ပြဋ္ဌာန်းလာမည့် 2018 ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေနှင့် တိုးတက်လာနိုင်မည့် အိမ်ခြံမြေစျေးကွက်
“နိုင်ငံတော် အစိုးရက အိမ် ခြံ မြေ အရောင်းအဝယ် အခွန်နှုန်းထားတွေကို ဖြေလျှော့ပေးလိုက်တယ်ဆိုတာ ဟုတ်ပါသလားဆရာ”ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံလာ ရောက် မေးမြန်းဆွေးနွေးလာပါသည်။
၂ဝ၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း
“မကြာသေးမီရက်ပိုင်းက ပြည် ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကြမ်းမှာ သူငယ်ချင်းပြောသလို အိမ် ခြံ မြေ အပါအဝင် မရွှေ့မပြောင်းနိုင်သော ပစ္စည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ဝယ်ယူတဲ့အခါမှာ ကောက်ခံတဲ့နှုန်းထားတွေကို ပြင်ဆင်သတ်မှတ်ဖော်ပြထားတာ ဖတ်ရှုလိုက်ရပါတယ်။ ဥပဒေ ကြမ်းဖြစ်တဲ့အတွက် အတည်တော့ မပြဋ္ဌာန်းသေးဘူး”
“ယခင်က ၃ဝ ရာခိုင်နှုန်းလို့ သိထားတာ။ အခု ၃ ရာခိုင်နှုန်းဆိုတော့ ဖြေလျှော့ပေးတာ အတော်ကွာ ခြားသွားတယ်နော်”
“ဟုတ်တယ် ယခင် ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၂၅ မှာ ဝင်ငွေရလမ်း လုံးဝမဖော်ပြနိုင်တဲ့ ဝင်ငွေဖြစ်ရင် ဝင်ငွေပေါ်မှာ ၃ဝ ရာခိုင်နှုန်းကောက်ခံရမယ်။ အကယ်၍ ဝင်ငွေရလမ်း ဖော်ပြနိုင်ရင်တော့ အဲဒီဝင်ငွေရ လမ်းဖော်ပြနိုင်တဲ့ဝင်ငွေကို နုတ်ပြီး ကျန်ငွေပမာဏအပေါ်မှာ ၁ ကျပ်မှ ကျပ်သိန်းသုံးရာအထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးရာတစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိ ၂ဝ ရာခိုင်နှုန်း ကျပ်သိန်းတစ်ထောင်တစ်ကျပ်နှင့် အထက်ကို ၃ဝ ရာခိုင်နှုန်း ဝင်ငွေခွန် ပေးဆောင်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်”
“လက်ရှိ ကျင့်သုံးနေတဲ့ ဥပဒေ အရဆိုရင် ဝင်ငွေရလမ်းဖော်ပြနိုင်တဲ့ ဝင်ငွေကို နုတ်ခွင့်ရှိတော့ အခု ဥပဒေကြမ်းက နုတ်ခွင့်ရှိပါသလား”
“၂ဝ၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းအရ အထူးအခွင့်အရေးတစ်ရပ်အဖြစ် ပြဋ္ဌာန်းထားတဲ့ သဘောဖြစ်လို့ အခြေပစ္စည်းများဝယ်ယူသူမှာ ပစ္စည်းတန်ဖိုးအပေါ် ယင်းဥပဒေသက်ရောက် သည့်နေ့ကစပြီး ပထမခြောက်လ ကာလအတွင်း သတ်မှတ်ထားတဲ့ ပုံစံ များနဲ့ တင်ပြလာရင် ယင်းကိစ္စရပ် များအတွက် သုံးရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်ပါတယ်။ ပထမခြောက် လကုန်ဆုံးပြီးနောက် ဒုတိယခြောက် လကာလအတွင်းတင်ပြလာပါက ငါးရာခိုင်နှုန်း ကောက်ခံမှာဖြစ်တယ်လို့ ဥပဒေကြမ်းရဲ့ ပုဒ်မ – ၂၅ မှာ ဖော်ပြထားတယ်”
