။ ဒါပေမယ့် အင်မတန် ဖြစ်နိုင်ခဲတဲ့ ကိစ္စပါ”
“တစ်ဆက်တည်း သိချင်တာက အရောင်းအဝယ်ဖြစ်တဲ့ အိမ်၊ မြေ၊ တိုက်ခန်းတွေကို တန်ဖိုးဖြတ် စံနှုန်းသဘောရှိသလို၊ အိမ်ငှားရမ်း ခတွေမှာလည်း စံသဘောသတ် မှတ်ထားတာရှိသလား”
“မြို့ပြဆိုင်ရာ ငှားရမ်းခကြီး ကြပ်ရေး ဥပဒေအရ ငှားရမ်းခကြီး ကြပ်ရေးဝန်ဟာ ‘စံငှားရမ်းခ’ သတ်မှတ်ပေးနိုင်တယ်လို့ ပြဋ္ဌာန်း ထားတယ်”
“ငှားရမ်းခကြီးကြပ်ရေး ဝန်ရုံး ဆိုတာရှိလို့လား”
“တည်ဆဲဥပဒေအရတော့ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေပါ ငှားရမ်းခကြီးကြပ်ရေး ဝန်အဖြစ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ကို ခန့်ထားတာဝန်ပေးထားပါ တယ်။ ဒါကြောင့် ငှားရမ်းခကြီး ကြပ်ရေးဝန်ရုံးကလည်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးပဲ ဖြစ်ပါတယ်”
“စံငှားရမ်းခနှုန်းထားသိချင် ရင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှာ သွားစုံစမ်းလို့ရတယ် ပေါ့”
“စံငှားရမ်းခမှာတော့ အစော က ပြောခဲ့သလို အိမ်၊ ခြံ၊ မြေ၊ တန် ဖိုးသတ်မှတ်ချက်နဲ့ မတူဘူး။ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းတို့ရဲ့ တန်ဖိုး သတ်မှတ်မှုက သက်ဆိုင်ရာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းတန်ဖိုး သတ်မှတ်ရေးအဖွဲ့ဒါမှမဟုတ် ကော်မတီက ညှိနှိုင်း သတ်မှတ် ကြေညာပေးတဲ့ တန်ဖိုးဖြစ်ပါတယ်။ စံငှားရမ်းခမှာ သက်ဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဝန်က သတ် မှတ်ကြေညာပေး တာမျိုး မရှိဘူး။ အိမ်ရှင်ဒါမှမဟုတ် အိမ်ငှားဖြစ်သူ တစ်ဦးက မိမိတို့ အငှားချထားတဲ့ ဒါမှမဟုတ် ငှားရမ်းနေထိုင်မယ့် အဆောက်အအုံ၊ တိုက်ခန်း၊ အိမ် ခန်းကို စံငှားရမ်းခ သတ်မှတ်ပေး ပါလို့ သက်ဆိုင်ရာ မြို့နယ်ငှားရမ်း ခကြီးကြပ်ရေးဝန်ထံ လျှောက်ထား တဲ့အခါ ငှားရမ်းခကြီးကြပ်ရေးဝန် က စုံစမ်းစစ်ဆေးပြီး သင့်တင့်တဲ့ ငှားရမ်းခကို စံငှားရမ်းခအဖြစ် သတ်မှတ်ပေးမှာဖြစ်တယ်”
“ဒါဆိုရင် တစ်ဦးချင်းအလိုက် ငှားရမ်းထားတဲ့ အိမ်ခန်း၊ အ ဆောက်အအုံအလိုက် သီးခြားတစ် ခုခြင်း လျှောက်ထားရမယ့် သဘောဖြစ်နေ တာပေါ့”
“အိမ်ရှင်နဲ့ အိမ်ငှားတို့ အိမ် ငှားရမ်းခသတ်မှတ်တဲ့အခါမှာအ နည်း၊ အများ မကျေနပ်လို့လျှောက် ထားကြတာတွေဖြစ်တယ်”
“အိမ်ငှားရမ်းခအပေါ်မှာ အိမ်ရှင်၊ အိမ်ငှား နှစ်ဖက်လုံးက သဘောတူရင် ငှားရမ်းခကြီးကြပ် ရေးဝန်ထံ လျှောက် ဖို့ မလိုအပ် တော့ ဘူးပေါ့”
