ဦးစွာဝယ်ပိုင်ခွင့် ရှိသူထံမှ အိမ်မြေတိုက်ခန်း ဝယ်မည်ဆိုလျှင်
“မင်းနဲ့တွေ့တုန်း ငါတစ်ခု လောက်တော့ မေးချင်တယ်ကွာ”
သူနှင့် ကျွန်တော်က အထက် တန်း ကျောင်းသားဘဝ ငယ်သူ ငယ်ချင်းများဖြစ်သဖြင့် ရင်းရင်းနှီး နှီး ခေါ်ဝေါ်တတ်ကြသည်။
“အေး-မင်းနဲ့ တွေ့ပြီဆိုရင် ပြဿနာတစ်ခုခုယူလာပြီ ဆိုတာ သိနေတယ်လေ”
“ပြဿနာတော့ မဖြစ်သေး ဘူး။ ဒါပေမယ့် ဗဟုသုတအနေနဲ့ သိထားချင်လို့ပါ”
“မိတ်ဆွေ တစ်ယောက်က တိုက်ခန်းဝယ်မယ်လုပ်တော့ အမှု ဖြစ်နေတဲ့အိမ် ဖြစ်နေတယ်”
“အမှုဖြစ်နေမှတော့ မဝယ် တာ အကောင်းဆုံးပဲ”
“မဟုတ်သေးဘူး၊ ငါ့စကားကို ဆုံးအောင် နားထောင်ဦး”
“ကောင်းပါပြီဗျ၊ ကျွန်တော် သေချာနားထောင်ပါ့မယ်”
“အမှန်ပြောရရင် အမှုဖြစ် မှန်းသိလျက်နဲ့ ဝယ်မှာ”
“စျေးပေါလို့ ဖြစ်မှာပေါ့၊ ဒီလိုပဲ အကျိုးအမြတ်ရှိမယ်လို့ ယူဆပြီး အမှုကို ဝယ်ယူတဲ့သူတွေ ရှိကြ တယ်”
“မင်းပြောသလို အမှုကို ဝယ် ယူတယ်ပဲထားပါတော့။ အခုအမှု နိုင်တဲ့ သူက တိုက်ခန်းတန်ဖိုးကို မအမ်းနိုင်ဘူးဖြစ်နေတယ်။ ဒါ ကြောင့်သူ့ဝေစုကိုပဲ ကြိုရောင်းရ မလားဆိုပြီး ငါ့မိတ်ဆွေဆီဝယ်ဖို့ ပြောတာပဲ”
“ဒါဆိုရင် အမွေမှုဖြစ်မှာပေါ့၊ လက်ဝယ်ရှိနေတဲ့ သူတွေကလည်း တရားနိုင် ဝေစုကို မအမ်းကြနဲ့။ အဲဒါပြောတာပေါ့ အမှုကို ဝယ် တယ်ဆိုတာ၊ အမွေဝေစုရမှ ပြန် ဆပ်မယ့် သဘောတော့ရှိမယ် နော်”
“ဒါပေမယ့် ငါ့မိတ်ဆွေက တိုက်ခန်းတစ်ခန်းလုံးကို သက် သောင့်သက်သာနဲ့ လိုချင်တာဖြစ် နေတယ်”
“သက်သောင့် သက်သာနဲ့ ဝယ်ချင်တယ်ဆိုတော့ အကြံပေးခ တော့ ပေးမှဖြစ်တော့မယ်” ကျွန် တော်က အရွှန်းဖောက်၍ ပြော လိုက်ပါသည်။
“အေး-ရောင်းမယ်ဆိုတဲ့သူက ဦးစွာ ဝယ်ပိုင်ခွင့်ဆိုတာရှိတယ်၊ သူရအောင် ဝယ်ပေးမယ်လို့ ပြော တဲ့အကြောင်းငါ့ကို ပြောပြတယ်။ အဲ-ခက်တာက”
“ခက်တာက ဦးစွာဝယ်ပိုင် ခွင့်ဆိုတာကိုတော့ ငါလည်းနားမလည်ဘူး၊ သူလည်းနားမလည်ဘူး။ ဒီလို ပြောချင်တာမို့လား”
“အေး-အဲဒါလေးနည်းနည်း ရှင်းပြပါလားကွာ”
“အင်း-စားသောက်ဆိုင်ခေါ် လာပြီး ငါ့ကို ဒုက္ခပေးပြန်ပြီ”
“ဒီလိုမဟုတ်ပါဘူး။ သူငယ် ချင်းရယ်၊ ကြုံတုန်းမို့ပါ”
