ကောက်ယူမွေးစားသည့် သားသမီးထံမှ မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်
‘မြေနဲ့ အိမ်ဝယ်ဖို့ သွားစုံစမ်း လိုက်တော့…’
“ဘာပြဿနာရှိနေလို့လဲ” မိတ်ဆွေ၏ စကားမဆုံးမီမှာ စာရေးသူက မေးခွန်းထုတ်လိုက် ခြင်းဖြစ်သည်။
“ပိုင်ရှင်အဘိုးကြီးကတော့ ဆုံးသွားပြီ။ အခုနေတဲ့ မွေးစား သားက ရောင်းမှာတဲ့”
“မွေးစားသားဆိုတော့ ကိတ္တိ မစာချုပ်နဲ့ မွေးစားထားတာလား”
“အဲဒါတော့ သေချာမသိဘူး။ မွေးစာသားဆိုလို့ ကန့်ကွက်ရန်ရှိ မရှိ သတင်းစာထဲမှာ ကြေညာ လိုက်တယ်”
“ဒီတော့ ကန့်ကွက်သူပေါ် လာတယ်ပေါ့”
“ပိုင်ရှင် အဘိုးကြီးရဲ့ ဇနီးဆို ပြီး ကန့်ကွက်လာတယ်။ အဲဒါ ဘယ်လို ဖြစ်နိုင်သလဲလို့”
“သူငယ်ချင်းကို မေးမယ့် မေးခွန်းလေးတွေ ဖြေရင်းနဲ့ အဖြေ ရလာပါလိမ့်မယ်။ ကဲ-ပထမဦးဆုံး မြေကွက်က ဂရန်မြေပဲလား၊ အ မည်ပေါက်က ဘယ်သူလဲ”
“ဂရန်အမည်ပေါက်ကတော့ ကွယ်လွန်သွားတဲ့ အဘိုးကြီး အ မည်နဲ့ ဖြစ်တယ်”
“မွေးစား အဖေလို့ ပြောရမှာ ပေါ့ မဟုတ်ဘူးလား။ မွေးစား အဖေရဲ့ အမည်တစ်ဦးတည်း အ မည်ပေါက်ဆိုရင်၊ သူ့ဇနီးက အမွေ ဆက်ခံမှာပေါ့”
“အခုဇနီးက ဒုတိယဇနီးလို့ သိရတယ်။ ပထမဇနီးကလည်း ကွယ်လွန်သွားပြီဖြစ်တယ်လို့ ပြော တယ်”
“ဒါဆိုရင် မွေးစားသားနဲ့ မိထွေးတို့ရဲ့ အမွေဆက်ခံရေးဖြစ် နေတာပေါ့”
“မွေးစားသားက ရပိုင်ခွင့်ရှိရဲ့ လား”
“မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ အရဆိုရင် မြန်မာဗုဒ္ဓဘာသာ ဝင်များဟာ သားသမီးမွေးစားခြင်း လေးမျိုးရှိတယ်။ ကိတ္တိမမွေးစား ခြင်း (အမွေခံ သားသမီးအဖြစ် မွေးစားခြင်း) နဲ့ အပတိဋ္ဌမွေးစား ခြင်း (ကောက်ယူမွေးစားခြင်း) နှစ် မျိုးသာ မွေးစားမိဘများထံမှ အမွေ ခံထိုက်တဲ့ သားသမီးများလို့ သတ် မှတ်ထားတယ်”
“ကိတ္တိမမွေးစားခြင်းက မှတ် ပုံတင် စာချုပ် ချုပ်မှ တရားဝင် အမွေဆက်ခံခွင့်ရတယ်ဆိုတာ ဟုတ်သလား”
