ယုံကြည်မှု ပိုမိုရလာမည့် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဥပဒေ

“ဦးမြင့်အောင်၊ လာလေဗျာ။ ရုံး ခန်းထဲဝင်ထိုင်ပါဦး”

ရုံးခန်းဝတွင် ရောက်ရှိနေသော မိတ်ဆွေဦးမြင့်အောင်ကို စာရေးသူက ရုံးခန်းထဲမှ ကြိုဆိုလိုက်ခြင်းဖြစ် ပါသည်။

“ဆရာ့ဆီ မရောက်တာလည်း ကြာပြီဖြစ်လို့ ဒီနားရောက်ခိုက်ဝင် လာတာ”

“အခုကာလမှာ အိမ် ခြံ မြေ လုပ်ငန်းတွေ လှုပ်လှုပ်ရှားရှားဖြစ် လာပြီ မဟုတ်လား”

“အရောင်းအဝယ်နည်းနည်း ပြန်ဖြစ်လာပါတယ်။ ကျောင်းဖွင့် ကာလဆိုတော့ အငှားလည်း ပိုဖြစ် လာတယ်”

“ဦးမြင့်အောင်တို့ရဲ့ အိမ် ခြံ မြေ ဝန်ဆောင်မှု လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဥပဒေထွက်လာတော့မယ်ဆိုတော့ လုပ်ငန်းပိုပြီးတွင်ကျယ်လာတော့မှာ ပါ”

“ဟုတ်ကဲ့၊ လုပ်ငန်းအပ်နှံသူတွေ အနေနဲ့ ယုံကြည်မှု အပြည့်နဲ့ အပ်နှံ လာနိုင်မယ်လို့ ယူဆပါတယ်”

“မှန်ပါတယ်။ ဥပဒေဆိုတဲ့ အတိုင်း လုပ်ငန်းအပ်နှံသူတို့ရဲ့ အ ခက်အခဲ၊ နစ်နာမှုမရှိစေရေးအတွက် ရည်ရွယ်ပြဋ္ဌာန်းတာဖြစ်လို့၊ ဝန် ဆောင်မှုလုပ်ငန်း တိုးတက်အောင် မြင်လာမှာဖြစ်ပါတယ်”

 

လုပ်ငန်းလိုင်စင်လျှောက်ထားရခြင်း

“အိမ် ခြံ မြေ ဝန်ဆောင်မှု ဥပဒေကြမ်းအရဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းလိုင်စင် ပြန် လျှောက်ကြရမယ် ထင်တယ်”

“ယခုလက်ရှိမှာ အိမ် ခြံ မြေ ဝန်ဆောင်မှုလုပ်ငန်းအတွက် ကုမ္ပဏီလီမိတက်ဖွဲ့စည်းပြီး ဆောင်ရွက်နေ ကြရတာ မဟုတ်လား။ ဥပဒေ အ တည်ပြု ပြဋ္ဌာန်းပြီးရင်တော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ကြီးကြပ်ရေးကော်မတီထံ လုပ်ငန်း လိုင်စင်လျှောက်ထားရမှာဖြစ်တယ်။ ဖွဲ့စည်းပြီးဖြစ်တဲ့ ကုမ္ပဏီအနေနဲ့ သီး ခြားလိုင်စင်လျှောက်ထားဖို့ မလိုအပ် ပါဘူး”

“တစ်ဦးချင်းအနေနဲ့ လိုင်စင် လျှောက်ရမှာပေါ့နော်”

“ဟုတ်ပါတယ်။ အိမ် ခြံ မြေ ဝန်ဆောင်မှု ဥပဒေကြမ်းပါ ပုဒ်မ (၉) မှာ အိမ် ခြံ မြေ ဝန်ဆောင်မှုပေးသူ သည် (က) အသက် ၁၈ နှစ်ပြည့်ပြီး သူ၊ မြန်မာနိုင်ငံသားဖြစ်ရမည်။ (ခ) လိုင်စင်ရထားသူဖြစ်ရမည်လို့ ဖော် ပြထားပါတယ်။ ပုဒ်မ (၁ဝ) မှာဆိုရင် (က) စိတ်ပေါ့သွပ်မှု၊ (ခ) လူမွဲအဖြစ် တရားရုံးတစ်ခုခုက ကြေညာခြင်းခံရ သူ၊ (ဂ) သာသနာ့ဘောင်သို့ အမြဲ တမ်း ကူးပြောင်းသွားသူ (ဃ) အကျင့် သိက္ခာပျက်ပြားသူ၊ (င) လိုင်စင်မရှိ သူတို့သည် ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ခွင့်မရှိစေရလို့ ပြဋ္ဌာန်းထား ပါတယ်”

