မိသားစုပုံစံဖြင့် ပေးထားသော အိမ်မြေတိုက်ခန်းကို ဝယ်မည်ဆိုလျှင်
“မိသားစုစီမံမှုပြုထားတဲ့ တိုက်ခန်းကို ဝယ်လို့ရပါသလား ဆရာ”
စာရေးသူ၏ မိတ်ဆွေတစ် ဦးက လမ်းညွှန်လိုက်သဖြင့် အမျိုး သမီးရွယ်တစ်ဦး စာရေးသူထံသို့ လာရောက်ဆွေးနွေးခြင်းဖြစ်သည်။
“အင်း-မိသားစု စီမံမှုဆိုတော့ စာချုပ်စာတမ်းနဲ့ ဘယ်လိုဆောင် ရွက်ထားတာလဲ”
“စာချုပ်စာတမ်းနဲ့ လုပ်ထား တာလို့ ပြောတာပဲ ဆရာ”
“မိသားစု စီမံမှုဖြစ်လို့ မိဘ တွေက သက်ရှိထင်ရှားရှိနေသေး သလား”
“မိခင်ကတော့ ရှိသေးတယ် ပြောတယ်။ အမေဖြစ်သူနဲ့ သား သမီး သုံးဦးပြုလုပ်ထားတဲ့ မိသားစု စီမံမှုလို့ ပြောတယ်”
“အခုရောင်းမယ်ဆိုတဲ့ တိုက်ခန်းက ဘယ်သူ့ကို ပေးထားတာ လဲ”
“သားငယ်ကို ပေးထားတယ် ပြောတာပဲ ဆရာ”
“ပေးခံထားရတဲ့ သားငယ်ဆို တဲ့ သူနဲ့ တွေ့ပြီးပြီလား”
“သူက နိုင်ငံခြား သင်္ဘော လိုက်နေတော့ သူ့ဇနီးနဲ့ပဲ တွေ့ပါတယ်။ ဇနီးဖြစ်သူပြောတာက တော့ ဒီတိုက်ခန်းကို ရောင်းပြီး စုဆောင်း ထားငွေနဲ့ ပေါင်းလို့ လုံး ချင်းတိုက်ဝယ်မယ်ပြောပါတယ်”
“ရောင်းမယ်ဆိုတဲ့ တိုက်ခန်း မှာ ဘယ်သူနေလဲ”
“သားအငယ် မိသားစုနေပါ တယ်”
“သြော်-ရောင်းမယ်ဆိုတဲ့ သူ တွေနေတာပေါ့၊ လက်ရောက်ရပြီး သဘောဖြစ်နေပြီပေါ့”
“ဟုတ်ပါတယ်။ ဒါကြောင့် ဝယ်ဖို့သင့်မသင့်၊ ကျန်တဲ့ မောင်နှ မတွေက ကန့်ကွက်နိုင်ပါသလား ဆိုတာ သိချင်လို့ပါ ဆရာ”
“ရောင်းသူကိုယ်တိုင် လက် ဝယ်ရှိတဲ့ ပစ္စည်းဆိုတော့ သာမန် အားဖြင့်တော့ အနှောင့်အယှက်မ ရှိနိုင်ဘူးပေါ့လေ။ ကျန်တဲ့ သား သမီးတွေက ဘယ်မှာနေကြလဲ”
“သားအကြီးအတွက်ပေး ထားတဲ့တိုက်ခန်းကိုတော့ သူ့အမေ က အိမ်ငှားတင်ထားတယ်ပြော တယ်”
“အိမ်ငှားတင်ထားတယ်ဆို တော့ အိမ်ပိုင်ရှင်တွေက ဘယ်မှာ နေကြလဲ”
“သားကြီးဖြစ်တဲ့သူနဲ့ ဇနီးက ဆရာဝန်တွေလို့ ပြောတယ်။ နိုင်ငံခြားမှာလို့ ပြောပါတယ်”
“ဒါဆို အမေကြီးနဲ့ နောက် တစ်ယောက်က ဘယ်မှာနေကြ လဲ”
“အမေဖြစ်တဲ့သူနဲ့ သမီး လတ်အပျိုကြီးက F.M.I အိမ်ရာမှာ နေတယ်လို့ ပြောပါတယ်”