“ပထမခြောက်လ၊ ဒုတိယ ခြောက်လဆိုတာက ဘာကိုဆိုလိုတာ လဲ”
“အခွန်အကောက်ဥပဒေကြမ်းရဲ့ ပုဒ်မ – ၂၅ ပိုဒ်ခွဲ (က) မှာ ဤ ဥပဒေအကျိုးသက်ရောက်သည့်နေ့မှ စ၍လို့ ကာလပိုင်းခြားသတ်မှတ်ဖော် ပြထားတာကိုတွေ့ရတယ်။ ဒါကြောင့် အခွန်အကောက်ဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းတဲ့ ရက်ကစတင်ပြီး တွက်ချက်ရမှာဖြစ် ပါတယ်။ ဒါပေမယ့် ယင်းဥပဒေကြမ်း ရဲ့ ပုဒ်မ (၁) ပိုဒ်ခွဲ(ခ) မှာ ဤဥပဒေ သည် ၂ဝ၁၈၊ ဧပြီလ ၁ ရက်မှစတင် ၍ အကျိုးသက်ရောက်စေရမည်လို့ ဖော်ပြထားတဲ့အတွက် ၂ဝ၁၈ ဧပြီလ (၁) ရက်ကစပြီး ပထမခြောက်လ၊ ဒုတိယခြောက်လစသဖြင့် ကာလ သတ်မှတ်ထားတာဖြစ်တယ်”
“ဆရာ့ရဲ့ ပြောစကားအရဆိုရင် ဒီဥပဒေကို ၂ဝ၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်မတိုင်မီ အတည်ပြုပြဋ္ဌာန်းရမှာပေါ်နော်”
“ဥပဒေကြမ်းမှာ ဖော်ပြချက် အရဆိုရင် မှန်ပါတယ်”
လွန်ခဲ့သောနှစ်ကာလများက ဝယ်ထားသည့် အိမ်မြေများ
“ဒါနဲ့ ဆရာ ကျွန်တော်ဆိုရင် လက်ရှိအိမ်နဲ့မြေကို လွန်ခဲ့တဲ့တစ် နှစ်ကျော်က ဝယ်ခဲ့တာဆိုတော့ ဒီ ဥပဒေနဲ့ အကျုံးဝင်ပါ့မလားဆရာ”
“ဒီအချက်က အလွန်အရေးကြီးပါတယ်။ အိမ်မြေဝယ်ထားတဲ့သူတွေဟာ အခွန်နှုန်းထားကြီးမြင့်နေလို့ အခွန်ရှောင်လိုတဲ့သဘောနဲ့ ကိုယ်စားလှယ်စာယူပြီး အရောင်းအဝယ် လုပ်နေကြတာဖြစ်တယ်”
“ဟုတ်ပါတယ်။ ကျွန်တော်တို့လည်း မြေပိုင်ရှင်ဆီက ကိုယ်စားလှယ်စာယူပြီး ဝယ်လိုက်တာဖြစ် တယ်။ ဒါပေမယ့်ဆရာ ကိုယ်စားလှယ်လွှဲစာဆိုတာနှစ်ကာလကြာရှည်တော့ သုံးလို့မရဘူး မဟုတ်လား ဆရာ၊ ကိုယ်စားလှယ်လွှဲစာပေးသူပဲဖြစ်စေ၊ ရသူပဲဖြစ်စေ ကွယ်လွန်သွား ရင် ပျက်ပြယ်တယ်လို့ သိထားပါတယ်”
“မှန်ပါတယ်။ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ပြုလုပ်ချုပ်ဆိုတာကတော့ အကောင်းဆုံးပါပဲ”
“ဒါကြောင့် ကျွန်တော်လည်း အခွန်ဆောင်ပြီး မြေအမည်ပေါက် တစ်ခါတည်းပြောင်းထားလိုက်ချင် တယ် ဆရာ”
တန်ဖိုးစိစစ်ရေးအဖွဲ့သို့ တင်ပြရခြင်း
“ပထမဦးဆုံး တန်ဖိုးစိစစ်ရေးအဖွဲ့ကို တင်ပြရမှာဖြစ်ပါတယ်။ ညွှန်ကြားချက်အရတော့ အိမ်မြေ အ ရောင်းအဝယ်ပြုသည့်နေ့မှ သုံးလအတွင်းတင်ပြရမယ်လို့ ဆိုပါတယ်”
“ကျွန်တော်က လွန်ခဲ့တဲ့နှစ်အတွင်းက ဝယ်တယ်ဆိုတော့ သုံးလကျော်ပြီပေါ့ ဆရာ”
“အဓိကအချက်ကတော့ အရောင်းအဝယ်ကတိစာချုပ်ကို တင်ပြရတာဖြစ်လို့ ရောင်းသူနဲ့ဝယ်သူ သဘောတူရင် ယခုကာလအတွင်း အရောင်းအဝယ်ပြုကြောင်းတင်ပြပြီး လက်ရှိ အိမ် ခြံ မြေစံနှုန်းအတိုင်း လက်ခံဆောင်ရွက်ဖို့လိုပါတယ်”
“အိမ်ခြံမြေစံနှုန်းဆိုတာက ဘယ်လိုလဲဆရာ”
