ကွန်ဒို အဆောက်အအုံဟောင်းများနှင့် နိုင်ငံခြားသားများ ပိုင်ဆိုင်ခွင့်

အမေရိကန်နိုင်ငံတွင် နိုင်ငံသားခံယူကာ အခြေချနေထိုင်သူ မြန်မာနိုင်ငံသားငယ်သူငယ်ချင်း တစ်ဦး စာရေးသူထံ ရောက်လာပါ သည်။
“ဒီနိုင်ငံမှာ ပြန်လာပြီး စီးပွား ရေး လုပ်ငန်း လုပ်မလားလို့”ဟု သူငယ်ချင်းဖြစ်သူက စကားစ လိုက်ပါသည်။

“ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းလိုက်ပြီဆိုတော့ အခွင့်အ ရေး ကောင်းတွေ ရလာမှာပါ”

“ပထမဦးဆုံး ကုမ္ပဏီတစ်ခု တည်ထောင်ရမှာ မဟုတ်လား”

“စီးပွားရေး လုပ်ငန်းရင်းနှီး မြှုပ်နှံမယ်ဆိုရင် ကုမ္ပဏီကတော့ တည်ထောင်ရမှာပဲ”

“အဓိက အချက်က နေထိုင် ရေးပဲ သူငယ်ချင်း”

“တိုးဗီဇာနဲ့ လာတဲ့သူတွေက တိုက်ခန်းတွေ ငှားရမ်းနေထိုင်ခွင့် မရဘူးဆိုတော့ သူငယ်ချင်းက တိုး ဗီဇာနဲ့ လာတာပဲလား”

“လောလောဆယ်တော့ တိုးဗီ ဇာနဲ့ပဲလာတာ သူငယ်ချင်း”

“အခု အဲဒီ ကိစ္စ မေးချင်လို့”

“ပြောပါဦး၊ ဘယ်လို ကိစ္စဖြစ် လို့လဲ”

“ငါက နိုင်ငံခြားသားဖြစ်သွား တော့ တိုက်ခန်းဝယ်လို့ မရပြန် ဘူး။ ဒါကြောင့် ငါ့သူငယ်ချင်းတစ်ယောက်အမည်နဲ့ပဲ ကွန်ဒိုတိုက်ခန်း တစ်ခန်းကို ပြီးခဲ့တဲ့ သုံးနှစ်လောက် က ဝယ်ထားခဲ့တယ်။ ပြီးတော့ အဲဒီ သူငယ်ချင်းကိုပဲ အိမ်ငှား အဖြစ် နေထိုင်စေခဲ့တယ်။ အခု ကွန်ဒို ဥပဒေအရ နိုင်ငံခြားသား တွေဝယ်ခွင့်ရှိပြီဆိုတော့ ငါ့အမည် ကို လွှဲပြောင်းယူလို့ရမလား”

“ကွန်ဒို အဆောက်အအုံဆို တာက ခြောက်ထပ်နှင့် အထက် ဆောက်လုပ်ထားတဲ့ အထပ်မြင့် အဆောက်အအုံကို ခေါ်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ဒီ နေရာမှာ နှစ်ပိုင်းရှိတယ်။ တစ်ဦး တစ်ယောက်အမည်၊ ဒါမှမဟုတ် ပူးတွဲပိုင်အမည်ပေါက် ပုဂ္ဂလိက ပိုင် ကွန်ဒို အဆောက်အအုံနဲ့ အ များဆိုင်၊ စုပေါင်းပိုင်အဆောက် အအုံလို့ ရှိတယ်။ အခု ဥပဒေက အများနဲ့ သက်ဆိုင်တဲ့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ ဖြစ်တယ်”

“ဒါဆိုရင် ဒီဥပဒေ မပြဋ္ဌာန်း မီက ဆောက်ထားတဲ့ ကွန်ဒိုတွေ ဆိုရင် ဘယ်လိုဖြစ်နိုင်သလဲ”