“ဒီတော့လည်း အသီးသီးခွဲ ပေးပြီး သဘောဖြစ်နေပြီပေါ့”
“ဟုတ်ပါတယ်”
“အခု ပြောတဲ့အတိုင်းဆိုရင် မိသားစု စီမံမှုပြုပြီး ခွဲဝေပေးထား တဲ့ သဘောသက်ရောက်နေပါ တယ်”
“ဒါပေမယ့် အမေက သူတို့ကို အပြီးလွှဲပေးထားတာတော့ မဟုတ် ဘူးလို့လည်း ပြောတယ်ဆရာ”
“ဟုတ်ပြီ၊ လက်ရှိတိုက်ခန်း အမည်ပေါက်တွေက အမေ့နာ မည်ဖြစ်နေပြီး တရားဝင် လွှဲ ပြောင်း၊ အမည်ပြောင်းတာ မလုပ် ရသေး ဘူးပေါ့”
“ဟုတ်ကဲ့ ဆရာပြောသလို ဖြစ်မယ်ထင်ပါတယ်”
“သားနဲ့ ချွေးမကို မိခင်က ခွင့် ပြုချက်နဲ့ထားတဲ့ သဘောဖြစ်နေတာပေါ့။ တိုက်ခန်းရဲ့ ပိုင်ဆိုင်မှုက မိခင်လက်ဝယ်မှာ ရှိနေသေး တယ်။ ဒါဆိုရင်တော့ မိခင်ကို အသိပေး ပြီးမှ ရောင်းသင့်တယ်လို့ ဆရာ ထင်တယ်။ ဝယ်လိုက်ပြီး ပိုင်ဆိုင် ခွင့် အမည်ပြောင်းမယ် ဆိုရင် မိခင် ရဲ့ သဘောတူညီချက်ယူမှ တိုက် ခန်းအမည်ပေါက်ကို တရားဝင်ရ မှာဖြစ်တယ်”
“ဒါဆိုရင် မိခင်ဖြစ်သူက ကန့် ကွက်နိုင်ခွင့်ရှိတဲ့ သဘောပေါ့နော်”
“ဥပဒေသတောအရ ကြည့် ရင်တော့ ပိုင်ရှင်က မိခင်ဖြစ်နေတဲ့ အတွက် မိခင်ဖြစ်သူက ကန့်ကွက် နိုင်တဲ့ သဘောပေါ့ကွယ်၊ ဒါပေ မယ့် မိခင်ကို နားလည်အောင် ပြောရင်တော့ အဆင်ပြေသွားမှာ ပေါ့”
“ကျန်တဲ့ မောင်နှမတွေက တော့ ကန့်ကွက်ခွင့်ရှိပါသေးသ လား”
“မိခင်ရှိနေသေးသရွေ့တော့ ကန့်ကွက်ခွင့်မရှိဘူးပေါ့။ မိခင် ကွယ်လွန်သွားရင်လည်း တူမပြော သလို မိသားစု စီမံမှုပြုထားမယ်ဆို ရင် နှောင့်ယှက်ပိုင်ခွင့်မရှိတော့ ဘူး”
“ဒါဆိုရင် ဆရာ၊ တစ်ခုသိချင် တာက မိသားစု စီမံမှုဆိုတာ ဘယ် လိုပါလဲဆရာ”
“မြန်မာ့ဓလေ့ထုံးတမ်း ဥပ ဒေအရ ကျန်ရစ်တဲ့ မိဘတစ်ဦးဦး က မိမိ မကွယ်လွန်မီ သားသမီး တွေ အားလုံးရဲ့ သဘောတူညီချက် နဲ့ အမွေပုံပစ္စည်းကို ခွဲဝေပေးခွင့်ရှိ တယ်။ ကြိုတင်အမွေခွဲပေးထားတဲ့ သဘောပေါ့ကွယ်”
“သေတမ်းစာ သဘောလား ဆရာ”
