ကျူးကျော်နေထိုင်သူရှိသည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်
“အိမ်ဝယ်ဖို့ သွားကြည့်တာ” မိတ်ဆွေ၏ စကားမဆုံးမီ စာရေး သူက စကားဆက်လိုက်မိပါသည်။
“သွားကြည့်တော့ အဆင်မ ပြေ ဖြစ်လာတယ်ပေါ့”
“အိမ်ကို အခန်းနှစ်ခန်းဖွဲ့ပြီး ငှားထားတယ် ပြောတယ်”
“ဒါကတော့ အိမ်ရှင်က အရာင်းအဝယ်ဖြစ်ရင် ရှင်းပေးရမှာ ပေါ့လေ”
“စုံစမ်းကြည့်လိုက်တော့ တစ်ခန်းကတော့ အိမ်ငှားအဖြစ် လခပးပြီး ငှားထားတယ်ဆိုပေမယ့် ကျန်တစ်ခန်း ကတော့ နေတဲ့ သူ တွေက ဝယ်ထားတာလို့ ပြော တယ်”
“ဘယ်သူ့ဆီက ဝယ်ထား တယ်ဆိုတာ အိမ်ရှင်ကို မေးမ ကြည့်ဘူးလား”
“အိမ်ရှင်ပြောစကားက တော့ သူဝယ်လိုက်တဲ့ အချိန်မှာ သူတို့က ရှိနေပြီးသားလို့ ပြော တယ်”
“ဒါဆိုရင် အိမ်ငှားတွေရှိနေ တဲ့ အိမ်ကို ဝယ်လိုက်တဲ့ သဘော ပေါ့”
“ဒီလိုလည်း မဟုတ်ဘူး”
“ပြောပါဦး၊ ခင်ဗျားဇာတ် လမ်းက”
“အစကတော့ အိမ်ငှားဆိုပြီး ဝယ်လိုက်တာ၊ နောက်တော့မူလ အိမ်ငှားမဟုတ်တော့ဘဲ၊ နောက်တစ်ဦး အခုနေတဲ့သူက အခန်းကို ဝယ်နေတာလို့ သိရတယ်”
“ဟုတ်ပြီ၊ မူလအိမ်ငှားက အပျာက်သဘော အိမ်ရှင်မသိဘဲ ရောင်းလိုက်တဲ့ သဘောပေါ့၊ ဒါဆို အခုနေတဲ့ သူက အိမ်ငှားမဟုတ် တော့ဘူး ဖြစ်နေပြီ”
“အခု စရန်ပေးပြီးသားဖြစ် နေလို့ ဘယ်လို လုပ်ရင်အဆင်ပြေ နိုင်မလဲဆိုပြီး သူငယ်ချင်းဆီလာ ဆွေးနွေးတာ”
“အတော်လေးတော့ ခက်ခဲ သွားပြီ၊ သူငယ်ချင်းကို ရောင်းတဲ့ သူက အဲဒီ အိမ်နဲ့မြေကို မှတ်ပုံ တင်စာချုပ်စာတမ်းနဲ့ ဝယ်ထား တာလား”
“မူလအမည်ပေါက် ဦးအောင် ခန့်ဆီက မှတ်ပုံတင် စာချုပ်စာ တမ်းနဲ့ ဝယ်ထားတာပဲ”
မိတ်ဆွေက သူ့ထံပါလာသည့် အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ဓာတ်ပုံမိတ်တ္တူ ထုတ်ပြပါသည်။
“ဒေါ်တင်ကြည် အမည်ကို ပြောင်းထားတာပဲ၊ ဒီမြေနဲ့ အိမ်ကို အခု ရောင်းမယ်ဆိုတဲ့ ဒေါ်တင်ကြည် အမည်ပေါက်နေတာတော့ ထင်ရှားနေတယ်”
“ဒါကြောင့်လည်း စရန်ပေး လိုက်မိတာပေါ့”
“ဒီအငြင်းပွားနေတဲ့ အိမ်ခန်း ဘေးက ငှားထားတယ်ဆိုတဲ့ အိမ် ခန်းကကော ဘယ်လိုအခြေအနေ ရှိသလဲ”
“ဘေးအိမ်ခန်းကတော့ ရှင်း ပြီးသွားပြီ။ ဒေါ်တင်ကြည်တို့က ငှားထားတာဆိုတော့ ပေးလိုက်တဲ့ စရန်ငွေနဲ့ ရှင်းလိုက်တယ်ထင် တယ်။ အခုအိမ်ခန်းလွတ်ဖြစ်သွား ပါပြီ”
