အရောင်းအဝယ် စာချုပ်များတွင် ဖော်ပြသော ကိုယ်စားလှယ်လွှဲစာရသူနှင့် တရားဝင်ကိုယ်စားလှယ်ဆိုသည်မှာ
“အိမ်မြေအရောင်းအဝယ် စာချုပ်မှာပဲဖြစ်ဖြစ်၊ အိမ်ရှင်အိမ်ငှား စာချုပ်မှာပဲ ဖြစ်ဖြစ်၊ ရောင်းသူ၊ ဝယ်သူဒါမှမဟုတ် အိမ်ရှင်၊ အိမ်ငှား ဆိုသည်မှာ ၎င်းတို့ ကိုယ်တိုင် အပြင် ၄င်းတို့၏ အမွေစားအမွေခံများ၊ ကိုယ်စားလှယ်လွှဲစာရသူများ၊ တရား ဝင်ကိုယ်စား လှယ်များ ပါဝင်တယ်လို့ ရေးသားဖော်ပြလေ့ရှိကြတယ် မဟုတ် လား ဆရာ”
“မှန်ပါတယ် ဦးသက်နိုင်။ ဘာ အခက်အခဲရှိနေလို့လဲ”
စာရေးသူက မိမိ၏ ရုံးခန်းသို့ လာရောက်ဆွေးနွေးနေသော ဦးသက်နိုင်ကို မေးလိုက် ခြင်းဖြစ်သည်။
“အမွေစားအမွေခံဆိုတာကတော့ သက်ဆိုင်သူတွေရဲ့ ဇနီး၊ ခင်ပွန်း၊ သားသမီးတွေ ဖြစ်တယ်လို့ သိထားပါတယ်”
“မှန်ပါတယ်။ ဇနီးကွယ်လွန် သွားရင် ခင်ပွန်းဖြစ်သူက အမွေ ဆက်ခံသူတွေ ဖြစ်ပါတယ်။ မိဘများ ကွယ်လွန်သွားရင်တော့ သားသမီး၊ မြေးမြစ်တို့က အမွေဆက်ခံ သူတွေ ဖြစ်တယ်”
“ဟုတ်ကဲ့ဆရာ။ ကိုယ်စားလှယ် လွှဲစာရသူဆိုတာကလည်း သက်ဆိုင်သူက သူ့ကိုယ်စားလုပ်ပိုင်ခွင့် ကိုယ် စားလှယ်လွှဲစာပေးအပ်ထားသူ မဟုတ်လား”
“ဟုတ်ပါတယ်။ ဥပဒေနဲ့အညီ မိမိကိုယ်စားဆောင်ရွက်ပိုင်ခွင့်ပေး ထားတဲ့ ကိုယ်စား လှယ်လွှဲစာရသူကို ခေါ်ပါတယ်။ ရှင်းအောင်ပြောရရင် လူအများသုံးစွဲပြောဆိုနေကြတဲ့ G.P အထွေထွေကိုယ်စားလှယ်လွှဲစာ၊ S.P အထူးကိုယ်စားလှယ်လွှဲစာနဲ့ ပေးအပ် လွှဲထားခြင်းဖြစ်တယ်”
“တရားဝင်ကိုယ်စားလှယ်ဆိုတာက ဘယ်လိုအခြေအနေမျိုးမှာရှိတဲ့ သူကိုခေါ်ပါသလဲ။ ကိုယ်စားလှယ် လွှဲစာရသူနဲ့ မတူဘူးလား။ ဘာကွာ ခြားမှုရှိပါသလဲ”
“သာမန်အားဖြင့်တော့ ဦးသက်နိုင်ပြောသလို ကိုယ်စားလှယ်လွှဲစာရ သူနဲ့ တရားဝင် ကိုယ်စားလှယ်ဟာ အတူတူပဲလို့ ယူဆကြတယ်။ ဒါပေမယ့် ဥပဒေကြောင်းအရတော့ ကွာခြားမှုရှိတယ်။ ကိုယ်စားလှယ်လွှဲ စာရသူမှာ ကိုယ်စားလုပ်ပိုင်ခွင့် လွှဲအပ်ခြင်းခံရသူ ဖြစ်လို့ မည်သည့်အချိန် ကာလမှာမဆို ကိုယ်စားလှယ်လွှဲသူ က ကိုယ်စားလုပ်ပိုင်ခွင့်ကို ရုပ်သိမ်း ခွင့်ရှိတယ်။ ကိုယ်စားလှယ်လွှဲအပ်သူ ဖြစ်စေ၊ ကိုယ်စားလှယ်အဖြစ် လွှဲအပ် ခြင်းခံရသူဖြစ်စေ ကွယ်လွန်သွားရင် ကိုယ်စားလှယ်လွှဲအပ်ထားခြင်းဟာ ပျက်ပြယ်သွား ပြီဖြစ်ပါတယ်”
“ဒါဆိုရင်ကိုယ်စားလှယ်လွှဲစာ ရသူဟာ ကိုယ်စားလှယ်လွှဲသူ သက် ရှိထင်ရှားရှိစဉ်မှာပဲ လုပ်ပိုင်ခွင့်ရ မယ့်သဘောပေါ့”
