ဝယ်မည့်မြေနှင့်အိမ်မှာ နိုင်ငံခြားသားပိုင် အမည်ပေါက် ဖြစ်နေလျှင်

ပြီးခဲ့သည့်နေ့ကဖြစ်သည်။ စာရေးသူနှင့် ကျောင်းနေဘက် သူငယ်ချင်း၏သားဖြစ်သူသည် စာရေးသူ၏ ရုံးခန်းသို့ ရောက်လာ ပါသည်။

“အဖေက အန်ကယ်ဆီသွား ပြီး ဆွေးနွေးပါပြောလို့သားလာခဲ့ တာပါ”

ရုတ်တရက် မမှတ်မိသော် လည်း လူငယ်လေးက သူ၏ ဖခင် အမည်ကို ပြောမှ သတိရပါတော့ သည်။

“အေး သားငယ်ရဲ့ အဖေနဲ့ မတွေ့တာ အတော်ကြာသွားပြီ ကျန်းမာရေး ကောင်းတယ်မဟုတ် လား”

“ဟုတ်ကဲ့၊ အဖေက ဒီမှာမနေ ဘူး အန်ကယ်။ အစ်ကိုနဲ့ အမေရိ ကန်မှာ နေတယ်။ ကျွန်တော်က ဒီမှာရှိတဲ့ ကုမ္ပဏီကို တာဝန်ယူ ထားတော့သွားလိုက်၊ လာလိုက်နဲ့ ရှိနေပါတယ်”

“အခုလည်း အင်းယားလမ်း မှာပဲနေတယ်ပေါ့”

“ဟုတ်ပါတယ်။ အဲဒီခြံကိစ္စ ကို ဆွေးနွေးချင်လို့ပါ”

“ကဲ ပြောပါဦး”

“အဲဒီမြေနဲ့အိမ်က ကျွန်တော့် အဘိုးအမည်ပေါက်ဖြစ်ပါတယ်။ အဘိုးကွယ်လွန်ပေမယ့် အဖေက လည်း အမည်မပြောင်းခဲ့ဘူး။ အခု အထိပေါ့ အန်ကယ်ရယ်”

“သားငယ်တို့ အသက်အစိတ် ဆုံးဆယ်နီးပါးရှိနေကြပြီပဲမဟုတ် လား၊ ပိုင်ရှင်အမည်ပြောင်းထားရင် တော့ ကောင်းပါတယ်”

ဒီလို အန်ကယ်ရယ်၊ ကျွန် တော်တို့အားလုံးကလည်း ဒီမှာ အနေနည်းကြတော့ မြေတစ်ပိုင်း ကို ရောင်းမယ်စိတ်ကူးတယ်။ ဝယ်သူလည်းရှိတယ်။ ဒါနဲ့ပဲ အန်ကယ် ပြောသလို မြေကွက်အမည် ပြောင်း ပေါ့နော်။ အမွေဆက်ခံခွင့်နဲ့ ရောင်းချဖို့ မြို့တော်စည်ပင်သာ ယာရုံးမှာ မြေပုံလျှောက်ပါတယ်။ မြေကွက်အမည်ပေါက်ဖြစ်တဲ့ အဘိုးက နိုင်ငံခြားသားဖြစ်နေလို့ မြေပုံထုတ်ယူခွင့်မရဖြစ်နေတယ်။ အဲဒါကို အဖေ့ဆီလှမ်းပြီး ပြောပြ တော့ အဖေက အန်ကယ့်ဆီလွှတ် လိုက်တာပဲ”