“ငါကိုယ်တိုင်က အမှတ်မရှိဘူး။ မင်းလာမှတော့ ပြဿနာ တစ်ခု အဖြေညှိတော့မယ်ဆိုတာ သိလျက်နဲ့ လိုက်လာတာငါ့အမှား ပဲ”
“ဒီတစ်ခါတော့ ထားလိုက် တော့၊ စားကြရင်း ပြောကြတာ ပေါ့”
“ဦးစွာဝယ်ပိုင်ခွင့်ဆိုတာက အမွေမှုတွေမှာ သုံးတဲ့ ဥပဒေ စကားစုပဲ သူငယ်ချင်း၊ အပြင် လောကမှာတော့ သုံးစွဲလို့ မရဘူး။ အမွေပစ္စည်းကို ခွဲဝေယူကြဖို့ လေလံတင်ရောင်းချတဲ့အခါမှာ အမွေရှင်တစ်ဦးရဲ့ ရပိုင်ခွင့် အခွင့် အရေးတစ်ခုပဲဖြစ်တယ်”
“အမွေပစ်္စည်းကို လေလံတင် မှပဲ ဦးစွာဝယ်ပိုင်ခွင့်ကို သုံးစွဲလို့ရ မယ်ပေါ့၊ လေလံမပစ်မီ ဦးစွာ ဝယ် လို့မရဘူးလား”
“လေလံမပစ်မီကတော့ ဦးစွာ ဝယ်ပိုင်ခွင့်မလိုတော့ဘူးလေ၊ မိမိဝေစု ပစ္စည်းတန်ဖိုးငွေကို နုတ်ပြီး ကျန်တန်ဖိုးငွေကို အမ်းလိုက်ရင် ပြီးပြီပေါ့၊ ဘာမှ အငြင်းပွားစရာမ လိုတော့ဘူး”
“အခု မအမ်းနိုင်လို့ အပြင် လူကိုဝယ်ခိုင်းတဲ့ သဘောပဲလေ”
“အပြင်လူကလည်း အခုညှိ နှိုင်းစျေးကများနေလို့ လေလံပစ်မှ ဝင်ဆွဲမယ့် သဘောဖြစ်မှာပေါ့” ကျွန်တော်က အထွန့်တက်မိ သည်။
“ဒါပေမယ့် သူမရဘဲ အခြား လူရသွားမှာလည်း စိုးရိမ်နေတယ်”
“ဒါကြောင့် အမွေဆိုင်တစ်ဦး က သူ့ရဲ့ ဦးစွာဝယ်ပိုင်ခွင့်နဲ့ ဝယ် ပေးမယ်လို့ ပြောတာ မဟုတ်လား”
ဟုတ်တယ် သူငယ်ချင်း၊ သူ ပြောတာက လေလံအောင်ရင် သူ့ ကို ဦးစားပေး ရောင်းရမှာမို့ သူပဲ ဝယ်ပိုင်ခွင့် ရှိတယ်လို့ ပြောတာပဲ”
“မှန်ပါတယ်။ ဒါပေမယ့် ဦးစွာဝယ်ပိုင်ခွင့်ကို အမှုမှာပါတဲ့ အမွေဆိုင် တစ်ဦးဦးကသာ ရပိုင် ခွင့်ရှိမှာဖြစ်တယ်။ အမွေဆိုင်ဆို ပြီး အမှုထဲမှာ ပါဝင်လာပေမယ့် အမွေရပိုင်ခွင့်မရှိဘဲ၊ ဥပဒေအရ ငြင်းပယ်ခံရတဲ့သူ၊ အမှုထဲမှာ မပါ ဝင်တဲ့ ပြင်ပပုဂ်္ဂိုလ်တွေက ဦးစွာ ဝယ်ပိုင်ခွင့်ကို ကျင့်သုံးခွင့် (ရပိုင် ခွင့်) မရှိဘူး”
“ဒါဆိုရင် အခုဝယ်မယ်ဆိုတဲ့ ငါ့သူငယ်ချင်းက တိုက်ရိုက်ဝယ်လို့ မရဘူးလား”
“လေလံဝင်ဆွဲလို့အောင် ရင်တော့ မိမိအမည်နဲ့ ဝယ်သူအ ဖြစ်ရမှာဖြစ်တယ်။ ဒါပေမယ့် အ ပြိုင်တန်ဖိုးပေးပြီး လေလံ ဝင်ဆွဲ နေရမှာပဲဖြစ်တယ်”
“ဦးစွာဝယ်ပိုင်ခွင့်အရဆိုရင် မိမိအမည်နဲ့ ဝယ်လို့မရဘူးပေါ့”