“ဥပဒေမပြဋ္ဌာန်းမီက ဆောက်လုပ်ထားတဲ့ အဆောက် အအုံတွေဆိုရင် မြေပိုင်ရှင်တွေက စုပေါင်းပိုင်မြေအဖြစ် လွှဲပြောင်း ပေးကြောင်း ဥပဒေနဲ့အညီ ဖွဲ့စည်း ထားတဲ့ စုပေါင်းပိုင် အဆောက်အ အုံဆိုင်ရာ စာချုပ်စာတမ်းနှင့် စာ တမ်းအမှတ်အသား မှတ်ပုံတင် ရုံးတွင် မှတ်ပုံတင်ရမှာဖြစ်ပါ တယ်။ အဲဒီအချိန်ရောက်မှ စုပေါင်းပိုင်မြေနဲ့ စုပေါင်းပိုင် အဆောက်အအုံဖြစ်သွားမှာ ဖြစ် တယ်”

“မြေအမည်ပေါက်ပိုင်ဆိုင် သူက အများပိုင်မြေအဖြစ် မှတ်ပုံ မတင်ခဲ့ရင် ဘယ်လိုဖြစ်နိုင်သလဲ”

“လက်ရှိ အမည်ပေါက်သူက မြေပိုင်ဆိုင်ခွင့်ကို အများပိုင်မြေ အဖြစ် မှတ်ပုံမတင်ခဲ့ရင်တော့ အများပိုင်ဆိုင်တဲ့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေနဲ့ မသက်ဆိုင်ဘူးလို့ ပြောရမှာပဲ။ အပျောက်ငွေကြေးစနစ် အရောင်း အဝယ်ဆိုင်ရာ အဆောက်အအုံ (တိုက်ခန်းများ) အဖြစ် ရှိနေမှာ ဖြစ်တယ်”

“အဲဒီ အခြေအနေမျိုးဆိုရင် နိုင်ငံခြားသား အမည်ပေါက်ပြောင်း လို့ ရနိုင်ပါ့မလား”

“စုပေါင်းပိုင်အဆောက် အအုံဆိုင်ရာ ဥပဒေနဲ့ အကျုံးဝင် တဲ့ အဆောက်အအုံမဟုတ်ရင် နိုင်ငံခြားသားများက ဝယ်ယူပိုင် ခွင့်မရှိတော့ တိုက်ခန်းပိုင်ရှင်အ မည်ပေါက်ဖို့က အဆင်ပြေမှာ မဟုတ်ဘူး”

“စုပေါင်းပိုင် အဆောက်အအုံ မှာဆိုရင် နိုင်ငံခြားသားတွေက ဘယ်အထပ်၊ ဘယ်လို တိုက်ခန်း မျိုးကို ဝယ်ခွင့်ရှိမလဲ”

“စုပေါင်းပိုင်အဆောက်အ အုံဆိုင်ရာ ဥပဒေမှာ အဆောက် အအုံရဲ့ ၄ဝ ရာခိုင်နှုန်းထက်မပို သော အိမ်ခန်းများကို နိုင်ငံခြား သားများအား ရောင်းချနိုင်တယ်လို့ ဆိုထားတဲ့အတွက် အခန်းပေါင်း ၁ဝဝ ရှိရင် အခန်း ၄ဝ ကို နိုင်ငံ ခြားသားထံ ရောင်းချနိုင်တယ်လို့ ဆိုတာကြေင့် ဘယ်အထပ်၊ ဘယ် လိုအိမ်ခန်းဆိုတာမျိုး သတ်မှတ် ထားချက်မရှိဘူးလို့ပဲ ပြောရပါ မယ်”

“အိမ်ခန်းကိုဝယ်ရင် ပိုင်ဆိုင် တဲ့ အထောက်အထား ဘာပေး ထားမှာလဲ”