“ဟုတ်ပါတယ်။ ကိတ္တိမမွေး စားခြင်း မှတ်ပုံတင် အက်ဥပဒေ အရ စာချုပ်စာတမ်းရုံးမှာ ကိတ္တိ မမွေးစားစာချုပ်ကို မှတ်ပုံတင်ချုပ် ဆိုမှ တရားဝင်အတည်ဖြစ်ပြီး မွေး စားခံရသူဟာ မွေးစားမိဘတို့ရဲ့ သားရင်း၊ သမီးရင်းတို့နဲ့ တန်းတူ အမွေဆက်ခံခွင့်ရရှိလာမှာဖြစ်ပါ တယ်”
“ကိတ္တိမမွေးစား စာချုပ်နဲ့ မွေးစားခြင်း မဟုတ်ရင်တော့ ကောက်ယူမွေးစားခြင်း ဖြစ်သွား နိုင်တာပေါ့နော်”
“မှန်ပါတယ်။ ကောက်ယူ မွေးစားခြင်းခံရတဲ့ သားသမီးတွေက တော့ မွေးစားမိဘမှာ သားသမီး၊ မြေး၊ မြစ်၊ ကိတ္တိမမွေးစား သားသမီး တွေ မရှိမှသာ အမွေခံစားခွင့်ရှိမှာ ဖြစ်တယ်”
“ဒါဆိုရင် အခုကိစ္စမှာ မွေး စားသားက၊ ကိတ္တိမမွေးစား စာချုပ် နဲ့ မွေးစားထားခြင်းဟုတ် မဟုတ် အရင်စုံစမ်းရမှာပေါ့”
“ဟုတ်ပါတယ်။ ကိတ္တိမ မွေး စားသား ဖြစ်မယ်ဆိုရင်တော့ သား ရင်း သမီးရင်းကဲ့သို့ အမွေဆက်ခံ ခွင့်ရမှာဖြစ်တယ်။ မွေးစားမိဘနှစ် ဦးအနက်၊ တစ်ဦးဦး ကွယ်လွန်ပြီး နောက်မှာ ကျန်ရစ်တဲ့ မွေးစားမိဘ က နောက်အိမ်ထောင်ပြုမယ်ဆို ရင် နောက်အိမ်ထောင်ပြုတဲ့ အချိန် ကစပြီး မွေးစားသားသမီးက အမွေ တောင်းခံခွင့်ရှိမှာဖြစ်တယ်”
“အခု အိမ်နဲ့မြေကို ရောင်း မယ်ဆိုတဲ့ သူ့ကို အဘိုးကြီးကနေ ကိတ္တိမသားအဖြစ် တရားဝင် စာ ချုပ်နဲ့ မွေးစားခဲ့မယ်ဆိုရင် မိထွေး ဖြစ် သူနဲ့ အမွေခွဲဝေယူရမယ့် သဘောပေါ့”
“မှန်ပါတယ်”
“ဒါနဲ့ကောက်ယူမွေးစားတဲ့ သားသမီးဆိုရင်ကော”
“အစောက ပြောခဲ့သလို အပတိဋ္ဌသားသမီး၊ ကောက်ယူ မွေးစားတဲ့ သားသမီးမျိုးဖြစ်ရင် တော့ မွေးစားမိဘရဲ့ သားသမီး မြေး၊ မြစ်၊ ကိတ္တိမမွေးစားသားသမီး မရှိမှသာ အမွေဆက်ခံခွင့်ရမှာဖြစ် တယ်။ မွေးစား မိဘရဲ့ ဇနီး၊ ခင်ပွန်းရှိခဲ့ရင်တော့ မွေးစားမိဘရဲ့ ဇနီး၊ ခင်ပွန်းကပဲ ရခွင့်ရှိမှာဖြစ် တယ်”
“ကောက်ယူ မွေးစားတဲ့ သား သမီးက မွေးစားမိဘနဲ့အတူနေရင် လည်း မိထွေးနဲ့ယှဉ်ရင် ဆုံးရှုံးနိုင် တယ်ပေါ့”
