ပါမစ်မြေကို ဝယ်မည်ဆိုလျှင် – ၁
“မြေကွက်ဝယ်ဖို့ သွားကြည့် ပြီး ပြန်လာတာ”ဟု မိတ်ဆွေတစ် ဦးက စာရေးသူ၏ ရုံးခန်းသို့ ဝင် လာစဉ် ပြောလိုက်ခြင်းဖြစ်သည်။
“ဘာတွေမြင်တွေ့ခဲ့ပြီး၊ ဘယ် လို ဖြစ်လာလဲ”ဟု စာရေးသူက မိတ်ဆွေ၏ အမူအရာကိုကြည့်၍ မေးလိုက်ပါသည်။
“မြေကွက်က ရှင်းထားတော့ ကြည့်ရတာ အဆင်ပြေပါတယ်။ သူတို့ ပြောစကားအရတော့ ပါမစ် မြေကွက်လို့ ပြောတယ်”
“ပါမစ်မြေကွက် ဖြစ်ကြောင်း အထောက်အထားခိုင်လုံရင်တော့ ဝယ်သင့်ပါတယ်”
“စာရွက်စာတမ်းတော့ ပြ တယ်”
“အဲဒီတော့ အခုရောင်းမယ် ဆိုတဲ့ သူအမည်နဲ့ ပါမစ်ရထားတဲ့ မြေကွက်လား”
“အဲဒါတော့ မဟုတ်ဘူး”
“မဟုတ်ဘူးဆိုတော့ ဘယ်လို ဖြစ်နေလို့လဲ”
“အခုရောင်းမယ်ဆိုတဲ့ သူက ဝယ်ထားတဲ့ ကတိစာချုပ်တော့ရှိ တယ်”
“အရပ်စာချုပ်ဖြစ်မှာပေါ့”
“အေး အရပ်စာချုပ်ဆိုတဲ့ စကားမကြာခဏကြားနေရတယ်။ အဲဒီအရပ်စာချုပ်ဆိုတာက၊ ဘယ် လို စာချုပ်မျိုးကိုခေါ်တာလဲ၊ ရှင်း ပြပေးပါဦး”
“ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ နဲ့ စာချုပ်စာတမ်း မှတ်ပုံတင် ဥပဒေတို့အရ မရွှေ့မပြောင်းနိုင် သော ပစ္စည်းများဖြစ်တဲ့ အိမ် မြေ စသည်တို့ကို ရောင်းချသည့်အခါ မှတ်ပုံတင် အရောင်းအဝယ် စာ ချုပ် ချုပ်ဆိုမှ တရားဝင်ပိုင်ဆိုင် ခွင့်ရမှာဖြစ်တယ်”
“မှတ်ပုံတင် အရောင်း စာ ချုပ် ချုပ်ရင် အမြတ်ခွန်ဆောင်ရ တယ်ဆို ဟုတ်လား”
“ဥပဒေနဲ့အညီ တရားဝင် အရောင်းအဝယ်ပြုလုပ်မယ်ဆိုရင် တော့ ပထမဆုံး ဝယ်ယူမယ့်မြေ၊ အဆောက်အအုံတို့ကို တန်ဖိုးဖြတ် ဖို့ ပစ္စည်းတန်ဖိုးဖြတ်အဖွဲ့ထံ တင် ပြရတယ်။ တန်ဖိုးသတ်မှတ်ချက်အပေါ် မူတည်ပြီး ဝင်ငွေရလမ်း ပေါ်မှာ အခြေတည်လို့ ဝယ်ခွန် ဆောင်ရတယ်။ ပြီးမှ အရောင်းအဝယ် မှတ်ပုံတင် စာချုပ်ကို စာချုပ် စာတမ်းမှတ်ပုံတင်ရုံးမှာ ချုပ်ဆိုကြ ရတယ်။ အချို့က လည်း ပြန် ရောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မှတ်ပုံတင် အရောင်းအဝယ် စာချုပ် မချုပ်ဆိုကြတာလည်း ရှိ တယ်။ အချို့လည်း သူငယ်ချင်းယူ ဆသလို ဝယ်ခွန်မဆောင်နိုင်သေး လို့ဆိုပြီး မှတ်ပုံတင် အရောင်းအ ဝယ် စာချုပ် မချုပ်သေးတာလည်း ရှိတယ်။ အဲဒီလို အခြေအနေမျိုး မှာ ရောင်းသူ ဝယ်သူတို့ရဲ့ တာဝန် များကို ဖော်ပြချုပ်ဆိုထားကြတဲ့ အိမ် မြေ အရောင်းအဝယ် ကတိ စာချုပ်များကို ချုပ်ဆိုထားတတ် ကြတယ်”