“မှန်ပါတယ်။ ကိစ္စတစ်ရပ်ကို ပြုလုပ်ပေးရန် လွှဲအပ်ထားတဲ့ ကိုယ် စားလှယ်လွှဲစာ ဖြစ်ရင်တော့ အဆိုပါကိစ္စရပ်ပြီးဆုံးသွားတာနဲ့ ကိုယ်စားလှယ်လွှဲထားခြင်းကလည်း ဆုံးခန်း တိုင်သွားမှာဖြစ်ပါတယ်”
“ကိုယ်စားလွှဲစာရသူရဲ့ လုပ်ဆောင်ချက်က ကိုယ်စားလှယ်လွှဲစာပေးသူ ကိုယ်တိုင် ဆောင်ရွက်တဲ့ သဘောသက်ရောက်တယ်ပေါ့”
“မှန်ပါတယ်။ ပဋိညာဉ်ဥပဒေ ပုဒ်မ၁၈၈ အရ ကိုယ်စားလှယ်လွှဲစာရသူသည် ကိုယ်စားလှယ်လွှဲသူ ကိုယ်တိုင်ဆောင်ရွက်ရန် ကိစ္စကို ကိုယ်စားပြုလုပ်ရန် အခွင့် အာဏာရှိသည်လို့ ဖော်ပြထားတဲ့အတွက် ကိုယ်စားလှယ်လွှဲစာရသူ၏ ပြုလုပ် ဆောင်ရွက်ချက်သည် ကိုယ်စားလှယ်ပေးသူ ကိုယ်တိုင်ဆောင်ရွက်သကဲ့သို့ အကျိုး သက်ရောက်ပါတယ်”
“တရားဝင်ကိုယ်စားလှယ်ဆိုတာက စာရွက်စာတမ်းနဲ့ လွှဲပြောင်း ပေးထားတာပဲလား ဆရာ”
“စာရွက်စာတမ်းနဲ့ လွှဲပြောင်းပေးထားတာတော့ မဟုတ်ဘူး။ ဥပဒေပါ အခွင့်အရေး ရရှိခြင်းဖြစ်တယ်”
“ဥပဒေပါအခွင့်အရေးဆိုတာ က ဘယ်လိုကိစ္စရပ်ပါလဲ ဆရာ”
“ကွယ်လွန်သူကိုယ်စား ဆောင်ရွက်ပိုင်ခွင့်ရှိသူကို ဥပဒေအရ တရား ဝင်ကိုယ်စား လှယ်လို့ခေါ်ဆိုခြင်းဖြစ်တယ်”
“ဒါဆိုရင် ကိုယ်စားလှယ်လွှဲစာရသူဆိုတာက ကိုယ်စားလှယ်စာလွှဲ အပ်သူ အသက် ထင်ရှားရှိနေစဉ်မှာပဲ သူ့ကိုယ်စားဆောင်ရွက်ခွင့်ရှိသူဖြစ်တယ်။ တရားဝင် ကိုယ်စား လှယ်ကတော့ ကွယ်လွန်သွားသူ ကိုယ်စားဥပဒေအရ ဆောင်ရွက်ခွင့်ရှိတဲ့သူ လို့ ခေါ်မှာပေါ့နော်”
“မှန်ပါတယ်။ အထူးသဖြင့်တော့ ပုဂ္ဂိုလ်ချင်းဖြစ်ကြတဲ့ တရားမမှုတွေ မှာ ဥပမာအမွေမှု ဆိုပါတော့။ တရားစွဲဆိုနေစဉ်ကာလအတွင်း တရားစွဲဆို သူဖြစ်စေ၊ တရားစွဲဆိုခံ ရသူဖြစ်စေ၊ ကွယ်လွန်သွားရင် ရက်ပေါင်း ၉ဝ အတွင်း ကွယ်လွန်သူရဲ့ အမွေဆက် ခံသူက တရားဝင်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့်ပြုရန် တရားရုံး တော်ကို လျှောက်ထားရပါတယ်။ တရားရုံးတော်က ကွယ်လွန်သူ ကိုယ် စား သင့်တော်သူကို တရားဝင်ကိုယ် စားလှယ်အဖြစ် သတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ်”
“ဟုတ်ကဲ့။ ဒီအချက်ကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ အမှုအခင်း ဖြစ်ခဲ့မယ်ဆိုရင် အမှုအခင်းဖြစ်သူ ကွယ်လွန်သွားပါက တရားဝင်ကိုယ်စားလှယ်မှ ဆက်လက်စံစား ခွင့်ရှိတဲ့အတွက် အိမ်မြေအရောင်းအဝယ်စာချုပ်တွေမှာ ထည့်သွင်းချုပ်ဆိုကြတာ ကို နားလည်သွားပါပြီ ဆရာ”