“ရောင်းမယ်ဆိုတဲ့ ဒေါ်တင် ကြည်တို့က အဲဒီအိမ်ခန်းအတွက် ဘာတာဝန်ယူထားသေးသလဲ၊ အိမ် လခကောက်ယူရထားတဲ့ အခြေ အနေကို မေးမကြည့်ဘူးလား”
“ဒေါ်တင်ကြည်နဲ့က အိမ်ရှင် အိမ်ငှားစာချုပ်မရှိဘူးပြောတယ်။ငှားရမ်းခလည်း မရခဲ့ဘူးလို့ သိရ တယ်”
“သူက ဘယ်လို ဆောင်ရွက် ပေးမယ်ပြောသလဲ၊ စရန်ပေး စာ ချုပ်မှာ အရှုပ်အရှင်းရှိရင် ဘယ် လို ဆောင်ရွက်ပေးမယ်လို့ ကတိ စာချုပ် ချုပ်ထားသေးလဲ”
“စရန်ပေး ကတိစာချုပ်မှာ တော့ အရှုပ်အရှင်းရှိရင် ပြေလည် သည်အထိ အကုန်အကျခံပြီး ဆောင်ရွက်ပေးမယ်လို့ ပါတယ်”
“အကယ်၍ နောက်ဆုံးမပြေ လည်ခဲ့သော် ဘယ်လိုဆောင်ရွက် ပေးမယ်ဆိုတာကောမပါဘူးလား”
“မပြေလည်ရင်ဆိုတာတော့ မပါဘူးထင်တယ်၊ အရှုပ်အရှင်း ကို ပြေလည်အောင် အကုန်အကျ ခံ ဆောင်ရွက်ပေးမယ်လို့ပဲပါတယ် ထင်တယ်”
“သူငယ်ချင်းတို့က လမ်းဘေး မိတ်္တူဆိုင်တွေမှာ အဆင်သင့်ရယ် ဒီမိတ် စာချုပ်တွေနဲ့ ချုပ်လိုက် တယ်ထင်တယ်။ အမှန်က နား လည်တဲ့ ရှေ့နေတွေနဲ့ စရန်ပေး စာချုပ်ကို ချုပ်ကြရတယ်။ ဘာအ ရောင်းအဝယ်ပဲဖြစ်ဖြစ် စရန်ပေး ချိန်ဟာ အဓိကပဲ၊ စရန်ပေးစာချုပ် မှာ ကတိပေးချက်တွေကို အသေ အချာဖော်ပြထားရတယ်။ ဒါမှ ဥပဒေအရ မိမိရဲ့ ရပိုင်ခွင့်ကို ဆောင်ရွက်နိုင်မှာဖြစ်တယ်။ ဒီအ ချက်ကို ဝယ်သူတိုင်း သတိမပြုမိ ကြဘူး။ စရန်ပေးတာပဲဆိုပြီး လွယ် လွယ်ကူကူ လုပ်တတ်ကြတယ်။ တစ်ခါတစ်ရံမှာ မိမိရဲ့ အမှားကို ဝယ်ယူလိုက်တာမျိုးဖြစ်သွားတတ် တယ်”
“ညှိနှိုင်းလို့ မရရင် တရားစွဲ ယူရမယ့်သဘော ဖြစ်နေတာပေါ့ နော်”
“အင်း-ဒီပုံအရဆိုရင်တော့ ဒေါ်တင်ကြည်တို့က တရားစွဲပြီး နှင်ထုတ်ပေးရမယ့် သဘောဖြစ်နေ တယ်”
“ဒါဆို ကြာမှာပေါ့”
“အိမ်ဖိုးငွေ အကြေပေးမှ တရားစွဲပေးမယ်ဆိုတာမျိုးလည်း ဖြစ်လာနိုင်တယ်”
“တရားစွဲခဲ့ရလို့ ကုန်ကျ စရိတ်ကို ငွေချေရမယ့် အိမ်ဖိုးကျန် ငွေထဲကနေ ထုတ်ပေးသွားရင် မဖြစ်နိုင်ဘူးလား”
“ဒါကတော့ ရောင်းတဲ့ ဒေါ် တင်ကြည်သဘောတူရင်တော့ ဖြစ်မယ်”
“တစ်ခုရှိတာက ဒေါ်တင် ကြည်နဲ့ အခုနေထိုင်တဲ့ သူတွေက အိမ်လခလည်း မပေးဘူးဆိုတော့ အိမ်ရှင်အိမ်ငှားအဖြစ် မဟုတ်ကြ ပဲ ကျူးကျော်နေသူအဖြစ် တည် ရှိနေရင်တော့ နေထိုင်တဲ့ ကာလ က အရေးကြီးလာတယ်”
“ရှင်းပြပါဦး သူငယ်ချင်း”
