စျေးဆိုင်ခန်းကို ဝယ်မည်ဆိုလျှင်
“စျေးဆိုင်ခန်းတွေဟာ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ဖြစ်၊ အခြားအကြောင်း တစ်ခုခု ကြောင့်ဖြစ်ဖြစ် ပျက်စီးဆုံးရှုံးခံရ ရင် သက်ဆိုင်ရာထံက နစ်နာ ကြေး လျော်ကြေးတွေရတယ် မဟုတ်လား”
မိတ်ဆွေတစ်ဦးနှင့် လက်ဖက် ရည်ဆိုင်တွင် ထိုင်နေစဉ်မေးလိုက် ခြင်းဖြစ်သည်။
“ဟာ-မင်းကလည်းကွာ၊ အေး အေးဆေးဆေး စိတ်လွတ်ကိုယ် လွတ် ထိုင်ချင်လို့ လက်ဖက်ရည် ဆိုင်ကိုလာပါတယ်။ ဒီဥပဒေ ကြောင်း ကိစ္စ တွေက ဘယ်က ရောက်လာပြန်တာလဲ”
“သြော်-ဒါကလည်း ကြုံတုန်း မေးမြန်းဆွေးနွေးရတာလေ”
“အေးပါကွာ၊ မင်းကျွေးတဲ့ နန်းကြီးသုပ်နဲ့ လက်ဖက်ရည် စား သောက်ပြီးနားပူခံလိုက်ရဦးမှာ ပေါ့”
“ဟဲ ဟဲ” ဟုဆိုပြီး သူငယ် ချင်း၏ မျက်နှာအနည်းငယ် ရွှင် သွားသည်။
“အဲ-ဟိုတလောက ရန်ကုန် မင်္ဂလာစျေးကြီး မီးလောင်တယ် မဟုတ်လား၊ ဆိုင်ရှင်တွေကို နိုင်ငံ တော်က ထောက်ပံ့ကြေးတွေ ထုတ်ပေးနေတယ်လေ။ အေး-တစ် ခုတော့ရှိတာပေါ့။ သဘာဝ ဘေး အန်္တရာယ်ဆိုတာ ရေ၊ မီး၊ မြေပြို မယ်၊ မြေငလျင်ဒဏ် ခံရမယ် စတဲ့ သဘာဝဘေးအန္တရာယ် ကိစ္စမျိုးကို ဆိုလိုတာဖြစ်တယ်။ မင်းပြောတဲ့ အခြားအကြောင်း တစ်ခုခုလို့ဆိုတဲ့ နေရာမှာ ဆိုင်ခန်းထဲ ဓားပြတိုက် သွားတာ၊ ပစ်္စည်းခိုးယူသွားတာ၊ ဆိုင်ခန်းကို ဖျက်ဆီးသွားတာစတဲ့ ပုဂ်္ဂိုလ်ရေးရာ ကိစ္စတွေတော့ မပါ ဘူးပေါ့ကွာ”
“ဆိုင်ပိုင်ရှင်တွေကိုပဲ အဓိက ထားပြီး ထောက်ပံ့ကြေးတွေ ပေး တယ်လို့ ပြောသံတွေ ကြားရ တယ်”
“ဒါကလည်း မင်းသိချင်တဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်တာပဲ ပေါ့”
“ဒါဆိုရင် တစ်ဆင့်ငှားထား တဲ့ လူတွေက မရတော့ဘူးပေါ့၊ စျေးဆိုင်ခန်းလည်း ပြန်မရဘူး ပေါ့”
“သာမန်အားဖြင့်တော့ အငှားယူထားတဲ့ သူတွေက တရား ဝင်ငွေသွင်းပြီး ရထားတဲ့ ဆိုင်ခန်း မဟုတ်တဲ့အတွက် ပြန်ရဖို့ ခက်ခဲ မှာပဲဖြစ်တယ်”
“တချို့က အပျောက်သဘောမျိုး ငွေကြေးမြောက်မြား စွာပေးပြီး ဝယ်ထားတာလည်း ရှိကြတယ်လို့ ပြောတယ်”
