အိမ်ခြံမြေ တိုက်ခန်းအား နှုတ်ကတိဖြင့် ဝယ်ယူခြင်းကို အတည်ပြုနိုင်ခြင်း

တစ်နေ့က စာရေးသူထံ မိတ်ဆွေတစ်ဦးရောက်လာပြီး သူ ဝယ်ထားသည့် အိမ် မြေ ကိစ္စတစ် ခုကို ဆွေးနွေးပါသည်။

“အမှန်တော့ ဒီအိမ်နဲ့မြေက ငါ့မိန်းမရဲ့ မောင်(ယောက်ဖ) ပိုင်တာ ဖြစ်တယ်။ မောင်နှမချင်း ဆိုတော့ ငွေလိုတာနဲ့ သူ့အိမ်ကို ရောင်း တယ်။ မောင်ဖြစ်သူက ကျန်းမာရေးမကောင်းတော့ အစ်မ ဖြစ်သူက အိမ် မြေတန်ဖိုးကို အ ရစ်ကျခွဲပြီးပေးတယ်”

“ဒီတော့ အိမ် မြေ အ ရောင်းအဝယ်ကတိစာချုပ် ချုပ်မ ထားဘူးလား”ကျွန်တော်က စကား ဖြတ်၍မေးလိုက်သည်။

“အဲဒါပြောမလို့ပဲ၊ မောင် နှမချင်းဆိုတော့ နှုတ်နဲ့ ပြောဆို ပေးကမ်းတာ ဖြစ်နေတာ၊ စာရွက်စာတမ်းနဲ့ အတိအကျချုပ်ဆို ထားတာ မရှိဘူး။ အဲ-မှတ်တမ်း စာ အုပ်သဘောမျိုးတော့ရှိတယ်၊ မိန်း မကိုယ်တိုင်မှတ်ထားတာလို့ ထင် တာပဲ”

“အိမ် မြေ တန်ဖိုးကို အကျေချေပြီးပြီလား”

“ရောင်းဖိုးငွေကတော့ အ ကျေချေပြီးပြီလို့ မိန်းမက ပြော တာပဲ”

“အဲဒီတော့ အခု ဘာ ပြဿနာဖြစ်နေလို့လဲ”

“ယောက်ဖကွယ်လွန်သွားတာ နှစ်လလောက်ရှိပြီ။ မိန်းမက တော့ သူ့ယောက်မကို အားနာလို့ ဘာမှမပြောဘူးပေါ့။ ဒါပေမယ့် အခြားတစ်ယောက်ကို အိမ်နဲ့ မြေ ရောင်းထားတယ်လို့ ကြားတယ်၊ အဲဒါဘယ်လို ဆောင်ရွက်ရင် ကောင်းမလဲဆိုတာ သူငယ်ချင်းဆီ အကြံလာတောင်းတာပဲ”

“အေး-အရောင်းအဝယ် လုပ်တာက နှုတ်ကတိနဲ့ အရောင်း အဝယ် လုပ်တာဖြစ်နေတယ်၊ ငွေ အကျေပေးပြီးသားဆိုတာ ကိုယ်က ပိုင်ပိုင်နိုင်နိုင် ပြနိုင်ဖို့တော့လို တယ်၊ အဲဒီလို အခြေအနေဆိုရင် တော့ ကိုယ့်ဘက်ကအားသာပြီး တရားစွဲလို့ အနိုင်ရမှာဖြစ်တယ်” ကျွန်တော်ကရှင်းပြလိုက်သည်။

“ယောက်ဖက ကွယ်လွန် သွားတော့ ဘယ်သူ့ကို တရားစွဲရမ လဲ၊ နှုတ်ကတိနဲ့ အရောင်းအဝယ် လုပ်တာက တရားစွဲလို့ရလား” သူ ငယ်ချင်းက ကျွန်တော့်အား မေး ခွန်းပြန်ထုတ်ပါသည်။

“တရားစွဲရမှာကတော့ ယောက်ဖရဲ့ မိန်းမအပေါ် တရားစွဲရမှာပဲ၊ ကတိပဋိညာဉ်အတိုင်း အရောင်းအဝယ် ဆက်လက် ဆောင် ရွက်ပေးရန်နဲ့ အိမ် မြေ လက်ရောက်ရလိုမှု စွဲရမှာဖြစ် တယ်၊ နှုတ်ကတိအပေါ်မူတည်ပြီး တရားစွဲဆိုခွင့်ရှိပါတယ်။ သက် သေပြနိုင် ဖို့တော့ လိုတာပေါ့”

ကျွန်တော့်စကားကြောင့် သူငယ်ချင်းဖြစ်သူ တွေဝေစဉ်းစား သွားသည်။

“နေဦးဗျာ၊ ခင်ဗျားရှင်း သွားအောင် တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ စီရင်ထုံးတစ်ခု ကျွန် တော်ဖတ်ပြမယ်”ဟု ပြောပြီးစာ အုပ်စင်ထဲ က တရားစီရင်ထုံး စာ အုပ်များကို ထုတ်နုတ်ရှာဖွေလိုက် ပါသည်။