“မှန်တယ် သူငယ်ချင်း၊ ဦး စွာ ဝယ်ပိုင်ခွင့်ရှိတဲ့ အမွေဆိုင် တစ်ဦးက လေလံတင်ရောင်းချလို့ ပေးတဲ့ ရောင်းစျေးအတိုင်းပေး ပါမယ်၊ ဦးစွာ ဝယ်ပိုင်ခွင့်အရ မိမိကို ရောင်းပါလို့ ရုံးတော်ကို လျှောက်ထားရင် တရားရုံးက ခွင့် ပြုချက်ပေးတာမျိုး ဖြစ်တယ်”
“ဒါဆိုလေလံတင်မှပဲ ဆောင် ရွက်လို့ရမယ့် သဘောပေါ့”
“မှန်ပါတယ်။ ဒါနဲ့ ပတ်သက် လို့ သူငယ်ချင်းကို ရှင်းအောင် ပြောရရင် ငါမှတ်သားထားတဲ့ တရားရုံးချုပ်က စီရင်ထုံးရှိတယ်။ ယူနီဗာ့စ်ကုမ်္ပဏီလိမိတက် (၎င်းင်း၏ အခွင့်ရ ကိုယ်စားလှယ်ဦးချစ် မောင်) နှင့် မြန်မာ့ စီးပွားရေးဘဏ်၊ ၂၀၀၇ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံး စာမျက်နှာ ၉၈ မှာ ဦးစွာ ဝယ်ပိုင်ခွင့် (ဦးစားပေးဝယ်ယူခွင့်) ဆိုသည်မှာ မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ မြန်မာဗုဒ်္ဓဘာသာဝင် အမွေဆိုင်တို့၏ အခွင့်အရေးဖြစ် ကြောင်း မြန်မာမင်းများ လက် ထက်မနုကျယ်ဓမ္မသတ်မှာ ပြဆို ထားသည်။
“အမွေမခွဲဝေရသေးသော ပစ်္စည်းကို တရားရုံးက လေလံတင် ရောင်းချသည့်အခါ ပူးတွဲအမွေ ဆက်ခံခွင့်ရသူက ယင်းပစ္စည်းအပေါ် အများပေးသည့် စျေးနှုန်းဖြင့် ဝယ်ယူနိုင်သော အခွင့်အရေးဖြစ် သည်”လို့ ဆုံးဖြတ်လမ်းညွှန်ထား တယ်။ ဒါကြောင့် လေလံတင် ရောင်းချတဲ့အခါမှ ဆောင်ရွက်နိုင် တဲ့ အခွင့်အရေးဖြစ်တယ် သူငယ် ချင်း”
“ဒါဆိုရင် ငါ့မိတ်ဆွေကို လေ လံတင်ဖို့ မြန်မြန်တိုက်တွန်းရမလို ဖြစ်နေပြီပေါ့”
“တစ်ခုတော့ရှိတယ်။ ဦးစွာ ဝယ်ပိုင်ခွင့်အရ ပစ်္စည်းတန်ဖိုးငွေ သွင်းရင်တော့ သူငယ်ချင်းရဲ့ မိတ် ဆွေအမည်နဲ့ မရဘူး။ ပူးတွဲ အမွေ ဆက်ခံသူက ပစ်္စည်းတန်ဖိုးငွေကို တရားရုံးမှာသွင်းတဲ့အတွက် သူ့ရဲ့ အမည်ပဲပေါက်မယ်ဆိုတာတော့ နားလည်အောင် ရှင်းပြဖို့လိုတယ်။ ငွေစိုက်ပြီး မိမိအမည်မပေါက်လို့ အဆင်မပြေတာတွေဖြစ်လာ တတ်တာ ကြောင့် ကြိုတင်ရှင်းပြပြီး လက်ခံမှ ဆောင်ရွက် သင့်တယ် သူငယ်ချင်း” ဟု ရှင်းပြဆွေးနွေးလိုက်ပါသည်။
ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ေဈေးကွက်ဂျာနယ်