“ကတိစာချုပ်ဆိုရင်တော့ မှတ် ပုံတင်ဖို့ မလိုဘူးပေါ့ ဟုတ်လား”
“မှန်ပါတယ်။ ပစ္စည်းလက် ဝယ်ရရှိထားပေမယ့် ဥပဒေနဲ့အညီ တရားဝင်ပိုင်ဆိုင်ခွင့်အတွက် ဆောင်ရွက်ပေးရမယ့် တာဝန်၊ ဝယ်ယူ သူ ဘက် ကလည်း ပစ္စည်း တန်ဖိုး ပေးချေရမည့် အခြေအနေ၊ ဝယ်ခွန်ကိစ္စ စသည်ဖြင့် တာဝန် များကို ဖော်ပြပြီး ကတိပြု စာချုပ် အဖြစ် ချုပ်ဆိုထားကြတာပဲဖြစ် တယ်။ ကတိစာချုပ်ကတော့ သူ ငယ်ချင်းပြောသလို မှတ်ပုံတင်ဖို့မ လိုအပ်သေးဘူး။ အဲဒီလို ရောင်း သူ ဝယ်သူတို့ရဲ့ ကတိပြုဆောင် ရွက်ချက်တွေ ဖော်ပြချုပ်ဆိုတဲ့ အရောင်းအဝယ် ကတိစာချုပ်မျိုး ကို အရပ်စာချုပ် လို့ ခေါ်ကြ တာ ဖြစ်တယ်။ လွတ်လွယ်မှတ်ထား မယ်ဆိုရင်တော့ စာချုပ်စာတမ်း မှတ်ပုံတင် ဥပဒေနဲ့အညီ မှတ်ပုံ တင်ထားခြင်းမရှိဘဲ ချုပ်ဆိုထားတဲ့ ကတိစာချုပ်များသည် အရပ်စာ ချုပ်များဖြစ်တယ်လို့ မှတ်သားထား ရမှာဖြစ်တယ်”
“ပါမစ်မြေကွက်ဆိုရင် စာ ချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံ တင်ခွင့် မရဘူးဆိုတာ ဟုတ်သ လား”
“ဂရန်မြေနဲ့ဘိုးဘွားပိုင်မြေ တို့ကို ဝယ်မယ်ဆိုရင်တော့ မဖြစ် မနေ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ပြုလုပ်မှ တရားဝင် အ ရောင်း အဝယ်မြောက်ပြီး ပိုင်ဆိုင် ခွင့်ကို ဥပဒေနဲ့အညီရပိုင်ခွင့်ရှိမှာ ဖြစ်တယ်။ ပါမစ်မြေကွက်တွေကို တော့ စာချုပ်စာတမ်း မှတ်ပုံတင် ဥပဒေအရ မှတ်ပုံတင်ရန် မလို အပ်ပါဘူး။ အရောင်းအဝယ် ကတိစာချုပ်နဲ့ လွှဲပြောင်းရောင်းချ ကြပြီး ဂရန်လျှောက်ထားကြ ရမှာ ဖြစ်ပါတယ်”
“ပါမစ် အတုတွေလည်း ရှိ တယ်လို့ ကြားဖူးတယ်။ ဟုတ်ပါသလား”
“အတုမရှိဘူးလို့တော့ မပြော လိုဘူး။ အဓိကအချက်ကတော့ ဝယ်မယ်ဆိုတဲ့ သူအနေနဲ့ စာရွက် စာတမ်းကို သေချာစုံစမ်းဖို့တော့ လိုတာပေါ့။ အခုသူငယ်ချင်းသွား ကြည့်တယ်ဆိုတဲ့ မြေကွက်ဘေး ပတ်ဝန်းကျင်က ဘယ်လိုအခြေအ နေရှိသလဲ”
“အချို့လည်း အိမ်ဆောက် ထားတာတွေ့ရတယ်။ မြေကွက် လပ်တွေလည်း အတော်များများ ရှိသေးတယ်”
