ငှားရမ်းခ နှင့် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးဝန်ရုံး
မတွေ့ဖြစ်သည်မှာ ၁၅ နှစ်နီး ပါးကြာပြီဖြစ်သည့် မိတ်ဆွေတစ် ဦးသည် စာရေးသူ၏ ရုံးခန်းသို့ ရောက်လာပါသည်။
“လာ သူငယ်ချင်း၊ မတွေ့တာ အတော်ကြာသွားပြီနော်” ကျွန် တော်က နှုတ်ဆက်ကြိုဆိုလိုက် သည်။
“ငါက မော်လမြိုင်မှာအနေများတော့ ရန်ကုန်က သူငယ်ချင်း တွေဆီမရောက်ဖြစ်ဘူးပေါ့ကွာ၊ အခုလည်း ကိစ္စလေးတစ်ခု ဆွေးနွေး ချင် လို့ မင်းဆီရောက်လာတာ”
“အေး၊ ငါတတ်အားသရွေ့ တော့ ကူညီပေးပါမယ်”
“ငါ့သားက စမ်းချောင်းမှာ တိုက်ခန်းတစ်ခန်း ငှားနေတယ်၊ ကိုးနှစ်လောက်ရှိပြီဆိုပါတော့၊ သူ လူပျိုဘဝကတည်းကပဲ”
“နှစ်ချုပ်စနစ်နဲ့ ငှားနေတာ လား၊လပေးစနစ်နဲ့ ငှားနေတာ လား”
“လစဉ်ငှားရမ်းခ စနစ်ပဲထင် တယ်၊ တစ်လ သုံးထောင်ပဲ ပေးရတာ”
“အပျောက်စနစ်နဲ့ ဝယ်ထား တဲ့ တိုက်ခန်းလား”
“အပျောက်နဲ့ ဝယ်ထားတာ တော့ မဟုတ်ဘူး။ စပေါ်ပေးထား ရသလားတော့ ငါလည်း သေချာ မသိဘူး”
“ကဲ-ထားပါတော့ကွာ၊ အခု ပြဿနာက ဘယ်လိုဖြစ်တာလဲ’ ‘
“ငါ့သားက အိမ်ထောင်ကျ တော့လည်း အဲဒီတိုက်ခန်းမှာပဲ ဆက်ငှားနေတယ်၊ ဘာပြဿနာမှ မရှိဘူး၊ အိမ်ငှားရမ်းခလည်း တိုးတောင်း တာမရှိဘူး။ နောက်ပိုင်း ငါ့သားက သင်္ဘောလိုက်တော့ အိမ် မှာ သူ့ယောက်ဖကို ခေါ်ထားတယ် ပေါ့ကွာ”
“အင်း-အဲဒီနောက်ပိုင်း မင်းရဲ့ သားက အိမ်ပြောင်းသွားသလား”
“အေး-မင်းပြောသလိုပဲ၊ ဒဂုံ မြို့သစ်မှာ မြေကွက်ဝယ်ပြီး သွားနေတယ်”
“အဲဒီတော့ တိုက်ခန်းမှာ သူ့ ယောက်ဖက ဆက်နေတယ်ပေါ့၊ အိမ်ငှားခက ဘယ်သူ့အမည်နဲ့ ပေးသလဲ”
“ငါ့သား အမည်နဲ့ပဲ ဆက်ငှား နေတာပေါ့ကွာ”
“အိမ်လခကော တိုးမတောင်း ဘူးလား”
“တိုးတောင်းလို့ ပြီးခဲ့တဲ့နှစ်က တစ်သောင်းပေးရတယ်ပြောတယ်”
“မင်းရဲ့သား အိမ်ကပြောင်း သွားတာ အိမ်ရှင်သိသလား”
“ဒါလည်း သိတယ်”
“အခုက ယောက်ဖဖြစ်သူကို အိမ်ကဖယ်ပေးဖို့ ပြောတာလား”
“အိမ်ကဖယ်ပေးဖို့ ပြောတာတော့မဟုတ်ဘူး၊ အခု အဲဒီကလေးက အိမ်ထောင်ပြုလိုက်တယ်၊ အိမ်ရှင်ကို အိမ်လခသွားပေးတော့ အိမ်လခ တစ်သိန်းတောင်းတယ် ပြောတယ်၊ အဲဒါသူကလည်း အဆင်မပြေတော့ ငါ့သားဆီပြောတာ ပေါ့ကွာ”
“အေး-အိမ်ငှားက မင်းရဲ့ သားအမည်နဲ့ အိမ်လခတွေပေးနေ တော့ အိမ်ရှင်က အခွင့်အရေး တောင်းပြီပေါ့”
“အဲဒါ ဘယ်လို ဆောင်ရွက် ရင်ကောင်းမလဲလို့ မင်းဆီအကြံ လာတောင်းတာပဲ”
“ဥပဒေအရ ပြောရရင်တော့ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ (၂)(ဆ) က အိမ်ငှားဆိုသည်မှာ ဥပစာ အတွက် မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူမှ တစ်ဆင့်ဖြစ်စေ၊ ငှားရမ်းခပေးရမည့် သူတစ်ဦးတစ်ယောက်ကို ဆို လိုသည်’လို့ အဓိပ္ပာယ် ဖွင့်ဆိုထား တယ်၊ အခု သူငယ်ချင်းရဲ့ သား ကိစ္စမှာ သူ့ယောက်ဖဖြစ်သူက မူလကတည်းကအတူနေသူဖြစ် တယ်၊ မူလအိမ်ငှားဖြစ်တဲ့ သူငယ် ချင်းရဲ့ သားမိသားစုစာရင်းမှာပါ နေသူဖြစ်နေတယ်၊ အိမ်ထောင်စု စာရင်းကလည်း အတူပဲလား”
