မခွဲစိတ်ရသေးသည့် မြေနှင့် အိမ်ကို ဝယ်မည်ဆိုလျှင်
“မခွဲစိတ်ရသေးတဲ့ မြေကွက် ကို ဝယ်ရင် အဆင်ပြေပါ့မလား၊ ဘယ်လို ဆောင်ရွက်ရတယ်ဆိုတာ သိချင်လို့ သူငယ်ချင်းဆီလာခဲ့ တာ” မိတ်ဆွေတစ်ဦးက စာရေးသူ ၏ ရုံးခန်းသို့ ရောက်လာပြီး ဆွေး နွေးခြင်းဖြစ်သည်။
“ခွဲစိတ်ယူမယ့် မြေကွက်ပေါ်မှာ အဆောက်အအုံရှိမယ်ဆိုရင် တော့ ခွဲစိတ်ဖို့ ခက်ခဲမယ် သူငယ် ချင်း။ အဆောက်အအုံမရှိဘဲ မြေ ကွက်လပ်ဆိုရင် ပိုအဆင်ပြေတာ ပေါ့”
“မြေကွက်ခွဲမယ်ဆိုရင် မြေ ကွက်နှစ်ကွက်လုံးအတွက် ဝင် ထွက်သွားလာဖို့ လမ်းရှိရမယ် မဟုတ်လား”
“မှန်ပါတယ်။ မူလစည်ပင် သာယာပိုင် လမ်းမရှိဘူးဆိုရင် ပုဂ္ဂလိက လမ်းအဖြစ် မြေတိုင်းပြီး လမ်းဖောက်ပေးရတယ်။ အခုဝယ် ဖို့ စဉ်းစားထားတဲ့ မြေက ဘယ် မှာဖြစ်နေလို့လဲ”
“ဘိုးဘွားပိုင်ခြံထဲက မြေနဲ့ အိမ်ကိုဝယ်ချင်တာ”
“သူငယ်ချင်းကို ရှင်းအောင် ပြောပြရမယ်ဆိုရင် လက်ရှိ အရောင်းအဝယ်အများဆုံးဖြစ်နေတဲ့ မြေကွက်တွေကတော့၊ ဂရန်မြေ အမျိုးအစားနဲ့ ဘိုးဘပိုင်မြေ (မြေ ပိုင်မြေ) အမျိုးအစားပဲ ဖြစ်တယ်”
“ဂရန်မြေက အတိုင်းအတာ ပါပြီးဖြစ်တော့ ခွဲစိတ်ရတာပိုလွယ် မှာပေါ့နော်”
“ဟုတ်ပါတယ်။ အဆောက် အအုံပါရင်လည်း အလယ်ကခွဲပြီး ကာရံလို့ ခွဲစိတ်ဖို့ လွယ်တာပေါ့”
“အနည်းဆုံး ဘယ်အတိုင်းအ တာအထိ ခွဲစိတ်ပေးပါသလဲ”
“ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီရဲ့ လုပ်ထုံး လုပ်နည်းအရကျင့်သုံးဆောင်ရွက် နေတာကတော့ ခွဲစိတ်ပြီးတဲ့ မြေ ကွက်အတိုင်းအတာဟာ မျက်နှာ စာဘက်မှာ အနည်းဆုံး ပေ ၂ဝ ရှိရမှာဖြစ်ပြီး အနည်းဆုံး စတုရန်း ပေ ၁၂ဝဝ ရှိရမှာဖြစ်တယ်။ ခွဲစိတ် ပြီး ကျန်ရှိတဲ့ မြေကွက်အတိုင်း အတာကလည်း အနည်းဆုံး ခွဲစိတ် ထားတဲ့ မြေအတိုင်းအတာအတိုင်း ကျန်ခဲ့ရမှာဖြစ်တယ်။ ပြီးတော့ သူငယ်ချင်းပြောသလို ခွဲစိတ်ပြီး မြေ ကွက်အားလုံးမှာ ဝင်ထွက်သွားလာဖို့ လမ်းရှိရမယ်။ လမ်းမရှိသေးရင် မိမိခွဲစိတ်မယ့် မြေကွက်ထဲကပဲ ကိုယ်ပိုင်လမ်းအဖြစ် ထားရှိရမှာ ဖြစ်တယ်”
“ဘိုးဘပိုင်မြေ (မြေပိုင်မြေ) ဆိုရင် ခွဲစိတ်ဖို့ ခက်နိုင်တာပေါ့”