“ကောက်ယူမွေးစားတဲ့ သား သမီးဟာ ကိတ္တိမသားသမီးတို့ရဲ့ အခွင့်အရေးနဲ့ မတူဘူး။ မွေးစား မိဘနဲ့အတူနေဖို့လိုအပ်တယ်။ မွေး စားမိဘနဲ့ ခွဲခြားနေထိုင်ရင် အမွေဆက်ခံခွင့်ဆုံးရှုံးခံရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် ကောက်ယူမွေးစားတဲ့ သားသမီး တွေ ဟာ မွေးစားမိဘနဲ့အတူ နေဖို့ တော့ လိုတယ်”
“အခုအိမ်မြေရောင်းမယ်ဆို တဲ့ သူအနေနဲ့ကတော့ ကိတ္တိမမွေးစား စာချုပ်နဲ့ ချုပ်ဆိုထားတာ မဟုတ်ဘူးလို့ တစ်ဖက်က ကန့် ကွက်ထားတာရှိတယ်။ ဒီတော့ ကောက်ယူမွေးစားသားလို့ပဲ ယူဆ ရမယ့် သဘောဖြစ်နေတယ်။ အဲဒီ လိုဆိုရင် မိထွေးကပဲ အမွေဆက် ဆံခွင့်ရမယ်ပေါ့။ ဒီလိုသဘောမျိုး လား”
“ဒါနဲ့ ပတ်သက်လို့ သူငယ် ချင်းကို ရှင်းအောင် ပြောပြရမယ် ဆိုရင် တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့ မစောမြ (ခ) မသန်းနွဲ့နှင့် မချိုချိုမာ ပါ နှစ်ဦး၊ ၁၉၈၁ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာ မျက်နှာ ၂၅ အမှုမှာ မစောမြသည် ကွယ်လွန်သူဦးလှရွှေ၏ ဇနီးဖြစ် သဖြင့် အပတိဋ္ဌ သမီးဖြစ်သော မချိုချိုမာသည် မိထွေးဖြစ်သူ မစောမြနှင့် ယှဉ်ပြိုင်၍ မွေးစား ဖခင်ဦးလှရွှေ၏ အမွေကို ခံစား ခွင့်မရှိ”ဆိုပြီး ဆုံးဖြတ်ထားပါ တယ်။ ဒါကြောင့် အခုရောင်းမယ်ဆိုတဲ့ မွေးစားသားဟာ ကောက်ယူ မွေးစားသားဖြစ်ရင်တော့ မိထွေး နဲ့ ယှဉ်ရင် အမွေရခွင့်ရှိမှာ မဟုတ် ဘူး။ ဒါပေမယ့် အမွေဆိုင်မြေနဲ့ အိမ်မှာ မွေးစားသားကနေပြီး မိထွေးဖြစ်သူက သီးခြားနေတယ် ဆိုတာက စဉ်းစားစရာဖြစ်နေ တယ်”
“မွေးစားသားပြောတဲ့ စကား အရတော့ မွေးစားအဖေက သူ မ သေခင်ကတည်းက အဲဒီမိန်းမနဲ့ ကွဲသွားပြီး အမွေလည်း ခွဲပေးလိုက် တယ် ပြောတယ်။ သူက မွေးစား အဖေနဲ့အတူနေပြုစုခဲ့တာလို့ ပြောတာပဲ”
“သူပြောတဲ့အတိုင်း တရားဝင် ကွာရှင်းပြီး ပစ္စည်းခန်းပါ ခွဲဝေပြီးပြီ ဆိုရင်တော့ အခု အိမ်နဲ့ မြေဟာ မွေးစားသားက ရပိုင်ခွင့်ရှိမှာဖြစ် တယ်။ ဒီတော့ အစစအရာရာ အသေးစိတ်စုံစမ်းပြီးမှ ဝယ်သင့် တယ် သူငယ်ချင်း”ဟု အကြံပြု ဆွေးနွေးပေးလိုက်ရင်း ဗဟုသုတ အဖြစ် ရေးသားလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်