“အိမ်ထောင်စုစာရင်းက လည်း ငါ့သားတို့ရဲ့ အိမ်ထောင်စု စာရင်းထဲမှာအတူရှိတယ် ပြော တယ်။ အခု မိန်းမယူလိုက်တော့ လည်း မိန်းမပါ အဲဒီအိမ်ရဲ့ အိမ် ထောင်စုစာရင်း ပြောင်းထားတယ် လို့ သိရတယ်”
“ဟုတ်ပြီ၊ အဲဒီတော့ မူလအိမ် ငှားဖြစ်တဲ့ မင်းရဲ့သားနဲ့အတူ နေ ထိုင်တဲ့ မိသားစုထဲက တစ်ဦးဖြစ် တဲ့အတွက် အခြားသူမှ တစ်ဆင့် ငှားရမ်းခပေးရမည့် သူအဖြစ် အ ကျုံးဝင်နေတယ်၊ ဒါကြောင့် ဥပဒေ အရတော့ အိမ်ငှားဖြစ်နေတယ်”
“ဒီတော့ အိမ်ငှားရမ်းခကို သူ့ အမည်နဲ့ ပြောင်းပြီး ပေးခွင့်ရှိတယ် ပေါ့”
“ဥပဒေကတော့ ပေးခွင့်ရှိ တယ်၊ ဒါပေမယ့် အိမ်ရှင်က အမည်ပြောင်းပြီး လက်ခံမှဖြစ်မှာ လေ”
“အိမ်လခကလည်း အခြား အခန်းတွေထက် စျေးမြင့်နေတော့ သူတောင်းတဲ့အတိုင်း မပေးချင်ဘူး ဖြစ်နေတယ်”
“အင်း-ဥပဒေအရ အကြံပေး ရမယ်ဆိုရင်တော့ မြို့နယ်မြို့ပြ ဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဝန် ရုံးမှာ စံငှားရမ်းခ သတ်မှတ်ပေး ဖို့ လျှောက်ထားရမှာဖြစ်တယ်”
“ဟုတ်ပြီ၊ မင်းပြောတဲ့ မြို့ နယ် မြို့ပြဆိုင်ရာ ငှားရမ်းခကြီး ကြပ်ရေး ဝန်ရုံးဆိုတာက ဘယ်နေ ရာမှလဲ”
“မြို့နယ်မြို့ပြဆိုင်ရာ ငှားရမ်း ခကြီးကြပ်ရေး ဝန်ရုံးဆိုတာ ငှားရမ်းတဲ့ ဥပစာအဆောက်အအုံရှိတဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူးရုံးပဲဖြစ်တယ်”။ ဥပမာ-အခု ငှားရမ်းနေထိုင်တဲ့ အဆောက်အ အုံဟာ စမ်းချောင်းမြို့နယ်မှာရှိရင် စမ်းချောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ လျှောက် ထားရမှာဖြစ်တယ်”
“ငှားရမ်းခကြီးကြပ်ရေးဝန် ရုံးက ငှားရမ်းခ သတ်မှတ်ပေး တယ်ပေါ့”
“အေး-နှစ်ဖက်ဖြစ်တဲ့ အိမ် ရှင် အိမ်ငှားကိုခေါ်ပြီး တရားရုံးပုံစံ မျိုး ခေါ်ယူစစ်ဆေးဆုံးဖြတ်ပေး တာဖြစ်တယ်။ မြို့ပြဆိုင်ရာ ငှား ရမ်းခကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၂၇ (၁) မှာ အိမ်ရှင် သို့မ ဟုတ် အိမ်ငှားသည် ငှားရမ်းထား သည့် ဥပစာ တစ်ခုနှင့် စပ်လျဉ်း ၍ ငှားရမ်းခကြီးကြပ်ရေး ဝန်ရုံးသို့ စံငှားရမ်းခ လက်မှတ်ထုတ်ပေးပါ ရန် လျှောက်ထားနိုင်ပြီး ထို လျှောက်ထားချက်အရ ငှားရမ်းခ ကြီးကြပ်ရေးဝန်က စံငှားရမ်းခ လက်မှတ်ထုတ်ပေးနိုင်သည်”လို့ ပြဋ္ဌာန်းထားပါတယ်”
“တကယ်လို့ ငှားရမ်းခကြီး ကြပ်ရေးဝန်က သတ်မှတ်ပေးတဲ့ ငှားရမ်းခကို အိမ်ရှင်က မကျေနပ် မယူဘူးဆိုရင်”
“ဒါကလည်း အခက်အခဲမရှိ ပါဘူး၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီး ကြပ်ရေး အက်ဥပဒေပုဒ်မ ၁၆(၁) အရ၊ အိမ်ငှားက ငှားရမ်းခပေး သည်ကို အိမ်ရှင်က လက်မခံငြင်းဆိုလျှင် ငှားရမ်းခကြီးကြပ်ရေးဝန် ရုံးသို့ ပေးသွင်းခွင့်ရှိသည်”လို့ ပြဋ္ဌာန်းထားတဲ့အတွက် ငှားရမ်း ခ ကြီးကြပ်ရေး ဝန်ရုံးမှာပေးသွင်းခွင့် လျှောက်ထားပြီး ခွင့်ပြုချက်ရယူ ကာ ပေးသွင်းရမှာဖြစ်တယ်”
“ဒါဆိုရင် အိမ်ရှင်နဲ့ ညှိနှိုင်းမ ပြေလည်ရင်တော့ စံငှားရမ်းခ သတ်မှတ်ပေးဖို့ လျှောက်ရမှာပဲ ပေါ့”
“မှန်တယ်၊ သူငယ်ချင်း”ဟု သာ အကြံပေးလိုက်မိပါသည်။
ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်