နောက်အိမ်ထောင်ပြုထားသော မိရင်းဖရင်းနှင့် သားသမီးများ အမွေမခွဲရသေးသော အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင်

“ဦးသက်နိုင်က ကြိုရောက်နေ ပြီဆိုတော့ ကိစ္စတစ်ခုရှိပြီထင်တယ်”

ရုံးခန်းသို့ စာရေးသူရောက်ရှိ သည့်အခါ ဦးသက်နိုင်ကို တွေ့လိုက်ရ သဖြင့် နှုတ်ဆက်ပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။

“ဟုတ်ပါ့ဗျာ။ ကိစ္စရှိမှပဲ ရောက် တော့တယ်”

“အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းအခြေအနေ ဘယ်လိုရှိသလဲ၊ အ ဆင်ပြေတယ် မဟုတ်လား။ ရန်ကုန် မြို့သစ် တည်ဆောက်ရေးနဲ့ဆိုရင် အနီးတစ်ဝိုက်က မြေစျေးတွေတက် နေပြီပေါ့”

“ထင်သလောက်တော့ မဖြစ် သေးဘူးဆရာ။ အငှားတွေများနေဆဲ ပဲ”

“အိမ်ငှားခတွေလည်း အတော် ရတယ်နော်။ သုံးလေးငါးသိန်းကျပ်နဲ့ လပေးငှားနေကြတယ်လို့ သိရတယ်”“ဟုတ်တယ် ဆရာ၊ အငှားတွေ ကတော့ စျေးမကျဘူး။ အထက်တန်း ကျောင်းတွေ ဖွင့်တော့မယ့် ရာသီဆို ရင် အငှားပိုရတယ်”

“ခေတ်ရေစီးကြောင်းအရ ပုဂ္ဂလိ က အထက်တန်းကျောင်းတွေမှာ အပ်နှံထားကြတာတွေရှိလာတယ်ဆို တော့ မိဘတွေကလည်း ကျောင်းနဲ့ အနီးအနားမှာ ငှားရမ်းနေထိုင်တာ တွေရှိပြီပေါ့”

“ဟုတ်ကဲ့ ဆရာ၊ ဒီကာလက တော့ လုပ်ငန်းတွင်ကျယ်တဲ့ ကာလ ပေါ့ ဆရာ”

“ဒါနဲ့ လာရင်းကိစ္စပြောပါဦး။ ဦးသက်နိုင်ဆီက ကိစ္စရပ်တွေဆိုရင် ထူးထူးခြားခြားဖြစ်ရပ်လေးတွေ ပါ လာတတ်တယ်”

“ကျွန်တော့်ရဲ့ အကျိုးပေးလို့ပဲ ပြောရမလားမသိပါဘူး ဆရာရယ်။ ကျွန်တော် ဒီအလုပ်ကို လုပ်သလို၊ အခြားသူလည်း ဒီအလုပ်လုပ်တယ် ဆိုပါတော့။ သူတို့က ချောချောမွေ့မွေ့ ပြီးသွားပေမယ့် ကျွန်တော့်မှာ နှစ် ဆင့်သုံးဆင့်လုပ်ရနဲ့ ခက်ခက်ခဲခဲ ဆောင်ရွက်ရလေ့ရှိတယ် ဆရာ”

“ခက်ခက်ခဲခဲလေးတွေလာ တော့ ပညာပိုရတယ်ပဲပြောရမှာပေါ့ ဗျာ။ ဗဟုသုတကြွယ်သွားတာပေါ့”

“ဒါပေမယ့် တစ်ခါတစ်ခါတော့ စိတ်ပင်ပန်းတယ်ဆရာ။ အခုကိစ္စလည်း ရှုပ်ရှုပ်ထွေးထွေးဖြစ်နေလို့ ဆရာ့ဆီရောက်လာတာ” “ခက်ခက်ခဲခဲလေးဆိုတော့ ဆွေး နွေးခလည်း နှစ်ဆယူရမယ်” “ဖြစ်ပါတယ်ဆရာရယ်။ ပြဿနာ မရှိပါဘူး”

“ကဲ-ဇာတ်လမ်းလေး ပြောပါဦး။ ဘယ်လိုဖြစ်လို့လဲ”

“Customer တစ်ယောက်က လုပ်ငန်းလာအပ်တယ် ဆရာ”