“အမှန်ကတော့ အပျောက် ငွေကြေးစနစ်နဲ့ ဆိုင်ခန်းကို လွှဲ ပြောင်းမယ်။ ရောင်းချမယ်ဆိုရင် သက်ဆိုင်ရာဆိုင်ခန်းဆိုင်ရာ ကော် မတီနဲ့ ဆက်သွယ်ပြီး ဆိုင်ခန်း အမည်ပြောင်းရေး ကိစ္စကို ဆက် လက်ဆောင်ရွက်ရမှာဖြစ်တယ်”
“ဒါဆို အချင်းချင်းချုပ်ဆို ထားတဲ့ ကတိစာချုပ်ကလည်း အ ရေးကြီးတာပေါ့နော်”
“မှန်တာပေါ့၊ အငှားစာချုပ်ပဲ ဖြစ်ဖြစ်၊ အပျောက်စနစ်နဲ့ ရောင်း ချလွှဲပြောင်းတာပဲဖြစ်ဖြစ် ကတိ စာချုပ်ထဲမှ အကယ်၍ သဘာဝ ဘေးအန်္တရာယ်တစ်ခုကြောင့် နစ် နာဆုံးရှုံးသွားရင် ဆိုင်ခန်းပိုင်ရှင် က ဘယ်လိုဆောင်ရွက်ပေးမယ်၊ ငှားရမ်းသက်တမ်း ကုန်ရင်ဘယ်လို ဆောင်ရွက်ပေးမယ်စတဲ့ အပြန်အ လှန် ကတိပေးချက်တွေကို ကတိ ဝန်ခံချက်နဲ့အတူ ကတိစာချုပ် တစ်ခုကို ချုပ်ဆိုထားဖို့ လိုပါမယ်။ ဒါမှ စျေးဆိုင်ခန်းဝယ်ထားတဲ့ သူ တွေ ငှားရမ်းလုပ်ကိုင်နေသူတို့ အနေနဲ့ ဥပဒေနဲ့အညီ အခွင့်အရေး ရရှိမှာဖြစ်တယ်”
“အင်း ဒီလိုတော့လည်း ဟုတ် နေတာပဲ”
“ဒါဆို မင်းသိချင်တာတွေ ပြည့်စုံသွားပြီပေါ့”
“မပြီးသေးဘူးကွ၊ အခုမှ ဇာတ်လမ်းကစမှာ”
“ဟင်” ကျွန်တော် အံသြသင့် သွားသည်။ ဘာများ ကပ်သီးကပ် သပ်မေးမလဲဟု အနည်းငယ်တော့ စိုးထိတ်သွားသည်။
“ဒီလိုကွ၊ ငါအိမ်ထောင်မကျ မီကတည်းက ငါ့ယောက်္ခမမှာ စျေး ဆိုင်ခန်းတစ်ခန်းရှိတယ်”
“ဘယ်စျေးမှာလဲ”
“တောင်ဥက်္ကလာထဲကပဲ”
“မြို့တော်စည်ပင်သာယာ ပိုင် စျေးထဲကဆိုတော့ သက်ဆိုင် တဲ့ ဆိုင်ခန်းအခွန်အခတွေ ဘယ်သူ့ အမည်နဲ့ ရှိနေသလဲ”
“ငါယောက်္ခမ အမည်နဲ့ပဲ”
“အဲဒီတော့ အခု ဘာပြဿနာ ရှိလို့လဲ”
“အဲဒီဆိုင်ခန်းမှာ ဆွေရိပ်မျိုး ရိပ်မကင်းတဲ့ သူတစ်ယောက်ကို အငှားချထားပြီး စျေးရောင်းခွင့်ပြု ထားတယ်”
“ဆိုင်ခန်းအငှား စာချုပ်ကော ချုပ်ထားလား”
“မိန်းမပြောစကားအရတော့ တိုက်ခန်းအငှားစာချုပ်ရှိတယ်လို့ ပြောတယ်”
“ဆိုင်ခန်းအငှားစာချုပ်တော့ မတွေ့သေးဘူးပေါ့”
“ဟုတ်တယ် သူငယ်ချင်း၊ အ ခု အဲဒါဆိုင်ခန်းက ဆင်းမပေးဘူး လုပ်နေလို့”