သူပြောမှ စာရေးသူပြန်သတိ ရမိသည်။ စာရေးသူအနေဖြင့် တက္ကသိုလ်သို့ စတင်ဝင်ရောက်စဉ် က သူ၏ ဖခင်မှာ ဥပဒေအဓိက ဘာသာရပ်တွင် Roll.No 1 ဖြင့် ဝင်လာသူဖြစ်သည်။ နောက်မှသိရ သည်မှာ ထိုသူငယ်ချင်း၏ ဆယ် တန်းအောင်မှတ်မှာ ဆေး တက္ကသိုလ် သို့ ဝင်ရောက်နိုင်သော်လည်း ထိုသူငယ်ချင်း၏ ဖခင်မှာ နိုင်ငံ ခြားသားဖြစ်နေသဖြင့် အသက်မွေး ဝမ်းကျောင်း တက္ကသိုလ်သို့ ဝင် ရောက်ခွင့် မရခဲ့ကြောင်း သိရပါ သည်။

ဘွဲ့ရသည့်အခါ ဥပဒေဘာ သာရပ်ဖြင့် အသက်မွေးဝမ်း ကျောင်းမပြုဘဲ ဖခင်၏ လက်ငုတ် လက်ရင်းပွဲရုံတွင် ကြီးကြပ်ဆောင် ရွက်သည်။ နောက်ပိုင်းတွင် ကုမ္ပဏီထောင်ကာ သွင်းကုန် ထုတ်ကုန်လုပ်ငန်းကို ဆောင်ရွက် ခဲ့ပါသည်။

ဥပဒေဆိုင်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာလျှင် စာရေးသူထံ ထိုသူငယ်ချင်းရောက်လာ၍ဆွေး နွေးအကူအညီတောင်းတတ်ပါ သည်။ နောက်ပိုင်း မတွေ့သည်မှာ ဆယ်နှစ်ကျော်ခန့်ရှိပြီထင်သည်။ ယခုလည်း အမှတ်တရရှိစွာဖြင့် သားဖြစ်သူကို စာရေးသူထံ လွှတ် လိုက်ခြင်းဖြစ်သည်။

“အေး သားငယ်ရဲ့ အဘိုးက နိုင်ငံခြားသားဖြစ်တယ်ဆိုတာ အခု မှ အန်ကယ်လည်း သတိရတယ်”

“အချို့ကပြောတော့ အမွေ ထိန်းလျှောက်ထားရတယ်လို့ ပြော တယ် ဟုတ်ပါသလား”

“ယခင်ကတော့ နိုင်ငံခြား သားပိုင် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်လို့ အမွေ ဆက်ခံခွင့်ရှိသူက တရားရုံးမှာ အ မွေထိန်းစာလျှောက်ထားပြီးမှ အ မွေဆက်ခံခွင့်ကို သက်ဆိုင်ရာ ဝန် ကြီးဌာနထံလျှောက်ထားကြရ တယ်။ ဒါပေမယ့် တရားရုံးချုပ် က ဆုံးဖြတ်ထားတဲ့ ဒေါ်ညွှန့်ညွှန့် (¤င်း၏ အခွင့်ရကိုယ်စားလှယ် ဦးမျိုးသန်း) နှင့် ဒေါ်လောရာ ၂ဝဝရ ခုနှစ်၊ မြန်မာနိုင်ငံ တရား စီရင်ထုံး စာမျက်နှာ ၄၄ အမှုမှာ ကွယ်လွန်သူနိုင်ငံခြားသားပိုင် အ မွေပစ္စည်းနှင့် ပတ်သက်၍ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့် သတ်သည့် ဥပဒေပုဒ်မ ၆(က) အရ ပြည်ထဲရေးဝန်ကြီးဌာန ဝန် ကြီး၏ ဥပဒေနှင့်အညီ အမွေဆက် ခံခွင့်ပြုမှသာ အမွေခံပုဂ္ဂိုလ်များကို အမွေထိန်းလက်မှတ်စာ ထုတ်ပေး နိုင်မည်လို့ ဆုံးဖြတ်ခဲ့တယ်”

“ဒါဆိုရင် တရားရုံးမှာ အမွေ ထိန်းစာလျှောက်လို့ မရဘူးပေါ့”