“ဒီအချက်က အရေးကြီးပါ တယ်။ သာမန်အပျောက်စနစ်နဲ့ ရောင်းချတဲ့ တိုက်ခန်းတွေမှာ ပိုင် ဆိုင်မှု အထောက်အထားအဖြစ် အရောင်းအဝယ် ကတိစာချုပ်ပဲ ရှိတယ်။ စုပေါင်းပိုင် အဆောက် အအုံမှာတော့ အိမ်ခန်းအလိုက် ဝယ်ယူသူအမည်ဖော်ပြထားတဲ့ အိမ်ခန်းမှတ်ပုံတင် လက်မှတ်ကို ထုတ်ပေးမှာဖြစ်တယ်။ အဲဒီ အိမ် ခန်းမှတ်ပုံတင် လက်မှတ်ပေါ် အခြေ တည်ပြီး မိမိပိုင် အိမ်ခန်းကို ဘဏ် မှာပေါင်နှံခွင့်ရှိမှာဖြစ်ပါတယ်”

“နိုင်ငံခြားသားတွေကိုလည်း တရားဝင် ငှားရမ်းခွင့်ရှိတယ်ဆို တာ ဟုတ်ပါသလား”

“ဟုတ်ပါတယ်။ စုပေါင်းပိုင် အဆောက်အအုံရှိ အိမ်ခန်းပိုင်ရှင် ဟာ မိမိပိုင်တိုက်ခန်းမှာ နိုင်ငံခြား သားကို ငှားရမ်းခွင့်၊ ပေါင်နှံခွင့် ခွင့်ပြုချက်ဖြင့် ထားပိုင်ခွင့်ရှိတယ် လို့ ဥပဒေမှာ ဖော်ပြထားပါတယ်”

“ဒါဆိုရင် နိုင်ငံခြားသားအ နေနဲ့ အိမ်ခန်းကို အပေါင်ခံခွင့်ရှိ တယ်လို့ ဆိုလိုတာလား”

“မှန်ပါတယ်။ ဒါပေမယ့် ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ အိမ် ခန်းပိုင်ရှင်က နိုင်ငံခြားသားထံ ပေါင်နှံရမှာဖြစ်ပါတယ်”

“နိုင်ငံခြားသားက အိမ်ခန်း တန်ဖိုးငွေချေရင် ဘယ်လို ဆောင် ရွက်ရမလဲ”

“ဒီအချက်ကိုလည်း ဥပဒေ မှာ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံခြား မှ တရားဝင် ငွေလွှဲပို့သော နိုင်ငံ ခြားငွေဖြင့်သာ ရောင်းချမှာဖြစ်ပါ တယ်။ မြန်မာငွေကြေးနဲ့ တိုက် ရိုက်ဝယ်ယူလို့ မရပါဘူး”

“နိုင်ငံခြားသားပိုင် အိမ်ခန်း ကို ပြန်လည်ရောင်းချရင် နိုင်ငံခြား သားကိုပဲ ရောင်းချရမှာလား”

“ဒီလို မဟုတ်ပါဘူး။ မည်သူ့ ကိုမဆို လွှဲပြောင်းရောင်းချနိုင်ပါ တယ်။ နိုင်ငံသားဖြစ်သူကိုလည်း ရောင်းချခွင့်ရှိပါတယ်”

“ဒါဆိုရင် ငါဝယ်ထားတဲ့ တိုက်ခန်းက စုပေါင်းပိုင်မြေနဲ့ အ ဆောက်အအုံအဖြစ် လွှဲပြောင်းပြီး မှ နိုင်ငံခြားသားအမည်ကို ပြောင်း နိုင်မယ့် သဘောပေါ့”

“မှန်ပါတယ်။ စုပေါင်းပိုင်မြေ နဲ့ အဆောက်အအုံအသစ်ကို ဝယ် ရင်တော့ စိတ်ရှုပ်စရာမရှိဘူးပေါ့။ ဒါပေမယ့် ဥပဒေမထွက်မီက ကွန် ဒိုအဆောက်အအုံတွေကတော့ စုပေါင်းပိုင်မြေ၊ အဆောက်အအုံ အဖြစ် ပြောင်းလဲမှတ်ပုံတင်မှသာ နိုင်ငံခြားသားတွေက အိမ်ခန်းကို လွှဲပြောင်းဝယ်ပိုင်ခွင့်ရှိမှာဖြစ်ပါ တယ်”ဟု ရှင်းပြလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်