“ဝန်ဆောင်မှု သင်တန်းများ ဖွင့် လှစ်ပေးမယ့် သဘောလည်းရှိတယ် ဆရာ”

“ဟုတ်ပါတယ်။ သက်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်းပို့ချပြီး လိုင် စင်ထုတ်ပေးသွားမှာဖြစ်တယ်”

 

သဘောတူထားသည့် စျေးနှုန်းအရရောင်းချခြင်း

“တစ်ခါတစ်ရံမှာ အပ်နှံထားတဲ့ စျေးနဲ့ မကိုက်ညီလို့ အရောင်းအဝယ် မဖြစ်တာလည်းရှိတတ်တယ်ဆရာ”

“ရောင်းသူကလည်း စျေးပိုရချင် တယ်။ ဝယ်သူကလည်း စျေးလျှော့ စေချင်တယ်။ ဒါကတော့ လူ့သဘာဝ ပဲမဟုတ်လား။ အချို့ကိစ္စတွေမှာ ဝန်ဆောင်မှုပေးသူက ရောင်းမယ့် စျေးထက်ပိုပြောပြီး အကျိုးအမြတ် ရယူတာတွေလည်းရှိတတ်ကြတယ်။ ဒါကြောင့် ဥပဒေကြမ်းပါ ပုဒ်မ (၁၃) မှာ အိမ် ခြံ မြေ ရောင်းဝယ်ငှားရမ်း မှုတွင် သဘောတူညီထားသော စျေး နှုန်းထက်ပို၍ ရောင်းချငှားရမ်းခြင်း မပြုကြောင်း ဝန်ဆောင်မှုပေးသူက တာဝန်ခံရမည်လို့ ပြဋ္ဌာန်းထားတာ ကို တွေ့ရတယ်”

 

လုပ်ငန်းအပ်နှံခြင်း စာချုပ်

“ဥပဒေကြမ်းမှာ လုပ်ငန်းအပ်နှံ သူနှင့် လုပ်ငန်းအပ်နှံခြင်း စာချုပ် ချုပ်ဆိုရမယ်လို့ ဖော်ပြထားတယ်ဆို တာ ဟုတ်ပါသလား”

“ဟုတ်ပါတယ်။ ဥပဒေကြမ်းပါ ပုဒ်မ (၁၄) မှာ ဝန်ဆောင်မှု လုပ်ငန်း ကို လုပ်ကိုင်ရာတွင် နှစ်ဦးသဘောတူ လုပ်ငန်းအပ်နှံခြင်း စာချုပ်ကို ချုပ်ဆို ရမည်လို့ ဖော်ပြထားပါတယ်။ အဲဒီ မှာ ဝန်ဆောင်ခများကို ဖော်ပြချုပ်ဆို ရမှာဖြစ်တယ်”

“ဝန်ဆောင်ခကို တစ်စိတ်တစ် ပိုင်းရယူထားခွင့်ရှိပါသလား”

“အကယ်၍ လုပ်ငန်းအပ်နှံခြင်း စာချုပ် ချုပ်ဆိုရာမှာ ဝန်ဆောင်ခ တစ်စိတ်တစ်ပိုင်း ရယူထားခဲ့ပြီးမှ လုပ်ငန်းအပ်နှံခြင်းကို ရုပ်သိမ်းခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက် ပေးရန် ပျက်ကွက်ခြင်းတို့ရှိခဲ့လျှင် ရယူထားသော ဝန်ဆောင်ခကို လုပ် ငန်းအပ်နှံသူအား ပြန်လည်ပေးအပ် ရမည်လို့ ဥပဒေကြမ်းပါ ပုဒ်မ ၁၄ (ဂ) နဲ့ ပုဒ်မ ၁၄ (ဃ) တို့မှာ ဖော်ပြ ထားတာကို တွေ့ရပါတယ်”