“အခု ရောင်းမယ်ဆိုတဲ့ မြေ ကွက်က ကာရံထားတာရှိလား”
“ယာယီသဘောဝါးကပ်တွေ နဲ့ ကာထားတာတော့ တွေ့တယ်။ အုတ်တိုင်တွေ စိုက်ထားတာလည်း တွေ့ခဲ့တယ်။ စာရွက်စာတမ်း မှန်မ မှန်ကို ဘယ်မှာသွားစစ်ဆေးရသ လဲ”
“ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ထုတ်ပေး ထားတဲ့ မြေချပါမစ်နဲ့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ် ပေးတဲ့ မြေချပါမစ်နှစ်မျိုးရှိတယ်”
“ဒါဆိုရင် သက်ဆိုင်ရာ ရုံး ဌာနတွေမှာ စုံစမ်းရမှာပေါ့”
“မှန်ပါတယ်။ သက်ဆိုင်ရာ ဌာနက ထုတ်ပေးထားတဲ့ မြေချပါ မစ်ဟာ စာရွက်စာတမ်းပြည့်စုံမှုရှိ မရှိ၊ ရောင်းသူနဲ့ အမည်ပေါက် မည်သို့ ဆက်စပ်မှုရှိ မရှိကတော့ သေချာမေးမြန်းဖို့လိုတယ်”
“စုံစမ်းလို့ရအောင်ဆိုပြီး မြေချပါမစ် စာရွက်စာတမ်းကို ဓာတ်ပုံမိတ္တူကူးပြီး ယူလာတယ်။ စုံမစုံကြည့်ပေးပါဦး”
“မိသားစု ဓာတ်ပုံများ လို အပ်နေသလားလို့” စာရေးသူက စာရွက်စာတမ်းဓာတ်ပုံ မိတ္တူများကို ကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။
“သူတို့ပေးလိုက်တာတော့ ဒီ စာရွက်တွေအကုန်ပဲ”
“မြေချပါမစ်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့် လက်မှတ် (မြေပါမစ်) မြေကွက် ဖော်ပြထား တဲ့ မြေကွက်အမှတ်နဲ့ အကျယ်အ ဝန်းပြမြေပုံ၊ ရွှေ့ပြောင်းနေထိုင် မည့် သူများ၏ ရာဇဝင်အကျဉ်း ချုပ် စာရွက်နဲ့ မိသားစုဓာတ်ပုံတို့ ပါရှိရတယ်”
“စာရွက်စာတမ်း လေးမျိုး ပေါ့”
“ဟုတ်တယ်။ ဒီမှာက မိသား စုဓာတ်ပုံမပါလာတော့ စိစစ်ဖို့လို လိမ့်မယ်။ ဒီမြေကွက်ကို စွပ်စွဲ ပြောတာတော့ မဟုတ်ဘူး။ တစ်ခါ တစ်ရံမှာ ပါမစ်မူရင်းပျောက်သွား လို့ အသစ်လျှောက်ထားကြတာ လည်း ရှိတယ်။ မူရင်းကောက်ရသူ က သူဝယ်ထားတဲ့ မြေကွက် ပါဆို ပြီး ပါမစ် စာရွက်မှာပါတဲ့ မိသားစု ဓာတ်ပုံကို ဖြုတ်ထားလို့ လက်လွှဲ ရောင်းချတာလည်းရှိတတ်တယ်။ ဒါကြောင့် မှားယွင်းမဝယ်မိစေဖို့ သက်ဆိုင်ရာရုံးဌာနမှာ စုံစမ်းစိစစ် ပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း” ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်