တိုက်ခန်းကြိုပွိုင့် ဝယ်သူတို့၏ အခက်အခဲ

“အမှုကိစ္စရှိမှပဲ သူငယ်ချင်း ဆီရောက်ဖြစ်တော့တယ်”
မတွေ့သည်မှာကြာပြီဖြစ် သော သူငယ်ချင်းတစ်ဦးက စာ ရေးသူထံ ရောက်လာပြီး ပြော လိုက်ခြင်းဖြစ်သည်။

“ဒီလိုပါပဲ သူငယ်ချင်းရယ် ရန်ကုန်မြို့မှာနေကြတယ်ဆိုပေ မယ့် တစ်နေရာနဲ့ တစ်နေရာသွား ရ လာရတာ လွယ်ကူမှုမရှိတော့ မတွေ့ဖြစ်ကြဘူးပေါ့။

“အခု ဆက်သွယ်ရေး ဖုန်း တွေ က အဆင်ပြေတယ်လို့ပဲပြောရမယ်”

“ဟုတ်တယ်။ သူငယ်ချင်းက ဖုန်းနဲ့ကြိုဆက်သွယ်ထာားတော့ အဆင်ပြေသွားတာပေါ့။ ကဲ ကိစ္စ က ပြောပါဦး”

“တိုက်ခန်းတစ်ခန်းဝယ်ထား တာ သတ်မှတ်ရက်လည်းကျော် သွားပြီ၊ အခုထိ မပြီးသေးတော့ ဘယ်လိုဆောင်ရွက်လို့ရမလဲ”

“ဒါဆိုရင် ကြိုပွိုင့်စနစ်နဲ့ ဝယ်လိုက်တာပေါ့။ ဘယ်လောက် ကြာသွားပြီလဲ”

“သုံးနှစ်နီးပါးလောက်ရှိပြီ ထင်တယ်”

“အတော်ကြာသွားပြီပဲ၊ အခု တိုက်က ဘယ်အပိုင်းကျန်သေးလို့ လဲ”

“အပြင်ပိုင်းကတော့ပြီးပြီဆို ပါတော့၊ ဒါပေမယ့် အထဲပိုင်းတွေ က ကျန်သေးတယ်”

“သတ်မှတ်ကာလကျော် သွားတာ ဘယ်လောက်ရှိပြီလဲ”

“ရှစ်လခန့်ရှိနေပြီ။ ဒါက ဒုတိယအကြိမ်ချုပ်တဲ့ စာချုပ်အရ ပြောတာ”

“ဒါဆိုရင် စာချုပ်က ဘယ် နှစ်ကြိမ်ချုပ်ဆိုကြတာလဲ”

“ပထမစာချုပ် ချုပ်ပြီးတော့ နှစ်ရစ်ပေးပြီးသွားပြီ၊ မိမိအထပ် မရောက်သေးလို့ ကျန် နှစ်ရစ်ကို မပေးသေးပဲထားတာ တစ်နှစ် ကျော်သွားတယ်”

“ဒါနဲ့ ဒီဒုတိယအကြိမ် စာ ချုပ်ကနောက်ဆက်တွဲချုပ်ခဲ့တာပေါ့”
စာရေးသူက သူငယ်ချင်းယူလာသော တိုက်ခန်းအရောင်းအ ဝယ် ကတိစာချုပ်ကို ပြပြီးမေးမြန်း လိုက်ခြင်းဖြစ်သည်။

“ဟုတ်တယ်၊ ကန်ထရိုက်က တတိယအရစ်ကို အတင်းတောင်း ဆိုတာနဲ့ ကြမ်းခင်းမခင်းမီမှာပဲ ထုတ်ပေးလိုက်တယ်။ ရက်ကို လည်း အတိအကျ သတ်မှတ်ပေး ပါလို့ တောင်းဆိုရတာပေါ့”

“ဒါနဲ့ ဒီစာချုပ်မှာပါတဲ့အ တိုင်း ပြီးစီးမယ့်ရက်ကို သတ်မှတ် ပေးခဲ့တာဆိုတော့ သတ်မှတ်ရက် ကျော်သွားတာ ရှစ်လထဲရောက် လာပြီနော်”