“မှန်တာပေါ့၊ ခွဲစိတ်လိုက် မယ်ဆိုရင် အဆောက်အအုံတွေ က ရှိနေလို့ အခက်အခဲတွေရှိကြ တယ်။ ဥပမာပြောရရင် ရန်ကုန် မြို့ အင်းလျားလမ်းမှာရှိတဲ့ ခြံကြီး တွေက အိမ်မျိုးဆိုရင် မူလက မိသားစုနေဖို့ဆိုပြီး ပူးကပ်ဆောက် လိုက်ကြတာပဲ။ နောက်ပိုင်းတစ် ဦးဦးက ခွဲစိတ်ရောင်းမယ်ဆိုတော့ အဝင်အထွက်လမ်းအတွက် အ ဆောက်အအုံတွေရှိနေလို့ အခက် အခဲတွေဖြစ်ကြရတယ်”
“အခုကိစ္စလည်း အဲဒီလိုဖြစ် နေလို့”
“ဒါကတော့ တချို့ကနေရာ ကို ကြိုက်တာနဲ့အမြင်အတိုင်းဝယ် လိုက်ကြတာရှိတယ်။ တချို့က လည်း နားလည်တတ်ကျွမ်းသူတွေ နဲ့ မြေအတိုင်းအတာကို ကြည့်ပြီး ခွဲစိတ်မရနိုင်ရင် မဝယ်ဖြစ်တော့ တာလည်း ရှိတယ်”
“အခုကိစ္စက အရောင်းအ ဝယ် စာချုပ်ချုပ်ပြီးပြီလား”
“ဒီလိုသူငယ်ချင်း၊ အစက အဲဒီ အရောင်းအဝယ် လုပ်တဲ့အိမ်မှာ ဝယ်မယ့်သူက အိမ်ငှားအဖြစ် နေတာ၊ အခုဝယ်ချင်တာပေါ့နော်”
“မြေပိုင်ရှင်ကကော ရောင်း မှာလား”
“မြေပိုင်ရှင်ကလည်း ရောင်း မယ်။ ဒါပေမယ့် မြေခွဲစိတ်ဖို့ အ မည်ပေါက်ရဖို့ ခက်နေသလားလို့”
“အိမ်နဲ့ မြေကိုသိပ်ကြိုက်နေ ရင်လည်း မခွဲစိတ်ရသေးသော မြေကွက်ဆိုပြီး အရောင်းအဝယ်မှတ် ပုံတင် စာချုပ်ချုပ်ဆိုလို့ရပါတယ်။ လက်ရောက်ရပြီးမှတော့ ပူစရာ မလိုပါဘူး”
“အခုနေတော့ ကိစ္စမရှိဘူး ပေါ့ သူငယ်ချင်း၊ အခြားအိမ်တွေ ကလည်း အခုလို ရောင်းသွားမယ် ဆိုရင် ပိုင်ရှင်အသစ်နဲ့က တရား စွဲနှင်တာတွေဖြစ်လာမှာစိုးလို့”
“ဒါတော့ မစိုးရိမ်နဲ့ သူငယ်ချင်း၊ အမည်ပြောင်းမရတာဘဲရှိမယ်။ ပိုင်ဆိုင်ခွင့်ကိုတော့ အနှောင့်အယှက်ပေးလို့ မရဘူး။ ဒါနဲ့ပတ်သက်လို့ ဥပဒေကြောင်း အရ ဗဟုသုတအဖြစ် ပြောပြရ မယ်ဆိုရင်”
“ပြောပါဦး သူငယ်ချင်း၊ ဒါမှ လည်း ဗဟုသုတရပြီး ဆောင်နိုင် ရှောင်နိုင်မှာပေါ့”
“တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့ ဒေါ်ထုနဲ့ ရှာရှောက်ယုံ ခေါ် ဦးဇော်ဝင်းပါ နှစ်ဦး၊ ၂ဝဝဝ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၃၆ အမှုမှာ ဦးဇော် ဝင်းက မြေကွက်ပိုင်ရှင်ဒေါ်ထုထံ ကနေ မခွဲစိတ်ရသေးသော မြေနဲ့၊ အဆောက်အအုံ ၇၆ ပေ +၂၈ƒ
