သေတမ်းစာပူးတွဲပါရှိသည့် အမွေထိန်းစာရသူထံမှ မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

“အိမ်မြေရောင်းမယ့် မိသားစု တွေက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တယ်။ ဒါကြောင့် မိဘတွေက မကွယ်လွန်မီ သေတမ်းစာရေးသွား တယ်။ ပြီးတော့ အမွေထိန်းစာလည်း ရှိတယ်လို့ ပြောတယ်။ အဲဒီအိမ်နဲ့ မြေကို ဝယ်ရင် အဆင်ပြေပါ့မလား”
မိတ်ဆွေတစ်ဦးက သူယူလာ သည့် စာရွက်စာတမ်း ဓာတ်ပုံမိတ္တူ များကို စာရေးသူအားပြသပြီး ဆွေး နွေးခြင်းဖြစ်သည်။

“ဒီပထမ စာရွက်က၊ သေတမ်း စာဖြစ်တယ်။ ဒုတိယ စာရွက်စာတမ်း က တရားရုံးက အတည်ပြုထုတ်ပေး ထားတဲ့ သေတမ်းစာပူးတွဲပါရှိတဲ့ အမွေထိန်းစာဖြစ်တယ် သူငယ်ချင်း”

“နှစ်မျိုးဖြစ်နေလို့ နားမလည် ဖြစ်နေတာ”

“သေတမ်းစာပူးတွဲပါရှိသည့် အမွေထိန်းစာဆိုတာ သေတမ်းစာ ပေါ် မူတည်ပြီး တရားရုံးက ထုတ် ပေးထားတဲ့ အမွေထိန်းစာဖြစ်တယ်။ ဒီအမွေထိန်းစာ လက်မှတ်ရှိရင် အိမ် မြေကို ရောင်းချခွင့်ရပြီဖြစ်တယ်”

“ဒီအမွေထိန်းစာက မူလမြေ အမည်ပေါက်ကို အမည်ပြောင်း မရဘူးလည်း ပြောတယ်။ သေတမ်း စာအရဆိုရင် ပေးခံရတဲ့ သူက ပိုင် ဆိုင်ခွင့်ရပြီ မဟုတ်လား”

“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရ ဗုဒ္ဓဘာသာဝင် မိဘတွေက ဗုဒ္ဓဘာသာဝင် သားသမီးတွေနဲ့ မြေအိမ် မှတ်ပုံတင်အပေးစာချုပ် ချုပ်ဆိုလိုက် တာနဲ့ သားသမီးတွေက မြေအိမ်ကို တိုက်ရိုက်ပိုင်ဆိုင်ခွင့်ရကြတယ်။ အဲဒီ မှတ်ပုံတင်ပေးကမ်းခြင်း စာချုပ်အ ပေါ် အခြေတည်ပြီး မြေအမည် ပေါက် ပြောင်းလဲနိုင်တယ်”

“သေတမ်းစာကလည်း မိမိပိုင် ပစ္စည်းကို အပြီးအပိုင်ပေးတာပဲ မဟုတ်ဘူးလား”

“ဒါပေမယ့် မတူဘူး။ သေတမ်း စာက သေပြီးမှ ပိုင်ဆိုင်ခွင့်ရတာဖြစ်တယ်။ မြန်မာ့ ဗုဒ်္ဓဘာသာဝင်တွေရဲ့ ပေးကမ်းခြင်း မှတ်ပုံတင် စာချုပ်က ပေးသူ မကွယ်လွန်မီမှာ စိတ်ကြည် လင်စွာနဲ့ ပေးကမ်းပြီး ပေးကမ်းသူ ကိုယ်တိုင် ပေးကမ်းခြင်းမှတ်ပုံတင် စာချုပ်မှာ လက်ဗွေနှိပ် လက်မှတ်ရေး ထိုးပေးတာဖြစ်တယ်။ လက်ခံရယူ သူကလည်း လက်ခံရရှိကြောင်း လက်ဗွေနှိပ်၊ လက်မှတ်ရေးထိုးတာ ဖြစ်လို့ စာချုပ်ချုပ်ဆိုတဲ့ ရက်ကစပြီး လက်ခံသူက ဥပဒေနဲ့အညီပိုင် ဆိုင် ခွင့်ရသွားပြီးဖြစ်တယ်”

“သေတမ်းစာက တရားရုံးမှာ အတည်ပြုပေးဖို့ လျှောက်ရသေးတာ ပေါ့”

“မှန်ပါတယ်။ သေတမ်းစာမှာ ပုံစံ နှစ်မျိုးနဲ့ ရေးသားကြတယ်။ ပထမပုံစံက သေတမ်းစာပါ ခံစားခွင့် ရှိသူအတွက် သေတမ်းစာ အတည်ပြု ဆောင်ရွက်ပေးရန် သေတမ်းစာ အတည်ပြုသူ တစ်ဦးတစ်ယောက်ကို အမည်နဲ့ တကွဖော်ပြပြီး သေတမ်း စာအတည်ပြုသူအဖြစ် ခန့်ထား ဆောင်ရွက်တဲ့ သေတမ်းစာဖြစ် တယ်။

ဒုတိယ သေတမ်းစာရေးသားတဲ့ ပုံစံက သေတမ်းစာ အတည်ပြုသူ အဖြစ် ခန့်ထားခြင်းမရှိပဲ မိမိပေး ကမ်းသည့် ပစ်္စည်းကို မည်သူ့အား အမည်နှင့်တကွဖော်ပြပြီး မိမိကွယ် လွန်သည့်အခါ ပိုင်ဆိုင်ခွင့်ရှိသည် ဟု ဖော်ပြရေးထားထားခြင်းဖြစ် တယ်”