“ဟုတ်ပါတယ်။ စာချုပ်ထဲ အရဆိုရင်၊ တိုက်ခန်းပြီးစီးပြီး နေထိုင်ခွင့် လက်မှတ်ရတဲ့ အချိန်မှာ အခန်းအပ်မယ်၊ ကျန်ငွေ နောက်ဆုံးရစ်လည်းပေးမယ်လို့ ကတိပြုထားတယ်။ သတ်မှတ်ရက် ကျော်သွားခဲ့ရင် ကျော်သွားတဲ့လ တိုင်းအတွက် တစ်လငါးသောင်း ကျပ်ပေးပါမယ်လို့ သဘောတူထား ခဲ့ပါတယ်”

“တိုက်ဆောက်လုပ်နေစဉ် ကာလမှာ နေထိုင်ဖို့ စီစဉ်ပေးတာ ရှိသေးလား”

“မြေရှင်ကိုတော့ အိမ်ငှားနေ ဖို့ တစ်လတစ်သိန်းကျပ်နဲ့ ငှားပေး တယ်။ နောက်ပိုင်း တစ်နှစ်ကျော် သွားတော့ သူ့လည်း ငှားမပေး တော့ဘူး။ မိမိစရိတ်နဲ့ပဲ အခုထိ ငှားနေကြတယ်။ ငှားရမ်းခမပေး တော့လို့ သူတို့လည်း စာချုပ်သစ် နောက်ဆက်တွဲဆက်ချုပ်ကြတယ် လို့ သိရတယ်”

“အခု ဘယ်လိုဖြစ်နေသလဲ”

“တိုက်ခန်းလူနေခွင့်လည်း မရသေးဘူး။ အခန်းလည်း မအပ် ဘဲနဲ့ ကျန်ငွေကို ပေးချေဖို့တောင်း နေတယ်။ ဘယ်လို ဆောင်ရွက်ရမ လဲဆိုတာ ဆွေးနွေးတာ သူငယ်ချင်း”

“အင်း ဒီလိုကိစ္စတွေကတော့ မကြာမကြာဖြစ်နေတတ်တဲ့ ကိစ္စ တွေပါ သူငယ်ချင်း”

“အေး သူငယ်ချင်းကတော့ အမှုအခင်းတွေ လက်တွေ့ကိုင် တွယ်နေရတော့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ အကြံပေးပါဦး”

“အချို့လည်း နှစ်ဖက်ညှိနှိုင်း လို့ အဆင်ပြေသွားတာတွေရှိပါ တယ်။ ညှိနှိုင်းတယ်ဆိုရာမှာ၊ တစ် ဖက်ကတင်းမာနေလို့တော့ မရဘူး။ လိုက်လျောမှုတွေရှိဖို့တော့ လို တယ်။ ကန်ထရိုက်တွေကလည်း တိုက်ခန်း အရောင်းအဝယ်မ ကောင်းတာရယ်၊ ပစ္စည်းစျေးတွေ တက်လာတော့ ဆက်ပြီး မဆောက် နိုင်ဘူး။ ယခင်ပေးထားတဲ့ အချိုး အစားအတိုင်းလည်း မြေရှင်ကို မပေး နိုင်တာတွေဖြစ်လာတယ်။ မိတ်ဆွေ တစ်ဦးကတော့ တိုက်ဆောက်လုပ် ပြီးစီးဖို့က အဓိကပဲဆိုပြီး သူရမယ့် တိုက်ခန်း တစ်ခန်းကို လျှော့ယူလိုက် တယ်။ ကန်ထရိုက်တာကလည်း မြေရှင်ကို အလိုက်ပေးရမယ့်ငွေမှာ နည်းနည်းပိုပေးတယ်။ ဒီလိုနဲ့ တိုက် ကြီး ပြီးသွားလို့ အဆင်ပြေသွားတာ လည်း ရှိတယ်”

“လူနေထိုင်ခွင့်မရသေးလို့ အ ဆင်မပြေတဲ့ ကိစ္စမျိုးဆိုရင်ကော”