“မှန်ပါတယ်။ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေအရ ငှားရမ်းခဆိုသည်မှာ အိမ်ရှင်နဲ့ အိမ်ငှားတို့ နှစ်ဦးသဘောတူညီ လက်ခံ ကြသည့် ငှားရမ်းခ အပြင် မြို့နယ်ငှားရမ်းခကြီးကြပ်ရေးဝန် က မြို့ပြဆိုင်ရာ ငှားရမ်းခကြီး ကြပ်ရေးဥပဒေနှင့်အညီ သတ်မှတ် ပေး ထားတဲ့ ငှားရမ်းခလည်း ပါဝင် တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါ တယ်”
“ဘယ်လိုကိစ္စရပ်တွေပေါ် လာရင် စံငှားရမ်းခသတ်မှတ်ပေး ဖို့ လျှောက်ထားနိုင်ပါသလဲ”
“ငှားရမ်းထားတဲ့ အဆောက် အအုံမှာ ထပ်ဆင့်ပြီး အငှားချထား လို့ အိမ်လခတိုးတောင်းတဲ့ ကိစ္စ တွေ၊ စပေါ်ငွေရယူပြီး ငှားရမ်းထား တဲ့ကိစ္စရပ်တွေမှာ အိမ်လခတိုး တောင်းတဲ့ ကိစ္စတွေ၊ အဆောက် အအုံကို ပြင်ပေးရတဲ့အတွက် ကုန် ကျစရိတ်ကြောင့် ငှားရမ်းခ တိုး တောင်းတာတွေစတဲ့အကြောင်း အမျိုးမျိုးကြောင့် အိမ်ရှင်က အိမ် လခတိုးတောင်းတဲ့ဆိုတဲ့အခါ အိမ် ငှားကလည်း အဆောက် အအုံမှာ ဟောင်းနွမ်းနေတဲ့အတွက် ငှားရမ်း ခလျှော့ပေးဖို့ တောင်းဆိုတဲ့ အခါမျိုးတွေမှာ မကျေနပ်ရင် မိမိ နေထိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ ငှားရမ်းခကြီးကြပ်ရေးဝန် ထံ လျှောက်ထားတောင်းဆိုခွင့်ရှိ မှာ ဖြစ်ပါတယ်”
“သူငယ်ချင်းပြောတဲ့ ငှားရမ်း ခကြီးကြပ်ရေးဝန်ရဲ့ စံငှားရမ်းခ သတ်မှတ်ချက်အပေါ် မကျေနပ် ရင်ဘယ်လိုဆောင်ရွက်နိုင်သေးလဲ”
“မြို့နယ် ငှားရမ်းခကြီးကြပ် ရေးဝန်ရဲ့ စံငှားရမ်းခ သတ်မှတ် ချက်ကို မကျေနပ်သူဟာ သက် ဆိုင်ရာခရိုင်တရားရုံးသို့ အယူခံ သဘောမျိုးလွှဲအပ်လွှာတင်သွင်း ခွင့်ရှိတယ်လို့ မြို့ပြဆိုင်ရာငှားရမ်း ခကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၃၂ မှာ အတိအလင်းပြဋ္ဌာန်းထားပါ တယ်”
“ဒီလိုဆိုရင် အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေး အာဏာက ဒွန်တွဲနေတဲ့ သဘော ဖြစ်မနေဘူးလား”
“ဟုတ်ပါတယ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေရဲ့ ထူးခြားချက်ပဲဖြစ်တယ်”
“ခရိုင်တရားရုံးရဲ့ ဆုံးဖြတ် ချက်ကို မကျေနပ်ရင် တိုင်းတရား ရုံးကို အယူခံထပ်ဝင်ရမှာပေါ့”
“မြို့ပြဆိုင်ရာ ငှားရမ်းခကြီး ကြပ်ရေး ဥပဒေပုဒ်မ ၃၂ မှာ ခရိုင်တရားရုံးက ဆုံးဖြတ်ချက် သည် အပြီးသတ် အတည်ဖြစ် တယ် လို့ ပြဋ္ဌာန်းထားတဲ့အတွက် ခရိုင်ရုံးရဲ့ဆုံးဖြတ်ချက်ဟာ အပြီး အပြတ်ဖြစ်ပါတယ်။ ဒါပေမယ့် တရားလွှတ်တော်ချုပ်ထံ စာချွန်အ ဖြစ်နဲ့ ခရိုင်တရားရုံးရဲ့ ဆုံးဖြတ် ချက်ကို ပြင်ဆင်ပေးဖို့ နောက်ဆုံး လျှောက်ထားနိုင်ပါတယ်”
“သူငယ်ချင်းရှင်းပြမှာပဲ ‘စံ ငှားရမ်းခ’ ဆိုတာ နားလည်သွား တော့တယ်”ဟု သူငယ်ချင်းနှင့် ဆွေးနွေးချက်အား ဗဟုသုတ အ ဖြစ် ရေးသားလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်