“များသောအားဖြင့်တော့ တရားဝင် ကိုယ်စားလှယ်အဖြစ် ကွယ်လွန်သွားသူရဲ့ အမွေ ဆက်ခံသူတွေကိုပဲ တရားရုံးတော်က သတ်မှတ်ပေးလေ့ရှိ ပါတယ်”
“အိမ် မြေ အရောင်းအဝယ် တစ်ခုမှာ ဖခင်အမည်နဲ့ ဝယ်ထားတယ်ဆရာ။ စာချုပ် ချုပ်တော့လည်း ဖခင်အမည်နဲ့ ဝယ်သူအဖြစ်ချုပ်ဆိုထားတယ်။ ဒါပေမယ့် မှတ်ပုံတင် အရောင်း အဝယ်စာချုပ်တော့ မချုပ်ရသေးဘူး”
“ငွေတော့ အကြေပေးချေပြီးပြီလား”
“ငွေအကြေပေးချေပြီးမှ ဖခင်ဖြစ်သူက ကွယ်လွန်သွားတယ်ဆရာ။ အဲဒါကျန်တဲ့ သားသမီးအားလုံးက သူတို့အမည်နဲ့ မှတ်ပုံတင် အရောင်းအ ဝယ်စာချုပ် ချုပ်ချင်တယ်ပြောတယ်။ ဆောင်ရွက်လို့ရပါသလား”
“ကန့်ကွက်သူပေါ်နေလား။ ဥပဒေအရတော့ ဖခင်ကွယ်လွန်သွားရင် မိခင်က အမွေဆက်ခံသူဖြစ်သလို ဥပဒေအရ တရားဝင်ကိုယ်စား လှယ်လည်းဖြစ်တယ်။ မိဘနှစ်ဦးလုံး မရှိရင်တော့ ကျန်သားသမီးအားလုံး က အမွေဆက်ခံသူ တရားဝင် ကိုယ် စားလှယ်များဖြစ်လို့ သူတို့အမည်နဲ့ အရောင်းအဝယ်စာချုပ်ပြုလုပ်နိုင်ပါ တယ်”
“သားအကြီးက သူ့ဝင်ငွေနဲ့ ဝယ် တာဆိုပြီး ကန့်ကွက်နေလို့ ဆရာ”
“သားကြီးက မိဘတွေနဲ့အတူ နေတာလား။ သူရဲ့ ဝင်ငွေနဲ့ ဝယ်တယ်ဆိုတာ အထောက်အထားရှိဖို့ တော့လိုမယ်။ ဒါမှမဟုတ်ရင်တော့ မိဘပိုင်ပစ္စည်းကို သားသမီးအားလုံးက အမွေရခွင့်ရှိမှာဖြစ်တယ်” “တရားဝင်ကိုယ်စားလှယ်ရဲ့ အခွင့် အရေးဟာ အိမ်ရှင်အိမ်ငှား ကိစ္စတွေမှာလည်း ပတ်သက်မှုရှိပါ သလား ဆရာ”
“တရားဝင်ကိုယ်စားလှယ်ရဲ့ အခွင့်အရေးဟာ ဥပဒေအရ ကျယ် ပြန့်ပါတယ်။ အခုလို ပစ္စည်းပိုင်ဆိုင် ခွင့်သာမက အိမ်ရှင်အိမ်ငှားကိစ္စတွေ မှာလည်း အကျုံးဝင်ပါတယ်။ မိခင် ကွယ်လွန်သွားလို့ မိခင်ငှားရမ်းနေထိုင်တဲ့ အိမ်မှာ သားဖြစ်သူက လာရောက် နေခြင်း သည် ကျူးကျော်နေထိုင်သူမဟုတ် ဥပဒေအရ တရားဝင် ကိုယ် စားလှယ် ဖြစ်သဖြင့် အိမ်ငှားဖြစ်သည် ဟု ဦးစိုးမြင့်ပါ (၃) နှင့် ဦးမောင် မောင်ကံပါ (၂) ၁၉၉၃ ခုနှစ်၊ မြန်မာ နိုင်ငံတရားစီရင်ထုံး စာမျက်နှာ -၂၂ မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ကွယ်လွန်သူရဲ့ တရားဝင်ကိုယ်စား လှယ်သည် ကွယ်လွန်သူကိုယ်စား ဆောင်ရွက်ရန် ကိစ္စများကို ဆက်လက် ဆောင်ရွက်ခွင့်ရပိုင်ခွင့်ရှိသူဖြစ်တယ်” လို့ ရှင်းပြဆွေးနွေး လိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်