ပေကို စာချုပ်စာတမ်းမှတ်ပုံတင် စာချုပ်-ချုပ်ဆိုပြီး လက်ရောက်ရ ယူနေထိုင်ခဲ့တယ်။ မြေစာရင်းဌာန မှာ ဝယ်သူဦးဇော်ဝင်းအမည် ပေါက်လျှင် ကျန်ငွေတစ်သောင်း ကျပ်ပေးမယ်လို့ ခံဝန်ချက်နဲ့ ရောင်းဖိုးငွေကို ချန်ထားတယ်။ ဒေါ်ထုက မြေကွက်ခွဲဖို့ လျှောက် တော့ မြို့တော်စည်ပင်သာယာရေး ကော်မတီက အချင်းဖြစ် မြေကွက် ၏ မျက်နှာစာကို ပေ ၄ဝ ထားပြီး ခွဲစိတ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ (အဲဒီကာလဖြစ်တဲ့ ၁၉၉၂ ခုနှစ်က တော့ ပေ ၄ဝ ထားပြီး ခွဲစိတ်ပေး တာဖြစ်တယ်။) ဒေါ်ထုက မြေ ကွက်ကို ပေ ၄ဝ မျက်နှာစာထား ပြီး ခွဲစိတ်ရင် အဆောက်အအုံရှိ ပြီး မြေပိုမရှိလို့ ခွဲစိတ်မပေးနိုင်တာ ကြောင်း အရောင်းအဝယ်စာချုပ် ပျက်ပြယ်ပြီး ရောင်းချထားတဲ့ မြေ ပြန်လည်ပေးအပ်ဖို့ တရားရုံးမှာ လျှောက်ထား တယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတာကတော့ အရောင်းအဝယ်မှတ်ပုံတင် စာချုပ် မှာ နှစ်ဦးနှစ်ဖက်စလုံးက အချင်း ဖြစ် ဥပစာကို ခွဲစိတ်ခွင့်မရရင် ပဋိညာဉ်ကို ဖျက်သိမ်းမယ်ဆိုတဲ့ သဘောတူစည်းကမ်းချက် မပါရှိ တဲ့အတွက် အရောင်းအဝယ် မပျက်ပြယ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် မြေကွက်ကို ခွဲစိတ်မရ မှန်းသိလျက်နဲ့ နှစ်ဖက်သဘောတူ အရောင်းအဝယ် မှတ်ပုံတင် စာ ချုပ် ချုပ်ဆိုမှုက တရားဝင်တယ် လို့ ပြောရမှာဖြစ်တယ်။ ဝယ်သူရဲ့ ပိုင်ဆိုင်မှုကို အနှောင့်အယှက်ပေး လို့ မရဘူး သူငယ်ချင်း”
“မြေပိုင်ရှင်ကတော့ ပြော တယ်။ အခုရောင်းမယ့် အိမ်ရဲ့ နောက်ဘက်က အိမ်က အခုလည်း အခြား ဘက်ကနေ ဝင်ထွက်နေ တာမို့ ပြဿနာမရှိဘူးလို့ ပြောပါ တယ်”
“အေး-တစ်ခုတော့ရှိတယ်။ မခွဲစိတ်ရသေးတဲ့ မြေဆိုရင် မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ်ဆိုဖို့လိုတယ်။ အရပ်စာချုပ်နဲ့ ဆိုရင်တော့ ပိုင်ဆိုင်မှုရမှာ မဟုတ် တဲ့အတွက် ဒီအချက်ကတော့ အထူးသတိပြုချုပ်ဆိုပါ သူငယ်ချင်း” ဟု အကြံပြုဆွေးနွေးပေးခဲ့ပါ သည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်