“ရောင်းသူက အပ်တာပေါ့”

“ဟုတ်ပါတယ်။ ဘာမြေကွက် လို့ပြောပြီး ဘယ်လိုအပ်တာလဲ”

“ဂရန်အမည်ပေါက်ကတော့ သူ့ ခင်ပွန်းအမည်ပေါက်၊ သူ့အမည်နဲ့ မပြောင်းရသေးဘူး။ အရောင်းအ ဝယ်ဖြစ်မှပဲ ပိုင်ဆိုင်ကြောင်း ကြေညာပြီး ရောင်းမယ်လို့ တွေးကာ လက်ခံထားလိုက်တယ်”

“ဒါနဲ့ ဝယ်လက်ပေါ်လာပြီပေါ့”

“ဆရာသိတဲ့အတိုင်းပဲ၊ ဝယ် လက်ကချက်ချင်းပေါ်ဖို့က ခက်တယ်လေ”

“ဘယ်နှလလောက်ကြာသွား လဲ”

“သုံးလေးလ ထင်တယ်၊ ဝယ် လက်တစ်ယောက်ကို ပြတယ်။ စျေးမတည့်ဘူး။ နောက်တစ်ယောက်ကတော့ စိတ်ဝင်စားလို့ သေချာသွား ကြည့်တယ်”

“ဒီမှာ အလှည့်အပြောင်းတွေရှိ လာပြီပေါ့ ဟုတ်လား”

“ပထမနှစ်ကြိမ်လောက်က တော့ မသိသေးဘူး။ နောက်ပိုင်းစရန် ငွေပေးဖို့ရက်သေချာအောင်သွားတဲ့ အခါမှာတော့ အိမ်ရောင်းမယ့် အမျိုး သမီးက သူ့ခင်ပွန်းလို့ အမျိုးသားတစ် ယောက်ကို မိတ်ဆက်ပေးတယ်”

“နောက်အိမ်ထောင်ပြုလိုက်ပြီ ပေါ့”

“ဟုတ်တယ် ဆရာ။ အဲဒီတော့ မှပဲ သူ့ရဲ့ ရာဇဝင်ကို သေချာစုံစမ်း ရတော့တာပါပဲ ဆရာ”

“ဒါပေမယ့် နောက်အိမ်ထောင် ပြုရုံနဲ့ ပိုင်ဆိုင်မှုပြောင်းလဲသွားမှာမှ မဟုတ်ပဲ”

“ဟုတ်ကဲ့ ဆရာ၊ ဒါပေမယ့် ပထမအိမ်ထောင်နဲ့က သားတစ် ယောက်ရှိခဲ့တယ် ပြောတယ်”

“ဒီအမျိုးသမီးနဲ့ ရတဲ့ သားသမီး လား”

“မဟုတ်ဘူး ဆရာ။ ပထမအိမ် ထောင်က ပထမဇနီးနဲ့ရတဲ့သားပါ ဆရာ”

“သြော်-ဒါဆိုရင် ဥပဒေအရ လင်ပါသားပေါ့။ သူက မိထွေးပေါ့”

“သူနဲ့ ကွယ်လွန်သွားတဲ့ ခင်ပွန်း နဲ့က သားသမီးရသေးလား”

“မရဘူး ဆရာ၊ ဆွေမျိုးစပ်ရရင် ပထမဇနီးရဲ့ ညီမကို လက်ထပ်ယူ ထားတာဆရာ”

“ဟုတ်ပြီ၊ ကွယ်လွန်သွားတဲ့ ခင် ပွန်းရဲ့ သားကလည်း မိထွေးသာဆို တယ်၊ တူအရင်းတော်စပ်တာပေါ့”

“ဟုတ်ပါတယ် ဆရာ”

“မိခင်ကွယ်လွန်တော့ သားဖြစ် သူက အဖေနဲ့အမွေခွဲဝေခဲ့တာရှိသ လား”

“ဖခင်နောက်အိမ်ထောင်ပြုသူ ကလည်း မိမိရဲ့ အဒေါ်အရင်းဖြစ် နေတော့ မိခင်ဝေစုနဲ့ ပတ်သက်ပြီး အမွေခွဲတာတွေ မရှိခဲ့ဘူးပေါ့ ဆရာ ရယ်”