“သက်ဆိုင်ရာ ဝန်ကြီးဌာနက ၂ဝ၁၇ ခုနှစ်အတွင်းမှာ အိမ်ခြံမြေ စံနှုန်းများကို အသစ်ပြန်လည် သတ် မှတ်ပေးထားပါတယ်။ ယခင် ၂ဝ၁၃ – ၂ဝ၁၄ နှစ်များက အိမ်ခြံမြေ စျေးနှုန်းတွေမြင့်တက်ခဲ့တဲ့အတွက် ပြင်ပ အိမ် ခြံ မြေ စျေးနှုန်းပေါက်စျေးပေါ် အခြေတည်ပြီး ၂ဝ၁၄ ခုနှစ်က အိမ် ခြံ မြေ စံနှုန်းများ သတ်မှတ်ပေးခဲ့တယ်။ အဲဒီနှစ် နောက်ပိုင်းမှာ အိမ် ခြံ မြေစျေးကွက်ကျဆင်းလာတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝ၁၇ ခုနှစ်မှာ စံနှုန်းအသစ် သတ်မှတ်ခဲ့ပါတယ်”
“ဒါဆို ကျွန်တော်က လျှောက် ထားခဲ့ရင် စံနှုန်းအသစ်နဲ့ သတ်မှတ်ပေးမှာပေါ့နော်”
“ဟုတ်ပါတယ်။ အိမ်မြေစံနှုန်း အသစ်နဲ့ သတ်မှတ်ထားတဲ့ အိမ်မြေ တန်ဖိုးအပေါ် ၂ဝ၁၈ ခုနှစ် ပြည် ထောင်စုအခွန်အကောက်ဥပဒေနဲ့အညီ ပထမခြောက်လအတွင်း တင်ပြရင် ၃ ရာခိုင်နှုန်းထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ စာချုပ်စာတမ်းမှတ်ပုံ တင်ခကိုလည်း ယခင် ၇ ရာခိုင် နှုန်းမှ ၄ ရာခိုင်နှုန်းအဖြစ် လျှော့လိုက်တဲ့အတွက် စုစုပေါင်းပေးသွင်းရမယ့် အခွန်အခမှာ ၇ ရာခိုင်နှုန်းသာဖြစ်ပါ တယ်”
“ဒါဆိုအရင်က ပေးဆောင်ရတဲ့ အခွန်အခနှုန်းထား ၃၇ ရာခိုင်နှုန်းထက် အများကြီးကွာခြားသွားပြီပေါ့ နော်”
“မှန်ပါတယ်။ ဒါကလည်း နိုင်ငံတော်အစိုးရရဲ့ စီးပွားရေးဗျူဟာတစ်ရပ်လို့ ပြောရမှာပေါ့။ ဒါမှဆောက် လုပ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာမှာဖြစ်တယ်။ အမှန်တကယ် အိမ်မြေကို ဝယ်ယူနေထိုင်ကြမယ့်သူတွေအတွက်လည်း မြေအမည်ပေါက်အထိ ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်”
ကြိုဆိုထောက်ခံခြင်းနှင့် သက်တမ်းကာလ သတ်မှတ်ချက်
“ဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းက အခွန်နှုန်းထားပြောင်းလဲတာကို ကြိုဆိုတဲ့ အခမ်းအနားပြု လုပ်တယ်လို့ ကျွန်တော်ကြားသိရတယ်”
“ဟုတ်ပါတယ်။ အဲဒီအခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။ မြန် မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းက အိမ်ခြံမြေတိုက်ခန်း အ ရောင်းအဝယ်ခွန်များကို ၃ဝ ရာခိုင် နှုန်းမှ ၅ ရာခိုင်နှုန်း သတ်မှတ်ချက် အား အနည်းဆုံးကာလ ယာယီအဖြစ် နှစ်နှစ်ကာလတိတိ ဆောင်ရွက်ပေးရန် တင်ပြကြောင်း သိရပါတယ်။ ဒါကြောင့် သူငယ်ချင်းအပါအဝင် အိမ် ခြံမြေဝယ်ထားသူတွေအနေနဲ့ ၂ဝ၁၈ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေပြဋ္ဌာန်းသည်နှင့် အမြန်ဆုံးလိုက်နာဆောင်ရွက်ကြပါ”လို့ တိုက် တွန်းပြောကြားလိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်