“ကျူးကျော်နေထိုင်တာဟာ ၁၂ နှစ်ကာလကျော်ခဲ့ပြီဆိုရင် တရားစွဲဆိုခွင့်မရှိတော့ဘူး။ ဆန့် ကျင်နေထိုင်ခွင့်ရသွားပြီးဖြစ်တယ်”
“၁၂ နှစ်ကျော် နေထိုင်ခဲ့ပြီဆို ရင် တစ်သက်လုံးနေထိုင်ခွင့် ရ သွားတဲ့ သဘောလား”
“ဒါနဲ့ ပတ်သက်လို့ သူငယ် ချင်းကို ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်ထွန်းပါ သုံးဦးနဲ့ ဦးဘိုးဖြူ၊ ၁၉၈၁ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံးစာမျက်နှာ ၅၀ အမှုမှာ အချင်းဖြစ်တဲ့ အိမ်နဲ့မြေကို ဦးဘိုး ဖြူက မူလပိုင်ရှင် ဦးလှတင်ထံမှ မှတ်ပုံတင် စာချုပ်နဲ့ ဝယ်ခဲ့တယ်။ ဝယ်ပြီး နောက်မှာ အဲဒီမြေကွက်ရဲ့ မြောက်ဘက်ပိုင်း သုံးပုံတစ်ပုံခန့် မှာ အိမ်ဆောက်နေတဲ့ ဒေါ်ထွန်း မိသားစုကို ကျူးကျော်ဝင်ရောက် နေထိုင်သူအဖြစ် ဖယ်ရှားပေးဖို့ တရားစွဲခဲ့တယ်။
အဲဒီမှာ ပြဿနာက ဒေါ်ထွန်း မိသားစုဟာ အဲဒီမြေကွက်ထဲမှာ မူလပိုင်ရှင် ဦးလှတင်လက်ထက် ကတည်းက နေလာတာဖြစ်တယ်။ဒါကြောင့်မို့ ကာလစည်းကမ်း သတ် ၁၂ နှစ်ကျော်နေပြီလို့ ဒေါ်ထွန်းက ထုချေတယ်။ တရား ရုံးချုပ်ဆုံးဖြတ်တာက ကာလစည်း ကမ်းသတ် ဥပဒေအပိုဒ် ၁၃၆ အရ တရားစွဲဆိုခွင့်ကာလကို စတင်ရေ တွက်ရမယ့်နေ့ဟာ ရောင်းသူက လက်ရှိစွဲပိုင်ခွင့်ရှိတဲ့ နေ့ကစပြီး ရေတွက်ရမှာဖြစ်တယ်၊ ဒါကြောင့် ရောင်းချတဲ့ ဦးလှတင် ပိုင်ဆိုင်စဉ် ကတည်းက ဒေါ်ထွန်းတို့ နေထိုင် နေတာဖြစ်လို့ အဲဒီရက်ကစပြီး ရေတွက်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအချိန်ကစပြီး ရေတွက်ရင် ဦးဘိုးဖြူတရားစွဲတဲ့ ကာလဟာ ၁၂ နှစ်ကျော်ပြီဖြစ်လို့ တရားစွဲပိုင်ခွင့်မ ရှိလို့ ဆုံးဖြတ်ခဲ့တယ်”
“ဒါဆိုရင် ဒီကိစ်္စမှာလည်း ရောင်းတဲ့ ဒေါ်တင်ကြည်က တရားစွဲပေးသည့်တိုင် သူတို့နေ ထိုင်တာက ဒေါ်တင်ကြည်တို့ မ ဝယ်မီအရင်ပိုင်ရှင်လက်ထက်က နေတယ်ဆိုတော့ ကာလစည်းကမ်း သတ် ၁၂ နှစ်ကျော်နိုင်တာပေါ့ နော်”
“အေး-ဟုတ်တယ် အ ကောင်းဆုံးအကြံပေးရရင်တော့ စရန်ငွေတစ်စိတ်တစ်ဒေသအဆုံး ခံပြီး ပြန်တောင်းရင်ကောင်းမယ် ထင်တယ်။ ဒါမှမဟုတ်ရင်တော့ အဲဒီ အိမ်ခန်းကို ညှိနှိုင်းပြီး အပျောက် သဘောမျိုးဝယ်လိုက် ရင်တော့ ရှင်းသွားမှာပေါ့။ အိမ်နဲ့ မြေတန်ဖိုးတော့မြင့်သွားမှာပေါ့ သူ ငယ်ချင်းရယ်”ဟု ဆွေးနွေးပေး လိုက်မိပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်