“တူဖြစ်တဲ့သူကအဒေါ်ဖြစ်သူ နဲ့အတူနေတာပဲ မဟုတ်လား၊ ဘာ အခက်အခဲရှိလို့လဲ”

“တူဖြစ်သူက သင်္ဘောသား ဆရာ၊ သူ့ဖခင်ကလည်း သင်္ဘောအင် ဂျင်နီယာချုပ်ပဲ။ သင်္ဘောသားဆို တော့ အတူနေတာသိပ်မရှိဘူးပေါ့”

“ဒါဆိုရင် အိမ်ရောင်းတာကို သဘောမတူတဲ့ သဘောပေါ့။ မိထွေး ဖြစ်သူက နောက်အိမ်ထောင်ပြုလိုက် တော့ သူရဲ့မိဘလက်ထက်က အမွေ ကို ဆက်ခံခွင့်ရှိလာပြီပေါ့”

“ဟုတ်တယ် ဆရာ၊ ဒီမြေနဲ့ အိမ် က သူ့မိဘတွေလက်ထက်က ဝယ် ထားတဲ့ သူ့အဖေအမည်ပေါက်ဖြစ်နေ လို့ပဲ ဆရာ”

“တူဖြစ်သူက အိမ်ထောင်ရှိ လား”

“ဟုတ်ကဲ့ အိမ်ထောင်ပြုထား တယ်”

“ဒါကြောင့် အမွေကိစ္စရှုပ်သွား ပြီပေါ့ဗျာ။ ဒါပေမယ့် ကိုယ့်တူအရင်း ပဲ ခွဲဝေပေးလိုက်ရင်ဖြစ်ပြီပေါ့”

“အားလုံးသဘောတူညှိနှိုင်းပြီး ခါနီးမှ တစ်နေ့ကပဲ အဲဒီအမျိုးသမီး ကွယ်လွန်သွားတယ်”

‘ဗျာ’စာရေးသူ ရုတ်တရက်အံ့ သြသွားတယ်။

“ဘယ်လိုဖြစ်တာလဲ”

“ကားအက်ဆီးဒင့်နဲ့ ကွယ်လွန် သွားတယ်။ သူ့ယောကျ်ားကတော့ ကျန်ခဲ့တယ်။ ဒါဆို ဝယ်သူက ဘယ် လိုဖြစ်နိုင်သလဲ ဆရာ”

“ဥပဒေအရ စဉ်းစားကြည့်ရမှာ ပေါ့”

“မယားသေရင်လင်က ခံစားခွင့် ရှိတယ်ဆိုတော့ နောက်အိမ်ထောင် ခင်ပွန်းက ခံစားခွင့်အားလုံးရသွားပါ သလား”

“ဥပဒေအရပြောရရင်တော့ မြေနဲ့ အိမ်ပိုင်ရှင် မိရင်းဖရင်းရဲ့ သား ဖြစ်သူက ဖခင်ရင်းနောက်အိမ်ထောင် ပြုတဲ့အခါမှာ အမွေခွဲဝေခဲ့ခြင်းမရှိတဲ့ အတွက် ဖခင်ရင်း ကွယ်လွန်ရင် မိထွေးထံက အမွေတောင်းပိုင်ခွင့်ရှိ မှာ ဖြစ်ပါတယ်။ တစ်ဆက်တည်း မိထွေးကွယ်လွန်သွားရင်လည်း မိထွေးထံကရရှိမယ့် အမွေဝေစုကို မိထွေးရဲ့ နောက်အိမ်ထောင်လင် ယောကျ်ားထံက တောင်းပိုင်ခွင့်ရှိ တယ်လို့ တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့ မငြိမ်းနှင့် မသာဂေါင် ၁၉၁၇-၂ဝ အထက်မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ – ၂၃၇ မှာ တွေ့ ရှိရပါတယ်”

“ဒါဆိုသားဖြစ်သူက အမွေရနိုင် တာပေါ့”

“မှန်ပါတယ်။ ဒါကြောင့် မိထွေး မကွယ်လွန်မီက သဘောတူညီချက် အတိုင်းခွဲဝေရယူပြီး အရောင်းအဝယ် ပြုလုပ်နိုင်ပါတယ်”ဟု အကြံပြုဆွေး နွေးလိုက်ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်