“သူငယ်ချင်းလို ကိစ္စရပ်များ ဆိုရင် အခက်အခဲရှိနေတဲ့ ကန်ထ ရိုက်ကို လူနေထိုင်ခွင့်နဲ့ ပတ်သက် လို့ မြေရှင်နဲ့ပူးပေါင်းပြီး တိုက်ခန်း ဝယ်ထားသူအားလုံးကပဲ တာဝန် ယူဆောင်ရွက်မယ်။ နစ်နာကြေး ကိုလည်း မတောင်းဘူး။ ဒါပေမယ့် ပေးချေရမယ့် အရစ်ကျနောက်ဆုံး ကျန်ငွေကိုတော့ လူနေထိုင်ခွင့် လျှောက်ထားဖို့ ကျန်ကျစရိတ် အပါအဝင် စရိတ်စုစုပေါင်းအ တွက် အသုံးစရိတ်အဖြစ်ထားခဲ့ဖို့ ညှိနှိုင်း ဆောင်ရွက်ကြတာလည်း ရှိပါတယ်”

“ဥပဒေအရဆိုရင် ဘယ်လို ဖြစ်နိုင်သလဲ”

“ဥပဒေအရ ပြောရရင်တော့ ပစ္စည်းအရောင်းအဝယ်နဲ့ ပတ် သက်ရင် ဝယ်သူက မိမိဝယ်ယူ သည့် ပစ္စည်းကို လက်ဝယ်ရမှ ပစ္စည်းတန်ဖိုးကျန်ငွေကို ပေးချေရ မှာဖြစ်တယ်။ ရောင်းသူက ပစ္စည်း ကို ပေးအပ်ရာမှာ ဝယ်သူပိုင်ဆိုင် ရာ ရောက်အောင် ပစ္စည်းပိုင်ထိုက် ကြောင်းနှင့်ဆိုင်သော စာရွက်စာ တမ်းအရပ်ရပ်ကို ဝယ်သူထံပေး အပ်ရန် တာဝန်ရှိတယ်လို့ ပစ္စည်း လွှဲပြောင်းခြင်း ဥပဒေပုဒ်မ ၅၅ မှာ အတိအလင်းပြဋ္ဌာန်းထားတယ်”

“ဒါဆိုရင် တိုက်ခန်းဝယ်သူထံ တိုက်ခန်းပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ကန်ထရိုက် တာက စီစဉ်ပြီးပေးရမှာပေါ့နော်”

“မှန်ပါတယ်။ ဝယ်သူနဲ့ ရောင်း သူတို့ရ့ ပဋိညာဉ် စာချုပ်ပါအတိုင်း လိုက်နာဖို့ ဆောင်ရွက်ရမှာဖြစ်တယ်”

“သူငယ်ချင်းအစောကပြော သလို လူနေထိုင်ခွင့်လက်မှတ် ကိစ္စ အပါအဝင်ကျန်ကိစ္စတွေကို မိမိ ကိုယ်တိုင် ဆောင်ရွက်မယ်ဆိုပြီး ငွေကြေးညှိနှိုင်းတာ အဆင်မပြေ ဘူးဆိုရင် ဘယ်လိုဆောင်ရွက်နိုင် ပါသလဲ”

“ညှိနှိုင်းလို့ မရရင်တော့ တရားရင်ဆိုင်ရမယ့် သဘောဖြစ် သွားပြီ”

“ဒါဆိုရင် ရက်ကျော်လို့ နစ် နာကြေးတောင်းခွင့် ရနိုင်ပါ့မလား”

“ဥပဒေအရဆိုရတော့ နှစ်ဦး နှစ်ဖက်ချုပ်ဆိုထားတဲ့ ပဋိညာဉ်ပါ စည်းကမ်းချက်အတိုင်း ဆောင် ရွက်ပေးစေလိုမှုအဖြစ် တရားစွဲဆို တောင်းဆိုခွင့်ရှိပါတယ်”

“ခု သုံးနှစ်ခန့် ကြာသွားပြီဆို တော့”

“အကောင်းဆုံးကတော့ မြေ ရှင်၊ ကန်ထရိုက်တာနဲ့ တိုက်ခန်း ပိုင်ရှင်ဖြစ်တဲ့ သူငယ်ချင်းတို့ ညှိ နှိုင်းကာ အခန်းလက်ဝယ်ရယူမယ်။ လူနေထိုင်ခွင့်အတွက် ကုန်ကျစရိတ် အနည်းငယ်ချန်ပြီး နောက်ဆုံး အရစ်ကို ပေးချေသင့်တယ်လို့ ထင် တယ် သူငယ်ချင်း” ဟု အကောင်း ဆုံး အကြံပေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်