 

လုပ်ငန်းလိုင်စင်သက်တမ်း

“လုပ်ငန်းလိုင်စင်ထုတ်ပေးတဲ့ အခါ လိုင်စင်သက်တမ်း သတ်မှတ် ချက်ရှိပါသလား”

ဥပဒေကြမ်းပါ ပုဒ်မ (၁၅) မှာ ဥပဒေပြဋ္ဌာန်းအာဏာတည်သည့် အချိန်မှစ၍ တစ်နှစ်အတွင်း လိုင်စင် လျှောက်ထားနိုင်တယ်လို့ ဖော်ပြထား ပါတယ်။ လိုင်စင်သက်တမ်းမှာ သုံး နှစ်ဖြစ်ပါတယ်။ ပထမဦးဆုံး ယာယီ လိုင်စင်ထုတ်ပေးမှာဖြစ်တယ်။ ယာယီ လိုင်စင်တစ်နှစ်ကုန်ဆုံးလျှင် သင် တန်းတက်ရောက်ပြီး လိုင်စင်လျှောက် ထား ရယူရမှာဖြစ်ပါတယ်”

“လိုင်စင်ရုပ်သိမ်းတာရှိနိုင်ပါ သလား”

“လိုင်စင်ရရှိထားသူသည် လိမ် လည်မှု တစ်ရပ်ရပ်ကို ကျူးလွန် ကြောင်း တရားရုံးက ပြစ်ဒဏ်ချမှတ် ခြင်း ခံရပါက လိုင်စင်ရုပ်သိမ်းခံရမှာ ဖြစ်ပါတယ်”

“လိုင်စင်မရှိဘဲဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ကြောင်းတွေ့ရှိရင် အပြစ်ဒဏ်ပေးနိုင်ပါ သလား”“ လုပ်ငန်းလိုင်စင်မရှိဘဲ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားရင် ထိုသူကို ခြောက်လ အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၃ဝ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်စလုံးဖြစ်စေ၊ ချမှတ်ရမယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်”

“ကြိုတင်ရယူထားတဲ့ ဝန်ဆောင် ခနဲ့ ပတ်သက်ပြီး လုပ်ငန်းဆောင် ရွက်မပေးနိုင်လို့ ပျက်ကွက်ရင် လုပ် ငန်းအပ်နှံသူကို ပြန်ပေးရမယ်ဆိုပေ မယ့် မပေးနိုင်ခဲ့ရင် တရားစွဲခံရနိုင်ပါ သလား”

“ဥပဒေအရတော့ ရာဇဝတ် ကြောင်းအရဖြစ်စေ၊ တရားမကြောင်း အရဖြစ်စေ တရားစွဲဆိုနိုင်တယ်လို့ ဖော်ပြထားပါတယ်”“ဘယ်လိုပဲဖြစ်ဖြစ်၊ ဥပဒေအ ဖြစ်ခိုင်ခိုင်မာမာရှိလာရင်တော့ အိမ်ပွဲစားတွေ လိုင်စင်လျှောက်ထားရ မယ့် သဘောရှိသွားတာ မဟုတ် လား”

“ဒီလို တွေးရင်တော့လည်း မှန် ပါတယ်။ လုပ်ငန်းအပ်နှံသူအနေနဲ့ ကတော့ လိုင်စင်ရသူအပေါ် ယုံယုံ ကြည်ကြည် အပ်နှံနိုင်မှာဖြစ်တဲ့အ တွက် အိမ် ခြံ မြေ ဝန်ဆောင်မှုလုပ် ငန်းပိုမိုအောင်မြင်လာမယ်လို့ ယုံ ကြည်ပါကြောင်း” ရှင်းပြလိုက်ပါ သည်။

Credit to: ‌ဈေးကွက်ဂျာနယ်