“ဒီလိုတော့မဟုတ်ဘူး။ ပထမ ဦးစွာ အမွေဆက်ခံခွင့်ရှိသူ ဟုတ် မဟုတ်ကို သက်ဆိုင်ရာဝန်ကြီး ဌာနက စိစစ်ပြီး ဥပဒေနဲ့အညီ အမွေဆက်ခံခွင့်ပေးတဲ့ အမိန့်စာ ကို တင်ပြနိုင်မှ တရားရုံးက အမွေ ဆက်ခံသူအဖြစ် အမွေထိန်းစာ ထုတ်ပေးမှာဖြစ်တယ်”

“ဒါဆိုရင် အမွေဆက်ခံခွင့်ကို ပြည်ထဲရေး ဝန်ကြီးထံ အဖေက လျှောက်ထားရမှာပေါ့”

“၁၉၈၇ ခုနှစ် မရွှေ့မပြောင်း နိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပုဒ်မ(၆)မှာ နိုင်ငံခြားသား ကွယ်လွန် လျှင် နိုင်ငံ ခြား သားပိုင် မရွှေ့မပြောင်းနိုင် သော ပစ္စည်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနက စိစစ် ပြီး ဥပဒေနှင့်အညီ အမွေဆက်ခံ ခွင့်ပေးခြင်းပြုနိုင်သည်လို့ ပြဋ္ဌာန်း ထားတယ်။ ဒါကြောင့် အခုကိစ္စ မှာ သားငယ်ရဲ့ ဖခင်နဲ့အတူ မောင် နှမအရင်းများက အမွေဆက်ခံခွင့် ကို ပြည်ထဲရေးဝန်ကြီးထံ လျှောက် ထားရမှာဖြစ်တယ်”

“အဖေက ညီအစ်ကို နှစ် ယောက်ပဲရှိတယ်”

“ဒါဆိုရင် သူတို့ ညီအစ်ကို နှစ်ယောက်က အမွေဆက်ခံခွင့်ကို ပြည်ထဲရေးဝန်ကြီးထံ လျှောက် ထားရမယ်။ ပြည်ထဲရေးဝန်ကြီး ဌာနက စုံစမ်းစစ်ဆေးပြီး သားရဲ့ အဖေတို့ ညီအစ်ကိုနှစ်ဦးကို အမွေဆက်ခံခွင့် လက်မှတ်ထုတ် ပေးမှာဖြစ်တယ်။ အဲဒီအမွေဆက် ခံခွင့်ပြုကြောင်း အမိန့်စာ ဒါမှ မဟုတ် လက်မှတ်ရမှ အမွေထိန်း စာကို ညီအစ်ကို တစ်ဦးဦးက တရားရုံးမှာ လျှောက်ထားရယူ ရမှာ ဖြစ်တယ်”

“ဒါဆိုရင် ချက်ချင်း အရောင်း ဝယ် လုပ်လို့မရသေးဘူးပေါ့။ အဘိုး က မကွယ်လွန်မီမှာ နိုင်ငံသား လက်မှတ်ရတယ်လို့ သိရတယ်”

“ဒါဆိုရင်တော့ မြန်မြန်ဆန်ဆန်နဲ့ အမွေဆက်ခံခွင့် လက်မှတ် ရနိုင်ပါတယ်။ အဲဒီအချိန်မှ အ ရောင်းအဝယ်ဆောင်ရွက်လို့ရမှာ ဖြစ်တဲ့ အတွက် ပထမအဆင့် အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာန ထံ အမွေဆက်ခံခွင့် အထောက် အထား အမိန့်စာရယူပါ”လို့ အကြံ ပေး လိုက်ပါသည်။

နိုင်ငံခြားသား အမည်ပေါက် မြေနှင့်အိမ်ကို ဝယ်လိုက်ခြင်းမဖြစ်မိ စေရန် သေချာစုံစမ်း၍ ဝယ်သင့်ပါ ကြောင်း ဗဟုသုတအဖြစ် ရေး သား လိုက် ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်