“သေတမ်းစာ သဘောမ ဟုတ်ဘူး။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ဗုဒ္ဓဘာသာကိုးကွယ်သူ တွေဟာ သေတမ်းစာရေးသားခွင့် မရှိဘူး။ သေတမ်းစာဆိုတာက အမွေရှင်က မိမိပေးချင်သူ တစ်ဦး တည်းကို ပစ္စည်းအားလုံးပေးခွင့်ရှိ တယ်။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ မှာ အမွေပစ္စည်းကို တစ်ဦးတည်းပုံ ပေးလို့ မရဘူး။ အမွေဆက်ခံသူ အားလုံးရဲ့ သဘောတူညီချက်နဲ့ မိသားစု စီမံမှု စာချုပ် ချုပ်ဆိုပြီး ခွဲဝေထားကြတာဖြစ်တယ်”
“သားသမီးတိုင်းက အမွေရ ကို ရမယ့်သဘောပေါ့”
“မှန်ပါတယ်။ တူမကြီး သိ အောင်ပြောရမယ်ဆိုရင် တရားရုံး ချုပ်က ဆုံးဖြတ်ထားတဲ့ ‘မောင် ခွေးသိုး (ဒေါ်ထင်ကြီး၏ တရားဝင် ကိုယ်စားလှယ်) နှင့် ဒေါ်မှတ်ကြီး ၁၉၈ဝ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၉၂’ စီရင်ထုံးမှာ မိသားစု စီမံမှုဖြင့် အမွေပုံ ပစ္စည်း များ ခွဲဝေခြင်းဆိုသည်မှာ အမွေ ရှင်သေဆုံးသည့်အခါ မိသားစုစီမံ မှုပြုစဉ်က ပဋိညာဉ်အတိုင်း အ မွေပစ္စည်းများကို ခွဲယူရမည်ဖြစ် သည်။
‘မိသားစု စီမံမှုပြုလုပ်ရာတွင် မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ စာချုပ်စာတမ်းဖြင့် မဟုတ်ဘဲ နှုတ် ကတိဖြင့် ပြုလုပ်နိုင်သည်။ စာ ချုပ်စာတမ်းဖြင့် ပြုလုပ်လျှင် မှတ် ပုံတင်စာချုပ် ပြုလုပ်ရန်မလိုပေ’ လို့ လမ်းညွှန်ဆုံးဖြတ်ထားပါ တယ်။
“ဒါဆိုရင် မိဘကွယ်လွန်မှ ပိုင်ဆိုင်ခွင့်ရမယ်ပေါ့နော်”
“အေး-ဟုတ်တယ်။ ဒါကြောင့် အခုဝယ်မယ့် တိုက်ခန်းမှာ မိခင်က သားငယ်ကို အပြီးအပိုင်လွှဲပြောင်း ပေးထားတယ်ဆိုရင် သားငယ်က လွတ်လပ်စွာ ရောင်းပိုင်ခွင့်ရှိတယ်။ မိသားစု စီမံမှု စာချုပ်အရ ခွဲဝေ ထားတဲ့ တိုက်ခန်းဆိုရင်တော့ စာ ချုပ်ပါအတိုင်း အားလုံးသဘောတူ လက်မှတ်ရေးထိုးထားတဲ့အတွက် မိခင်ကွယ်လွန်မှ ပိုင်ဆိုင်ခွင့်ရကြ မှာဖြစ်တယ်။ ဒါပေမယ့် သက်ရှိ ထင်ရှားရှိတဲ့ မိခင်ရဲ့ သဘောတူ ညီချက်အရဆိုရင်တော့ တိုက်ခန်း ကို ရောင်းပိုင်ခွင့်ရှိမှာဖြစ်တယ်”လို့ ရှင်းပြလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်