“မင်းတို့က ဆိုင်ခန်းကနေ နှင်ဖို့ စိတ်ကူးရှိတယ်ပေါ့၊ ငှားရမ်း သက်တမ်းကုန်သွားလို့လား”
“ဒီလိုမဟုတ်ဘူး။ အခု ယောက်္ခမအဘွားကြီး ဆုံးသွား တော့ ဆိုင်ခန်းဖွင့်နေသူတွေက ဆင်းမပေးတာပဲ သူငယ်ချင်း”
“အခုဆိုင်ခန်းလခတွေက ဘယ်သူကောက်သလဲ”
“အဘွားကြီးရှိစဉ်ကတည်း က မပေးတော့ဘူး၊ ဆိုင်အခွန်အခ တွေကိုလည်း ဆိုင်ငှားထားတဲ့ သူ တွေကပဲ ပေးသွင်းတယ်”
“ဘယ်သူအမည်နဲ့ ဆိုင်အခွန် အခကို ပေးတာလဲ”
“အဘွားကြီးအမည်နဲ့ပဲ ပေး သွင်းနေတယ်လို့ သိရတယ်”
“ဒါဆိုရင်တော့ အခြေအနေ ကောင်းပါတယ်ကွာ၊ မင်းစိတ်မပူ အောင်ပြောရမယ်ဆိုရင် စည်ပင် သာယာအဖွဲ့ပိုင်စျေးခန်းတွေနဲ့ ပတ်သက်လို တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ စီရင်ထုံး တစ်ခုရှိ တယ်”
“ဟာ-ဗဟုသုတအဖြစ် ပြော ပြပါဦး”
ငါမှတ်မိသလောက်ပြောရ ရင် ဦးထွန်းကြည်နှင့် ဒေါ်ကြည် စိန် (ကွယ်လွန်သူ ဒေါ်လေးငယ်၏ တရားဝင်ကိုယ်စားလှယ်) ၁၉၉၂ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး စာ မျက်နှာ ၇၃ အမှုမှာ တရားလို ဒေါ်လေးငယ်က အချင်းဖြစ်ဆိုင် ခန်းကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကတည်းက ခင်ပွန်းဖြစ်သူ ဦးတန်လက်ရှိ ပိုင်ဆိုင်ပြီး သံဖြူပုံး လုပ်ငန်း လုပ်ကိုင်ခဲ့ကြောင်း၊ ဦးထွန်းကြည်မှာ ဦးတန်ထံသံဖြူပုံး လုပ်ငန်းအလုပ်သင်ဖြစ်ပြီး လခစား လုပ်ကိုင်စေကြောင်း၊ ဦးတန်ကွယ် လွန်သွားသောအခါ ဦးထွန်းကြည် က ချက်ချင်းဆိုင်ခန်း အတင်းဖွင့် ၍ သံဖြူလုပ်ငန်း ဆက်လက်လုပ် ကိုင်သဖြင့် တရားစွဲဆိုရခြင်းဖြစ် ကြောင်း အဆိုပြုသည်။
ဦးထွန်းကြည်က ဦးတန်ပိုင် ဆိုင်ခန်းမဟုတ်ကြောင်း ဦးသာဒွေး ၏ လုပ်ငန်းဖြစ်ကြောင်း၊ ဦးသာ ဒွေးက ဦးတန်ကို သံဖြူလုပ်ငန်း သင်ပေးခဲ့ခြင်းဖြစ်ပြီး မိမိတို့အတူ နေကြောင်း ထုချေသည်။