“ဒုတိယသေတမ်းစာ အမျိုးအ စားကလည်း တရားရုံးမှာ အတည်ပြု ပေးဖို့ လျှောက်ထားရတာပဲမဟုတ် လား”

“ဒါပေမယ့် မတူဘူး။ ဒုတိယ အမျိုးအစားက တစ်ဦးတစ်ယောက် ကို အပြီးအပိုင်း ပေးတာဖြစ်လို့ ပေးခံ ရတဲ့ သူက သေတမ်းစာ ပူးတွဲပါရှိ တဲ့ အမွေထိန်းစာကို လျှောက်ထား ရယူရတယ်။ သေတမ်းစာအတည် ပြု လက်မှတ်လျှောက်ထားခွင့် မရှိပါဘူး”

“တရားရုံးမှာ မှားယွင်းမလျှောက် ထားမိဖို့တော့ လိုမှာပေါ့”

“ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးစန်းမောင်ပါ ၅ နှင့် ဒေါ်ခင်မြယုခေါ် ဒေါ်ခင်မမ ကြီး ၂၀၀၇ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံး စာမျက်နှာ ၁၅ အမှုမှာ အမွေဆက်ခံခြင်း အက်ဥပဒေ ပုဒ်မ ၂၂ တွင် သေတမ်းစာ အတည်ပြု လက်မှတ်ကို သေတမ်းစာတွင် ခန့်အပ်ထားသော သေတမ်းစာ အတည် ပြုသူကိုသာ ခွင့်ပြုနိုင်သည်။ သေ တမ်းစာ အတည်ပြုသူအဖြစ် မခန့် ထားသူအား သေတမ်းစာ အတည်ပြု လက်မှတ်မထုတ်ပေးနိုင်။ အမွေ ဆက်ခံခြင်း အက်ဥပဒေ ပုဒ်မ ၂၁၃ အရ သေတမ်းစာ ပူးတွဲပါရှိသည့် အမွေထိန်းစာကိုလျှောက်ထားရမည် ဟု လမ်းညွှန်ထုံးဖွဲ့ထားတာကို တွေ့ရ တယ်။ ဒါကြောင့် မှားယွင်း မလျှောက်ထားမိဖို့ကတော့ ဥပဒေ တတ်ကျွမ်းသူနဲ့ ဆက်သွယ်ဆောင် ရွက်ကြရမှာဖြစ်တယ်”

“အခု ရောင်းမယ်ဆိုတဲ့ မြေ ကွက်က သေတမ်းစာပူးတွဲပါရှိတဲ့ အမွေထိန်းစာ ရရှိထားပြီးဆိုတော့”

“မှန်ပါတယ်။ တရားရုံးမှာ သေတမ်းစာကိုမူတည်ပြီး အမွေထိန်း စာလျှောက်ထားရမယ့် အဆင့်ကို ဆောင်ရွက်ပြီး ဖြစ်နေတာတွေ့ရ မယ်”

“ဒါဆိုရင် အရောင်းအဝယ်လုပ် လို့ ရသွားပြီပေါ့”

“ဟုတ်ပါတယ်။ သေတမ်းစာပူး တွဲပါရှိသည့် အမွေထိန်းစာ လက် မှတ်ရရှိထားသူက သေတမ်းစာပါ မြေ အိမ်ကို ဝယ်မည့်သူ ဖြစ်တဲ့ အ မည်ကို ဖော်ပြပြီး ထိုသူထံရောင်းချ ခွင့်နဲ့ အရောင်းအဝယ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုခွင့်ပြုရန် တရားရုံးမှာ ခွင့်ပြုချက် တောင်းခံလျှောက်ထားရ ပါတယ်”

“တရားရုံးက ခွင့်ပြုချက်ရသွား ရင်တော့ အရောင်းအဝယ် စာချုပ် ချုပ်လို့ရပြီ မဟုတ်လား”

“မှန်ပါတယ်။ တရားရုံးက မည်သူ့ကို ရောင်းချခွင့် (ဥပမာ- သူငယ်ချင်း ဝယ်မယ်ဆိုရင် သူငယ်ချင်းရဲ့ အမည်ကို ဖော်ပြပြီး ရောင်းချခွင့်) ပြုကြောင်း အမိန့်ရရင်တော့ စာချုပ် စာတမ်းရုံးမှာ အရောင်းအဝယ်မှတ်ပုံ တင် စာချုပ် ချုပ်ဆိုရ မှာဖြစ်တယ်”
“ဒါဆိုရင် ပစ်္စည်းပိုင်ရှင်အဖြစ် သေတမ်းစာ ပူးတွဲပါရှိသည့် အမွေ ထိန်းစာရသူက လက်မှတ်ရေးထိုးမှာ ပေါ့”

“မှန်ပါတယ်။ သူ့ကို သေတမ်းစာအရ ပစ္စည်းပိုင်ဆိုင်ခွင့်ပေးခဲ့တာ ဖြစ်လို့ သူကပဲ ပိုင်ရှင်ရောင်းသူအ ဖြစ် လက်မှတ်ရေးထိုးရမှာဖြစ်တယ်။ သူငယ်ချင်းက ဝယ်သူအနေနဲ့ လက် မှတ်ရေးထိုးပြီး အရောင်းအဝယ် မှတ်ပုံတင်စာချုပ်အရ ရန်ကုန် မြို့ တော်စည်ပင်သာယာရေး ကော်မတီ သက်ဆိုင်ရာဌာနမှာ မြေကွက် အမည်ပေါက်ကို သူငယ်ချင်းအမည် သို့ပြောင်းပေးဖို့ လျှောက်ထားရယူရ မှာဖြစ်တယ် သူငယ်ချင်း”ဟု ရှင်းပြ ဆွေးနွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်