မကြာမီ “ကဲ-ရှာတွေ့ပြီ သူငယ်ချင်း၊ မင်းသဘောပေါက် အောင် ရှင်းပြမယ်”ဟု ပြောကာ အောက်ပါစီရင်ထုံးကို ဖတ်ပြရှင်း ပြခဲ့ပါ သည်။

ဦးရွှေမိုး ပါ ၃ ဦးနှင့် ဦး အိုက်ဖုန်းပါ ၂ ဦး-၁၉၉၅ ခုနှစ်- မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက် နှာ ၁၅၁” အမှုမှာ မန္တလေးမြို့ အောင်နန်း ရိပ်သာ အရှေ့အကွက် အမှတ် ၅၆၉၊ ဦးပိုင်အမှတ် ၃၁ (က)၊ ၃၂ (ခ)၊ ၃၃ (င) မြေကွက် များနှင့် ယင်းမြေကွက်ပေါ်ရှိ တိုက် အမှတ် ၂၁၁ ကို ဦးရွှေမိုးနှင့် ဒေါ် အီခမ်းတို့က ပိုင်ဆိုင်ခဲ့ကြသည်။ အဆိုပါ ပစ္စည်းကို ဦးရွှေမိုးနှင့် ဒေါ် အီခမ်းတို့က ဦးအိုက်ဖုန်းနှင့် ဒေါ် ခမ်းစိန်တို့အား ငွေကျပ် ၁၂ သိန်း ဖြင့် ရောင်းချရန် နှုတ်ကတိပေးခဲ့ ၍ ၉-၇-၁၉၈၅ နေ့မှစ၍ ရောင်း ဖိုးငွေများကို ဦးအိုက်ဖုန်းတို့က အလီလီပေးချေခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ဦးရွှေမိုးတို့က ဦးအိုက်ဖုန်းတို့အား ရောင်းချရန်ငြင်းဆိုပြီး ဦးသိန်း မောင်နှင့် ဒေါ်အုန်းမေတို့ ဇနီး မောင်နှံ အား ရောင်းချရန်စီစဉ်နေ ကြောင်းသိရှိရ၍ အချင်းဖြစ်ပစ္စည်းများကို ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးရန် သို့မဟုတ် ရောင်းကြေးငွေနှင့် နစ်နာကြေးငွေ များပေးရန် မန္တလေးတိုင်း တရား ရုံးတွင် ဦးအိုက်ဖုန်းတို့က ဦးရွှေမိုး တို့အပေါ် တရားစွဲ ဆိုခဲ့သည်။ မန္တလေးတိုင်း တရားရုံးတော်က ဦး အိုက်ဖုန်းတို့ကို အနိုင်ဒီကရီ ချ မှတ်ပေးခဲ့သဖြင့် ဦးရွှေမိုးတို့က တရားရုံးချုပ်သို့ အယူခံဝင်လာ ခြင်းဖြစ်သည်။

တရားရုံးချုပ်က ဆုံးဖြတ်သည်မှာ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၅၂ တွင် ပြည် ထောင်စုမြန်မာနိုင်ငံအတွင်း အခွင့်အာဏာရှိ သည့် တရားရုံး၌ မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် စပ်လျဉ်း၍ အခွင့်အရေးတစ်ရပ် ရပ်ကို တရားမမှု သို့မဟုတ် “မှု ခင်းတစ်ခုခုဖြင့် တရားစွဲဆိုထား ဆဲ၊ တရားရုံး၏ အမိန့်အရမဟုတ် ဘဲ၊ တစ်ဖက်အမှုသည်က ရသင့် ရထိုက်သည့် အခွင့်အရေးကို ထိ ခိုက်အောင် မည်သည့်အမှုသည်က မျှ ထိုပစ္စည်းအား လွှဲပြောင်းခြင်း အခြားနည်းဖြင့် စီမံခြင်း မပြုရ” ဟု ပြဋ္ဌာန်းထားပေသည်။

ဤအမှုတွင် အချင်းဖြစ် ပစ္စည်းများ၏ မူလပိုင်ရှင် ဦးရွှေ မိုးတို့သည် ဦးအိုက်ဖုန်းတို့အား အ ချင်းဖြစ် ပစ္စည်းကို ရောင်းချရန် နှုတ် ကတိပေး ခဲ့ရာမှ ၉-၇-၁၉၈၅ နေ့မှစ၍ ရောင်းဖိုးငွေများကို အ လီလီပေးချေခဲ့သည်။ ဦးအိုက်ဖုန်း တို့က ဦးရွှေမိုးတို့အပေါ် သီးခြား သက်သာခွင့် အက်ဥပဒေပုဒ်မ ၁၂ နှင့်အညီ နှုတ်ပဋိညာဉ်အတိုင်း သီးခြားဆောင်ရွက်ပေးစေရန် ၁၁-၂-၁၉၈၆ နေ့တွင် တရားစွဲဆို ခဲ့သည်။ ထိုအမှု စွဲဆိုထားဆဲ ဦးရွှေ မိုးတို့က ဦးသိန်းမောင်တို့အား အ ချင်းဖြစ် ပစ္စည်းများ ရောင်းချ ကြောင်း ၃၁-၁၂-၈၅ နေ့တွင် ချုပ်ဆိုသည့် အ ရောင်းစာချုပ်ကို သက်ဆိုင်ရာရုံး က ၂-၅-၈၆ နေ့၌ မှတ်ပုံတင် အ ရောင်းအဝယ် စာချုပ် ချုပ်ဆိုခဲ့ သည်။