တရားရုံးချုပ်က ဆုံးဖြတ် သည်မှာ စည်ပင်သာယာ စျေးဆိုင် ခန်းများ၏ ပိုင်ရှင်မှာ စည်ပင် သာယာအဖွဲ့ဖြစ်သည်။ သို့သော် စည် ပင်သာယာရေး အဖွဲ့၏ တရားဝင် ချထားပေးချက်အရဆိုင်ခန်းရရှိသူများသည် စည်း ကမ်းနှင့်အညီ အခွန်ထမ်းဆောင် ၍ ဆိုင်ခန်းကို လက်ရှိထားလျက် စျေးရောင်းချခွင့်ရသည်။
ထိုသို့ ချထားခြင်းခံရသော ဆိုင်ရှင်သေဆုံးပါက ထိုဆိုင်ခန်း ကို ၎င်းင်း၏ ဇနီး၊ ခင်ပွန်းသားသမီး များအနေဖြင့် ဆက်ခံခွင့်ရရှိပြီး စည်းကမ်းနှင့်အညီ အခွန်ထမ်း ဆောင်၍ ဆိုင်ခန်းအား လက်ရှိ ထားပြီး စျေးရောင်းချခွင့်ရသည်။
ယခုအမှုတွင် အချင်းဖြစ် ဆိုင်ခန်းမှာ ကွယ်လွန်သူ ဦးတန် အား လွန်ခဲ့သော နှစ် ၃၀ ကျော် ခန့်ကပင် တရားဝင်ချပေးသော ဆိုင်ခန်းဖြစ်ပြီး ဦးတန်အနေဖြင့် ဆိုင်ခန်းကို လက်ရှိ အသုံးပြု၍ သံ ဖြူလုပ်ငန်း လုပ်ကိုင်လာခဲ့ကြောင်း၊ ဦးထွန်းကြည်မှာ ဦးတန်က ပညာ သင်ပေးပြီး ဆိုင်တွင် လက်ခစား အဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း ပေါ်ပေါက်သည်။ ထို့ကြောင့် စျေးရောင်းချခွင့်ရသော ဦးတန် ကွယ်လွန်သွားသဖြင့် ဆိုင်ခန်းနှင့် ပတ်သက်သည့် အကျိုးခံစားခွင့် များကို ဇနီးဖြစ်သူ ဒေါ်လေးငယ် က ဆက်ခံရမည်ဖြစ်ပြီး ဒေါ်လေး ငယ်ကွယ်လွန်ပါက ၎င်းင်းတို့၏ သား သမီးများက အမွေဆက်ခံခွင့်ရ မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
“အဲဒီစီရင်ထုံး ဆုံးဖြတ်ချက် အရဆိုရင် သူငယ်ချင်းရဲ့ ယောက်္ခ မကို ဆိုင်ဖွင့်ခွင့်ပြုထားတဲ့ဆိုင် ခန်းဟာ သူကွယ်လွန်သွားတာနဲ့ သူရဲ့သားသမီးတွေကသာ အမွေ ဆက်ခံရရှိမှာဖြစ်တယ် သူငယ် ချင်း”ဟု ရှင်းပြဆွေးနွေးလိုက်ပါ သည်။
“ဒါနဲ့ နေပါဦး၊ ငါတို့က ထပ် မံလွှဲပြောင်းရောင်းချမယ်ဆိုရင်”
“ဒါကတော့ ငါအထက်က ပြောခဲ့သလို ဆိုင်ခန်းဆိုင်ရာ စည် ပင်သာယာအဖွဲ့ထံ တင်ပြပြီး အ ရောင်းအဝယ် ကတိစာချုပ် ချုပ် ဆို လွှဲပြောင်းလို့ ဝယ်သူရဲ့ ဆိုင် ခန်းအမည်ပေါက်ပြောင်းခြင်းကို လုပ်ဆောင်ရမှာဖြစ်တယ် သူငယ် ချင်း”
ထီယု(ဥပဒေ အတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်