စာချုပ်စာတမ်း မှတ်ပုံ တင် အက်ဥပဒေ ပုဒ်မ ၄၇ တွင် မှတ်ပုံတင်စာချုပ် စာတမ်းကို မှတ် ပုံတင်သည့် အချိန်မှ မဟုတ်ဘဲ ထို စာချုပ်စာတမ်း စတင်အကျိုး သက်ရောက်သည့် အချိန်မှစ၍ အကျိုးသက်ရောက်စေရမည်ဟု ပြဋ္ဌာန်းထားသဖြင့် ဦးသိန်းမောင် တို့ အား အချင်းဖြစ်ပစ္စည်းကို ရောင်းချသည့် စာချုပ်စာတမ်း သက်ဝင်လှုပ်ရှားသည့်နေ့သည် စာချုပ်ကို မှတ်ပုံတင်သည့် ၂-၅-၈၆ နေ့ မဟုတ်ဘဲ စာချုပ် စတင်ချုပ်ဆိုသည့် ၃၁-၁၂-၈၅ နေ့ဖြစ် သည်။ အမှုစွဲဆိုထားသည့် ၁၁-၂-၈၆ နေ့ထက် စောနေသည်ကို တွေ့ ရသည်။

သို့ရာတွင် စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၄၉ (က)တွင် အမှုဆိုင်နေဆဲ၌ မရွှေ့မ ပြောင်းနိုင်သည့် ပစ္စည်းအပေါ်အ မှုသည် တစ်ဦး၏ အခွင့်အရေးကို ထိခိုက်စေသည့် လွှဲပြောင်းမှုသည် မှတ်ပုံတင်စာချုပ်စာတမ်းချုပ်ဆို သည့်နေ့ဖြစ်ကြောင်း ပြဋ္ဌာန်း ထား သည်။

ထို့ကြောင့် ဦးရွှေမိုးတို့က အချင်းဖြစ်ပစ္စည်းကို ဦးသိန်းမောင် တို့အား ရောင်းချသည့် စာချုပ်ကို မှတ်ပုံတင်သည့် ၂-၅-၈၆ နေ့မှစ ၍ ဦးအိုက်ဖုန်းတို့အနေဖြင့် ဦးရွှေ မိုးထံမှ အချင်းဖြစ်ပစ္စည်းကို ဝယ်ယူရန် နှုတ်ပဋိညာဉ်အရ ရရှိထား သော အခွင့်အရေးကို အတိအ လင်း ထိခိုက်စေသည်ဟု ကောက် ယူရမည်ဖြစ်သည်။ ဦးရွှေမိုးတို့သည် ပစ္စည်းလွှဲပြောင်းခြင်း အက် ဥပဒေပုဒ်မ ၅၂ ပါ တားမြစ်ချက် ကို ဖောက်ဖျက်ရာရောက်ပေ သည်။

ထို့ကြောင့် ဦးရွှေမိုးတို့က ဦးသိန်းအောင်အား အချင်းဖြစ် ပစ္စည်းကို ရောင်းချရန် မှတ်ပုံတင် စာချုပ်ပြုခဲ့သော ၂-၅-၈၆ နေ့စွဲ ပါ စာချုပ်သည် ဦးအိုက်ဖုန်းတို့က ဦးရွှေမိုးအပေါ် နှုတ်ပဋိညာဉ်ပြု၍ ငွေပေးချေခြင်း စတင်ခဲ့သည့် ၉-၇-၈၅ နေ့အရ အလျင်ကျသော ပဋိညာဉ်အားသီးခြားဆောင်ရွက် ပေးရန် တရားစွဲဆိုထားဆဲ၌ မှတ်ပုံ တင် စာချုပ်စာတမ်း ပြုလုပ်ခြင်း ဖြစ်၍ ပစ္စည်းလွှဲပြောင်းခြင်း အက် ဥပဒေပုဒ်မ ၅၂ ပါ ပိတ်ပင်ခြင်း နှင့် ငြိစွန်းနေသောကြောင့် ပျက် ပြယ်သည်ဟု ဆုံးဖြတ်ခဲ့ပါသည်။

သို့ဖြစ်၍ ဦးစွာရရှိထားသည့် မိမိ၏ အခွင့်အရေး မဆုံးရှုံးစေရန် ဥပဒေနှင့်အညီ တရားစွဲဆိုထားသင့်ကြောင်း အကြုံပြု ပြောကြား ခဲ့ပါသည်။

 

ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်